စုဆောင်းခြင်း
Vol. 71 Ch. 986
လီဖူချန်းရဲ့သီးခြားကျင့်ကြံခြင်းက နှစ်ပေါင်းငါးဆယ်ထိ ကြာခဲ့ပြီး အခုထိ မပြီးဆုံးသေးပါဘူး။
"အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းက သူ့ဘာသာပြိီးပြည့်စုံတဲ့ကမ္ဘာနဲ့စကြာဝဠာတစ်ခုပဲ။ အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံပြီးတာနဲ့ တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်က သေးငယ်တဲ့စကြာဝဠာတစ်ခုဖြစ်လာလိမ့်မယ်။ စွမ်းအင်စုဆောင်းမှုအရဖြစ်စေ၊ ပြန်ဖြည့်တင်းခြင်းအရှိန်အရဖြစ်စေ၊ ၎င်းက အရင်ကထက် တစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုမြန်တယ်။ ပြီးတော့ ကြယ်ပိုင်နက်တွေကြားရှိအမှောင်ဟင်းလင်းပြင်ဒါမှမဟုတ်နတ်ဆိုးဥိီးချိုကြယ်ပင်လယ်ကဲ့သို့ အန္တရာယ်နယ်မြေတွေမှာတောင် ငါက တိုက်ပွဲကို ကြာရှည်စွာ တိုက်ခိုက်နိုင်လိမ့်မယ်၊ စွမ်းအင်ကုန်ခန်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူး"
သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အကန့်အသတ်ကို ရောက်ရှိနေတယ်လို့ လီဖူချန်းက ခံစားမိတယ်။ အဲဒါက အပြည့်အဝပြောင်းလဲဖို့ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
ဒါပေမယ့် ဒီခြေတစ်လှမ်းကို ကျော်လွှားဖို့က မလွယ်ကူပါဘူး။
အဓိကပြဿနာက အတွေ့အကြုံစုဆောင်းခြင်းဖြစ်တယ်။ လုံလောက်တဲ့စုဆောင်းမှုနဲ့ဆိုရင် ချိုးဖြတ်ရာမှာ အားစိုက်ထုတ်စရာမလိုတော့ပါဘူး။
ဒါပေမယ့် စုဆောင်းမှုအတွက် အန္တိမအဆင့်ဓားအရိုးနှစ်စုံအနည်းဆုံးလိုအပ်မယ်လို့ လီဖူချန်းက ယူဆထားတယ်။
ဒါပေမယ့် လီဖူချန်းက ချိုးဖြတ်ချင်ရင် အောင်မြင်မှုနှုန်းက အတော်လေးမြင့်မားပေလိမ့်မယ်။ အဓိကအားဖြင့် သူ့ရဲ့ကောင်းကင်ဆန့်ကျင်ထိုးထွင်းသိမြင်မှုကြောင့်ပဲ၊ အဲဒါက သူ့ရဲ့ဆင်ခြင်ကောက်ချက်ချခြင်းစွမ်းရည်ကို ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ရာဒါမှမဟုတ်တစ်ထောင်ထက်တောင် ကျော်လွန်စေတယ်။ အကြိုနတ်ဘုရားတစ်ယောက်ကတောင် သူ့ကို မယှဉ်နိုင်ဘူး။ အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုရဲ့စည်းမျဉ်းဥပဒေအချို့ကို ရှာတွေ့နိုင်သရွေ့ သူက ထိုစည်းမျဥ်းဥပဒေတွေကို မူလအဆုံးစွန်းဓားနည်းလမ်းထဲသို့ ပေါင်းစပ်နိုင်လာကာ သူ့ရဲ့ကိုယ်ပိုင်အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ကောက်ချက်ချနိုင်လိမ့်မယ်။ အဲဒါက အချိန်သာ အနည်းငယ်ပိုကြာလိမ့်မယ်။
အန္တိမအဆင့်ဓားအရိုးတစ်ရာသုံးဆယ့်နှစ်ခုက ဓားတာအိုအရှင်နှစ်ဆယ့်ရှစ်ယောက်မှ လာတယ်။ လီဖူချန်းမှာ အကိုးအကားနှစ်ဆယ့်ရှစ်ခုရှိတယ်လို့ ဆိုလိုတယ်။
ဒါပေမယ့် အကိုးအကားနှစ်ဆယ့်ရှစ်ကြားမှာလည်း အားနည်းတာ၊ သန်မာတာ ရှိတယ်။
နောက်ထပ်နှစ်နှစ်ဆယ်ကုန်ဆုံးသွားတယ်။
"စုစုပေါင်းစည်းမျဉ်းဥပဒေသုံးခု။ ပထမစည်းမျဉ်းဥပဒေကို အန္တိမအဆင့်ဓားအရိုးအားလုံးမှာ တွေ့ရှိပြီး အဲဒါက သံစည်းမျဉ်းဥပဒေဖြစ်တယ်။ ဒုတိယစည်းမျဉ်းဥပဒေက ဆက်စပ်တဲ့အန္တိမအဆင့်ဓားအရိုးနှစ်ခုမှာသာ ပါဝင်တယ်။ တတိယစည်းမျဉ်းဥပဒေက ဆက်စပ်တဲ့အန္တိမအဆင့်ဓားအရိုးငါးခုမှာသာ ပါဝင်တယ်၊ ပြီးတော့ အဲဒါက မပြီးပြည့်စုံသေးပါဘူး"
စည်းမျဉ်းဥပဒေသုံးခုကို ရှာတွေ့ဖို့က အနာဂတ်မှာ လီဖူချန်းရဲ့ချိုးဖြတ်ခြင်းအတွက် အရေးပါတယ်၊ အထူးသဖြင့် ပထမသံစည်းမျဉ်းဥပဒေပါပဲ။
"ကြည့်ရတာ ငါက ဓားကြယ်မြို့ကို ခရီးတစ်ခုထွက်သွားရအုံးမယ်"
အပွင့်အလင်းဆုံးပြောရရင် လီဖူချန်းက လက်ရှိမှာ ချိုးဖြတ်ဖို့အတွက် ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် စည်းမျဉ်းဥပဒေအနည်းငယ်ပဲ နားလည်ခဲ့တာကို သူက သဘောပေါက်တယ်။ အခု သူချိုးဖြတ်ချင်ရင် မူလအဆုံးစွန်းဓားနည်းလမ်းက မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိလိမ့်မှာမဟုတ်ဘူး။
စည်းမျဉ်းဥပဒေတွေပိုလာမှသာ မူလအဆုံးစွန်းဓားနည်းလမ်းက ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိလိမ့်မယ်။
အန္တိမအဆင့်သိုင်းပညာတွေနဲ့အလားတူ၊ အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်း အဆင့်သုံးဆင့်ခွဲခြားထားတယ်။ သာမန်အဆင့်၊ မြို့အရှင်အဆင့်၊ ကြယ်ပိုင်နက်အဆင့်။ ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေမှာသာ ကြယ်ပိုင်နက်အဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိတယ်။
သူက အခုချိုးဖြတ်ရင် မူလအဆုံးစွန်းဓားနည်းလမ်းက မြို့အရှင်အဆင့်မှာသာ ရှိလိမ့်မယ်။
သီးခြားကျင့်ကြံခြင်းကို အဆုံးသတ်လျက် လီဖူချန်းက စိတ်ဝိညာဉ်အထွတ်အထိပ်မြို့မှ ထွက်ခွာပြီး ဓားကြယ်မြို့ကို ဦးတည်လိုက်တယ်။
…
ဓားကြယ်မြို့......
ဓားသမားအစည်းအရုံးရဲ့ဆွေးနွေးခန်းမထဲမှာ နာကြည်းပင်လယ်ဓားအရှင်က လီဖူချန်းကို အံ့အားသင့်စွာ ကြည့်နေတယ်။
သူ လီဖူချန်းကို အရင်မြင်ခဲ့ဖူးတာက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကပါ။ ထိုအချိန်မှာ လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်တောင် မဖြစ်သေးပါဘူး။ အခု သူက ဓားတာအိုအရှင်တောင် ဖြစ်နေပြီးပေါ့။
အမြွှာဦးချိုကြယ်စုတစ်ခုလုံးမှာတောင် ဓားသမားအစည်းအရုံးရဲ့ဓားတာအိုအရှင်က ငါးယောက်အောက်သာ ရှိတယ်။
ဓားတာအိုအရှင်တစ်ယောက်ချင်းစီက နှစ်ပေါင်းသန်းချီကြာပြီးနောက်မှ သူတို့ရဲ့အဆင့်ကို ရောက်ရှိလာတာ။ သူတော်စင်အရှင်မှအရှင်ဖြစ်ဖို့ နှစ်တစ်ရာကျော်သာအသုံးပြုခဲ့တဲ့သူတစ်ယောက်ကိုမှ သူ ဘယ်တော့မှ မမြင်ခဲ့ဖူးဘူး။
နာကြည်းပင်လယ်ဓားအရှင်က ပြောစရာစကားမဲ့နေစဉ်မှာ ဓားသမားအစည်းအရုံးရဲ့အစည်းအရုံးခေါင်းဆောင်နဲ့ဒုအစည်းအရုံးခေါင်းဆောင်က တစ်ဟုန်ထိုးပြေးလာတယ်။
အခြားကိစ္စတစ်ခုခုဆိုရင် သူတို့က ကိုယ်တိုင် တောင် လာမှာမဟုတ်ဘူး။
ဒါပေမယ့် ဓားတာအိုအရှင်တစ်ယောက်ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် သူတို့နှစ်ယောက်က စိုးရိမ်တကြီးအပြေးလာရတယ်။
ဓားသမားအစည်းအရုံးခေါင်းဆောင်က အားမာန်တက်ကြွခြင်းအပြည့်နဲ့မုတ်ဆိတ်ရှည်အကြီးအကဲတစ်ယောက်ပါပဲ။ သူက ငယ်ရွယ်နေမင်းဓားတာအိုကို ကျင့်ကြံထားတယ်၊ ဒါကြောင့် သူက လူငယ်နဲ့တူတဲ့အရှိန်အဝါတစ်ခုရှိပြီး အားမာန်တက်ကြွမှုအပြည့်ဖြစ်နေတယ်။ ဒုအစည်းအရုံးခေါင်းဆောင်က အနက်ရောင်မျက်နှာနဲ့ ခပ်ဝဝအကြီးအကဲတစ်ယောက်ပါပဲ။ သူက အစည်းအရုံးခေါင်းဆောင်ဘေးမှ လျှောက်လာတဲ့အခါ အရိပ်တစ်ခုနဲ့တူပြီး သတိပြုရန် ခက်ခဲတယ်။
"ဒီဂျူနီယာက ငယ်ရွယ်နေမင်းအရှင်နဲ့အရိပ်တစ်သောင်းအရှင်ကို နှုတ်ဆက်ပါတယ်" လီဖူချန်းက ဦးညွှတ်လိုက်တယ်။
ငယ်ရွယ်နေမင်းအရှင်က အထွတ်အထိပ်အရှင်တစ်ယောက်ဖြစ်ပြီး အရိပ်တစ်သောင်းအရှင်က လက်ရွေးစင်အရှင်ဖြစ်တယ်။
"အရှင်တွေကြားမှာ ရာထူးတွေ၊ ဝါစဉ်တွေ မရှိဘူး" ငယ်ရွယ်နေမင်းအရှင်က လီဖူချန်းကို ပြုံးပြလိုက်တယ်။
ငယ်ရွယ်နေမင်းအရှင်က လီဖူချန်းရဲ့အနေအထားကို နာကြည်းပင်လယ်ဓားအရှင်ရဲ့အကြောင်းကြားချက်မှ သိထားပြီးပါပြီ။
အရိုးသားဆုံးပြောရရင် တည်ငြိမ်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီလိုတိုးတက်မှုမြန်နှုန်းကို ဒဏ္ဍာရီလာစကြာဝဠာကလေးကသာ နှိုင်းယှဉ်နိုင်တယ်။
နှစ်တစ်ရာအတွင်း လီဖူချန်းက ကောင်းကင်ဆန့်ကျင်အခွင့်အလမ်းတစ်ခုကို ရရှိထားတယ်လို့ သူက ယူဆထားတယ်။ သို့မဟုတ်ရင် ဒီလောက်လျင်မြန်စွာ တိုးတက်လာဖို့က မဖြစ်နိုင်ဘူး။
ဒါပေမယ့် အဲဒါက အရေးမကြီးဘူး။ သူ့ရှေ့မှာရပ်နေတာက သူနဲ့ခြေချင်းတိုင်းနိုင်တဲ့ဓားတာအိုအရှင်တစ်ယောက်ဖြစ်ပြီး ဒါက လုံလောက်ပါတယ်။
"အန္တိမအဆင့်ဓားအရိုးတွေက အရမ်းတန်ဖိုးရှိတယ်။ သူတို့ကို ငှားဖို့ ငါတောင် အစည်းအရုံးမှတ်တွေ အသုံးပြုရတယ်" လီဖူချန်းရဲ့ရည်ရွယ်ချက်ကို သိပြီးနောက် ငယ်ရွယ်နေမင်းအရှင်က ဖုန်းကွယ်မထားဘဲ ရှင်းပြလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"အန္တိမအဆင့်ဓားအရိုးအပိုင်းအစတစ်ခုကို ငှားဖို့ အစည်းအရုံးမှတ်ဘယ်လောက်လိုအပ်တာလဲ"
ငယ်ရွယ်နေမင်းအရှင်က ပြောလိုက်တယ်"အစည်းအရုံးမှတ်တစ်ဘီလီယံ"
လီဖူချန်းက ခေါင်းညိတ်ကာ သူ့ရာသူပြောလိုက်တယ်"သိပ်မမြင့်ပါဘူး"
"ငါ့မှာ အန္တိမအဆင့်ဓားအရိုးအပိုင်းအစတစ်ခုရှိရင် အစည်းအရုံးမှတ်ဘယ်လောက်နဲ့ အဲဒါကို ဖလှယ်နိုင်မလဲ"
ငယ်ရွယ်နေမင်းအရှင်က တုံ့ပြန်လိုက်တယ်"အစည်းအရုံးမှတ်ဆယ်ဘီလီယံ"
ဒါက အတော်လေးနိမ့်တယ်လို့ လီဖူချန်းက တွေးလိုက်တယ်၊ ဒါပေမယ့် သူက ထပ်မေးလိုက်တယ်"အစည်းအရုံးမှာ အန္တိမအဆင့်ဓားအရိုးတွေ ဘယ်လောက်ရှိသလဲ"
"စုစုပေါင်းငါးရာခြောက်ဆယ့်ငါးအရိုး။ သူတို့ထဲက နှစ်ရာခြောက်က တူညီတဲ့ဓားတာအိုအရှင်မှ လာပြီး အဲဒါက ပြီးပြည့်စုံတဲ့အစုံတစ်စုံပဲ။ အဲဒါကို ငှားဖို့ မင်းက အစည်းအရုံးမှတ်သုံးရာဘီလီယံလိုအပ်တယ်"
"ပြီးပြည့်စုံတဲ့အရိုးတစ်စုံလား"
nts.
လီဖူချန်းအနေနဲ့ ဒါက သတင်းကောင်းပဲ။ အန္တိမအဆင့်ဓားအရိုးနှစ်ရာ့ခြောက်က ပြီးပြည့်စုံတဲ့အစုံဟုတ်သလားမဟုတ်သလားအပေါ် ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတယ်။ သူက အစည်းအရုံးမှတ်ဒိီထပ်ပိုအသုံးချရရင်တောင် အဲဒါက ထိုက်တန်ပါတယ်။
"ပြီးတော့ ဓားသမားအစည်းအရုံးရဲ့အစည်းအရုံးမှတ်တွေက နေရာမရွေးအသုံးပြုနိုင်တယ်။ မင်းက သူတို့ကို ဌာနချုပ်မှာတောင် အသုံးပြုနိုင်တယ်၊ ဒါကြောင့် မင်းအနေနဲ့ စိုးရိမ်စရာမလိုဘူး" ငယ်ရွယ်နေအရှင်က ဆက်ပြောလိုက်တယ်။
"ကောင်းပြီလေ၊ ဒါတွေအားလုံးကို အစည်းအရုံးအမှတ်နဲ့ လဲလှယ်မယ်" လီဖူချန်းက သူ့ရဲ့အန္တိမအဆင့်ဓားအရိုးစုစုပေါင်း၁၃၂ခုလုံးကို ကမ်းပေးလိုက်တယ်။
"ဒီလောက်များတာလား" နာကြည်းပင်လယ်ဓားအရှင်ရဲ့နှလုံးသားက တောက်လောင်နေတော့တယ်။
သူလည်းပဲ အန္တိမအဆင့်ဓားအရိုးတွေကို အလိုရှိတယ်။ သူ့မှာ အန္တိမအဆင့်ဓားအရိုးအနည်းငယ်သာရှိပြီး လီဖူချန်းနဲ့နှိုင်းယှဉ်ရင် လုံးဝသေးနုပ်တယ်။
အန္တိမအဆင့်ဓားအရိုး၁၃၂ကို အစည်းအရုံးမှတ်၁.၃၂ထရီလီယံနဲ့ လဲလှယ်ခဲ့တယ်။ အဲဒါက လီဖူချန်းအနေနဲ့ အစည်းအရုံးရှိအန္တိမအဆင့်ဓားအရိုးအားလုံးကို ငှားဖို့ လုံလောက်တယ်။
အချိန်မဖြုန်းဘဲ ဓားကြယ်မြို့မှာ အိမ်တော်တစ်ခုကို ရှာတွေ့ပြီးနောက် လီဖူချန်းက သီးခြားကျင့်ကြံခဲ့တယ်။
ဆယ်နှစ်၊ နှစ်နှစ်ဆယ်......
လီဖူချန်းရဲ့စုဆောင်းခြင်းက မြန်မြန်ဆန်ဆန်တိုးလာတယ်။ အန္တိမအဆင့်ဓားအရိုးတစ်စုံလုံးကြောင့် သူ့ရဲ့စုဆောင်းခြင်းက နှစ်ဆအနည်းဆုံးတိုးလာတယ်။
"မဟုတ်ဘူး၊ ငါ အခုချိုးဖြတ်ရင် အဲဒါက ထိုက်တန်လိမ့်မှာမဟုတ်ဘူး"
ဒီနေ့မှာ သူက ချိုးဖြတ်နိုင်တယ်လို့ လီဖူချန်းက ခံစားရတယ်၊ ဒါပေမယ့် သူ လက်လျော့ခဲ့တယ်။
အစကတော့ သူက မူလအဆုံးစွန်းဓားနည်းလမ်းကို အန္တိမအဆင့်ကို ချိုးဖြတ်ချင်ရုံမျှပဲ။ ဒါပေမယ့် အခု သူ့ရဲ့တောင်းဆိုချက်က နိမ့်လွန်းတယ်လို့ ခံစားလာမိတယ်။
ဓားတာအိုအခြေခံကို လျင်မြန်စွာ တိုးလာစေဖို့ ပြီးပြည့်စုံတဲ့အန္တိမအဆင့်ဓားအရိုးတစ်စုံက သူ့မှာရှိနေမှတော့ ဘာလို့ သူက အခုချိုးဖြတ်ရမှာလဲ။ သူ မူလအဆုံးစွန်းဓားပညာမှာ ပြုလုပ်သလိုမျိုးပေါ့၊ သူက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အကန့်အသတ်ကို ရောက်ရှိအောင်လုပ်မယ်၊ ပြီးမှ ချိုးဖြတ်ရမယ်။
အဲဒီတော့ သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက ကြယ်ပိုင်နက်အဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်လာမှာပေါ့။