← Chapters

ကိုယ်ကျင့်တရားတွေနဲ့ လူ

Vol. 35 Ch. 524

ကိုယ်ကျင့်တရားတွေနဲ့ လူ

Vol. 35 Ch. 524

#ဘာသာပြန် = စနိုးဝှိုက်

အပြင်ဘက်မှာတော့ တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင်ရှင်တွေဟာ စုဝေးနေခဲ့ကြတယ်..။ရဲကားတွေ ဒီလောက် အများကြီး ရောက်လာတာကို ကြည့်ပြီး တစ်ခုခုမှားနေပြီမှန်း သူတို့ သိလိုက်ကြပါတယ်..။သို့ပေမယ့် သူဌေးရဲ့ အကောင်းဆုံး..ကာကွယ်ရေး အဖွဲ့အနေနဲ့ သူတို့ ဘာကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး..။

မတ်တတ်ရပ် နေကြတဲ့ ရဲအရာရှိတွေကတော့.. ပဟေဠိဖြစ်နေခဲ့ကြတယ်..။

ဘာတွေဖြစ်နေတာလဲ....

သူတို့က လူတစ်ယောက်ပဲ လာဖမ်းတာကို..ဆိုင်ပိုင်ရှင် တွေ အကုန်လုံးက ဝိုင်းအုံလာကြတာပါ..။

"သူဌေးလေး.."

"ဘာဖြစ်တာလဲ..."

"ချီးပဲ..မင်းတို့ သူဌေးလေးကို ခေါ်သွားချင်ရင် ငါတို့ကို အရင်ကျော်ဖြတ်မှရမယ်..."

"ဒါအမှန်ပဲ..သူဌေးလေးကို အပြင်ကို ခေါ်ချင်ရင်မင်းတို့ ဆုတောင်းနေလိုက်.."

"အားလုံးပဲ..စိတ်အေးအေးထားကြပါ.."

ရဲအရာရှိ တစ်ယောက်ဟာ အခြေအနေကို..ထိန်းသိမ်းဖို့ ကြိုးစားလိုက်တာပါ..။

"မင်းဟာ မင်း စိတ်အေးအေးထား.."

"ဟုတ်တယ်..သူဌေးလေးကို ခေါ်သွားမယ် ဆိုရင် ငါတို့ စိတ်အေးအေးထားနိုင်မှာ မဟုတ်ဘူး.."

"သူဌေးလေးကို လွှတ်ပေးလိုက်..ငါတို့လည်း ဘာမ မဖြစ်သလိုထားလိုက်မယ်.."

"မင်းတို့ မလွှတ်ဘူး ဆိုရင် ငါတို့ကို အဆိုးမဆိုနဲ့နော်.."

…

လီရှောင်ရှမ်း အပြင်က အသံတွေကို ကြားတဲ့ အချိန်မှာ အကူညီ မဲ့စွာ ခေါင်းခါယမ်း လိုက်တယ်..။

"ကျေးဇူးပြုပြီး ဖြေရှင်းပေးပါဦး.."

သူ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တာပါ..။အခြေအနေက သူ့ကို အနည်းငယ် စိတ်ပူစေပါတယ်..။သူဒီကို ရောက်နေပြီးပြီ ဖြစ်တာကြောင့် လက်ဗလာ နဲ့ ပြန်သွားလို့တော့ မရပါဘူး..။

လင်းဖန် လီရှောင်ရှမ်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး...

"စိတ်မပူပါနဲ့..သူတို့က တကယ်တော့ အရမ်းဖော်ရွေကြတာပါ.."

လင်းဖန် လျောက်ထွက်သွားတဲ့ အချိန်မှာ ဆိုင်ပိုင်ရှင် တွေဟာ မျက်နှာကြီးတွေ နီရဲပြီး အော်နေခဲ့ကြတယ်..။

"သူဌေးလေး..စိတ်မပူနဲ့တော့ ငါတို့ ဒီမှာရောက်နေပြီ.."

လင်းဖန်..ဘာအမူအရာမှ မရှိတဲ့ မျက်နှာနဲ့ ရပ်နေခဲ့တယ်..။သူ ဘယ်တုန်းက စိတ်ပူနေလို့လဲ...။

"အားလုံးပဲ..ကျေးဇူးပြုပြီး ဆူပူမူ တွေ မလုပ်ကြပါနဲ့..။ကျွန်တော် အဆင်ပြေပါတယ်..အခုဟာကလည်း စစ်းဆေးခံရရုံပါ..။ဒါကြောင့်..စိတ်မပူကြပါနဲ့..။ကျေးဇူးပြုပြီး ကိုယ့်အလုပ်ကိုယ် ပြန်သွားလုပ်ကြပါ.."

"သူဌေးလေး..မင်း ငါတို့ကို လိမ်နေတာ မဟုတ်လား..ဟုတ်တယ်မလား.."

"ဟုတ်တယ် သူဌေးလေး..မင်းကို ငါတို့ကာကွယ်ပေးမှာပါ.."

ရုပ်ရှင်ပဲ...ဒီမြင်ကွင်းက တကယ်ကို ရုပ်ရှင်ပဲ...

အဲ့အချိန်မှာတော့ လင်းဖန် ငိုချင် နေခဲ့ပါပြီ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"အားလုံးပဲ..ကျေးဇူးပြုပြီး ကျွန်တော်ကို စိတ်မပူပါနဲ့..။ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..။ကျွန်တော် ထောင်ထဲမှာ တစ်လ လောက်သွားနေယုံတင်ပဲ..။ကျွန်တော် ပြန်လာတဲ့ အချိန်ကြရင်..ဘာမှ ပြောင်းလဲ မှာမဟုတ်ဘူး..။ဒါကြောင့် စိတ်မပူကြပါနဲ့တော့..!

အဲ့အချိန်မှာပဲ..ဇိမ်ခံ မှန်လုံကားကြီး တစ်စီးဟာ ရောက်လာခဲ့တယ်..။

ဇိမ်ခံကားကြီးထဲက..လူအနည်းငယ် ထွက်လာခဲ့ပါတယ်..။

"ဒီကောင်တွေက..နိုင်ငံအင်တာနက် လုံခြုံ ရေး ဌာနက လူတွေပဲ..။မင်းသူတို့ကို..ဆာဗာ ထဲကနေ ကန်ထုတ်ခဲ့တာလေ. "

လီရှောင်ရှမ်း လင်းဖန်ကို တီးတိုး ပြောလိုက်တာပါ..။

"ပြောဖို့တောင် မထိုက်တန်ပါဘူး.."

လင်းဖန် အသံကို နိမ့်ပြောပြီး..ခေါင်းခါယမ်း လို်က်တယ်..။

အင်တာနက် လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင်..သက်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်ပါ..။သူ့ရဲ့ မျက်လုံးတွေဟာ..ညိုပြီး..မျက်နှာဟာ..ပိန်လှီနေခဲ့ပါတယ်..။သူ့ကြည့်ရတာ..ကွန်ပြူတာ ရှေ့မှာ..အချိန်တွေ အကြာကြီး ကုန်ဆုံးခဲ့ရတဲ့ ပုံပါပဲ..။

ဌာနရဲ့ အကြီးအကဲဟာ..တစ်ချိန်က ကွန်ပြူတာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး..ဒီနယ်ပယ် အတွင်းမှာ ရှိနေတဲ့ လူတွေအကုန်လုံးကို..သူသိထားပြီးသားပါ..။သူ့ရဲ့ စီမံမူအောက်မှာ..ဒီဌာနက အတော်ကို တိုးတက်လာခဲ့ပါတယ်..။သို့ပေမယ့် ဒီနေ့ အဖြစ်အပျက်ကတော့ သူတို့အတွက် အရှက်ရစရာပါပဲ..။

ရှန်းဂျီယန်..ရောက်တာနဲ့..တစ်ခုခုရှာနေသလိုမျိုး ဘေးပတ်ပတ်လည်ကို ဝေ့ပြီး ကြည့်လိုက်တယ်..။

သူက တစ်ခြား ဟတ်ကင်း ပရောဖက်ရှင်နယ် တွေနဲ့ အတူတူပါပဲ..။သူ့မှာ ငယ်ရွယ်စဥ်က မောက်မာမူတွေ ရှိနေသေးပြီး..အရှုံးကို ဘယ်တော့မှ ဝန်ခံတဲ့ သူမဟုတ်ပေ..။သူ့ရဲ့ အဖွဲ့တစ်ခုလုံး လင်းဖန်ရဲ့ ကန်ထုတ်မူကို ခံလိုက်ရတဲ့အတွက်..သူဒီကိုလာပြီး..သူ့ကိုယ်သူ သက်သေပြချင်နေခဲ့တာပါ..။

"ခေါင်းဆောငိ..ဒီကို ဘာလာလုပ်ကြတာလဲ.."

လီရှောင်ရှမ်း ရှေ့ကို တက်ပြီး မေးလိုက်တာပါ..။

"ကွန်ပြူတာ ဟတ်ကာ ဘယ်မှာလဲ..။ဘယ်အဖွဲ့ကများ ငါတို့အကုန်လုံးကို..ရိုက်ချနိုင်တဲ့ အရည်အချင်း ရှိတာလဲ ဆိုတာကို ကြည့်ရအောင်.."

သူ လင်းဖန်ကို မြင်ပေမယ့် သိပ်ဂရုမစိုက်ပဲ ဆက်ရှာ နေခဲ့ပါတယ်..။သို့ပေမယ့် ဒီထဲမှာ ဘယ်သူကမှ..ကွန်ပြူတာ ဂျီးနီးယပ် ပုံစံ မပေါက်ပါဘူး..။

"ခေါင်းဆောငိ.ရှာနေတဲ့ လူက..ခေါင်းဆောင် ရှေ့မှာလေ..။သူက ..မာစတာ လင်းပါ..ဒီနေ့ ဖြစ်ပျက်သမျှကို သူပဲ လုပ်ဆောငိခဲ့တာ.."

လီရှောင်ရှမ်း ပြုံးပြီး ပြောလိုက်တာပါ..။

ရုတ်တရက်..

လေထုဟာ တိတ်ဆိတ်သွားခဲ့တယ်..။

ရှန်းဂျီယန် လင်းဖန်ကို ကြည့်ပြီး အံ့ဩနေခဲ့ပါတယ်..။

တစ်ခြား ကွန်ပြူတာ..ဂျီနီးယပ် တွေဟာလည်း လင်းဖန်ကို ကြည့်ပြီး..မယုံကြည်နိုင် ဖြစ်နေခဲ့ပါတယ်..။

သူတစ်ယောက်ထဲ..ငါတို့..အကုန်လုံးကို ရိုက်ချသွားတာလား....

"မင်းပြောတာ သူလား.."

ရှန်းဂျီယန် ပဟေဠိ ဖြစ်နေတဲ့ မျက်နှာနဲ့ ထပ်မေးလိုက်တာပါ..။

လီရှောင်ရှန်း ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်ပါတယ် သူပါ.."

"ချီးပဲ..ဘယ်လိုဖြစ်နိုင်မှာလဲ.."

ရှန်းဂျီယန် ရဲ့ မျက်နှာဟာ..ကြောင်အသွားခဲ့တယ်..။တစ်ကယ်လို..ဟတ်ကာတွေက အဖွဲ့လိုက်ဆိုရင် သူ လက်ခံ နိုင်ပါသေးတယ်..။သို့ပေမယ့်..ဒီတစ်ယောက် ထဲနဲ့ သူတို့ အကုန်လုံးကို..ရိုက်ချသွားတယ် ဆိုတာကတော့..သူ မယုံကြည်နိုင်သလို..အရှုံးလည်း ဝန်မခံနိုင်ပါဘူး..။

အဲ့အချိန်မှာပဲ..သူ့ရဲ့ ငယ်ရွယ်တဲ့ စိတ်ဝိဥာဥ္ဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပါပြီ..။

စိတ်ပျက်မူ...

လုံးဝ စိတ်ပျက်မူ..

"ဟဲလို ခေါင်းဆောင်..။ကျွန်တော်က..ခင်ဗျားတို့ ဘဏ်ဆာဗာ ထဲဝင်တုန်းက..ကန်ထုတ်ခဲ့တဲ့ လူပါ..။ကျွန်တော် ​ပြောချင်တာက..ခင်ဗျားတို့ အဖွဲ့ရဲ့ ကျွမ်းကျင်မူ တွေက တကယ် ဆိုးရွားလွန်းတယ်..ဒါကြောင့် ပိုပြီး ကြိုးစားကြပါ..။မဟုတ်လို့..တစ်ခြား..ကျွမ်းကျင်အဆင့် ဟတ်ကာ တွေိနဲ့ တွေ့ရင် ပြသနာ တက်နိုင်တယ်..."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

"အာ.."

ရှန်းဂျီယန် လင်းဖန်ကို..ရှုပ်ထွေးနေတဲ့ အတွေးတွေိနဲ့ ကြည့်လိုက်တယ်..။သူတို့ အဖွဲ့က နိုင်ငံမှာ..ဒုတိယ အဆင့်ချိတ်ပြီး..နိုင်ငံတကာမှာတောင် လူသိများတဲ့ အဖွဲ့အစည်းပါ..။

သို့ပေမယ့်..အခု လင်းဖန်ရဲ့ ပြောစကားကို ကြားလိုက်ရတဲ့ အချိန်မှာ....

တကယ်လို့..တစ်ခြားခြား တစ်ယောက်ယောက် ကဒီစကားပြောတယ် ဆိုရင် သူ ကျိန်းသေ ဒေါသဖြစ်မိမှာပါ..။သို့ပေမယ့် သူ့ရှေ့က လူငယ်လေးကတော့ ယုံကြည်မူ အပြည့်နဲ့ ပြောနေခဲ့တာပါ..။

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ခေါင်းဆောင်လီ..ခင်ဗျားလူမှား ဖမ်းထားတာလား..။သူက တကယ် တရားခံလား.."

တစ်ခြား ကွန်ပြူတာ ဂျီနီးယပ် တစ်ယောက်က ပြောလိုက်တာပါ..။အကြီးအကဲ လီ သူတို့ကို နောက်ပြောက် နေတယ်လို့တောင်. တွေးမိလိုက်ကြပါတယ်..။

တကယ်လို့ ဟတ်ကာ အဖွဲ့တစ်ခုက သူတို့ကို ရိုက်ချခဲ့တယ် ဆိုရင် ..သူတို့..အရှုံးကို ဝန်ခံမှာပါ..။သို့ပေမယ့်..အခုလို..တစ်ယောက်ထဲက သူတို့တစ်ဖွဲ့လုံးကို ရိုက်ချခဲ့တယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့..သူတို့ရဲ့..ကြိုးစားချင်စိတ်တွေကို ပျက်ဆီးစေခဲ့ပါတယ်..။

လီရှောင်ရှမ်း ပြုံးလိုက်တယ်..။မာစတာ လင်း ဒီတစ်ဖွဲ့လုံးကို ရိုက်ချ နိုင်တာကို တွေးမိပြီး..သူ..စိတ်ထဲမှာ ခံစားချက် ကောင်းမွန်နေခဲ့ပါတယ်..။

"ဟုတ်ပါတယ်..သူ အမှန်ပါပဲ.."

"မင်းရဲ့ ကျွမ်းကျင်မူတွေက တကယ်ကောင်းပါတယ်..။ဘာလို့..ကိုယ့်ကိုကို သဲလွန်စတွေ ချန်ခဲ့တာလဲ..။မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ခြေရာဖျောက်ပြီး ငါတို့ မတွေ့အောင်လုပ်လို့ ရတယ်လေ.."

ဟတ်ကာ ဂျီးနီးယပ် တစ်ယောက်က နားမလည်နိုင်စွာ မေးလိုက်တာပါ..။

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။ငါ့မှာ ပုန်းစရာ နေရာ မရှိလို့လို့ ပြောရမှာလား...။သူသာ..ဒီလို ပြောလိုက်ရင် သိက္ခာကျစရာ တွေဖြစ်သွားမှာပါ..။

"ငါ ဘာလို့ ဖုန်းကွယ်နေရမှာလဲ..။ငါ ဥပဒေကို ချိုးဖောက်ထားမှတော့..ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရမှာပေါ့..။အပြစ်ကို ဝန်ခံလိုက်ရင် ပြစ်ဒဏ်ကို လျော့ပေါ့စေနိုင်တယ်လေ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

လီရှောင်ရှမ်း လင်းဖန်ကို လေးစားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။မာစတာ လင်းက တကယ်ကို ကိုယ်ကျင့်တရား တွေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ပါ..။ဒီလို သူငယ်ချင်းမျိုးတစ်ယောက် သူ့မှာ ရှိတာကို သူတကယ်..ဂုဏ်ယူမိပါတယ်..။

အင်တာနက်လုံခြုံရေး ဌာနက လူတွေဟာ တိတ်ဆိတ်နေခဲ့ကြတယ်..။သူတို့ရှေ့မှာ ရှိနေတဲ့ ကွန်ပြူတာ ဂုရုကြီးတစ်ယောက်က..ကိုယ်ကျင့်တရားတွေ နဲ့ ​ြ့ပည့်စုံနေခဲ့တာပါ..။

ဘယ်လို ရှက်စရာလဲ...။သူက..ဥပဒေကို..ဆန့်ကျင်ထားပြီးတာနဲ့ နောက်ဆက်တွဲကို ရင်ဆိုင်နိုင်စွမ်းရှိတယ်....

"သူ့ကွန်ပြူတာကို ယူလိုက်.."

ရှန်းဂျီယန် ညွှန်ကြားလိုက်တာပါ..။

ဒါက ပြစ်မူ ကျူးလွန်တဲ့..သက်သေဖြစ်တာကြောင့်..သူတို့ ဌာနက သေချာ စစ်ဆေးရမှာပါ..။

"ကျေးဇူးပြုပြီး ကျုပ်ကွန်ပြူတာကို မဖျက်ဆီးပါနဲ့..။ကျွန်တော် အခုမှ အသစ် ဝယ်ထားတာ..။ပြီးတော့..အထဲက ဖိုင်တွေကိုလည်း မဖျက်ပစ်နဲ့ဲဦးနော်..။အဲ့ဖိုင်တွေကို ဒေါင်းလော့ဆွဲဖို့က အတော်ကြာတယ်..."

လငိးဖန် ပြောလိုက်တာပါ..။

ရှန်းဂျီယန် ဒါကိုကြားပြီး ကျေနပ်သွားခဲ့တယ်..။သူ့လို ကွန်ပြူတာ ဂုရုတစ်ယောက်မှာ..ဖိုင်တွေ အများကြီး..ရှိနေမှာ အသေအချာပါပဲ..။

ဘာတွေများဖြစ်နိုင်မလဲ.....

ဒီဖိုင်တွေက..နိုင်ငံရဲ့ လျို့ဝှက်ချက် နဲ့များ သက်ဆိုင်နေမလား.....

ဒါမှမဟုတ် သူက.အရင်တုန်းက.နိုင်ငံတကာ ရဲ့ ဒေတာဘေ့စ် ထဲက လျို့ဝှက်ဖိုင် တွေ ကို ဟတ်ခဲ့တဲ့ လူများ ဖြစ်နေမလား...

အခု ဒီ ဂုရုက ဘာကို စိုးရိမ်နေတာ ဖြစ်နိုင်မလဲ....

All Chapters