← Chapters

ကွန်ပြူတာဂုရု၏ ကွန်ပြူတာကိုချိုးဖောက် ဝင်ရောက်ခြင်း..

Vol. 35 Ch. 525

ကွန်ပြူတာဂုရု၏ ကွန်ပြူတာကိုချိုးဖောက် ဝင်ရောက်ခြင်း..

Vol. 35 Ch. 525

#ဘာသာပြန် = စနိုးဝှိုက်

ရှန်းဂျီယန် ခေါင်းညိမ့်ပြီး လေးနက်စွာ ပြောလိုက်တယ်..။

"စိတ်မပူနဲ့..ငါတို့..ဘယ်အရာကိုမှ ဖျက်ဆီးမှာ မဟုတ်ဘူး..။ငါတို့က ကွန်ပြူတာကို စစ်ဆေးရုံတင်ပဲ..။တကယ်လို့ ပြသနာ မရှိဘူးဆိုရင်..ချက်ချင်းပြန်လာထားပေးမှာပါ.."

"ဒါကောင်းတယ်.."

လင်းဖန် အခု စိတ်မပူတော့ပါဘူး..။သူ့ရဲ့ ကွန်ပြူတာ အကောင်းအတိုင်းရှ်ိနေသ၍ ဒါက အဆင်ပြေပါတယ်..။

အင်တာနက် လုံခြုံရေး ဌာနက လူတွေဟာ အလုပ်ရှုပ်နေခဲ့ကြတယ်..။

"မာစတာ လင်း..သွားကြရအောင်.."

လီရှောငိရှမ်း ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..ဆိုင်ပိုင်ရှင် တွေ ဘက်ကို လက်ဝေ့ယမ်း ပြလိုက်တယ်..။

"အားလုံးပဲ..ကျွန်တော်သွားတော့မယ်..။နောက်မှ ပြန်တွေ့ကြတာပေါ့.."

"ကျန်းမာအောင် နေပါ.."

ဆိုင်ပိုင်ရှင် တွေဟာ လင်းဖန် မလွှတ်ချင်ပဲ လွှတ်ပေးလိုက်ကြရပါတယ်..။

"တစ်ခုခု လိုအပ်တာရှိရင် လှမ်းပြောလိုက်နော်.."

"အမြန်ပြန်လာမှာမလား...ငါတို့စောင့်နေမယ်နော်.."

ဂျာနယ်လစ် တွေဟာ ဒီသတင်းကို ကြားတဲ့အချိန်မှာ အမြန်ပြေးလာကြပေမယ့်..ရဲတွေရဲ့ တားဆီးမူကို ခံနေရပါတယ်..။

"ဘာတွေ ဖြစ်နေတာလဲ.."

"မသေချာဘူး..ဆျာ..ကျွန်တော် တို့လည်း တစ်ချက်ကြည့်ဦးမယ်လေ..။ဂျာနယ်လစ် တွေ အနေနဲ့ အမှန်တရားကို သိခွင့်ရှိတယ် မဟုတ်ဘူးလား..."

"ချီးပဲ..ဒါက သတင်းကြီးပဲ..သူတို့က ငါတို့ကို ပေးမသိချင်ဘူးလား..။လာနောက်နေတာပဲ ဖြစ်ရမယ်.."

"မာစတာ လင်း ဘာဖြစ်တာလဲ..။သူက အဖမ်းခံရတာလား.."

"မင်း ဘယ်ကမ္ဘာက နေ ရောက်လာတာလဲ..။မာစတာ လင်းကြောင့် အင်တာနက် မှာ ပွက်လောရိုက် နေတာ မသိဘူးလား..။သူ သာ အဖမ်းမခံရရင် တရားမျှတမူ ရှိမှာ မဟုတ်တော့ဘူး.."

"ဝိုက်ဘိုမှာဆို အခု မာစတာ လင်း လုပ်ထားတဲ့ သတင်းတွေ နဲ့ပဲ ပြည့်နှက် နေတာ.."

"တကယ်လို့ မာစတာလင်း သာ..နိုင်ငံပြင်ပကနေလုပ်ရင် တကယ်အဆင်ပြေမှာ..။အခုတော့ ဘယ်လောကိ ရှက်စရာကောင်းလဲ.."

"ငါ့ဖင်ကြီးကို ရှက်ပါလား..။မာစတာ လင်း ဘာဆက်ဖြစ်မလဲ ငါတို့ မသိသေးဘူး.."

"ဒါအမှန်ပဲ.."

ဂျာနယ်လစ်တွေဟာ အခြေအနေကို စောင့်ကြည့်ပြီး ဆွေးနွေးနေခဲ့ကြတယ်..။သူတို့ လက်ရှိအချိန်ထိ..ဘာအချက်အလက် မှ မရသေးပေမယ့်လည်း..ဆိုင်ပိုင်ရှင်တွေက သူတို့အတွက် အချက်အလက် ရွှေတွင်းကြီး ဖြစ်လာမှာပါ..။

"ဆာ..နေကောင်းလား..။မာစတာ လင်း ဘာဖြစ်တာလဲ မေးချင်လို့ပါ.."

အကြီးအကဲ ကျန်း စိတ်ခံစားချက် သိပ်မကောင်းပါဘူး..။

"သူတို့ သူဌေးလေးကို ဖမ်းသွားကြတာ..။ငါတို့ ဒီမြင်ကွင်းကို တကယ် မခံစားနိုင်ဘူး.."

"ဒီအပေါ် ဘယ်လို မြင်မိသလဲ ဗျ.."

သတင်းထောက် တွေဟာ ဆက်မေးနေခဲ့တယ်..။

"ငါက ဘာအမြင် ရှိရဦးမှာလဲ..။သူဌေးလေးက..လူကောင်းတစ်ယောက်ပဲ..။သူ အဖမ်းခံရတယ် ဆိုတာက မဟုတ်သေးဘူး..။ငါသာ ဒီထက် နည်းနည်းငယ်ရင် သူ့ကို အသက်ပေးပြီး ကယ်ဖို့ ကြိုးစားမိမှာ..."

…

ရဲကားထဲတွင်..။

"အကြီးအကဲ..လီ..ကျွန်တော်တို့ ဘယ်သွားမှာလဲ.."

လင်းဖန် တည်ငြိမ်တဲ့ မျက်နှာနဲ့ မေးလိုက်တာပါ. .။

"ငါတို့ရဲ့ ဌာနကို..။စိတ်မပူနဲ့..မင်းဖန်တီး ခဲ့တာ တွေက နည်းနည်းကြီးပေမယ့် ဗျူရိုခေါင်းဆောင် နဲ့ ငါက အကောင်းဆုံး ကာကွယ်ပေးမှာပါ..။ငါတို့ရဲ့ စခန်းမှာ နေတာက..မင်းအတွကိ အလုံခြုံဆုံးပဲ.."

လီရှောင်းရှမ်း ပြုံးပြီး လင်းဖန်ကို နှစ်သိမ့်လိုက်တယ်..။

"သေချာတာပေါ့..ကျွန်တော် ခင်ဗျားပြောသလိုပဲ လုပ်မှာပါ..။ကျုပ် ဖုန်းတစ်ကော လောက်ခေါ်လိုကိဦးမယ်.."

လင်းဖန် ဖုန်းကို ထုတ်ပြီး..သူ့ရဲ့ မိတ်ဆွေကြီးကို ဖုန်းခေါ်လိုက်တယ်..။

ဖုန်းမြည်နေခဲ့ပါတယ်..။

"အကြီးအကဲ လင်း..အခြေအနေ ဘယ်လိုလဲ.."

ကျန်းကျောငိရှန်း မေးလိုက်တာပါ..။

"အကြီးအကဲ ကျန်း ကျွန်တော် အခု ရဲစခန်းကို သွားနေရပြီ..။ဒီကိစ္စက နည်းနည်း​ြ့ပင်းထန် တော့ ကျွန်တော် ခနလောက် နေမှ ရမယ် ထင်တယ်.."

"ဘယ်လောက်ကြီးမှာ မို့လို့လဲ..။ကျွန်တော် ပြောထားတဲ့ ရွှေရောင်စည်းမျဥ္း သုံးခုကို မချိုးဖောက်ထားဘူး မလား.."

အကြီးအကဲ ကျန်း မေးလိုက်တာပါ..။

"သေချာတာပေါ့.. ကျွန်တော် ဘာမှ မချိုးဖောက်ထားဘူး.."

"ဒါကောင်းတယ်..အမူက ဘယ်လောက် တောငိကြီးမှာ မို့လို့လဲ..။ဒီအမူကို ကိုယ်တွယ်တဲ့ အကြီးဆုံးလူက ဘယ်သူလဲ..။သူ့ကို ဖုန်းပေးလိုက်လို့ရလား..စကားနည်းနည်း ပြောရအောင်.."

အကြီးအကဲ ကျန်း ပြောလိုက်တာပါ..။

"ဘယ်သူက တာဝန်ရှိတာလဲ တော့ သိပ်မသေချာသေးဘူး..။ဒါပေမဲ့ နိုင်ငံရဲ့အင်တာနက် လုံခြုံးရေးဌာနက လူတွေတော့ ဆင်းလာကြတယ်..။ကျွန်တော် ထောင်ထဲမှာ တစ်လလောက်တော့ နေသင့်တယ် ထင်တယ်..။ဘာပဲဖြစ်ဖြစ်..ကျွန်တော် ဘဏ်တွေ နဲ့ ရဲဌာနတွေရဲ့ ဆာဗာကို ဟတ်တာက..တရားမဝင်ဘူးလေ.."

ဲ"ဥပဒေကို ချိုးဖောက်တာတော့ ချိုးဖောက်တာပဲလေ..။တစ်ခါတစ်လေတော့လည်း အခြေအနေအရ ချိုးဖောက်တာလေးတွေရှိတာပေါ့..။ဘာလို့ ထောင်ထဲမှာ တစ်လ ကြီးများတောင် နေဖို့ လိုမှာလဲ..။လာ..ကျွန်တော် ဒီကိစ္စကို အခုပဲ စီစဥ္လိုက်မယ်.."

အကြှီးအကဲ ကျန်း..နည်းလမ်းတကျ ပြောလိုက်တာပါ..။

"မ..မဟုတ်ဘူး..။ကျေးဇူးပြုပြီး မလုပ်ပါနဲ့..။ထောင်ထဲမှာ တစ်လ နေချင်တာက..ကျွန်တော် ရဲ့ ဆန္ဒပါ..။အပြင်လောက နဲ့ အဆက်သွယ်ပဲ..အေးအေးဆေးဆေးလေး ခနလောက် နေချင်လို့..။ကျွန်တော် အခု အများကြီး စကားပြောလို့ မရသေးဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

လင်းဖန် ဖုန်းချပြီးတဲ့ နောက်မှာ လီရှောငိရှမ်း သိချင်စွာ မေးလိုက်တယ်..။

"ဘယ်သူ့ကို ဖုန်းခေါ်တာလဲ.."

"ကျန်းကျောင်ရှန်း..ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပဲ.."

လငိးဖန် ပြန်ဖြေလိုက်တာပါ..။

"ကျန်းကျောင်ရှန်း.."

လီရှောင်ရှမ်း ခနလောက်စဥ္းစားလိုက်တယ်..။ဒီ နာမည်က နည်းနည်း ရင်းနှီးနေပေမယ့် သိပ်တော့ မဟုတ်သေးပါဘူး..။

ယင်းနောက် သူ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး..

"ကျန်းကျောင်ရှန်း လို့ ပြောလိုက်တာလား.."

"အင်း.."

"ချီးပဲ.."

လီရှောင်ရှမ်း ဆွံ့အသွားပြီး..လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်..။အဲဒီလူက တကယ်ကို

ဒဏ္ဌာရီ လာ ပုဂ္ဂိုလ် တစ်ယောက်ပါ..။

မယုံနိင်စရာပဲ..တကယ်ကို မယုံနိုင်စရာပဲ...

ညအချိန်..။

အင်တာနက် လုံခြုံရေးဌာန..။

ရှန်းဂျီယန်..လေးနက်တဲ့ မျက်နှာနဲ့ သူ့ရှေ့က ကွန်ပြူတာကို ကြည့်နေခဲ့တယ်..။ပထမ ဆုံးလုပ်ဆောင်ရမယ့် အရာက ကွန်ပြူတာရဲ့ လျို့ဝှက်ကုဒ်(password) ကို ရဖို့ပါပဲ..။

"လျို့ဝှက်ကုဒ် ဖြည်တဲ့ စပါယ်ရှယ်လစ် ရောက်လာပြီလား.."

"သူခနနေ ရောက်ပါတော့မယ်.."

လေထုဟာ..မတည်မငြိမ်ဖြစ်ပြီး တိတ်ဆိတ်နေခဲ့တယ်..။

ဒီ အမူက အရမ်းကြီးပြီး..သူတို့ အရင်က လုပ်ခဲ့တဲ့ အမူတွေနဲ့ စာရင်..ပိုအ​ရေးကြီးတယ်လို့ ပြောလို့ရပါတယ်..။ပုံမှန် အနေအထားဆိုရင်..သူတို့အဆင့်နဲ့..ဘယ်ကွန်ပြူတာရဲ့..လျို့ဝှက်ကုဒ်ကို မဆို အေးဆေး ချိုးဖျက်လို့ရပါတယ်..။သို့ပေမယ့် ဒီတစ်ခေါက် ကွန်ပြူတာ ပိုင်ရှင်က...။

ပိုင်ရှင်က..ကွန်ပြူတာ ဂုရုတစ်ယောက်ပါ..။

ကွန်ပြူတာ ဂုရု တစ်ယောက်ရဲ့ ကွန်ပြူတာ လျို့ဝှက်ကုဒ်ကို ချိုးဖောက်ဖို့က လွယ်မယ် ထင်လို့လား..။ဘယ်သူကမှ ဒီကွန်ပြူတာကို တာဝန်ယူမကိုင်တွယ် ရဲပါဘူး..။သူတို့ လုပ်နိုင်တာ ဆိုလို့...လျို့ဝှက်ကုဒ် ချိုးဖျက်တဲ့စပါယ်ရှယ် လစ် ရောက်လာ အောင် စောင့်ဖို့ပါပဲ..။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက..ဒီနယ်ပယ်မှာ ကျွမ်းကျင်ကြပါတယ်..။သူတို့ အင်တာနက်လုံခြုံရေး ဌာနက လူတွေက..နယ်ပယ်တိုင်းကို နှံ့စပ်ကျွမ်းကျင်ကြပေမယ့်..ဒိီ စပါယ်ရှယ်လစ် တွေက..လျို့ဝှက်ကုဒ် ဖြေနည်းတစ်ခုတည်းကိုပဲ..နှစ်ပေါင်းများစွာ ကြာအောင် လေ့လာ ထားကြတာပါ..။ဒါကြောင့် သူ့တို့ကို လုပ်ခိုင်းတာက ပိုကောင်းတဲ့ ရွေးချယ်မူ တစ်ခုပါ..။

"စပါယ်ရှယ်လစ် ရောက်လာပါပြီ.."

အဲ့အချိန်မှာ..သက်လတ်ပိုင်း အရွယ်လူကြီး တစ်ယောက်ဟာ..ရောက်လာခဲ့ပြီး..သူ့လက်ထဲမှာတော့..အိတ်တစ်အိတ်ကို ကိုင်ထားခဲ့တယ်..။

"ခေါင်းဆောင် ရှန်း..အခြေအနေ ဘယ်လိုလဲ.."

စပါယ်ရှယ်လစ်က မေးလိုက်တာပါ..။

ရှန်းဂျီယန်..သူ့ရှေ့က ကွန်ပြူတာကို ညွှန်ပြလိုက်ပြီး..

"အကြီးအကဲ ဟီ..ခင်ဗျား ဒီတစ်ခုကို ဂရုစိုက်ပြီး ကိုင်တွယ်မှ ရမယ်..။ဒီကွန်ပြူတာနဲ့ နိင်ငံရဲ့ ဘဏ်တိုင်းကို ဟတ် ခဲ့တာပဲ..။အခု ဒီကွန်ပြူတာရဲ့ လျို့ဝှက်ကုဒ်ကို ဖွင့်ဖို့က..ခင်ဗျားကို တာဝန်ပေးလိုက်ပြီ..

အကြီးအကဲ ဟီ ရဲ့ မျက်နှာဟာ..ဒါကို ကြားပြီး လေးနက်သွားခဲ့တယ်..။သူ သတင်းတွေထဲကို ဖတ်ထားပြီးပြီ ဖြစ်တာကြောင့်..ဒဏ္ဌာရီလာ ဟတ်ကာ အကြောင်းကိုလည်း သိထားပြီးသားပါ..။

"ကြိုးစားကြည့်ပါ့မယ်.."

သူအရင်တုန်းက မရေမတွက်နိုင်တဲ့ လျို့ဝှက်ကုဒ်တွေကို ယုံကြည်မူ ရှိရှိ ဖွင့်ခဲ့ပေမယ့်..အကြီးအကဲ

ရှန်း ရဲ့ စကားကို ကြားတဲ့အချိန်မှာ..သူ အနည်းငယ်..စိုးရိမ်သွားခဲ့ပါတယ်..။

"ဒီလူရဲ့ လျို့ဝှက်ကုဒ်က လွယ်ကူမှာတော့ မဟုတ်ဘူး..။တစ်ချက်လောက် မှားတာနဲ့..စက် တစ်ခုလုံး လောခ် ကျသွားနိုင်လောက်တယ်.."

"ခင်ဗျား လွန်ခဲ့တဲ့ ငါးနှစ်က အမှု အကြောင်းကို ပြောနေတာလား.."

ရှန်းဂျီယန် ​မေးလိုက်တာပါ..။

"ဟုတ်တယ်..သူက နိုင်ငံရဲ့ နံပါတ် ၁ ဟတ်ကာပဲ..။သူ့ကွန်ပြူတာကို ကျုပ်တို့ရ ခဲ့တယ်လေ..။သူ့ရဲ့ လျို့ဝှက်ကုဒ်မှာ ၂၁ လုံး ပါပြီး အရမ်းလည်း ရှုပ်ထွေးတယ်..။ကျုပ်တို့ အဲဒီ လျို့ဝှက်ကုဒ်ကို ရဖို့တောင် ရသတ္တပတ်တွေ..လတွေ များစွာ ကြာခဲ့ရတယ်..။ပြီးတော့..အခု ဟတ်ကာ ရဲ့..ကျွမ်းကျင်မူက..သူ့ထက် သာလွန်နေတာဆိုတော့..လျို့ှဝှက်ကုဒ်က ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး.."

"သူဌေး..ကျွန်တော်တို့..အဲ့ကောင်လေးကို ဖုန်းခေါ်ပြီး မေးလိုက်ရင်ရော..။ကျွန်တော်တို့ ဒါဆို ချိုးဖျက်စရာ မလိုတော့ဘူးလေ.."

"အိုး..ဟုတ်သားပဲ..ငါတို့ သူ့ကို မေးလိုက်ရင် ရတာပဲကို..။ငါ ဘာလို့ ဒါကို မစဥ္းစားမိတာလဲ.."

ရှန်းဂျီယန် နာလည်သွားပြီး..ပြောလိုက်တာပါ..။

"မလိုဘူး..ဒီလို အဆင့်ရှိတဲ့ ဟတ်ကာ ရဲ့ ကွန်ပြူတာကို..ရဖို့ဆိုတာက လွယ်တာမဟုတ်ဘူး..။အရင်ဆုံး ငါတို့ ကြိုးစားကြည့်ရင် ့ဘယ်လိုလဲ..။အကြီးအကဲ ရှန်း တို့ ဘယ်လိုထင်ကြလဲ.."

ဘယ်သူမှ မငြင်းပယ်ခဲ့ကြပေ..။အကြီးအကဲ ဟီ လိုပဲ..တစ်ခြား လူတွေဟာလည်း သူတို့ရဲ့ အရည်အချငိးတွေကို စမ်းသပ်ချင်နေခဲ့ကြပါတယ်..။

အထူးသဖြင့် အကြီးအကဲ ဟီက ငယ်

စဥ္ကတည်းက..သင်္ချာ ပဟေဠိတွေကို စိတ်ဝင်စားခဲ့တာပါ..။အခုတော့ သူက လျို့ဝှက်ကုဒ် ဖြည်တဲ့ စပါယ်ရှယ်လစ် ဖြစ်နေခဲ့ပါပြီ..။

အခု ကွန်ပြူတာ ဂုရု ရဲ့ ကွန်ပြူတာက သူ့ရှေ့ရောက်နေပြီဆိုတော့ ..သူသာ မကြိုးစားလိုက်ရရင် စိတ်ကျေနပ်နိုင်မှာ မဟုတ်ပါဘူး..။

"စလိုက်ရအောင်.."

အကြီးအကဲဟီ..သူ့ရဲ့ အိတ်ကို ဖွင့်ပြီး..ကိရိယာ တန်ဆာ တွေကို ယူလိုက်တယ်..။ယင်းနောက် သူ ကွန်ပြူတာ ကေ့စ်ကို ဖွင့်ပြီး သူ့ရဲ့ကိုယ်ပိုင်

ဟတ်ဝဲ(hardware) ကို တပ်ဆင်လိုက်ပါတယ်..။

နာရီဝက်လောက် မနားတမ်း ပြင်ဆင်ပြီးတဲ့ နောက်မှာ သူ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

အကြှီးအကဲ ဟီ ကွန်ပြူတာကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး...

"ကောင်းပြီ..အားလုံး တပ်ဆင်ပြီးသွားပြီ..။hardware က သူ့အလုပ်သူ လုပ်လိမ့်မယ်..။ခင်ဗျားတို့ ဘာသောက် ချင်ကြလဲ..စောင့်ရမယ့် အတူတူ တစ်ခုခု မှာပြီး သောက်ရအောင်.."

"ဖျော်ရည်.."

"ကျွန်တော်က...."

တီ...တီ...

လျို့ဝှက်ကုဒ် ..စစ်ဆေးမူ အောင်မြင်ပါပြီ..။

အားလုံး..ကိုယ်မှာမယ့် အရာကို ပြောနေကြတဲ့ အချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ကြရပါတယ်..။

အကုန်လုံး အံ့ဩသွားပြကြီး..သူတို့ ကြားရတာကိုတောင် သူတို့ မယုံကြည်နိုင်ကြပါဘူး..။

အကြီးအကဲ ဟီ..ဆွံ့အသွားခဲ့ပြီး...

"ဘယ်လိုဖြစ်နိုင်မှာလဲ..."

"မဖြစ်နိုင်တာ..ဒါက အရမ်းမြန်လွန်းတယ်..."

"အကြီးအကဲ ဟီ..တစ်ခုခု ချွတ်ယွင်းသွားတာလား.."

ရှန်းဂျီယန် မေးလိုက်တာပါ..။

လူတိုင်းရဲ့ မျက်လုံးထဲမှာ ဒီကွန်ပြူတာက ကွန်ပြူတာ ဂုရုကြီး အသုံးပြုထားတဲ့ အရာပါ..။ဘယ်လိုလုပ် လျို့ဝှက်ကုဒ်က မြန်မြန်ပွင့်နိုင်မှာလဲ...။

"လျို့ဝှက်နံပါတ်များမှာ အောက်ပါအတိုင်းဖြစ်သည်.."

“1, 2, 3, 4, 5, 6”

အဲ့အချိန်မှာတော့ အကုန်လုံး တိတ်ဆိတ်နေခဲ့ပါပြီ..။

လူတိုင်းဟာ..တစ်ယောက်ကို တစ်ယောက်..တုန်လှုပ်စွာ ကြည့်နေခဲ့ကြတယ်..။

"ဘာဖြစ်တာလဲ..။လျို့ဝှက်နံပါတ်က ဒီခြောက်လုံး ထဲလား..."

"123456 ဆိုတာက..ကလေးတွေပဲ ထည့်ကြတဲ့ လျို့ဝှက်နံပါတ်နော်.."

"ခေါင်းဆောင်ရှန်း အစောက..ဒါက ကွန်ပြူတာ ဂုရု ဲရဲ့ ကွန်ပြူတာလို့ ခင်ဗျား ပြောနေတာလား..။သူ့ရဲ့ လျို့ဝှက်ကုဒ်က ခြောက်လုံးပဲ..ထားထားတယ်..။လျို့ဝှက်ကုဒ်ဖြေနည်းကို အခြေခံ သိထားတဲ့ လူတိုင်း ဒီကွန်ပြူတာကို အေးဆေး ဝင်ကြည့်လို့ရတယ်..။မဟုတ်ဘူး..ကွန်ပြူတာ အကြောင်း ဘာမှ မသိတဲ့ လူတောင် ခန့်မှန်းပြီး ထည့်ခိုင်းရင်..မှန်သွားနိုင်တယ်လေ..။ကျွန်တော်..မြို့တော်ကနေ..ဒီကို တစ်လျောက်လုံး အလျင်စလို ထွက်လာရတာက..ဒီ 123456 ကို ခင်ဗျားတို့ ဒုက္ခရောက်နေလို့လား..."

ရှန်းဂျီယန် ဆွံ့အနေပြီး..ငိုတောငိ ငိုချင်နေခဲ့ပါပြီ..။

"အကြီးအကဲ ဟီ..ငါ တကယ်မသိခဲ့တာပါကွာ..."

"ချီးပဲ..."

အကြီးအကဲ ဟီ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။

All Chapters