← Chapters

လေနက်ရွာ

Vol. 71 Ch. 988

လေနက်ရွာ

Vol. 71 Ch. 988

ဓားအလင်းဖြာထွက်မြို့မှာ အန္တိမအဆင့်ဓားအရိုးတွေများစွာရှိတယ်၊ ပြီးပြည့်စုံတဲ့အန္တိမအဆင့်ဓားအရိုးတစ်ရာကျော်ရှိတယ်။

ဒါပေမယ့် တန်ဖိုးအားဖြင့် ကြီးမားတဲ့ကွာခြားချက်တွေ ရှိတယ်။

တန်ဖိုးကို ဓားအရိုးရဲ့ဓားအင်းကွက်အဆင့်တွေက ဆုံးဖြတ်တာပဲ။

ဓားအင်းကွက်တွေရဲ့အဆင့်ကလည်း ကျင့်ကြံခြင်းနည်းလမ်းအဆင့်ကို ဆုံးဖြတ်တယ်။

သာမန်အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုက မြို့အရှင်အဆင့်အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုထက် ပိုနိမ့်ကျတယ်၊ မြို့အရှင်အဆင့်အန္တိမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုက ကြယ်ပိုင်နက်အဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုထက် ပိုနိမ့်ကျတယ်။

အန္တိမအဆင့်ဓားအရိုးတွေက အဆင့်ကိုးဆင့်ရှိတယ်။ အဆင့်၉က အနိမ့်ဆုံးဖြစ်ပြီး အဆင့်၁က အမြင့်ဆုံးဖြစ်တယ်။

ပြီးပြည့်စုံတဲ့အဆင့်၉အန္တိမအဆင့်ဓားအရိုးတစ်စုံကို ငှားဖို့ အကြီးအကဲအမှတ်၁၅၀၀လိုအပ်တယ်။ အဆင့်၈က ၂၀၀၀၊ အဆင့်၇က ၃၀၀၀၊ အဆင့်၆က ၅၀၀၀၊ အဆင့်၅က ၁၀၀၀၀။ အဆင့်၁အန္တိမအဆင့်ဓားအရိုးတစ်စုံအတွက်တော့ အကြီးအကဲအမှတ်၃၀၀၀၀၀လိုအပ်တယ်။

"ငါ့မှာ အကြီးအကဲအမှတ်အလုံအလောက်မရှိဘူးပဲ" အန္တိမအဆင့်ဓားအရိုးတွေပေါ်ရှိတန်ဖိုးကို ကြည့်ပြီး လီဖူချန်းက သက်ပြင်းချလိုက်တယ်။

သူ့မှာ အကြီးအကဲအမှတ်စုစု‌ပေါင်း၅၆၀၀သာ ရှိပြီး သူ့အနေနဲ့ အဆင့်၉ဓားအရိုးတစ်စုံနဲ့အဆင့်၈ဓားအရိုးတစ်စုံကိုသာ ငှားဖို့ လုံလောက်တယ်။

"အရင်ဆုံး တစ်ချက်ကြည့်ရအောင်"

လီဖူချန်းက သူ့ရဲ့အစည်းအရုံးမှတ်အားလုံးကို မသုံးစွဲခဲ့ပါဘူး၊ သူက အဆင့်၉တစ်စုံနဲ့အဆင့်၈တစ်စုံကို ငှားခဲ့တယ်။

အိမ်တော်တစ်ခုကို ဝယ်ယူပြီးနောက် လီဖူချန်းက သီးခြားကျင့်ကြံခဲ့တယ်။

…

နောက်ဆယ့်နှစ်နှစ်မှာ......

"အဆင့်၉နဲ့အဆင့်၈က ငါ့အတွက် ကွာခြားချက်မရှိဘူး။ ငါ့မှာ အစည်းအရုံးအမှတ်အလုံအလောက်မရှိတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် နှိုင်းယှဉ်ချက်တစ်ခုပြုလုပ်ဖို့ အဆင့်ပိုမြင့်မားတဲ့အန္တိမအဆင့်ဓားအရိုးတစ်စုံကို ငှားနိုင်တယ်"

လီဖူချန်းက အန္တိမအဆင့်ဓားအရိုးအားလုံးကို ငှားရမ်းမှာမဟုတ်ဘူး။ ဘယ်နည်းလမ်းက အထိရောက်ဆုံးဆိုတာ သူက လေ့လာနေတယ်။ အဆင့်နိမ့်အန္တိမအဆင့်ဓားအရိုးတွေရဲ့ကြီးမားတဲ့ပမာဏတစ်ခုကို ငှားရမ်းခြင်းလားဒါမှမဟုတ်အဆင့်မြင့်အန္တိမအဆင့်ဓားအရိုးတွေရဲ့သေးငယ်တဲ့ပမာဏတစ်ခုကို ငှားယမ်းခြင်းလား။

ဒါပေမယ့် မရှိမဖြစ်ကတော့ သူ့အနေနဲ့ အကြီးအကဲအမှတ်အလုံအလောက်ရှိဖို့ပါပဲ။

ဓားအလင်းဖြာထွက်ခြင်းမြို့၊ အကြီးအကဲခန်းမ။

အချိန်တစ်ခုကြာပြီးနောက် အကြီးအကဲအဆင့်မစ်ရှင်တွေကို ထုတ်ပြန်လာတယ်။

"လေနက်ကျွန်းကို သွားပြီး လေနက်သားရဲတွေကို အမဲလိုက်ကာ ခန္ဓာကိုယ်ထဲရှိလေနက်ကျောက်တုံးတွေကို ရယူပါ။ လေနက်ကျောက်တုံးတစ်တုံးစီကို အကြီးအကဲအမှတ်ဆယ်မှတ်နဲ့ လဲလှယ်နိုင်တယ်"

"ဖရိုဖရဲဟင်းလင်းပြင်ကို ဦးတည်ပြီး ဖရိုဖရဲမီးသတ္တုသားရဲကို အမဲလိုက်ပါ၊ အလောင်းတစ်ခုကို အကြီးအကဲအမှတ်ငါးထောင်နဲ့ လဲလှယ်နိုင်တယ်"

"သေမင်းနတ်ဘုရားရေကန်ကို သွားပြီး ‌သေမင်းနတ်ဘုရားမြက်ကို ရိတ်သိမ်းပါ၊ ‌သေမင်းနတ်ဘုရားမြက်တစ်ခုစီအတွက် အကြီးအကဲအမှတ်၅၀၀"

"လီကလန်အကြီးအကဲအရိုးဖြူအရှင်ကို သတ်ပါ။ ဆုက အကြီးအကဲအမှတ်တစ်သောင်း။ မှတ်ချက်- အရိုးဖြူအရှင်က သာလွန်အရှင်ဖြစ်ပြီး အလွန်ကောက်ကျစ်တယ်"

အကြီးအကဲမစ်ရှင်အများကြီးရှိပြီး လီဖူချန်းက တစ်ခုချင်းစီကို အသေးစိတ်ဖတ်နေတယ်။

ပထမ၊ ဖရိုဖရဲမီးသတ္တုသားရဲတွေကို အမဲလိုက်တဲ့မစ်ရှင်ကို ဖယ်ထုတ်ရမယ်။ ဖရိုဖရဲဟင်းလင်းပြင်က အလင်းဖြာထွက်ကြယ်ပိုင်နက်ရှိ ထိပ်တန်းအန္တရာယ်နယ်မြေဆယ်ခုထဲကတစ်ခုဖြစ်ပြီး အလွန်အမင်းအန္တရာယ်များတယ်။  ဖရိုဖရဲမီးသတ္တုသားရဲတွေက ခွန်အားမကောင်းပေမယ့် သာမန်အရှင်ဒါမှမဟုတ်သာလွန်အရှင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒါပေမယ့် ၎င်းရဲ့ခံစစ်ကို လက်ရွေးစင်အရှင်ကသာ ချိုးဖြတ်နိုင်တယ်။

ဒုတိယ၊ သေမင်းနတ်ဘုရားမြက်ရိတ်သိမ်းခြင်းမစ်ရှင်ကို ဖယ်ထုတ်ရမယ်။ သေမင်းနတ်ဘုရား‌‌ရေကန်က ဖရိုဖရဲဟင်းလင်းပြင်ထက် အန္တရာယ်ပိုများတယ်၊ ၎င်းက ဒုတိယမြောက်အန္တရာယ်အရှိဆုံးနယ်မြေတစ်ခုဖြစ်တယ်။ လီဖူချန်းက သူ့အသက်ကို မစွန့်စားရဲပါဘူး။

တတိယ၊ လီကလန်ရဲ့အကြီးအကဲအရိုးဖြူအရှင်ကိုသတ်ဖြတ်ခြင်းမစ်ရှင်ကို ဖယ်ရှားရမယ်။ သာလွန်အရှင်တစ်ယောက်ကို သတ်ဖို့ဆိုရင် လက်ရွေးစင်အရှင်နှစ်‌ယောက်ဒါမှမဟုတ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို လိုအပ်တယ်။ လီဖူချန်းရဲ့ခွန်အားက အကောင်းဆုံးဆိုရင်  သာလွန်အဆင့်နဲ့နီးကပ်ရုံသာ ရှိတယ်။

ဒါကြောင့် လီဖူချန်းက လေနက်သားရဲတွေကို အမဲလိုက်ခြင်းမစ်ရှင်ကို ရွေးချယ်လိုက်တယ်။ ဒါက သူ့အတွက် လက်တွေ့အကျဆုံးမစ်ရှင်ပါပဲ။

…

လေနက်ကျွန်းက အလင်းဖြာထွက်ကြယ်ပိုင်နက်ရှိအန္တရာယ်နယ်မြေတွေထဲကတစ်ခုဖြစ်တယ်။

ဒီနေရာရှိအနက်‌ရောင်လေက သာမန်အနက်ရောင်လေမဟုတ်ဘူး၊ အဲဒါက လူတစ်ယောက်ရဲ့ဝိညာဉ်ကို ပြန့်ကျဲစေနိုင်တဲ့ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေတစ်ခုဖြစ်တယ်။ လက်ရွေးစင်အရှင်နဲ့အထက်ကလွဲပြီး အနည်းငယ်ကသာ ဒီနေရာမှာ အချိန်အကြာကြီးနေဖို့ ဆန္ဒရှိပါလိမ့်မယ်။

ရွာဝင်ပေါက်မှာ ပုံရိပ်တစ်ခုက ဆင်းသက်လာတယ်။

"ဒါက ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေလား" လီဖူချန်းက လက်ကို ဆန့်ထုတ်ကာ အနက်ရောင်လေစီးကြောင်းတစ်ခုကို ဆုပ်ကိုင်လိုက်တယ်။

ကျီ ကျီ ကျီ.....

ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေကို ကြည့်ရတာ အသက်ရှိနေသလိုပဲ၊ ၎င်းက လူတစ်ယောက်ကို မူးနောက်စေတဲ့ စူးရှတဲ့အသံတစ်ခုကို ထုတ်လွှတ်နေတယ်။

"ငါ သိပြီ" ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေထဲမှာ ထူးခြားဆန်းကြယ်တဲ့ဝိဉာဉ်စွမ်းအားအရိပ်အယောင်တွေရှိတာကို လီဖူချန်းက ရှာတွေ့ခဲ့တယ်။

အခြားစကားဖြင့်ပြောရရင် တစ်ယောက်ယောက်က ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေထဲမှာ ခရီးနှင်ရင် သူက ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေကို အဆက်မပြတ်ရင်ဆိုင်ရလိမ့်မယ်။ ဝိညာဉ်တာအိုတိုက်ခိုက်မှုက အားမကောင်းရင်တောင် ကြာချိန်တိုးလာတာနဲ့ ခုခံနိုင်လိမ့်မှာမဟုတ်တော့ဘူး။

ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေဘယ်လိုဖြစ်လာသလဲကို ငါ သိချင်တယ်" လီဖူချန်းက အတော်လေးသိလိုစိတ်ပြင်းပျနေတယ်။

လီဖူချန်းက ‌လေနက်ကျွန်းကို ဝင်ရောက်ခဲ့တော့တယ်။

ဟူး ဟူး ဟူး......

အနက်ရောင်လေတွေက လေနက်ကျွန်းထဲမှာ သောင်းကျန်းနေကာ တစ်ယောက်ယောက်ရဲ့အမြင်အာရုံကို ကန့်သတ်ထားတယ်။ လိပ်ပြာအသိစိတ်အာရုံကို အဝေးကို မဆန့်ထုတ်နိုင်ဘူး၊ အကြောင်းကတော့ အဲဒါကို အနက်ရောင်လေက အလွယ်တကူဖျက်ဆီးမှာမလို့ပဲ။

ဒါပေမယ့် ဒါက အခြားသူတွေအတွက်ပဲ။ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အဝေးကို စောင့်ကြည့်‌စစ်ဆေးနိုင်တယ်၊ တကယ်တော့ သူ့ရဲ့သန်မာတဲ့စိတ်ဝိညာဉ်က သူ့မှာ သန်မာတဲ့လိပ်ပြာအသိစိတ်အာရုံတစ်ခုရှိတယ်လို့ ဆိုလိုတယ်။

ဟိန်းသံ......

လီဖူချန်းက လေနက်ကျွန်းရဲ့အတွင်းနက်ပိုင်းကို တဖြည်းဖြည်းနီးကပ်လာတာကြောင့် အနက်ရောင်‌လေတွေမှ ထူးဆန်းတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

လီဖူချန်းရဲ့နေရာမှာ ‌မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင် ဒီဟိန်းသံက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်ရဲ့စိတ်ဝိညာဉ်ကို တုန်ခါသွားစေလိမ့်မယ်။

"ပျောက်ကွယ်စမ်း" လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ကျောက်တုံးတစ်တုံးက ကျလာတယ်။

လေနက်သားရဲကို အားကောင်းတယ်လို့ မသတ်မှတ်နိုင်ဘူး၊ ဘယ်အရှင်မဆို ၎င်းကို အလွယ်တကူရင်ဆိုင်နိုင်တယ်။ အရေးကြီးတဲ့အရာကတော့ မင်းမှာ တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုသာရှိတာပဲ။ လေနက်သားရဲက ၎င်းအပေါ် ဒုတိယမြောက်တိုက်ခိုက်မှုကို ခွင့်ပြုမှာမဟုတ်ဘူး။ ၎င်းရဲ့ခန္ဓာကိုယ်ပြန့်ကျဲသွားတာနဲ့ လေနက်ကျောက်တုံးက အလိုအလျောက်ကြေမွသွားပြီး အနက်ရောင်လေထဲကို ပေါင်းစပ်သွားလိမ့်မယ်။

စုပ်အားတစ်ခုနဲ့အတူ လီဖူချန်းက လေနက်ကျောက်တုံးကို ဆွဲယူလိုက်တယ်။

လေနက်ကျောက်တုံးက ထူးခြားတဲ့ပစ္စည်းတစ်ခုပါပဲ။ ၎င်းက ကျောက်တုံးတစ်တုံးဆိုပေမယ့် အလေးချိန်တစ်ခုမှ မရှိဘဲ လွင့်မျောနေတယ်။ လီဖူချန်း မျှော်မှန်းထားတဲ့အတိုင်းပဲ၊ လေနက်ကျောက်တုံးမှာ ဝိညာဉ်စွမ်းအားရဲ့ကြီးမားတဲ့ပမာဏပါဝင်ပြီး အထဲမှာ လေတာအိုအနှစ်သာရအရိပ်အယောင်တစ်ခုလည်း ပါရှိတယ်။

နှစ်၊ သုံး......

လေနက်သားရဲအမဲလိုက်ခြင်းက အခြားသူ‌တွေအတွက် စိတ်ရှည်မှုကို စမ်းသပ်ချက်တစ်ခုပဲ။

ပထမ၊ ဖိအားကို အဆက်မပြတ်ရင်ဆိုင်နေရတာကြောင့် တစ်ယောက်ယောက်က လေနက်ကျွန်းမှာ အကြာကြီးနေလို့မရဘူး။

ဒုတိယ၊ လေနက်ကျွန်းထဲရှိကင်းထောက်ခြင်းအတိုင်းအတာက အလွန်ကန့်သတ်ထားတယ်။

တတိယ၊ လေနက်ကျွန်းက ကြီးမားလွန်းတယ်။ လေနက်သားရဲတစ်ကောင်နှစ်ကောင်က ရှာတွေ့ဖို့ မခက်ခဲပေမယ့် ရှာဖို့ဆိုရင် အထဲမှာ အချိန်အများကြီးကုန်ဆုံးဖို့ လိုတယ်။

လီဖူချန်းကတော့ မတူပါဘူး။ သူ့အနေနဲ့ လေနက်ကျွန်းရှိဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေက သူ့အတွက် လုံးဝခြိမ်းခြောက်မှုတစ်ခုမဟုတ်ဘူး။ သူက ဆန္ဒရှိရင် လေနက်ကျွန်းမှာ တစ်သက်လုံးနေနိုင်တယ်။ ကင်းထောင်ခြင်းအကွာအဝေးအတွက်ကတော့ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ဆိုရင် သူ့ရဲ့ကင်းထောက်ခြင်းအကွာအဝေးက အခြားသူတွေထက် အနည်းဆုံးအဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုတယ်။ ဒါကြောင့် သူ့အတွက် လေနက်သားရဲတွေကို ရှာတွေ့ဖို့က အလွန်လွယ်ကူတယ်။

နှစ်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက လေနက်ကျောက်တုံး၁၀၀၀ကို ရှာတွေ့ခဲ့တယ်၊ သူက အကြီးအကဲအမှတ်တစ်သောင်းနဲ့ ဖလှယ်နိုင်တယ်လို့ ဆိုလိုတယ်။

ဒါပေမယ့် ဒါက မလုံလောက်ပါဘူး။

ဆယ်နှစ်၊ ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်......

မကြာသေးမီကနှစ်တွေအတွင်း လေနက်ကျွန်းကိုလာရောက်ခဲ့တဲ့အရှင်တွေက တစ်ခုခုထူးဆန်းတာကို တွေ့ရှိခဲ့တယ်။ အရင်ကတော့ လေနက်သားရဲတစ်ကောင်ကို ရင်ဆိုင်တွေ့ဖို့ ခက်ခဲတယ်၊ ဒါပေမယ့် အခု အဲလိုမဟုတ်တော့ဘူး၊ သူတို့က နှစ်အနည်းငယ်ကြာတောင် လေနက်သားရဲတစ်ကောင်ကို ရှာမတွေ့နိုင်တော့လို့ပဲ။

"ဘာဖြစ်နေတာလဲ။ လေနက်ရွာမှာ ပုံမှန်မဟုတ်တာတစ်ခုခုများ ရှိနေသလား" အရှင်မက လေနက်ရွာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

လေနက်ရွာကို ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေနဲ့ တည်‌ဆောက်ထားတာပဲ။ သူတို့က အသတ်ခံရရင်တောင် အချိန်တစ်ခုကြာပြီးနောက် ပြန်လည်ဖြစ်ပေါ်လာလိမ့်မယ်။ ဒါကြောင့် သီအိုရီအရ ရေနက်သားရဲတွေရဲ့အရေအတွက်က ဘယ်တော့မှ လျော့နည်းမှာမဟုတ်ဘူး။ မဟုတ်မှလွဲရော ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေတွေက ပြန့်ကျဲသွားတယ်ဒါမှမဟုတ်လေနက်သားရဲတွေကို အချိန်တိုအတွင်း သတ်ဖြတ်ခဲ့တယ်၊ ဒါကြောင့် လေနက်သားရဲအသစ်တွေ ပြန်‌ဖြစ်ပေါ်လာဖို့အချိန်အလုံအလောက်မရှိတော့ဘူးပေါ့။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက လေနက်ရွာရဲ့အနက်ပိုင်းထဲကို ရောက်ရှိလာတယ်။ အထွတ်အထိပ်အရှင်တွေနဲ့ပြိုင်ဘက်ကင်းအရှင်တွေကလွဲပြီး တစ်ယောက်မှ ဒီနေရာကို မဝင်ရဲဘူး။ ကြမ်းတမ်းတဲ့ဝိညာဉ်ခွဲခြားခြင်းအနက်ရောင်လေက အရိုးဖြတ်ဓားသွားတွေပမာ သာမန်အရှင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အလွယ်တကူ ဒဏ်ရာရစေနိုင်တယ်။

ဒါပေမယ့် နှိုင်းယှဉ်ကြည့်ရင် ဒီနေရာရှိလေနက်သားရဲတွေရဲ့အရေအတွက်က အများကြီးမြင့်တယ်။

၈၀၀၀၊ ၉၀၀၀၊ ၁၀၀၀၀.......

လီဖူချန်းက လေနက်ကျောက်တုံး၁၀၀၀၀ကျော်ရရှိထားခဲ့ပါပြီ။

All Chapters