ကာဒီနယ်တောက်ပနဲ့ တိုက်ခိုက်ခြင်း
Vol. 71 Ch. 991
"အဆင့်၉၉လား။ ဒီလောက်တောင် မြင့်တာလား"
"ဒါ များလွန်းတယ်။ အရှင်သတ်မှတ်ချက်ရဲ့ဘယ်သူကများ အရမ်းအားမကောင်းလို့လဲ။ အသင်္ချေသရုပ်သကန်နတ်ဆိုးဒိုယန်အကြီးအကဲက အရှင်ဒါဇင်ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်တယ်။ ဒီမူလအဆုံးစွန်းအရှင်က သူ့အထက်မှာ ဘယ်လိုလုပ်ရောက်နေရတာလဲ"
"တကယ်တော့ ဒီလိုအရာတွေဖြစ်တာ ပုံမှန်ပါပဲ။ အရှင်သတ်မှတ်ချက်ကို ချီတည်ရှိမှုစွမ်းအားက ဆုံးဖြတ်တယ်။ အဆင့်သတ်မှတ်ချက်နိမ့်သူတွေက အဆင့်သတ်မှတ်ချက်မြင်သူတွေကို အနိင်ယူနိုင်တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီအရာအပေါ် အငြင်းပွားစရာမလိုပါဘူး"
"ဒါလည်း ဟုတ်ပါတယ်လေ"
အရှင်အချို့က စုဝေးနေကြပြီး အဆင့်သတ်မှတ်ချက်အသစ်နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတယ်။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်......
"ငါ့ရဲ့ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကနေ အရှင်သတ်မှတ်ချက်ပေါ်ရှိတစ်စုံတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြုံးလိုက်မိတယ်။
အံ့ဖွယ်သစ်ရွက်မြို့......
သွေးပုဆိန်အရှင်က သူ့ရာသူ ရေရွတ်လိုက်တယ်"မူလအဆုံးစွန်းအရှင်က ထာဝရကလေးထက်တောင် ပိုကြောက်စရာကောင်းတဲ့စကြာဝဠာကလေးတစ်ယောက်ဖြစ်ရမယ်"
ထာဝရကလေးတွေကို ထာဝရစွမ်းအားနဲ့ထာဝရအရှင်ဘုရင်က အထောက်အပံ့ပေးတယ်။ စကြာဝဠာကလေးတွေကို စကြာဝဠာတစ်ခုလုံးက အထောက်အပံ့ပေးတယ်။
စကြာဝဠာကလေး၄၉ယောက်ရှိပေမယ့် စကြာဝဠာက သူတို့ကို ဝေမျှဖို့အတွက် လုံလောက်တာထက်ပိုပါတယ်လေ။
"မူခအဆုံးစွန်းအရှင်"
ဓားအလင်းဖြာထွက်မြို့တစ်ခုလုံးမှာ လီဖူချန်း အဆင့်ချိုးဖြတ်သွားတာကို ကာဒီနယ်တောက်ပဓားဘိုးဘေးကသာ သိတယ်။
သူက လီဖူချန်းရဲ့အိမ်တော်အပြင်ဘက်ကို ချက်ချင်း ရောက်ရှိလာတယ်။ ဒါပေမယ့် သူက ဇွတ်မဝင်ခဲ့ဘူး၊ အဲဒါက ရိုင်းပျလွန်းတယ်လေ။
"ကာဒီနယ်တောက်ပဓားဘိုးဘေး၊ ကျေးဇူးပြုပြီး ဝင်လာပါ" လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ အိမ်တော်အစီအရင်နဲ့သတိပေးဓားဆန္ဒကို ဖွင့် လိုက်တယ်။
လီဖူချန်းထံမှ ပြည့်လျှံသန့်စင်တဲ့ဓားတာအိုတည်ရှိမှုကို မြင်ပြီး ကာဒီနယ်တောက်ပဓားဘိုးဘေးက ခံစားချက်မျိုးစုံအားလုံးကို ခံစားရတယ်၊ သူက ပြုံးလိုက်တယ်" မူလအဆုံးစွန်းအရှင်၊ ဂုဏ်ယူပါတယ်"
ဓားသမားအစည်းမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက် ပိုရှိတယ်။ အခြေခံအားဖြင့် အဆင့်၁ဂိုဏ်းခွဲအားလုံးမှာ ပြိုင်ဘက်ကင်းအရှင်တွေအနည်းငယ်သာ ရှိတယ်။ ဒါပေမယ့် ဓားအလင်းတောက်ပခြင်းမြို့ထဲမှာ သူနဲ့လီဖူချန်းကသာ ထိပ်ဆုံးတစ်ရာထဲဝင်တယ်။
အကြိုနတ်ဘုရားတွေအားလုံးပျောက်ဆုံးနေတဲ့ဒီခေတ်ကြီးမှာ ပြိုင်ဘက်ကင်းအရှင်တွေက သေချာပေါက် ဂိုဏ်းတစ်ခုရဲ့စွမ်းအားကို ဆုံးဖြတ်တဲ့သူတွေပါပဲ။
ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေက ပိုအရေးကြီးတယ်၊ ဒါပေမယ့် ထိပ်ဆုံးတစ်ရာထဲဝင်တဲ့ပြိုင်ဘက်ကင်းအရှင်တွေရှိခြင်းက ပိုအရေးကြီးတယ်။
အစက ဓားအလင်းဖြာထွက်မြို့ရဲ့ခွန်အားက အလင်းဖြာထွက်ကြယ်ပိုင်နက်ရှိအခြားအားကောင်းတဲ့ဂိုဏ်းရှစ်ခုနဲ့ ညီမျှတယ်။ ဒါပေမယ့် လီဖူချန်းနဲ့ဆိုရင် ဓားအလင်းဖြာထွက်မြို့ရဲ့ခွန်အားက အထက်မှာ ရှိလာပါပြီ။
"မူလအဆုံးစွန်းအရှင်၊ မင်း စိတ်မရှိရင် ငါတို့တွေ ဓားကွက်အချို့ဖလှယ်ကြမလား" ကာဒီနယ်တောက်ပဓားဘိုးဘေးက လိုရင်းကို တဲ့ပြောလိုက်တယ်။
" ဒါပေါ့လေ" လီဖူချန်းက ချက်ချင်း သဘောတူလိုက်တယ်။
ကာဒီနယ်တောက်ပဓားဘိုးဘေးက အရှင်သတ်မှတ်ချက်ရဲ့အဆင့်၃၂ဖြစ်ပြီး သူက လီဖူချန်းရဲ့အကန့်အသတ်ကို စမ်းသပ်နိုင်လောက်တယ်။
"ဓားသိုင်းစင်မြင့်ကို သွားဖို့ ငါ့နောက်ကနေ လိုက်လာပါ" ကာဒီနယ်တောက်ပဓားဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုက အရှေ့မှာ ထွက်ပေါ်လာတယ်။
ဓားသိုင်းစင်မြင့်က ဓားသမားအစည်းအရုံးရဲ့အကြိုနတ်ဘုရားတစ်ယောက် တည်ဆောက်ထားတဲ့သိုင်းစင်မြင့်တစ်ခုပါပဲ။ သာမန်အကြိုနတ်ဘုရားတစ်ယောက်ကတောင် အဲဒါကို အလွယ်တကူမဖျက်ဆီးနိုင်ဘူး။
ကာဒီနယ်တောက်ပဓားဘိုးဘေးက ဒီဖလှယ်မှုနဲ့ပတ်သက်ပြီး တစ်ယောက်ကိုမှ မသိစေချင်ပါဘူး၊ ဒါကြောင့် သူက စင်မြင့်ကို ချိတ်ပိတ််ထားလိုက်တယ်။
"ကာဒီနယ်တောက်ပဓားဘိုးဘေးl ကျေးဇူးပြုပြီး" လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်လိုက်တယ်။
ကောင်းကင်ဘုံဆက်ဓားကို အကဲဖြတ်ပြီးနောက် ကာဒီနယ်တောက်ပဓားဘိုးဘေးက ပြုံးကာ ပြောလိုက်တယ်"ကြည့်ရတာ မင်းက သင့်တော်တဲ့ဓားတစ်လက်ကင်းမဲ့နေသေးပုံပဲ"
ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေက ထူးကဲအဆင့်အန္တိမအဆင့်လက်နက်တွေကို အသုံးပြုကြတယ်။ ကာဒီနယ်တောက်ပဓားဘိုးဘေးမှာ ထူးကဲအန္တိမအဆင့်ဓားတစ်လက်ရှိတယ်။
လီဖူချန်းကို အခွင့်ကောင်းမယူချင်တာကြောင့် ကာဒီနယ်တောက်ပဓားဘိုးဘေးက အဆင့်မြင့်အန္တိမအဆင့်ဓားတစ်လက်ကို ယူထုတ်လိုက်တယ်။
"ဂရုစိုက်ပါ။ ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
ဒါက တူညီတဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းဆိုပေမယ့် ယနေ့ထုတ်ဖော်တာက ပြီးပြည့်စုံခြင်းဆီ ယိမ်းယိုင်နေတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အံ့မခန်းပဲ။ ငါ့ရဲ့ဓားရည်ရွယ်ချက်ပြတ်သားခြင်းကို တစ်ချက် ကြည့်စမ်း" ကာဒီနယ်တောက်ပဓားဘိုးဘေးက သူ့ဓားကို ဝှေ့ယမ်းကာ ဓားအလင်းအကာအကွယ်အလွှာပါးတစ်ခုကို ထုတ်ဖော်လိုက်တယ်။
ဓားအလင်းအကာအကွယ်အောက်မှာ အဆုံးမဲ့ဓားပင်လယ်က ဘာတစ်ခုမှ မလုပ်နိုင်တော့ဘူး။
"မူလဘူတဓား"
ပထမဓားကွက်က မထိရောက်တာကြောင့် လီဖူချန်းက ဒုတိယဓားကွက်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်တယ်။
ဟင်းလင်းပြင်ထဲမှာ ဓားအလင်းဘီလီယံချီက ပေါင်းစပ်သွားတယ်၊ အဆုံးမဲ့က တစ်ခုထဲအဖြစ် ပြောင်းလဲနေတယ်၊ ဓားတစ်သောင်းက ဓားတစ်ခုတည်းအဖြစ် ပေါင်းစည်းလာတယ်။ မူလသို့ပြန်သွားတဲ့ဒီဓားနဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်လိုပြောင်းလဲမှုတစ်ခုမှ အဓိပ္ပါယ်မရှိတော့ဘူး။ ဒီဓားက သဘာဝသို့ တည့်မတ်စွာ သွားတယ်၊ ဒီဓားက ငါသာရှိဝါဒကို ညွှန်ပြတယ်။
"ငါ့နှလုံးသားက အရာအားလုံးကို အလင်းပြန်တဲ့မှန်တစ်ချပ်နဲ့ တူတယ်"
မီးပွားတစ်ခုထွက်လာပြီး ကာဒီနယ်တောက်ပဓားဘိုးဘေးက လီဖူချန်းရဲ့မူလဘူတဓားကို ကြားဖြတ်တိုက်ခိုက်လိုက်တယ်။
"ကြည်လင်တဲ့နှလုံးသားတစ်ခုက အားလုံးကို မြင်တယ်၊ အစုလိုက်အပြုံသတ်ဖြတ်တယ်"
ပြီးနောက် ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့ဓားက လီဖူချန်းရဲ့ရင်ဘက်ဆီ ခုတ်ပိုင်းလာတယ်။
ဓားက မြန်လွန်းပြီး လီဖူချန်းက အဲဒါကို အချိန်မီမတားဆီးနိုင်ခဲ့ပါဘူး။
ဝှစ်......
ဓားက ရင်ဘက်ကို ထိုးဖောက်သွားပေမယ့် အဲဒါက လီဖူချန်းရဲ့အစစ်အမှန်ခန္ဓာကိုယ်တစ်ခုမဟုတ်ဘူး၊ အဲဒါက ဓားအလင်းတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်တစ်ခုသာ ဖြစ်တယ်။
"အာ" ကာဒီနယ်တောက်ပဓားဘိုးဘေးက အံ့ဩတုန်လှုပ်သွားတယ်။
အရိုးသားဆုံးပြောရရင် ဒီဓားက လီဖူချန်းကို ထိမှန်ရင်တောင် သူ့ကို ဒဏ်ရာရစေလိမ့်မှာမဟုတ်ဘူး။
ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က အခြားပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို မသတ်နိုင်လောက်ဘူး၊ သို့မဟုတ်ရင် သူတို့ကို ပြိုင်ဘက်ကင်းအရှင်လို့ ခေါ်လိမ့်မှာမဟုတ်ဘူးလေ။
ဒါပေမယ့် လီဖူချန်းက ဒီဓားကို ရှောင်တိမ်းနိုင်လိမ့်မယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။
သူက အရှင်သတ်မှတ်ချက်ရှိရှေးအကျဆုံးပြိုင်ဘက်ကင်းအရှင်တွေထဲကတစ်ယောက် ဖြစ်တယ်။ အတိတ်မှာ သူက ပြိုင်ဘက်ကင်းအရှင်ဒါဇင်ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲအတွေ့အကြုံပမာဏတူညီတဲ့ရှေးကျတဲ့ပြိုင်ဘက်ကင်းအရှင်တွေကလွဲပြီး ကျန်ပြိုင်ဘက်ကင်းအရှင်တွေက ရှုံးနိမ့်ခြင်းအဆုံးသတ်ကို သေချာပေါက် ရရှိခဲ့ကြတယ်။ အချို့ကိုဆိုရင် သူက အစမှအဆုံးထိ ဖိနှိပ်နိုင်ခဲ့ပြီး တန်ပြန်တိုက်ခိုက်ခွင့်တောင် မရရှိခဲ့ကြဘူး။ လီဖူချန်းက အခုမှ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူ့ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်တာကတော့ မယုံနိုင်စရာပါပဲ။
လီဖူချန်းရဲ့တိုက်ပွဲအတွေ့အကြုံကို သာမန်နည်းလမ်းတွေနဲ့ မတွက်ချက်နိုင်မှန်း သူ ဘယ်တော့မှ သိမှာမဟုတ်ဘူး။ လီဖူချန်းရဲ့တုံ့ပြန်ခြင်းမြန်နှုန်းက အရှင်တွေကို ကျော်လွန်ကာ သူ့ရဲ့စိတ်ဝိညာဉ်က အားကောင်းလွန်းတာကြောင့် တိုက်ခိုက်မှုလမ်းကြောင်းတွေကို ကြိုတင်ခန့်မှန်းနိုင်တယ်။
"ဓားချီမူလပြန်သွားခြင်း"
ကာဒီနယ်တောက်ပဓားဘိုးဘေးက ဓားအလင်းတစ်ခုက ဘေးကနေ တိုက်ခိုက်လာတယ်။
ချွမ်း .....
သူ့ရဲ့တိုက်ခိုက်မှုလွဲချော်လျှင်ချင်း တစ်ခုခုမှားနေတယ်လို့ သူက ချက်ချင်းခံစားရတယ်။ ကံကောင်းတာကတော့ သူ့ရဲ့ကာဒီနယ်တောက်ပဓားတာအိုက အရာရာတိုင်းကို အလင်းပြနိုင်တာပဲ။ လီဖူချန်းက သူ့ရဲ့ဓားကွက်ကို မထုတ်ခင် ကာဒီနယ်တောက်ပဓားဘိုးဘေးက တွေ့ရှိခဲ့ပြီဖြစ်တယ်။
မီးပွားတွေ ပေါက်ကွဲထွက်လာပြီး လီဖူချန်းနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးတို့နှစ်ယောက်လုံးက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြတယ်။
"မူလအဆုံးစွန်းအရှင်၊ မင်း နောက်ထပ်နှစ်ကွက်ကို တားဆီးနိုင်ရင် ဒီကမ္ဘာမှအနည်းငယ်ကပဲ မင်းကို ဖိနှိပ်နိုင်တော့မယ်။ အကြိုနတ်ဘုရားတွေကတော့ ချွင်းချက်ပေါ့" ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့အမူအရာက တင်းမာနေတယ်။
အစကတော့ လီဖူချန်းက သူ့ထက် နိမ့်ကျနေအုံးမယ်လို့ သူက တွေးထားခဲ့တယ်။ အခုကြည့်ရသလောက် သူက သူ့ကိုယ်သူ အထင်ကြီးပြီး လီဖူချန်းကို အထင်သေးခဲ့မိတာပဲ။