ဖရိုဖရဲဟင်းလင်းပြင်
Vol. 71 Ch. 992
"ဒါဆိုလဲ လာစမ်း" လီဖူချန်းရဲ့မျက်လုံးတွေက တင်းမာသွားတယ်။
ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့ဓားပညာက လီဖူချန်းထက် ပိုမြင့်တယ်။ လီဖူချန်းရဲ့ထူးခြားတဲ့တုံ့ပြန်ခြင်းအရှိန်နဲ့တိုက်ခိုက်မှုလမ်းကြောင်းခန့်မှန်းခြင်းစွမ်းရည်ကြောင့်မဟုတ်ရင် သူက ထိမှန်သွားလောက်ပါပြီ။
နောက်နှစ်ကွက်ရဲ့တစ်ကွက်ကိုတောင် လက်ခံဖို့ခက်ခဲမယ်လို့ လီဖူချန်းရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။ သူ့အနေနဲ့ နှစ်ကွက်လုံးကို တားဆီးဖို့က မဖြစ်နိုင်လောက်ပါဘူး။
ဒါပေမယ့် မကြိုးစားရသေးဘဲနဲ့ သူ မသိနိုင်ပါဘူး။
"သတိထား" ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့ချီတည်ရှိမှုက ရုတ်တရက် အလွန်သိမ်မွေ့နူးညံ့လာတယ်။ ပြီးနောက်ချက်ချင်းပဲ သူက ကောင်းကင်ထဲသို့ ထိုးတက်ကာ ခုတ်ပိုင်းချလိုက်တယ်။
"အမှန်ဖြစ်စေဒါမှမဟုတ်အမှားဖြစ်စေ၊ တောက်ပတဲ့လက ဆက်လက်တည်ရှိတယ်"
ပုံရိပ်ယောင်ဓားအလင်းတစ်ခုက ကမ္ဘာနဲ့လီဖူချန်းရဲ့စိတ်ဝိညာဥ်ကို ဝန်းရံသွားတယ်။
"မကောင်းတော့ဘူး" လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။ ဒီဓားကွက်က အရင်ဓားကွက်နဲ့ မတူဘူး။ ဒါက လုံးဝခြားနားတဲ့အဆင့်တစ်ခုမှာ ရှိတယ်။
ဒီဓားနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းခွန်အားမဲ့တယ်လို့ခံစားရတဲ့ပထမဆုံးအကြိမ်ဖြစ်လာတယ်။
"မူလပြန်သွားဓားပြောင်းလဲခြင်း"
လီဖူချန်းက အံ့ကြိတ်လိုက်ပြီး သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။ ဒီတစ်ခါမှာတော့ မူလပြန်သွားဓားပြောင်းလဲခြင်းက ဓားတန်းတစ်ခုကို မထုတ်ဘူး။ အဲဒါက လီဖူချန်းကိုဝန်းရံထားတဲ့ဧရာမဓားတစ်လက်ဖြစ်ကာ အားကောင်းတဲ့ခုတ်ချက်တစ်ခုကို ပြုလုပ်လိုက်တယ်။
ဝုန်း ဒုန်း......
ပုံရိပ်ယောင်ဓားအလင်းအလွှာတွေကို ဖျက်ဆီးသွားတယ်။ ချက်ချင်းမှာပဲ အလွှာတစ်သောင်းကို ဖျက်ဆီးသွားတယ်။
ပုံရိပ်ယောင်ဓားအလင်းက မတိုးလာသလို မလျော့လာပါဘူး၊ အဲဒါက မကြီးလာသလို ကွယ်ပျောက်ခြင်းလဲမရှိဘူး။
"အမှန်ဖြစ်စေဒါမှမဟုတ်အမှားဖြစ်စေ၊ တောက်ပတဲ့လက ဆက်လက်တည်ရှိတယ်"ဆိုတဲ့ဓားကွက်နာမည်အတိုင်းပါပဲ။
"ငါ ဒီဓားကွက်ကို မပျက်ပြယ်စေနိုင်ဘူးလို့ ငါ မယုံကြည်ဘူး"
ဓားပုံရိပ်တွေက လီဖူချန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါက်ကွဲထွက်လာတယ်။ တစ်ခဏချင်း ဓားပြောင်းလဲခြင်းအနည်းဆုံးဆယ်သန်းက ပေါက်ကွဲထွက်လာတယ်။
မူလအဆုံးစွန်းဓားနည်းလမ်းက မချိုးဖြတ်ခင် လီဖူချန်းက ဒါကို လုပ်ရဲမှာမဟုတ်ဘူး၊ သို့မဟုတ်ရင် သူရဲ့စွမ်းအင်က ဗလာဖြစ်သွားပေလိမ့်မယ်။
ဒါပေမယ့် အတိတ်မှာတုန်းက သူက မူလပြန်သွားဓားပြောင်းလဲခြင်းကို အခုလို အသုံးမပြုနိုင်ခဲ့ဘူး။
နောက်ဆုံးမှာတော့ ပုံရိပ်ယောင်ဓားအလင်းက လှိုင်းပမာ ယိမ်းယိုင်လာတယ်။ ပုံရိပ်ယောင်ဓားအလင်းဘီလီယံချီက ထွန်းလင်းနေတဲ့နေတစ်စင်းပမာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားတယ်။
"ကျန်ရှိနေတဲ့လှိုင်းတွေက ငါ့ကပ်ဘေးစွမ်းအားရဲ့ကိုးဆယ်ရာခိုင်နှုန်းကို ကုန်ဆုံးစေခဲ့တာပဲ" လီဖူချန်းက အလွန်အံ့အားသင့်သွားတယ်။
လေနက်ရွာမှာ လေနက်အရှင် သူ့ကို အကြိမ်များစွာ တိုက်ခိုက်ခဲ့တုန်းက သူ့ကပ်ဘေးစွမ်းအားရဲ့သုံးဆယ်ရာခိုင်နှုန်းကို ကုန်ဆုံးစေခဲ့တယ်။
"ဒီကလေးရဲ့အသက်ရှင်သန်နိုင်စွမ်းက တကယ်ကြမ်းတမ်းတယ်။ ဒီတိုက်ခိုက်မှုကတောင် သူ့ကို ဒဏ်ရာမရစေနိုင်ဘူးပဲ"
ဒီဓားကွက်က လီဖူချန်းကို ဒဏ်ရာရစေနိုင်တယ်လို့ ကာဒီနယ်တောက်ပဓားဘိုးဘေးက တွေးခဲ့တယ်။ လီဖူချန်းရဲ့ခုခံမှုက ပုံမှန်မဟုတ်ကြမ်းတမ်းမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။
ခုခံမှုအားဖြင့် လီဖူချန်းက အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးနှစ်ဆယ်ထဲ အနည်းဆုံးဝင်တယ်။
"ကာဒီနယ်တောက်ပဓားဘိုးဘေး၊ ငါ မင်းရဲ့နောက်ဆုံးဓားကွက်ကို နောက်တစ်ကြိမ်မှပဲ မြင်တွေ့တော့မယ်"
လီဖူချန်းက ကာဒီနယ်တောက်ပဓားဘိုးဘေးရဲ့နောက်ဆုံးဓားကွက်ရဲ့စွမ်းအားကို တကယ်မြင်တွေ့ချင်ခဲ့ပေမယ့် သူက ဒီဓားကွက်ကိုတောင် အပြည့်အဝမခုခံနိုင်ခဲ့ဘူး။ ဒီတော့ သူက နောက်ဆုံးဓားကွက်ကို မြင်တွေ့ဖို့ အရည်အချင်းရှိမှာမဟုတ်ဘူး။
"ကောင်းပြီလေ" ကာဒီနယ်တောက်ပဓားဘိုးဘေးက ပြုံးနေပေမယ့် သူ့ရင်ထဲမှာတော့ ခံစားချက်တွေ အုံကြွနေတယ်။
ချိုးဖြတ်ခဲ့ရုံမျှနဲ့ လီဖူချန်းက ဒီလောက်အားကောင်းနေပြီ။ နောက်တစ်ကြိမ် သူတို့ပြန်တိုက်ခိုက်တဲ့အခါကျရင် သူက လီဖူချန်းကို ဖိနှိပ်နိုင်အုံးမယ်လို့ ကာဒီနယ်တောက်ပဓားဘိုးဘေးက ယုံကြည်ချက်မရှိဘူး။
…
အန္တိမအဆင့်ဓားအရိုးတွေအပြင် ဓားသမားအစည်းအရုံးမှာ တန်ဖိုးရှိတဲ့အရင်းအမြစ်များစွာရှိတယ်။
လျှို့ဝှက်နည်းစနစ်တွေလိုပေါ့......
ဒိီနေရာရဲ့လျှို့ဝှက်နည်းစနစ်တွေက သာမန်ကြယ်ကိုးပွင့်လျှို့ဝှက်နည်းစနစ်တွေမဟုတ်ပါဘူး၊ သူတို့က အန္တိမအဆင့်လျို့ဝှက်နည်းစနစ်တွေပါပဲ။
(လျို့ဝှက်နည်းလမ်း၊ ဓားနည်းလမ်းတွေအစား လျှို့ဝှက်နည်းစနစ်၊ ဓားနည်းစနစ်လို့ ပြောင်းသုံးပါ့မယ်၊ ဥပမာ- မူလအဆုံးစွန်းဓားနည်းစနစ် - မြန်မာဘာသာပြန်သူ)
အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေကို အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ ထူးကဲအဆင့်ဆိုပြီး ခွဲခြားထားပါတယ်။
ပုံမှန်အားဖြင့် အရှင်တွေက အဆင့်မြင့်ဒါမှမဟုတ်ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေကို ကျင့်ကြံထားတယ်။
ဒါပေမယ့် အားအနည်းဆုံးအဆင့်မြင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေက အကြီးအကဲအမှတ်တစ်ထောင်အနည်းဆုံးကျသင့်တယ်။ ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေက အကြီးအကဲအမှတ်တစ်သောင်းအနည်းဆုံးရှိတယ်။ လီဖူချန်းမှာ လုံလောက်တဲ့အစည်းအရုံးအမှတ်ရှိမနေပါဘူး။
"ကြည့်ရတာ ငါက အစည်းအရုံးအမှတ်တွေ ပိုရအောင် လုပ်ရမယ့်ပုံပဲ"
အတိတ်မှာတုန်းက သူ့မှာ အံ့မခန်းလွတ်မြောက်ရေးလျှို့ဝှက်နည်းစနစ်တွေရှိရင် သူက လေနက်အရှင်ရဲ့လက်ထဲမှ လွတ်မြောက်ဖို့ အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်ရင်းမြစ်အဆီအနှစ်ကိုတောင် သုံးစရာလိုခဲ့လိမ့်မှာမဟုတ်ဘူး။ အစွန်းအလင်းမိခင်ကျောက်တုံးက စကြာဝဠာရတနာတစ်ခုဖြစ်ပြီး လွတ်မြောက်ဖို့အတွက်အသုံးပြုတာက တကယ်ဖြုန်းတီးခြင်းတစ်ခုပါပဲ။
အကြီးအကဲခန်းမ......
ဒိီနေရာကို လာတာ လီဖူချန်းရဲ့ဒုတိယအကြိမ်ပါပဲ။
ဒီတစ်ခါမှာတော့ အခက်အခဲပိုမြင့်မားတဲ့မစ်ရှင်တွေကို ယူဖို့ ဆုံးဖြတ်ထားတယ်။
မစ်ရှင်းနံရံမှာ လီဖူချန်းက မစ်ရှင်တွေကို ဖတ်ရှုနေတယ်။
"အရင်ကရရှိနိုင်တဲ့မစ်ရှင်တွေက ရှိနေသေးတာပဲ။ ငါ ဖရိဖရဲဟင်းလင်းပြင်ကို သွားနိုင်တယ်"
ဖရိုဖရဲသတ္တုငါးခုသားရဲရဲ့အလောင်းက အကြီးအကဲအမှတ်၅၀၀၀သာ ထိုက်တန်ပေမယ့် ဖရိုဖရဲဟင်းလင်းပြင်က အရင်းအမြစ်ကြွယ်ဝတဲ့အန္တရာယ်နယ်မြေတစ်ခုဖြစ်တယ်။ တစ်ယောက်ယောက်က စကြာဝဠာရတနာတွေဖြစ်တဲ့ဖရိုဖရဲရတနာပုလဲနဲ့ဖရိုဖရဲမီးကြာပန်းကို တွေ့ရှိခဲ့တယ်လို့ ကောလဟာလက ပြောကြတယ်။
ဖရိုဖရဲရတနာပုလဲနဲ့ဖရိုဖရဲမီးကြာပန်းတို့ကို ရှာတွေ့နိုင်မယ်လို့တော့ လီဖူချန်းက မမျှော်မှန်းထားပါဘူး၊ သူက ရှားပါးတဲ့ရတနာအချို့ကို ရှာတွေ့နိုင်ရင် လုံလောက်ပါပြီ။
…
ဖရိုဖရဲဟင်းလင်းပြင်.....
နာမည်အတိုင်းပဲ ဒါက ဖရိုဖရဲအပျက်အဆီးနယ်မြေတစ်ခုဖြစ်တယ်။
ဒီနေရာရဲ့စကြာဝဠာဥပဒေသက တစ်စစီဖြစ်သွားပြီး စကြာဝဠာရင်းမြစ်က ပြန့်ကျဲသွားပြီဖြစ်တယ်။ အထဲမှာ တစ်ယောက်ယောက်က တိုက်ခိုက်ဖို့အတွက် မိမိရဲ့ကိုယ်ပိုင်အရန်စွမ်းအင်ကိုသာ မှီခိုနိုင်တယ်။ စွမ်းအင်ကို ပြန်ဖြည့်ဖို့ စကြာဝဠာရင်းမြစ်ကို အားကိုးဖို့ မဖြစ်နိုင်ပါဘူး။
ဒါက ဘာကြောင့် ဖရိုဖရဲဟင်းလင်းပြင်က အလွန်အမင်းအန္တရာယ်များတယ်ဆိုတဲ့အချက်ပဲ။ ဒီနေရာမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက်ပိုကာ ပျောက်ကွယ်သွားခဲ့ဖူးတယ်။
အဝေးမှ လီဖူချန်းက ဖရိုဖရဲဟင်းလင်းပြင်ကို မြင်လိုက်ရတယ်။
ဖရိုဖရဲဟင်းလင်းပြင်ရဲ့အနေအထားကို ဖော်ပြဖို့က အလွန်ခက်ခဲတယ်။ အဲဒါက စကြာဝဠာရဲ့ဒဏ်ရာတစ်ခုနဲ့တူပြီး ဒီဒဏ်ရာက အဆက်မပြတ်ကြီးထွားလာနေတယ်။ နယ်နိမိတ်တွေမှာ ရံဖန်ရံခါမှာ စကြာဝဠာဥပဒေသပျက်စီးတဲ့အသံတွေနဲ့ ပဲ့တင်ထပ်နေတယ်။
"နှစ်များစွာကြာပြီးနောက် အလင်းဖြာထွက်ကြယ်ပိုင်နက်တစ်ခုလုံးကို ဖျက်ဆီးသွားလောက်မှာလား" လီဖူချန်းက တိတ်တဆိတ် လျှာသပ်လိုက်လေတယ်။
လီဖူချန်းလည်း အချိန်တိုအတွင်း စကြာဝဠာဥပဒေသတစ်ခုကို ဖျက်ဆီးနိုင်တယ်။ အချက်အလက်အရ အရှင်အများစုက ဒါကို ပြုလုပ်နိုင်တယ်။ ဒါပေမယ့် စကြာဝဠာဥပဒေသကို အမြဲတမ်းဖျက်ဆီးနိုင်ဖို့က မြို့အရှင်တွေအတွက် မဖြစ်နိုင်ဘူး။ အကြိုနတ်ဘုရားတွေကသာ ဒါကို ပြုလုပ်နိုင်တယ်လို့ ယူဆထားတယ်။ ဘယ်အကြိုနတ်ဘုရားက ဖရိုဖရဲဟင်းလင်းပြင်ကို ဖန်တီးခဲ့သလဲကိုတော့ လီဖူချန်းက မသိဘူး။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။
"ဒီခံစားချက်က တကယ်သက်သောင့်သက်သာမရှိတာပဲ"
အထဲမှာ သူက အပြင်ကမ္ဘာနဲ့ ချိတ်ဆက်မှုဆုံးရှုံးသွားတယ်ဆိုတဲ့ ခံစားချက်တစ်ခု လီဖူချန်းမှာ ရှိတယ်၊ ဓားတာအိုရင်းမြစ်ကို ထပ်ပြီးမချိတ်ဆက်နိုင်တော့ဘူး။
ကံကောင်းတာကတော့ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်ပြီးသားဖြစ်ကာ ပေါများတဲ့စွမ်းအင်ပမာဏတစ်ခုရှိတယ်။ သူက ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ ထာဝရမပိတ်မိသရွေ့ အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်သန်ဖို့က ပြဿနာတစ်ခုဖြစ်လိမ့်မှာမဟုတ်ဘူး။
ဖရိုးဖရဲဟင်းလင်းပြင်က စကြာဝဠာဥပဒေသတစ်ခုကို ကြေမွစေခဲ့ရုံသာမက စကြာဝဠာနဲ့လုံးဝကွဲပြားတဲ့ဖရိုဖရဲစွမ်းအင်တစ်ခုရှိတယ်။ ဖရိုဖရဲစွမ်းအင်ပကလီဖူချန်းကိုတောင် သက်ရောက်ကာ သူ့ကို သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ပေးစွမ်းတယ်။
"စကြာဝဠာက အစီအစဉ်ကျမှုကို ကိုယ်စားပြုပြီး ဖရိုဖရဲဟင်းလင်းပြင်က ဖရိုဖရဲဖြစ်ခြင်းကို ကိုယ်စားပြုတယ်။ စိတ်တန်ခိုးစွမ်းအားအားနည်းတဲ့ဘယ်သူမဆို သူတို့ရဲ့တာအိုနှလုံးသားကို အလွယ်တကူဆုံးရှုံးရလိမ့်မယ်"
လီဖုချန်းက ဒီနေရာရှိ ဖရိုဖရဲစွမ်းအင်ကို မကြောက်ပါဘူး၊ သူက ပတ်ဝန်းကျင်ရုတ်တရက်ပြောင်းလဲမှုကြောင့် အနည်းငယ်မသက်မသာဖြစ်ရုံပဲ။ အခု သူက အသားကျသွားပြီးဖြစ်တာကြောင့် သူ့နှလုံးသားက လှိုင်းဂယက်တစ်ခုမှ မရှိတော့ဘူး။
အလွန်အမင်းအရှိန်နဲ့အတူ လီဖူချန်းက ဖရိုဖရဲဟင်းလင်းပြင်ကို ကျော်ဖြတ်လျက်ရှိနေတယ်။
သူက တစ်စစီဖြစ်နေတဲ့စကြာဝဠာမြို့တစ်မြို့ကို ကျော်ဖြတ်လာတဲ့အချိန်မှာ လီဖူချန်းက ရပ်လိုက်တယ်။
သူက ကောင်းကင်ဘုံဆက်ဓားကို ထုတ်ကာ စကြာဝဠာမြို့ရဲ့အပျက်အစီးကို ဆုတ်ဖြဲလိုက်တယ်။
စကြာဝဠာမြို့ရဲ့အလယ်ဗဟိုမှာ အရွယ်အစားအားဖြင့်မိုင်အနည်းငယ်ရှိတဲ့အနီရောင်ပုံဆောင်ခဲတစ်ခုရှိတယ်။
"ဒီလိုကြီးမားတဲ့အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက တကယ်ရှားပါးတယ်။ ဒီစကြာဝဠာမြို့ရဲ့အစီအရင်အများစုက မီးတာအိုအစီအရင်တွေပဲ ဖြစ်ရမယ်၊ ပြီးတော့ စွမ်းအားအထောက်အပံ့က ဒီမီးစွမ်းအင်ပုံဆောင်ခဲကပဲ လာတာဖြစ်ရမယ်"
လက်သီးအရွယ်အစားအဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက ဘာတစ်ခုမှ မထိုက်တန်ပါဘူး၊ အများဆုံး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးဒါမှမဟုတ်သုံးတုံးလောက်သာရှိတယ်။ ဒါပေမယ့် မိုင်အနည်းငယ်အရွယ်အစားရှိတဲ့အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုကတော့ ဈေးကြီးလိမ့်မယ်။ အဲဒါက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီလီယံထိုက်တန်တယ်။
ကံကောင်းတာကတော့ ဒါက ဖရိုဖရဲဟင်းလင်းပြင်ဖြစ်နေတာပဲ။ သို့မဟုတ်ရင် ဒီမီးစွမ်းအင်ပုံဆောင်ခဲကို တစ်ယောက်ယောက်က ရှာတွေ့သွားလောက်ပြီ။
လီဖူချန်းက ပျော်ရွှင်စွာနဲ့ မီးစွမ်းအင်ပုံဆောင်ခဲကိုသိမ်းလိုက်တယ်။ သူက ကျန်ရှိနေတဲ့စွန့်စားခန်းတွေကို မျှော်လင့်စောင့်စားနေတော့တယ်။