← Chapters

ဘလက်စတား ‘ဘလက်စတား’ အစပြုခြင်း - ၁

Vol. 23 Ch. 331

ဘလက်စတား ‘ဘလက်စတား’ အစပြုခြင်း - ၁

Vol. 23 Ch. 331

____________________

အဆင့်မြင့် ယန္တရားထိန်းချုပ်မှု အမျိုးအစား အသိပညာကို တွေ့ရှိသည် - [အဆင့်မြင့် ရေဒါနည်းပညာ]။ အလားအလာအမှတ် ၂မှတ်ကို လဲလှယ်ပြီး သင်ယူလိုပါသလား။

သင်ယူခြင်း… ၁၅%… ၇၄%… အသိပညာ အောင်မြင်စွာ သင်ယူခဲ့သည်။ [အဆင့်မြင့်ရေဒါနည်းပညာ] ကို သင်ယူပြီးပါပြီ။

_____________________

အသိပညာအသစ်သည် သူ့စိတ်ထဲတွင် စွဲထင်နေခဲ့ပြီး သူ၏ အလားအလာအမှတ်များသည် ယခင်ငါးဆယ့်ငါးမှတ်မှ နှစ်မှတ်ကျဆင်းသွားသည်။

အသိပညာကို လေ့လာရန်နှင့် အဆင့်မြှင့်ရန် အလားအလာအမှတ်များကို အသုံးပြုခဲ့၏။ အမှတ်သုံးဆယ်ဖြင့် လဲလှယ်၍ အဆင့်မြင့် အသိပညာ ဆယ့်ငါးခုစလုံးကို သင်ယူနိုင်သောကြောင့် များသည့်ပုံမပေါ်သော်လည်း၊ တစ်ယောက်ယောက်သည် ထိုအသိပညာများကို အမြင့်ဆုံးမြှင့်တင်ရန် ကြိုးစားသည့်အချိန်၌ အမှတ်များ ကုန်သွားပေလိမ့်မည်။ ဟန်ရှောင်းသည် ယခင်က ဤပြဿနာကို ကြုံတွေ့ခဲ့ရသောကြောင့် ဤအချိန်၌ သူ၏ အလားအလာအမှတ်များကို သုံးစွဲရန် အထူးသတိထားခဲ့သည်။ မလိုအပ်ဘဲ သူ၏ အလားအလာအမှတ်များကို သုံးစွဲခဲ၏။

အလားအလာအမှတ်များ၏ ကန့်သတ်ချက်ကြောင့်၊ ယန္တရားပညာရှင် ကစားသမားများသည် တိကျသောလမ်းကြောင်းတစ်ခုသို့ ခွဲထွက်ရန် ဖိအားပေးခံခဲ့ရသည်။ အားလုံးကို ဆရာကျသည်အထိ သင်ယူဖို့ မဖြစ်နိုင်ပေ။ အဆင့်တက်သောအခါတွင် အလားအလာအမှတ်ကို ရယူခြင်းအပြင် ကစားသမားများသည် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်မှုကို အမြင့်ဆုံးအထိ မြှင့်တင်ခြင်းမှလည်း အလားအလာအမှတ်ကို ရရှိနိုင်သည်။ ထို့ကြောင့် ကစားသမားများသည် သူတို့၏ အသိပညာကို မြှင့်တင်နိုင်ပြီး သူတို့ အမြင့်ဆုံးအဆင့်သို့ ရောက်ပြီးသည့်တိုင် သူတို့၏ ခွန်အားကို တိုးမြင့်စေနိုင်သည်။

ယန္တရားပညာရှင်သည် အရည်အချင်းသစ်များ မကုန်မခန်းနိုင်သော အတန်းအစားတစ်ခု ဖြစ်လာသည်။ ဒီဇိုင်းပုံစံ အသစ်တစ်ခုစီကို ကျွမ်းကျင်မှုအသစ်တစ်ခုအဖြစ် ရေတွက်ပြီး ၎င်းတို့လိုအပ်သမျှမှာ အတွေ့အကြုံအမှတ်များသာဖြစ်သည်။

ဟန်ရှောင်းသည် အတွေ့အကြုံအမှတ်နှင့် သက်ဆိုင်လျှင် ကြီးမားသော အားသာချက်တစ်ခုရှိခဲ့ပြီး သူစုဆောင်းထားသောပမာဏသည် လက်ရှိဗားရှင်းတွင် ကစားသမားများမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေ၏။ သူသည် လမ်းကြောင်းများစွာတွင် အကိုင်းအခက်များကို ခွဲထုတ်ခြင်းဖြင့် ဇိမ်ခံနိုင်ပြီး ကစားသမားများအပေါ် ကြီးမားသော အားသာချက်ကို ပေးထားသည်။

_____________________

သင်သည် ဒီဇိုင်းပုံစံအသစ်ကို ရယူထားပါသည် - ရိုးရှင်းသော ဘက်စုံသုံး ထောက်လှမ်းကိရိယာ။

_____________________

ဤသည်မှာ ရေဒါအသိပညာကို သင်ယူခြင်းနှင့်အတူ ပါလာသည့် အခြေခံ ဒီဇိုင်းပုံစံဖြစ်သည်။

ကစားသမားအများစုသည် ရေဒါနည်းပညာကို အလွန်အသုံးဝင်သည်ဟု ထင်ကြသည်။ အဝေးမှ စူးစမ်းလေ့လာမှုများ ပြုလုပ်ရန်နှင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်များကို စကင်န်ဖတ်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ သူတို့၏ ခွန်အားကို တိုက်ရိုက် မတိုးတက်နိုင်သော်လည်း၊ ရရှိထားရန် အရေးကြီးသော ပုံစံတစ်ခု ဖြစ်နေဆဲပင်။ နောက်ပိုင်းဗားရှင်းများတွင် ကစားသမားများ အဆင့်တက်လာသည်နှင့်အမျှ၊ တိုက်ပွဲများသည် ပို၍ပို၍ ကျယ်ပြန့်လာကာ ရေဒါနည်းပညာ လုံလောက်မှုမရှိပါက၊ ထိုလူမှာ မျက်စိကန်းနေသလို ဖြစ်ပေလိမ့်မည်။ သို့သော် ကစားသမားအများစုသည် စတိုးဆိုင်မှဝယ်သည့် ထောက်လှမ်းရေးကိရိယာများကို ရွေးချယ်ကြပြီး ဂိမ်းကစားသူများနှင့် ကုန်သည်အသင်းကြီးများကသာ ထိုအသိပညာကို ရရှိနိုင်မည်ဖြစ်သည်။

တကယ်တော့ ဒါက သိပ်မကောင်းတဲ့ အသိပညာတော့ မဟုတ်ဘူး။ ငါ့လိုအပ်ချက်နဲ့ တော်တော်လေး ကိုက်ညီတယ်။ အစုလိုက်အပြုံလိုက် ထုတ်ပြီးရင် ထောက်လှမ်းကိရိယာတွေကို ကစားသမားတွေဆီ ရောင်းလို့ရတယ်။ ဒီလိုမျိုး အထောက်အကူပစ္စည်းတွေကို ကစားသမား အများကြီးက လုံးဝလိုအပ်တယ်လို့ မြင်ကြလိမ့်မယ်။

ယခု သူသည် အဆင့်မြင့် အသိပညာ သုံးခုကို ရရှိထားပြီး သူ၏ အတန်းအစားပြောင်းလဲမှု လိုအပ်ချက်များထဲမှ တစ်ခုကို ပြည့်မီရန် နောက်ထပ် နှစ်ခုသာ လိုအပ်တော့သည်။ အခု ပြဿနာက ပိုက်ဆံပဲ။ သို့သော်လည်း ဟန်ရှောင်း၏ဆောင်ပုဒ်မှာ ကစားသမားများနှင့်အတူ ချမ်းသာရန်၊ ၎င်းတို့၏စျေးကွက်ကို ချဲ့ထွင်ရန်နှင့် ကစားသမားများနှင့်အတူ (NPC) ကွန်ပျူတာဇာတ်ကောင်၏ ငွေကို ရယူရန်ဖြစ်သည်။

{TL Note: NPC ကို “ကွန်ပျူတာဇာတ်ကောင်” လို့ ပြောင်းလဲ ပြန်ဆိုထားပါတယ်။}

ဟန်ရှောင်းသည် ဇာတ်လမ်းဇာတ်ကြောင်းများကို သိရှိထားခြင်းမှာ အားသာချက်ဖြစ်သည်။ ဂိမ်း၏ ဤအပိုင်းသည် သူ၏အမှတ်တရများတွင် မီးခိုးရောင်ဧရိယာတစ်ခုဖြစ်သော်လည်း၊ သူသည် အရေးပါသည့် အပိုင်းများနှင့် အပိုင်းအစများကို လုံလုံလောက်လောက် မှတ်မိနေသေးသည်။ ဥပမာအားဖြင့်၊ သူသည် သူ့အား ငွေကြေးအတော်အတန် ရရှိနိုင်သည့် နှစ်ရှည် ကြေးစားစာချုပ်များကို မည်သည့်နေရာတွင် ရှာရမည်လို သိနေသည်။။

စောင့်ဆိုင်းခန်းသို့ ပြန်ရောက်ပြီးနောက် ကစားသမားအများစုသည် ထိုနေရာတွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့သည်။ သို့သော်၊ အခန်းကို စကင်န်ဖတ်ပြီးနောက် လီကဲနှင့် နတ်ဘုရားကျောင်းဆောင်မှ ကစားသမားများကို မည်သည့်နေရာတွင်မှ ရှာမတွေ့ကြောင်း သူသဘောပေါက်သွားသည်။

ဟန်ရှောင်းက မျက်မှောင်ကြုတ်ပြီး “အခြားသူတွေ ဘယ်မှာလဲ”

"သူတို့က ပတ်ဝန်းကျင်နဲ့ ရင်းနှီးဖို့ အပြင်မှာ ကြည့်ချင်ပြီး ခဏနေ ပြန်လာမယ်လို့ ပြောခဲ့တယ်" Bun-hit-dog က ရှင်းပြသည်။

ဟန်ရှောင်းသည် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ပေါက်ကရတွေ။ သူတို့စိတ်တွေ ဘယ်လိုအလုပ်လုပ်လဲ ငါနားမလည်ဘူး ထင်နေတာလား။ သူတို့က ပတ်ဝန်းကျင်အသစ်ကို ဝင်ရောက်လာတာ စိတ်လှုပ်ရှားနေပြီး ကွန်ပျူတာဇာတ်ကောင်အသစ်တွေနဲ့ အပြန်အလှန်တုံ့ပြန်ဖို့၊ မစ်ရှင်တွေ အစပျိုးဖို့ မစောင့်နိုင်တော့ဘဲ ငါ့ညွှန်ကြားချက်တွေကို လျစ်လျူရှုထားတယ်ပေါ့။

ကစားသမားအများစုက တစ်ကိုယ်ကောင်းဆန်ကြ၏။ ဒါက ငြင်းမရသည့်အချက် ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် ပိုလို့တောင် မှန်သေးသည်။ ဒါပေမယ့် တကယ်ကြီးလား? ဒီမှာ မိနစ်အနည်းငယ်တောင် မစောင့်နိုင်ဘူးလား။ တောက်ပတဲ့ကမ္ဘာသစ်ရဲ့ ဆွဲဆောင်မှုက သူတို့ကို အနိုင်ရသွားသည်မှာ ထင်ရှားနေ၏။

ဒါကလည်း ဟန်ရှောင်းစိတ်ပူသည့် ကိစ္စတစ်ခုပင်။ အခွင့်အလမ်းသစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ ကစားသမားများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများ စတင်ရရှိလာကာ သူနှင့် အမြဲတမ်း အတူတူနေရန် အကြောင်းပြချက်များ နည်းပါးသွားမည်ဖြစ်သည်။ သူတို့သည် ပိုမိုအားကောင်းသော အဖွဲ့အစည်းတစ်ခုသို့ ချိတ်ဆက်ရန်လည်း စိတ်ဝင်စားလာကြမည်။

ကစားသမားတွေက သူ့ကို ဘယ်တော့မှ ထားမသွားဘူးဆိုတာ သေချာစေဖို့ ဟန်ရှောင်းသည် အစီအစဉ်တစ်ခုကို အချိန်အတော်ကြာ ပြင်ဆင်ခဲ့ပြီး၊ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်နေပြီ ဖြစ်သည်။

"ငါ့နောက်လိုက်ခဲ့။ အလုပ်လုပ်မယ့် အချိန်ရောက်ပြီ။"

ဟန်ရှောင်းလှည့်ပြီး တံခါးအပြင်ဘက်သို့ ထွက်သွားရာ ကစားသမားများက နောက်မှ လိုက်သွားကြသည်။

လူတစ်စုသည် မြို့တော်ရင်ပြင်နှင့် အရွယ်အစားတူသော ပင်မခန်းမကြီးတစ်ခုပါရှိသည့် အဆောက်အအုံကြီးတစ်ခုရှေ့သို့ ရောက်လာကြသည်။ အဆောက်အဦးတစ်ခုလုံးတွင် မျိုးစိတ်အမျိုးမျိုးရှိသည့်လူများသည် သူတို့၏ ကိစ္စများ ဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်၏။ တစ်ချို့က ထိုင်၍၊ တစ်ချို့က လမ်းလျှောက်နေကြသည်၊ တစ်ချို့က တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြ၏။ သို့သော်၊ ဤလူအားလုံးသည် တိုက်ပွဲဝတ်စုံ အပြည့်အ၀ ၀တ်ဆင်ထားပြီး ၎င်းတို့အားလုံးသည် စူပါလူသားများဖြစ်သည်။

"ဒီနေရာက ဘာလဲ" ကစားသမားတွေက ဘယ်ညာကြည့်ရင်း မေးသည်။

“The Mercenary Alliance ကြေးစားစစ်သား မဟာမိတ်” ဟန်ရှောင်းက ဖြည်းညှင်းစွာပြောသည်။ “တိုက်ခိုက်ရေးသမားတွေ ငှားရမ်းနိုင်တဲ့ အားကောင်းတဲ့ ကြားနေအဖွဲ့အစည်းတစ်ခု။ ဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းကို စကြာဝဠာရဲ့ နေရာပေါင်းစုံမှာ တွေ့နိုင်တယ်။ ဒါကို အာကာသမှာရှိတဲ့ လူမှုအဖွဲ့အစည်းကြီး သုံးခုက တည်ထောင်ထားတယ်။ သူတို့က အကြွင်းမဲ့ကြားနေမှုကို ထိန်းသိမ်းထားပြီး အသိဉာဏ်ရှိတဲ့ သက်ရှိပုံစံတွေ အားလုံးက သူတို့ရဲ့ ကြေးစားများထဲမှ တစ်ဦးဖြစ်လာဖို့ စာရင်းသွင်းနိုင်တယ်။ မဟာမိတ်အဖွဲ့က သူတို့ရဲ့ ကြေးစားစစ်သားတွေကို မတူညီတဲ့ အဆင့်တွေနဲ့ အဆင့်သတ်မှတ်ထားပြီး မစ်ရှင်တစ်ခုရဲ့ အခက်အခဲ၊ ဆုကြေးတန်ဖိုး၊ စစ်ဆင်ရေးရန်ပုံငွေနဲ့ အခြားခံစားခွင့်တွေ အားလုံးက မင်းရဲ့အဆင့်ပေါ်မှာ မူတည်နေတယ်။ ကြေးစားစစ်သား မဟာမိတ်က ရှေးကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စကြဝဠာဘဏ်လိုမျိုးပဲ၊ သူတို့က အာကာသအတွင်း ကိစ္စတွေကို ဘယ်တော့မှ ဝင်ရောက်စွက်ဖက်လေ့ မရှိဘူး။ ဖောက်သည်တွေနဲ့ ကြေးစားစစ်သားတွေရဲ့ အခွင့်အရေးတွေကိုလည်း အလေးထား ကာကွယ်ပေးတယ်။ ကြေးစားစစ်သားတွေဟာ မစ်ရှင်တွေကိုလုပ်ဖို့ ဘယ်တော့မှ အတင်းအကျပ် ခိုင်းစေခြင်း ခံရမှာမဟုတ်ဘူး။ တရားမျှတတဲ့ ကြားခံတစ်ခုလို လုပ်ဆောင်လေ့ရှိတယ်။”

ကြေးစားစစ်သား မဟာမိတ်တည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်မှာ စူပါများကို တစ်ခုခု လုပ်စရာရှိနေစေရန်ဖြစ်ကြောင်းကိုလည်း သူသိသည်။ ဝင်ငွေရှာနိုင်ပြီး သူတို့၏ စွမ်းအားဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်းသည် နေရာတကာတွင် ပြဿနာရှာနိုင်ရန် အချိန်နှင့် စွမ်းအင်နည်းပါးမည်ဟု ဆိုလိုသည်။ ကြေးစားစစ်သား မဟာမိတ်တည်ထောင်ခြင်း၏ အကျိုးသက်ရောက်မှုက ထင်ရှားသည်။ စူပါများ၏ စွမ်းရည်များကို ကောင်းမွန်စွာ အသုံးချနိုင်ရုံသာမက ဧရိယာအတွင်း လုံခြုံရေးကို ထိန်းသိမ်းရန်လည်း အထောက်အကူ ပြုသည်။

ဒါပေမယ့် ကစားသမားတွေက ဒီကိစ္စကို သိဖို့ မလိုအပ်ပေ။

ကစားသမားများ အံ့အားသင့်သွားကာ ခဏတာအတွင်း သူတို့၏ မျက်လုံးများမှ အလင်းရောင် ထွက်လာသလိုပင်။ သူတို့သည် ပိုမိုမြင့်မားသော အဆင့်မစ်ရှင်များ လုပ်ဆောင်နိုင်ရန် အာကာသသို့ ရောက်လာကြပြီး ယခုအချိန်တွင် အဆောက်အဦးထဲသို့ဝင်ရန် မစောင့်နိုင်ကြတော့ပေ။ သို့သော် ဟန်ရှောင်းသည် မလှုပ်သေးသည်ကို တွေ့လိုက်သဖြင့် အားလုံးက ငြိမ်နေလိုက်ကြသည်။

ကြေးစားစစ်သား မဟာမိတ်၏ ခန်းမကြီးတစ်ဝိုက်တွင် လွင့်မျောနေသော လက်သီးအရွယ် သတ္တုဘောလုံးများစွာကို မြင်တွေ့နိုင်သည်။ ၎င်းတို့၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် ဤဘောလုံးများသည် ကစားသမားများဆီသို့ ပျံသန်းသွားကာ ထိတွေ့မှုအပေါ်၌ ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုအဖြစ် ဖန်တီးသည်။ ၎င်းသည် ကြေးစားစစ်သားများကို ၎င်းတို့ကိုယ်တိုင် အလုပ်အကိုင်ရယူနိုင်စေသည့် အလိုအလျောက် စီမံခန့်ခွဲမှုစနစ်တစ်မျိုး ဖြစ်သည်။

ဟန်ရှောင်းသည် ဘောလုံးကိုရယူပြီး ပုံရိပ်ယောင်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

"ဆက်လက်ဆောင်ရွက်ရန် သင်၏ ကြေးစားစစ်သားအကောင့် အသုံးပြုသူအမည်ကို ထည့်သွင်းပါ။" သေးငယ်သော ဘောလုံးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဟန်ရှောင်းသည် 'စာရင်းသွင်းခြင်း' ကို တိုက်ရိုက်ရွေးချယ်ခဲ့ပြီး မျက်နှာပြင်က ပြောင်းလဲသွားသည်။ သူ၏ သက်သေခံအချက်အလက်ကို ထည့်သွင်းပြီးနောက်၊ သူ၏အကောင့်သည် သူ၏ဘဏ်အကောင့်နှင့် ချိတ်ဆက်၍မရပေ။

ဟန်ရှောင်းသည် သူ့ကိုယ်ပိုင်ဘဏ်အကောင့်အတွက် အချက်အလက်ကို ထည့်သွင်းပြီးနောက် ဖန်သားပြင်သည် ပြန်လည်ဆန်းသစ်ပြီး သူ၏ အခြေခံအချက်အလက်များကို ပြသပေးနေသည်။ သူ၏ကိုယ်ရေးအကျဉ်းတွင် အမည်တစ်ခုနှင့် ထည့်သွင်းမှုတစ်ခုသာ ရှိသည်၊ ဟွန်းစတား ကို ကာကွယ်ခြင်း။ ဤ 'ကိုယ်ရေးရာဇဝင်' သည် သူ၏ တရားဝင်အောင်မြင်မှုများကို အလိုအလျောက် မှတ်တမ်းတင်မည်ဖြစ်သည်။ မကြာသေးမီကမှ အာကာသထဲ ဝင်လာသည့်အတွက် စာရွက်တစ်ရွက်ကဲ့သို့ အလွတ်ကြီး ဖြစ်နေသေးသည်။

ဤအောင်မြင်မှုများသည် အခြေခံအားဖြင့် သူ၏ renown ‘ကျော်ကြားမှု’ အတွက် ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်းဖြစ်သော်လည်း၊ ပတ်ဝန်းကျင်တွင် သက်သေမရှိသော အောင်မြင်မှုများကို မှတ်တမ်းတင်ထားနိုင်မည်မဟုတ်ပေ။ သို့သော်၊ ကစားသမားများ၏ အင်တာဖေ့စ်တွင် ‘ကျော်ကြားမှု’သည်ကွဲပြားသည်။ တစ်စုံတစ်ယောက်မှ သတင်းမဖြန့်သော်လည်း ကစားသမားတစ်ဦးသည် ကြီးကြီးမားမား တစ်ခုခုလုပ်သည့် အခါတိုင်းတွင် renown points ‘ကျော်ကြားမှုအမှတ်များ’ တိုးလာမည်ဖြစ်သည်။

ဟန်ရှောင်းသည် ကြေးစားအမည်ပြောင် လိုအပ်သည်။ သူ့ကို ‌ရေပင်လယ်ဂြိုလ်မှာ Black Phantom လို့ ခေါ်ကြသော်လည်း ဤနာမည်က လွှမ်းမိုးထားသလိုမျိုး မခံစားရပေ။ ကစားသမားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ နာမည်အသစ်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ဟန်ရှောင်းက "ဒါဆို ကိုယ့်ကိုကိုယ်... ဘလက်စတား ‘ဘလက်စတား’လို့ ခေါ်မယ်။"

Black Phantom သည် လူသတ်သမားအတွက် နာမည်တစ်ခုဖြစ်ပြီး အနည်းငယ် တုန်လှုပ်ချောက်ချားသွားစေသည်။ နာမည်အသစ်သည် ပို၍ 'ဖြောင့်မတ်ခြင်း' နှင့် သူ့ပုံသဏ္ဍာန်နှင့် အတော်လေး လိုက်ဖက်သည်ဟု သူခံစားမိသည်။ ယန္တရားပညာရှင်ကြီး ဟန်သည် သူ့ကိုယ်သူ ကျေနပ်သွား၏။

အရောင်နဲ့ ဆက်စပ်နေသည်ဟု ခံစားရသည့်အတွက် အနက်ရောင်ကို ရွေးချယ်ခဲ့သည်။ အနက်ရောင်အဝတ်အစားကို ယခင်ဘဝထဲကပင် ၀တ်ဆင်ရတာကို နှစ်သက်ခဲ့ပြီး အလန်းစားလို့ ထင်တာကြောင့် မဟုတ်ဘဲ အဝတ်လျှော်ရတာ ပျင်းလို့ဖြစ်သည်။

နောက်ထပ် အချက်အလက်များစွာကို ဖြည့်သွင်းပြီးနောက်၊ ဘောလုံးငယ်သည် သေးငယ်သော စမ်းသပ်တံတစ်ခုကို ထုတ်ဖော်လိုက်ပြီး "သင်သည် စူပါလူသားတစ်ယောက် ဖြစ်ပါက၊ ကျေးဇူးပြု၍ ဤစမ်းသပ်တံဆီသို့ သင်၏စွမ်းအင်ကို ထုတ်လွှတ်လိုက်ပါ။ စနစ်သည် သင့်အတွက် သင့်အတန်းအစားကို ပိုင်းခြားစိတ်ဖြာပြီး ၎င်းသည် သင်နှင့်လိုက်ဖက်မည့် မစ်ရှင်များ၏ အခက်အခဲကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။"

ဟန်ရှောင်းသည် စမ်းသပ်တံကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းထိပ်များမှ စွမ်းအင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ သူသည် သူ၏ ပါဝါ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့ပြီး C class က ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

“အချက်အလက် စုဆောင်းမှု ပြီးပါပြီ။ ဖိုင်ဖန်တီးနေသည်…”

_____________________

ကြေးစားစစ်သား ကုတ်နာမည် - ဘလက်စတား ‘ဘလက်စတား’

ယုံကြည်နိုင်မှုအဆင့်သတ်မှတ်ချက် - ၁၀ (အစဦး တန်ဖိုး)

ခွန်အားအဆင့် - C

အတန်းအစား - ယန္တရားပညာရှင်

လက်မှတ်များနှင့် တံဆိပ်များ - မရှိပါ။

အဖွဲ့ခွဲ သို့မဟုတ် အုပ်စု - မရှိပါ။

အနှစ်ချုပ် - ကြေးစားစစ်သား အဖွဲ့ဝင်သစ်

_____________________

“ဖိုင်ဖန်တီးမှု ပြီးပါပြီ။ အချက်အလက်ကို စနစ်ထဲသို့ ထည့်သွင်းထားပါသည်။ ဘလက်စတား ‘ဘလက်စတား’၊ ကြေးစားစစ်သား မဟာမိတ်မှ ကြိုဆိုပါတယ်။"

စာစဉ် (၂၃)၊ အခန်း (၃၃၁) ပြီး၏။

လင်းဆက်

+++++

All Chapters