ဖရိုဖရဲမီးကြာပန်း
Vol. 71 Ch. 993
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အချိန်သဘောတရားမရှိပါဘူး။
အပြင်ကမ္ဘာမှာ နှစ်တစ်ဘီလီယံရဲ့နှစ်သန်းတစ်ရာ ကုန်ဆုံးသွားရင်တောင် ဒီနေရာရဲ့အချိန်က နည်းနည်းလောက်တောင် မစီးဆင်းသွားဘူး။
အခြားစကားဖြင့်ပြောရရင် သာမန်လူတစ်ယောက်က ဖရိုဖရဲဟင်းလင်းပြင်မှာ အဆက်မပြတ်ရှင်သန်နိုင်တယ်၊ အချိန်မဲ့ပတ်ဝန်းကျင်ကြောင့် သူတို့ရူးသွပ်မသွားသရွေ့ပေါ့၊ သူတို့က ထာဝရရှင်သန်နိုင်လိမ့်မယ်။
သူတို့က ထာဝရရှင်သန်နိုင်တာကြောင့် အရှင်တွေအတွက်တော့ မသိသာပါဘူးလေ။
အုန်း......
လီဖူချန်းကသာ ကြားနိုင်တဲ့အသံတစ်ခု ရှိလာတယ်။
သူ့မြင်ကွင်းထဲမှာ စကြာဝဠာမြို့တစ်မြို့ရဲ့အပျက်အစီးတွေက မှိန်ဖျော့ဖျော့အလင်းတစ်ခုကို ထုတ်လွှတ်နေတယ်။ ဖရိုဖရဲစွမ်းအင်ရဲ့တိုက်စားခြင်းကြောင့် စကြာဝဠာမြို့က ဖရိုဖရဲစွမ်းအင်ထဲသို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားတယ်။
"အပြင်ကမ္ဘာမှာ အချိန်ဘယ်လောက်ကုန်ဆုံးသွားသလဲကို ငါ သိချင်တယ်"
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အချိန်ဖြစ်စဉ်ပစ္စည်းတွေက အခြေခံအားဖြင့် အသုံးမဝင်ပါဘူး။ ဖရိုဖရဲစွမ်းအင်က ပြင်းထန်တဲ့အနှောင်အယှက်တစ်ခုကို ဖြစ်ပေါ်စေတယ်။ အဆင့်မြင့်ဒါမှမဟုတ်ထူးကဲအဆင့်အချိန်ဖြစ်စဉ်ပစ္စည်းတွေကိုသာ အများကြီးသက်ရောက်လိမ့်မှာမဟုတ်ဘူး။
လီဖူချန်းက အနည်းငယ်စိုးရိမ်သွားတယ်။ သူ အပြင်ရောက်တာနဲ့ အပြင်ကမ္ဘာမှာ နှစ်သိန်းအနည်းငယ်ကုန်ဆုံးသွားပြီး သူ့ရဲ့မိသားစုနဲ့မိတ်ဆွေသူငယ်ချင်တွေအားလုံး အသက်ကြီးကာ သေဆုံးသွားလိမ့်မှာ သူက စိုးရိမ်ခဲ့တယ်။
"အရမ်းလေးနက်စရာတော့ မလိုဘူး။ အများဆုံး ငါက သူတို့ကို အသက်ပြန်ရှင်စေဖို့ အာကာသ-အချိန်တာအိုမှာ ကျွမ်းကျင်တဲ့အရှင်တစ်ယောက်ကို ရှာဖွေရုံပဲပေါ့"
ပုံမှန်အနေအထားမှာ ကောင်းကင်ဘုံအရှင်တစ်ယောက်ကို အသက်ပြန်ရှင်စေဖို့က အလွန်ခက်ခဲတယ်၊ ဒါပေမယ့် ကောင်းကင်ဘုံအရှင်အောက်ရှိလူတွေကို အသက်ပြန်ရှင်စေဖို့က အတော်လေးလွယ်ကူတယ်။
ဒါပေမယ့် အထူးအခြေအနေတစ်ခုတော့ ရှိတယ်။ အသက်ပြန်ရှင်လာပြီးနောက် သူတို့ကို အထူးနေရာလပ်-အချိန်တစ်ခုထဲမှာ ထားထားရမယ်၊ မဟုတ်ရင် သူတို့ အသက်ပြန်ကြီးရင့်ကာ ထပ်မံသေဆုံးသွားရလိမ့်မယ်။
ဟိန်းသံ......
အလွန်အမင်းဝေးတဲ့နေရာတစ်ခုမှ ဟိန်းသံတစ်ခုပဲ့တင်ထပ်လာတယ်။ လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ ဒါက ဖရိုဖရဲသတ္တုငါးခုသားရဲရဲ့အသံပါပဲ။
အရှိန်ကို မြှင့်တင်ကာ လီဖူချန်းက အသံရင်းမြစ်ဆီ ပျံသန်းသွားတယ်။
နောက်ရက်တွေမှာ လီဖူချန်းက ဖရိုဖရဲသတ္တုငါးခုသားရဲကို မြင်လိုက်ရတယ်။
ဖရိုဖရဲသတ္တုငါးခုသားရဲက အရွယ်အစားအားဖြင့် မိုင်သောင်းအနည်းငယ်ရှိတယ်။ အဲဒါက အရောင်ငါးခုသတ္တုတွေနဲ့ဖုံးအုပ်ထားတဲ့ဧရာမသားရဲတစ်ကောင်ဖြစ်တယ်။
၎င်းရဲ့ရန်သူက အညိုရောင်အပေါ်ရုံကို ဝတ်ဆင်ထားတဲ့လက်ရွေးစင်အရှင်တစ်ယောက်ဖြစ်ပြီး အဖျားသုံးခုအသွားနှစ်ဖက်ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားတယ်။
ဖရိုဖရဲသတ္တုငါးခုသားရဲက အားမကောင်းပါဘူး၊ ၎င်းရဲ့ခွန်အားက သာမန်အရှင်တစ်ယောက်နဲ့သာ ညီမျှတယ်။ ဒါပေမယ့် ၎င်းရဲ့ခံစစ်က အလွန်အမင်းကြမ်းတမ်းတယ်၊ ဒါကြောင့် ဒီလက်ရွေးစင်အရှင်က ခံစစ်ကို ချိုးဖြတ်နိုင်ရုံမျှပဲ၊ ဖရိုဖရဲသတ္တုငါးခုသားရဲကို အပြင်းအထန်ဒဏ်ရစေဖို့ ခက်ခဲတဲ့အချိန်တစ်ခု ရှိနေတယ်။
"အဲ့မှာ ဘယ်သူလဲ" တစ်ယောက်ယောက်ချဉ်းကပ်လာနေတာကို ခံစားမိပြီး လက်ရွေးစင်အရှင်က အော်လိုက်တယ်။
"ဒီဖရိုဖရဲသတ္တုငါးခုသားရဲက ငါ့ဟာပဲ၊ မင်း ထွက်သွားလို့ရပြီ" လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်လိုက်တယ်။
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အလိုအလျောက်မဟုတ်ရင် ချီတည်ရှိမှုကို ထုတ်လွှတ်ဖို့က ခက်ခဲတယ်။
"ပြိုင်ဘက်ကင်းအရှင်လး" လက်ရွေးစင်အရှင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။
အထွတ်အထိပ်အရှင်တစ်ယောက်ဆိုရင် သူက မကြောက်ပါဘူး၊ ဘယ်သူ့မှာ ဝှက်ဖဲတွေ ပိုရှိသလဲကို သိတဲ့အထိ သူက တိုက်ခိုက်အုံးမှာပါ။
ဒါပေမယ့် သူ့ရန်သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုရင် ဒါက လုံးဝခြားနားတဲ့ကိစ္စတစ်ခုဖြစ်သွားပါပြီ။
ဒါက ဖရိုဖရဲဟင်းလင်ပြင်ပဲ၊ စွမ်းအင်ပြန်ဖြည့်တင်းဖို့စွမ်းရည်တစ်ခုခုမရှိရင် ပြိုင်ဘက်ကင်းအရှင်တွေက သူ့ကို သတ်ဖို့ပိုမြင့်မားတဲ့အခွင့်အလမ်းတစ်ခုရှိတယ်။
လက်ရွေးစင်အရှင်က ဘာမှမပြောရဲဘဲ ချက်ချင်းထွက်ခွာသွားတယ်။
"အတော်လေးစဉ်းစားတတ်တယ်"
သူက သူတော်စင်တစ်ယောက်လို့ လီဖူချန်းက မတွေးထားဘူးလေ။
"ချိုးဖြတ်စမ်း" လီဖူချန်းက ထိုးဖောက်မှုတစ်ခုကို ပြုလုပ်လိုက်တယ်၊ ဓားချီက ဖရိုဖရဲသတ္တုငါးခုသားရဲရဲ့ဦးခေါင်းကို ထိုးဖောက်သွားတော့တယ်။
ဒါပေမယ့် လီဖူချန်းမျှော်လင့်ထားသလိုပင်၊ ဓားတိုက်ခိုက်မှုက ဖရိုဖရဲသတ္တုငါးခုသားရဲကို မသတ်နိုင်ခဲ့ဘူး။
သူ့ခွန်အားက ဖရိုဖရဲသတ္တုငါးခုသားရဲထက် ပိုမြင့်မားပေမယ့် ဖရိုဖရဲသတ္တုငါးခုသားရဲက ဖရိုဖရဲဟင်းလင်းပြင်မှနက္ခတ်တာရာဧရာမသားရဲတစ်ကောင်ဖြစ်တယ်။ ၎င်းရဲ့အသက်စွမ်းအားက မစိတ်ကူးနိုင်လောက်အောင် သိပ်သည်းတယ်။ လီဖူချန်းရဲ့တိုက်ခိုက်မှုက အသက်စွမ်းအားရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုမျှကိုသာ ဖျက်ဆီးဖို့ လုံလောက်ပြီး အသက်စွမ်းအားအားလုံးကို ဖယ်ရှားဖို့က မလုံလောက်ပါဘူး။
နှစ်ကွက်၊ သုံးကွက်......
အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက ဓားကွက်ထောင်ကျော်ကို ဖော်ထုတ်ကာ နောက်ဆုံးမှာတော့ ဖရိုဖရဲသတ္တုငါးခုသားရဲကို သတ်နိုင်ခဲ့တယ်။
"ကံကောင်းစွာနဲ့ ငါက အထွတ်အထိပ်အဆင့်နေရာလပ်လက်စွပ်တစ်ကွင်းကို ပြင်ဆင်ထားတာပဲ၊ သို့မဟုတ်ရင် ဖရိုဖရဲသတ္တုငါးခုသားရဲအလောင်းကို ထည့်ဖို့ လုံလောက်မှာမဟုတ်ဘူး"
လက်ကို ဝှေ့ယမ်းလိုက်ပြီး လီဖူချန်းက ဖရိုဖရဲသတ္တုငါးခုသားရဲရဲ့အလောင်းကို သိုလှောင်လိုက်တယ်။
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ ဖရိုဖရဲသတ္တုငါးခုသားရဲအပြင် အခြားနက္ခတ်တာရာဧရာမသားရဲတွေ ရှိတယ်၊ ဖရိုဖရဲကပ်ပါးကောင်၊ ဖရိုဖရဲငွေမြွေ၊ ဖရိုဖရဲရွှေမြွေ၊ ဖရိုဖရဲဧရာမစိတ်ဝိညာဉ် စသဖြင့် ........
နှိုင်းယှဉ်ရရင် ဖရိုဖရဲသတ္တုငါးခုသားရဲက ရင်ဆိုင်ရတာ ပိုလွယ်ကူတယ်။ ဖရိုဖရဲကပ်ပါးကောင်က ဖရိုဖရဲသတ္တုငါးခုသားရဲနဲ့ ခွန်အားခြင်းနှိုင်းယှဉ်နိုင်ပေမယ့် ၎င်းက အပိုင်းအစသန်းချီခွဲထုတ်နိုင်တယ်။ ၎င်းကို ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ သတ်ဖို့ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။
ဖရိုဖရဲငွေမြွေမှာ သာလွန်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်၊ ဖရိုဖရဲရွှေမြွေမှာ လက်ရွေးစင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဖရိုဖရဲဧရာမစိတ်ဝိညာဉ်မှာ အထွတ်အထိပ်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။
သူက ဖရိုဖရဲရွှေမြွေနဲ့ လျင်မြန်စွာ တွေ့ဆုံမိတာကြောင့် လီဖူချန်းက ကံကောင်းသလားမကောင်းသလားတော့ မသိဘူး။
ဖရိုဖရဲရွှေမြွေက အရှည်အားဖြင့် မိုင်တစ်သိန်းရှိတယ်၊ ၎င်းကို ကြည့်ရတာ အဆသန်းချီကြီးမားလာတဲ့ရွှေမြွေတစ်ကောင်နဲ့ တူတယ်။ ဒါပေမယ့် ဒီရွှေမြွေမှာ အမြီးတစ်ခုမရှိဘူး၊ ခန္ဓာကိုယ်ရဲ့အစွန်းနှစ်ဖက်မှာ ရွှေမြွေဦးခေါင်းတစ်ခုရှိတယ်။ ၎င်းကို ကြည့်ရတာ အလွန်အမင်းဆန်းကြယ်ပြီးကြမ်းကြုတ်တယ်။
ဝှစ်......
လီဖူချန်းက သူ့ရဲ့ခွန်အားအားလုံးကို အသုံးပြုလိုက်တယ်၊ ဖရိုဖရဲရွှေမြွေရဲ့မျက်နှာပြင်ပေါ်မှာ ဓားရာအချို့ချန်ထားရုံမျှသာ တတ်နိုင်တယ်။
"ငါ့ရဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ခွန်အားနဲ့တောင် ငါက ဒီဖရိုဖရဲရွှေမြွေကို မရင်ဆိုင်နိုင်ဘူး။ ဖရိုဖရဲဧရာမစိတ်ဝိညာဉ်က ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ ငါ သိချင်တယ်"
"ဖြစ်နိုင်တာက ၎င်းကို ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်နဲ့ ရင်ဆိုင်ရတာ ပိုလွယ်ကူလိမ့်မယ်"
အခုဆိုရင် ကောင်းကင်ဘုံဆက်ဓားက လီဖူချန်းနဲ့ လိုက်ဖက်မညီတော့ပါဘူး။
အခြားပြိုင်ဘက်ကင်းအရှင်အားလုံးမှာ ထူးကဲအဆင့်အန္တိမအဆင့်လက်နက်တွေ သေချာပေါက် ပိုင်ဆိုင်ထားတယ်။
"ကြည့်ရတာ ငါက မတူညီတဲ့ဓားတစ်လက်ကို ပြောင်းလဲရမယ့်ပုံပဲ"
အရိုးသားဆုံးပြောရရင် ကောင်းကင်ဘုံဆက်ဓားက သူနဲ့ မသင့်လျော်ဘူး၊ သူက ဟင်းလင်းပြင်တာအိုကို အထူးပြုတာ မဟုတ်ဘူးလေ။
သူက မူလအဆုံးစွန်းဓားတာအိုနဲ့ လိုက်ဖက်ညီတဲ့ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်ကို ပိုင်ဆိုင်ရင် လီဖူချန်းရဲ့ခွန်အားက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတောင် တိုးမြင့်လာလိမ့်မယ်။
လီဖူချန်းက ရုတ်တရက် အတွေးတစ်ခုဝင်လာတယ်"ဘာလို့ ငါက မူလအဆုံးစွန်းဓားတစ်လက်ကို မသွန်းလုပ်ရတာလဲ"
သူ့မှာ ပစ္စည်းတွေ မရှိပေမယ့် သူတို့အတွက် သူက အရောင်းအဝယ်ပြုလုပ်နိုင်တယ်။
အစွန်းအလင်းကြယ်ပိုင်နက်မှာတုန်းက သူက ခရမ်းတိမ်အံ့ဖွယ်သတ္တုတစ်ခုကို ကြယ်တစ်လုံးမှ ရရှိခဲ့တယ်။
ခရမ်းတိမ်အံ့ဖွယ်သတ္တုတစ်ခုက ချပ်ဝတ်တွေ ပြုလုပ်ဖို့အတွက် စကြာဝဠာမှာ အသင့်တော်ဆုံးသတ္တုတွေထဲကတစ်ခုဖြစ်တယ်။ အံ့မခန်းပန်းပဲထုလုပ်ခြင်းကျွမ်းကျင်မှုနဲ့ဆိုရင် အကြိုနတ်ဘုရားချပ်ဝတ်ကို သွန်းလုပ်ဖို့အတွက် ခရမ်းတိမ်အံ့ဖွယ်သတ္တုကို အသုံးပြုနိုင်တယ်။
ဒီနေရာက ထွက်ပြီးမှ ငါ ကြိုးစားရမယ်"
ဖရိုဖရဲရွှေမြွေကို နောက်မှာ ချန်ထားလျက် လီဖူချန်းက ဖရိုဖရဲဟင်းလင်းပြင်ကို ဆက်လက်လှည့်လည်နေခဲ့တယ်။
…
တစ်ရက်ဖြစ်နိုင်တယ်၊ နှစ်ဒါဇင်ကျော်ဖြစ်နိုင်တယ်။
အချိန်မဲ့ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ လီဖူချန်းက ရဲရဲတောက်အပူဆန္ဒတစ်ခုကို ခံစားမိတယ်။
ဒါက တကယ်မယုံနိုင်စရာပဲ။
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ချီတည်ရှိမှုတစ်ခုကတောင် အဝေးကြီးမရောက်နိုင်ဘူး။ အဝေးကနေ ဘာကများ ဒီလိုမီးဆန္ဒတစ်ခုကို ထုတ်လွှတ်နိုင်ရတာလဲ။
စကြာဝဠာရတနာများလား။
စကြာဝဠာရတနာကသာ ချီတည်ရှိမှုအရ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ကျော်ဖြတ်နိုင်တယ်။
မြန်နှုန်းကို အဆုံးစွန်းအထိ မြှင့်တင်လျက် လီဖူချန်းက ရဲရဲတောက်အပူရဲ့ရင်းမြစ်ဆီ ပျံသန်းသွားလိုက်တယ်။
ဒါက အလွန်အမင်းရှည်လျားတဲ့ပျံသန်းခြင်းတစ်ခုပဲ။ ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အချိန်သဘောတရားတစ်ခုမှ မရှိပေမယ့် အရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က သေးငယ်တဲ့စကြာဝဠာတစ်ခုဖြစ်တယ်၊ ဒါကြောင့် ၎င်းမှာ အရာအားလုံးကို တိုင်းတာနိုင်တဲ့စွမ်းရည်ရှိတယ်။
ဖရိုဖရဲဟင်းလင်းပြင်မှာ ဖရိုဖရဲစွမ်းအင်နဲ့ ပြည့်နေတယ်၊ ဒါကြောင့် ၎င်းက အရှင်ကို အပြင်ကမ္ဘာရဲ့အချိန်နဲ့ အပြည့်အဝချိတ်ဆက်ခွင့်မပြုဘူး။
အဆုံးမှာ လီဖူချန်းက ရဲရဲတောက်အပူဆန္ဒရဲ့ရင်းမြစ်ကို မြင်လိုက်တယ်။ ရဲရဲတောက်အနီရောင်ကျောက်ရည်ပူတစ်ခုအထဲမှာ မီးလျှံနဲ့တူတဲ့အနီရောင်ကြာပန်းပင်တစ်ပင်ရှိတယ်။ ၎င်းက ညင်သာစွာ ရစ်ဝဲနေပေမယ့် ကြီးမားပြီးကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေတယ်။
ဖရိုဖရဲမီးကြာပန်း၊ ဖရိုဖရဲဟင်းလင်းပြင်မှာပဲ တွေ့နိုင်တဲ့စကြာဝဠာရတနာနှစ်ခုထဲကတစ်ခု။
"ဒါက မီးတာအိုကျင့်ကြံခြင်းရတနာတစ်ခုပဲ.....ဘယ်သူက ငါ့ဆီက လုယူရဲတာလဲ....ငါ အဲဒိီလူကို သတ်ရမယ်......"
လီဖူချန်းနဲ့အလားတူစွာပင်၊ ဖရိုဖရဲမီးကြာပန်းရဲ့ချီတည်ရှိမှုက အရှင်များစွာကို ဆွဲဆောင်ခဲ့ပြီး ပြိုင်ဘက်ကင်းအရှင်တွေ ရောက်ရှိလာကြတယ်။
"မီးတာအိုစွမ်းအင်နဲ့ကပ်ဘေးစွမ်းအား....."
လီဖူချန်းရဲ့မျက်လုံးတွေက လောင်ကျွမ်းနေတော့တယ်။ အခြားသူတွေက အဲဒါကို အာရုံမခံနိုင်ပေမယ့် သူက ရှင်းရှင်းလင်းလင်း အာရုံခံနိုင်တယ်။ ဖရိုဖရဲမီးကြာပန်းမှာ ကြောက်စရာကောင်းတဲ့ကပ်ဘေးစွမ်းအားပါဝင်တယ်။ သူက ကပ်ဘေးစွမ်းအားကို စုပ်ယူနိုင်ရင် သူ့ရဲ့ကပ်ဘေးလက်က အလယ်အခြေအနေကို ရောက်ရှိသွားနိုင်တယ်။