‘ဘလက်စတား’အစပြုခြင်း - ၂
Vol. 23 Ch. 332
ကောလ်တန် ကြယ်စုတန်းတွင် အခွင့်အရေးအနည်းငယ်ရှိပြီး ကြေးစားစစ်သား မဟာမိတ်၏ ဒေတာအတွဲစုသည် မစ်ရှင်များကိုရှာဖွေရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ဟန်ရှောင်းသည် သူသိသည့် မစ်ရှင်အချို့ကို ရွေးချယ်လိုက်သည်။
လွတ်လပ်သော ကြေးစားတစ်ဦးဖြစ်ခြင်းမှာ အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ အဖွဲ့အစည်းကြီးတွေနဲ့ ချိတ်ဆက်ရင်း ဝင်ငွေအများကြီးရနိုင်၏။ ၎င်းသည် ပိုမိုမြင့်မားသောအဆင့်အတန်းသို့ အခမဲ့မြှင့်တင်ရေး လမ်းကြောင်းတစ်ခုဖြစ်သည်။
သို့သော်လည်း ဟန်ရှောင်း၏ အစီအစဥ်က အဲ့ဒီမှာ ရပ်မသွားပေ။ နောက်တစ်ခုက အရေးကြီးဆုံးဖြစ်သည်။
ကြေးစားစစ်သား အထောက်အထား အင်တာဖေ့စ်တွင် ‘ကြေးစားတပ်ဖွဲ့ ကို ဖန်တီးပါ' ကို ရွေးချယ်ခွင့်ရှိသည်။ ဟန်ရှောင်းက မဆိုင်းမတွပင် နှိပ်လိုက်သည်။
"သင် ကြေးစားတပ်ဖွဲ့ ကို တည်ထောင်ချင်တာ သေချာလား"
ကြေးစားတပ်ဖွဲ့သည် လူတို့၏မစ်ရှင်များကို လက်ခံနိုင်သော ကြေးစားသမားများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ကြေးစားတပ်ဖွဲ့ တွင် အဆင့်သတ်မှတ်သည့်စနစ်လည်း ပါရှိပြီး ၎င်းတို့၏ လုပ်ဆောင်မှုများအားလုံးကို စနစ်တွင် မှတ်တမ်းတင်ထားမည်ဖြစ်သည်။
မစ်ရှင်တစ်ခု ပြီးမြောက်သွားသော အဖွဲ့ဝင်တစ်ဦးပင်လျှင် ကြေးစားတပ်ဖွဲ့ ၏ အဆင့်သတ်မှတ်ချက်များတွင် မှတ်တမ်းတင်ခံရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အဖွဲ့ဝင်တစ်ဦးသည် ဆိုးရွားသောမှတ်တမ်းတစ်ခုကို ချန်ထားခဲ့ပါက၊ ၎င်းသည် ကြေးစားတပ်ဖွဲ့ ၏ အဆင့်သတ်မှတ်ချက်ကိုလည်း လွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဟန်ရှောင်း၏ ကြေးစားမစ်ရှင်များအတွက် မှတ်တမ်းမှာ ဗလာဖြစ်နေသေး၍ ဤအဖွဲ့အတွက်လည်း အတူတူပင်ဖြစ်သည်။
‘ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့’သည် နေရာအနှံ့ မစ်ရှင်များ လုပ်ဆောင်သည့် အကြီးစား ကြေးစားတပ်ဖွဲ့ ဖြစ်သည်။ ၎င်းတို့တွင် အဖွဲ့ဝင်အသစ်များ နေ့တိုင်းဝင်ရောက်နေပြီး ကျယ်ပြန့်သောစျေးကွက်ရှိသည်။ သူတို့ရဲ့ ဂုဏ်သတင်းမှာ ကျော်ကြားလှ၏။
အကယ်၍ လူတစ်ဦးတွင် အလွန်ဆိုးရွားသော သမိုင်းမရှိခဲ့ပါက မည်သူမဆို ကြေးစားတပ်ဖွဲ့ကို စတင်နိုင်သည်။ လူတစ်ဦးသည် ကြေးစားတပ်ဖွဲ့ တစ်ခုသာ ပြုလုပ်နိုင်သည်။ ယခင်အဖွဲ့ကို ဖျက်သိမ်းမထားပါက အဖွဲ့အသစ်တစ်ခု ဖန်တီး၍မရပေ။
"ကျေးဇူးပြုပြီး မင်းရဲ့ ကြေးစားတပ်ဖွဲ့ နာမည်ကို ထည့်ပါ။"
အတန်ကြာစဉ်းစားပြီးနောက် ဟန်ရှောင်းသည် ၎င်း၏ကုဒ်အမည်ကို တိုက်ရိုက်အသုံးပြုပြီး ၎င်းကို 'ဘလက်စတား’ ကြေးစားတပ်ဖွဲ့ ဟု ခေါ်လိုက်သည်။ သူသည် အမည်ကို အတည်ပြုပြီးနောက် အင်တာဖေ့စ်သည် ကိုယ်ရေးကိုယ်တာ မျက်နှာပြင်မှ ကြေးစားတပ်ဖွဲ့ ၏ မျက်နှာပြင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
ဤအဖွဲ့အတွက် ပစ်မှတ်အဖွဲ့ဝင်များသည် အလုပ်ကြမ်းကို ပံ့ပိုးပေးရန်အတွက် ရောက်ရှိနေသော ကစားသမားများဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်သေးပါဘူး၊ သူတို့က စစ်သူရဲကောင်းတွေပါ။
ကြေးစားစစ်သားဘဝသည် အလွန်အန္တရာယ်များသော်လည်း ကစားသမားများသည် အမြဲတမ်း ပြန်လည်ရှင်သန်နိုင်သောကြောင့် မည်သည့်ဆုံးရှုံးမှုမှ မရှိနိုင်ပေ။ ဤအလုပ်သည် ကစားသမားများ၏ သဘာဝ အားသာချက်များနှင့် ကိုက်ညီပြီး ကစားသမားများနှင့်အတူ အင်ပါယာအသစ်တစ်ခု ထူထောင်ခြင်းသည် နှစ်ဆပိုမိုလွယ်ကူသည်။
ကစားသမားတွေကို ငါ့ရဲ့ ကြေးစားတပ်ဖွဲ့ မှာ ပါဝင်ခွင့်ပေးပြီးရင်၊ အခြေစိုက်စခန်းအသစ်ကို စတည်နိုင်ပြီ။
သူပြုံးပြရင်း ဟန်ရှောင်း၏ မျက်လုံးများက လေးနက်သည့်ပုံ ပေါ်နေသည်။
အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းသည် သူ့အစီအစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် ကစားသမားများအား သူထံတွင် အကျိုးခံစားခွင့်ရှိသူအဖြစ် ချိတ်ဆက်နိုင်ပြီး ကစားသမားများသည် ပိုမိုစုစည်းလာကာ ထွက်ခွာရန် အခွင့်အလမ်းကို လျော့နည်းလာစေမည်ဖြစ်သည်။ ဤသည်မှာ ဟန်ရှောင်း၏ ခေါင်းမွှေးပြောင်မတတ် စဉ်းစားပြီး နောက်ဆုံးတွင် ရရှိလာခဲ့သော အစီအစဉ်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ကစားသမားများနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးသည် အကျိုးခံစားခွင့်သက်သက်မှ ရဲဘော်ရဲဘက်များအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။
စဉ်းစားကြည့်လျှင်၊ ကြေးစားတပ်ဖွဲ့ ကို သူကိုယ်တိုင် တည်ထောင်ထားပြီး အဖွဲ့အစည်း၏ ကနဦးကစားသမားများသည် ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်နေခြင်းက ကမ္ဘာပေါ်တွင် သတင်းများစွာကို ဖန်တီးပေးနိုင်ပြီး ကစားသမားများ၏ အာရုံစိုက်မှုကို ပို၍ပင်ဆွဲဆောင်နိုင်သည်။ ထို့နောက်၊ သူသည် အခြားကျွမ်းကျင်သော ကစားသမားများကို ဆွဲဆောင်ရန် ဆုလာဘ်များကို အသုံးပြုကာ သူ၏ ကြေးစားတပ်ဖွဲ့ ကို အားကောင်းလာစေနိုင်သည်။ သူတို့က ကြိုးစားအားထုတ်မှု၏ ရလဒ်ဟု ထင်ကြလိမ့်မည်။
ကစားသမားများ၏ ပံ့ပိုးကူညီမှုများကို အလေးပေးခြင်းဖြင့် အဖွဲ့၏ ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်သည်၊ ကစားသမားများသည် ၎င်းတို့၏ အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်ခြင်း၏ အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပြီး အဖွဲ့၏ အောင်မြင်မှုကို သူတို့၏ ကိုယ်ပိုင်အောင်မြင်မှုအဖြစ် ရှုမြင်နိုင်သည်။ နောက်ဆုံးတွင်၊ ဤပိုင်ဆိုင်မှုနှင့် ဂုဏ်ယူမှုသည် ကစားသမားများအတွင်း စိတ်ကျေနပ်မှုနှင့် ပြီးပြည့်စုံမှုကို ဖန်တီးပေးနိုင်သည်။
social belonging အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်နေသည့်အတွက် ထိုအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသည်ဟု ယူဆနိုင်သောစွမ်းအားကို လျှော့တွက်၍ မရပေ။ ထိုစွမ်းအားနှင့် သက်ဆိုင်သည့် ဤ romanticism ရိုမန်းတစ်ဝါဒသည် ကစားသမားများ၏ နှလုံးသားထဲဆီသို့ ခံစားချက်အမြစ်များစွဲအောင် ပြန့်နှံ့သွားစေနိုင်ပြီး ရိုမန်းတစ်ဝါဒ၏ စွမ်းအားသည် တိုင်းပြည်အတွက် အသေခံနိုင်မည့် စစ်သားများကို ပြုစုပျိုးထောင်ပေးနိုင်သည်။
ကစားသူအများစုအတွက် ဂိမ်းများသည် ဖျော်ဖြေရေးသက်သက်သာဖြစ်သည်။ အခန်းကဏ္ဍနှင့် ဂိုဏ်းခွဲတစ်ခုကို ရွေးချယ်ရန်အတွက် ကစားသမားများအတွက် ရွေးချယ်ခွင့်သည် အဖွဲ့၏ အမြင်ရှိမှုနှင့် အတွေးအခေါ်ကို ပိုမိုခိုင်မာစေပါသည်။ ထို့အပြင်၊ ဤဆက်တင်သည် ကစားသမားများကို ပိုမိုပါဝင်ရန်ပင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ လူတိုင်း၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှု၊ သစ္စာရှိမှုများဖြင့် ပြည့်နေပေလိမ့်မည်။ အဖွဲ့အစည်းတစ်ခုအတွက် အသက်ကိုစတေးရခြင်းသည် လက်တွေ့ကမ္ဘာတွင် မယုံနိုင်စရာကောင်းသော်လည်း ထိုခံစားချက်ကို ယခုအချိန်တွင် မည်သည့်ဆိုးကျိုးမှမရှိဘဲ ဗီဒီယိုဂိမ်းတစ်ခုတွင် ခံစားနိုင်ပြီဖြစ်သည်။ ဟန်ရှောင်းသည် သူ၏အဖွဲ့အတွက် ကစားသမားများ၏ နှလုံးသားထဲမှ ဤရိုမန်းတစ်ဝါဒကို ဆွဲဆောင်ချင်နေ၏။
ဟန်ရှောင်းသည် သူ့အဖွဲ့ကို ကစားသမားများ၏ မျှော်လင့်ချက်အဖြစ် ဖန်တီးလိုပြီး၊ သူသည် ကစားသမားများ၏ နှလုံးသားကို အနိုင်ယူရန် ပြီးပြည့်စုံသော ခေါင်းဆောင်ဖြစ်သည်။ သူ့အဖွဲ့ကြီးထွားလာမှုနှင့်အတူ၊ ဟန်ရှောင်းသည် ကစားသမားများ၏ ပံ့ပိုးမှုများကို ဆုလာဒ်များ ပြန်ပေးနေရင်း သူသည်လည်း အကျိုးခံစားခွင့်များ ပိုမိုရရှိကာ ပိုမိုကောင်းမွန်သည့် အိုင်တမ်များကို ရယူနိုင်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် အလေ့အထကောင်းသော လည်ပတ်မှုတစ်ခုဖြစ်ပြီး၊ ၎င်းမှတစ်ဆင့်၊ ဟန်ရှောင်းသည် ကစားသမားများ၏ စွမ်းအားများကို စုစည်းကာ သူ၏ပန်းတိုင်သို့ရောက်ရှိစေရန် ကူညီပေးနိုင်သည်။
ကြေးစားတပ်ဖွဲ့ ကို တည်ထောင်ခြင်းသည် သူ့အစီအစဉ်၏ ပထမအဆင့်ဖြစ်ပြီး Bun-hit-dog ၏ ရှိုးမှတဆင့် သူသည် သူ၏တည်ရှိမှုကို ဆက်လက်၍ ပြန်လည်ဆန်းသစ်နေနိုင်သည်။ အနာဂတ်ဗားရှင်းကို အပ်ဒိတ်လုပ်ပြီးသည်နှင့်၊ ဟန်ရှောင်းသည် သူ့လက်ကို ရိုးရိုးလေး ဝှေ့ယမ်းလိုက်ရုံဖြင့် ကစားသမားများအားလုံးသည် အသင်းအဖွဲ့တွင် ပါဝင်ရန် သူ့ထံ အပြေးအလွှား ပြေးလာကြလိမ့်မည်။
ဟုတ်ပါသည်၊ ဒါက အစီအစဉ်၏ အကြမ်းဖျင်းပုံစံတစ်ခုပင်။ အမှန်တကယ် အကောင်အထည်ဖော်ခြင်းသည် ရှုပ်ထွေးပြီး အဆုံးသတ်အဆင့်သို့ ရောက်ရှိရန် အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်သည်။ သို့သော်လည်း အစီအစဉ်အောင်မြင်သည်နှင့်၊ World of Warcraft ရှိ မဟာမိတ်များနှင့် ဘီလူးများကဲ့သို့ပင် ကစားသမားများအတွက် တော်လှန်မှုဖြစ်လာမည်ဖြစ်သည်။
ဒါက ဟန်ရှောင်း၏ အင်ပါယာအသစ်ရဲ့ ဒီဇိုင်းပုံစံဖြစ်သည်။
“မင်းတို့အားလုံး ကြေးစားစစ်သားအဖြစ် စာရင်းသွင်းဖို့ လိုတယ်။ ငါ့ရဲ့ ကြေးစားအဖွဲ့ကို ဝင်ပါ၊ မင်းတို့အားလုံးကို ငါဂရုစိုက်မယ်” ဟန်ရှောင်းက ဆွဲဆောင်မှုရှိသည့် လေသံဖြင့် ပြောလိုက်သည်။
ဓါးရူးသည် တုံ့ဆိုင်းမနေဘဲ ပထမဆုံး စာရင်းသွင်းသူဖြစ်သည်။ သူ့မှာ စည်းကမ်းနှစ်ခုပဲရှိတယ်။ ပထမ၊ ဟန်ရှောင်းနောက်က လိုက်မယ်ဆိုရင် ကောင်းကောင်းစားနိုင်မယ်။ ဒုတိယ၊ ဟန်ရှောင်းက အမြဲတမ်းမှန်တယ်။
အခြားကစားသမားများ ဖြည်းဖြည်းချင်း ပါဝင်လာကြပြီး ဟန်ရှောင်းသည် လုပ်ငန်းစဉ်တစ်ခုလုံးကို စိုက်ကြည့်ရင်း မြေကြီးထဲတွင် မြုပ်နေသော မျိုးစေ့များ ကြီးထွားလာမည့် အစေ့အဆံများ အားလုံးကို မြင်နေရသည့်အတိုင်း ပြုံးလိုက်သည်။
မျက်နှာပြင်သည် အင်တာဖေ့စ်အသစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
_____________________
‘ဘလက်စတား’ Mercenary group
ယုံကြည်နိုင်မှုအဆင့်သတ်မှတ်ချက် - ၁၀
ခွန်အားအဆင့် - C
အတန်းအစား - ၃၇ ဦး
ပြီးစီးခဲ့သော မစ်ရှင် - ၀
လှုပ်ရှားသော ဒေသ - မရှိ
မှတ်တမ်း - မရှိ
ဖန်တီးသူ - ဘလက်စတား - ဟန်ရှောင်း
ဖန်တီးသည့်နေ့ရက် - ဂလက်စီပြက္ခဒိန် ၂ အောက်တိုဘာ ၆၈၈
အနှစ်ချုပ် - သင်တန်းသား ကြေးစားစစ်သားအဖွဲ့၊ အသေးစားအဖွဲ့၊ စွမ်းရည်များသည် အဖွဲ့ဝင်များကြားတွင် တူညီသည်၊ ထင်ရှားသော ခွန်အားမရှိပါ။
_____________________
ကြေးစားအဖွဲ့ စစချင်းတွင် သူတို့မှာ သတင်းအချက်အလက် မရှိသေးချေ။ ကြေးစားအုပ်စုကို အဆင့်သတ်မှတ်ရန် စံသတ်မှတ်ချက် သုံးခုရှိသည် - အတိုင်းအတာ၊ ခွန်အားနှင့် ယုံကြည်စိတ်ချရမှု။ ပထမနှစ်ချက်မှာ မည်သည့်မစ်ရှင်များကို အဖွဲ့အစည်းက လျှောက်ထားနိုင်သည်ကို ဆုံးဖြတ်ရန် လိုအပ်ချက်များဖြစ်သည်။ ယုံကြည်စိတ်ချရမှုမှာ၊ ကြေးစားအဖွဲ့၏ 'အဆင့်' ဖြစ်သည်။ မစ်ရှင်များ ပြီးဆုံးပြီးနောက် ယုံကြည်စိတ်ချရမှုအတွက် အမှတ်များ ရရှိနိုင်မည်ဖြစ်သည်။ ယုံကြည်စိတ်ချရမှုသည် ဂုဏ်သတင်း၏ အဓိက ကိုယ်စားပြုမှု ဖြစ်သည်။
အလုပ်ရှင်များစွာသည် ကြေးစားများ၏ ယုံကြည်စိတ်ချရမှုအတွက် စံနှုန်းများရှိသည်။ ယုံကြည်နိုင်မှုအမှတ် နည်းပါးလွန်းပါက အလုပ်ရှင်သည် ကြေးစားများ၏ လျှောက်ထားမှုကို ပယ်ချမည်ဖြစ်သည်။
ယုံကြည်စိတ်ချရမှုသည် ကျော်ကြားမှုနှင့် ညီမျှ၏။ ဟုတ်ပါသည်၊ တရားဝင်စာရွက်စာတမ်းမှာ၊ ဒီလိုအလွတ်သဘော စကားလုံးကို သုံးမှာမဟုတ်ပေ။ သို့သော် နာမည်ဂုဏ်သတင်းစနစ်တွင်၊ ၎င်းသည် ကြေးစားတပ်ဖွဲ့ ၏ ဂုဏ်သတင်းကို တွက်ချက်ပြီး ဟန်ရှောင်းသာလျှင် မြင်နိုင်၏။
လီကဲနှင့် နတ်ဘုရားကျောင်းဆောင်သည် နေရာတွင် ရှိမနေပဲ သူတို့ဖာသာ လှည့်ပတ်သွားလာနေသောကြောင့် ၎င်းတို့သည် ကြေးစားတပ်ဖွဲ့ တွင် မပါဝင်သည့် အုပ်စုနှစ်စုသာဖြစ်သည်။ ဟန်ရှောင်းစိတ်တိုသွားသည်။
ယခုအချိန်တွင် ဟန်ရှောင်း၏ အင်တာဖေ့စ်၌ အရိပ်အမြွက်ထွက်ပေါ်လာသည်။
_____________________
အဖွဲ့ - ‘ဘလက်စတား’ ကြေးစားတပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။
အဖွဲ့ စီမံခန့်ခွဲမှု လုပ်ဆောင်ချက် ရပါပြီ။
_____________________
ကွန်ပျူတာဇာတ်ကောင်မော်ဒယ်သည် [ဒန်ဂျင်ဖန်တီးခြင်း] ၏ ဘေးတွင်ရှိသော [အဖွဲ့ စီမံခန့်ခွဲမှု] ဟုခေါ်သော ရွေးချယ်မှုအသစ်တစ်ခု ထပ်ထည့်ထားသည်။
ငါသိနေတယ်! ဟန်ရှောင်း စိတ်လှုပ်ရှားသွားသည်။
သူသည် ဒန်ဂျင်ဖန်တီးမှု အောင်မြင်ပြီးနောက်၊ ကွန်ပျူတာဇာတ်ကောင်မော်ဒယ်တွင် အခြား မည်သည့်လုပ်ဆောင်ချက်များ ပါ၀င်မလဲကို စူးစမ်းနေခဲ့သည်။ လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည့် အဖွဲ့ရွေးချယ်ခွင့်ကို သူမျှော်လင့်ထားသော်လည်း ၎င်းကို မည်သည့်အခါမျှ အသက်မသွင်းခဲ့ပေ။ Bennett က ခေါင်းဆောင်ဖြစ်သည့် Dark Net တွင် သူက ပါ၀င်နေသောကြောင့် လုပ်ဆောင်ချက်များသည် ယခင်က မလိုအပ်ခြင်းဖြစ်မည် သူတွေးမိခဲ့သည်။
သူ့ဖာသာသူ အဖွဲ့တစ်ခု ဖန်တီးမှသာလျှင် လုပ်ဆောင်ချက်ကို အသက်ဝင်စေမည်ဟု သူအတော်လေး ယုံကြည်ခဲ့သည်။
သူထင်တာမှန်၏။
အကယ်၍ အင်တာဖေ့စ်သည် အလုပ်မလုပ်ပါက၊ သူ လက်လျှော့ရပေလိမ့်မည်၊ သို့သော် ယခုအခါ၊ စီမံခန့်ခွဲမှုအင်တာဖေ့စ်နှင့်အတူ၊ ၎င်းသည် လုပ်ငန်းစဉ်တစ်ခုလုံးကို ရိုးရှင်းသွားစေသည်။
ဟန်ရှောင်းသည် [အဖွဲ့ စီမံခန့်ခွဲမှု] ထဲသို့ အလျင်အမြန် ဝင်ရောက်ပြီး အရာများကို စမ်းသပ်ကြည့်ရာ ပိုမိုစိတ်လှုပ်ရှားလာသည်။
ဤလုပ်ဆောင်ချက်ကို ဖော်ပြရန် နည်းလမ်းတစ်ခုသာရှိသည်။
မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။
စာစဉ် (၂၃)၊ အခန်း (၃၃၂) ပြီး၏။
လင်းဆက်
+++++