‘ဘလက်စတား’အစပြုခြင်း - ၃
Vol. 23 Ch. 333
[အဖွဲ့ စီမံခန့်ခွဲမှု] သည် ကွန်ပျူတာဇာတ်ကောင် အင်တာဖေ့စ်များအားလုံးတွင် အရှုပ်ထွေးဆုံးဖြစ်သည်။ ရွေးချယ်စရာများနှင့် အချက်အလက်များစွာဖြင့် မူးဝေနေစေသည်။ ဤအင်တာဖေ့စ်မှတစ်ဆင့်၊ ဟန်ရှောင်းသည် ကစားသမားတစ်ဦးရှိမည့် အဖွဲ့ဆိုင်ရာ အင်္ဂါရပ်များအားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပမာဏအကန့်အသတ်ရှိသော်လည်း အဖွဲ့မစ်ရှင်များကိုလည်း ပေးနိုင်သည်။
သူပေးနိုင်သည့် ဆုကြေးအဆင့်က သူ့ကိုယ်ပိုင်အဆင့်၊ အဖွဲ့၏အဆင့်၊ အဖွဲ့၏သြဇာနဲ့ ဒဏ္ဍာရီအမှတ်များအပေါ် မူတည်သည်။
_____________________
အဖွဲ့ဆုကြေး ကန့်သတ်ချက် - ၉၂,၀၀၀
အဖွဲ့ခေါင်းဆောင်အဆင့် - ၇၀ (ဆုကြေးကန့်သတ်ချက် +၅၆,၀၀၀)
အရာရှိများ - မရှိ (ကွန်ပျူတာဇာတ်ကောင်)
အဖွဲ့အရွယ်အစား - ၄၇ (ဆုကြေးကန့်သတ်ချက် +၂၀,၀၀၀)
ကျော်ကြားမှုအမှတ် - ၂ (ဆုကြေးကန့်သတ်ချက် +၄,၀၀၀)
အဖွဲ့ခေါင်းဆောင် ဒဏ္ဍာရီအမှတ်များ - ၃ (ဆုကြေးကန့်သတ်ချက် +၁၅%)
မဟာမိတ်များနှင့် ရန်သူများ - မရှိပါ။
_____________________
မစ်ရှင်တစ်ခုအတွက် ကန့်သတ်ချက် ၉၂,၀၀၀ ဖြစ်သော်လည်း နေ့စဉ် စုစုပေါင်းကန့်သတ်ချက်သည် ထိုပမာဏထက် အဆနှစ်ဆယ်ဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကန့်သတ်ချက်ထက် ငါးဆပိုမိုများပြားသည်။ ထို့အပြင် အဖွဲ့အရာရှိများ နှင့် ကျော်ကြားမှုအမှတ်များ ကဲ့သို့သော အခြားအချက်များ အားလုံးကို ထိုကန့်သတ်ချက်တွင် ပေါင်းထည့်မည်ဖြစ်သည်။ အရာအားလုံးကို ပေါင်းထည့်ခြင်းဖြင့်၊ သူတို့ အဖွဲ့၏ လက်ရှိနေ့စဉ် စုစုပေါင်းကန့်သတ်ချက်သည် အခြေခံပမာဏ၏ နှစ်ဆယ့်ခြောက်ဆဖြစ်သည်။
ဆိုလိုသည်မှာ သူသည် သူ၏အဖွဲ့ခွဲရှိ ကစားသမားများအား အတွေ့အကြုံအမှတ် စုစုပေါင်း ၂.၄ သန်းဖြင့် နေ့စဉ် ဆုချီးမြှင့်နိုင်သော်လည်း လက်ရှိတွင် ကစားသမား ၅၀ခန့် ရှိသောကြောင့် ကစားသမားတစ်ဦးစီသည် အတွေ့အကြုံအမှတ် ၅၀,၀၀၀ ခန့်သာ ရရှိနိုင်သည်။ ဤအမှတ်သည် ကစားသမားများ၏ လက်ရှိအဆင့်အတွက် တကယ်ကို အတွေ့အကြုံအမှတ် အများကြီး မဟုတ်ပေ။
ဆုကြေးကန့်သတ်ချက်သည် အဓိကအားဖြင့် အဖွဲ့တစ်ခုကြီးထွားနိုင်သည့် အရှိန်ကို ထိန်းချုပ်သည်။ ဤသည်မှာ အခြေခံကန့်သတ်ချက်မျှသာ ဖြစ်သောကြောင့် တိုးတက်မှုအတွက် နေရာများစွာ ရှိသေးသည်။
သူသည် အချို့သော တွက်ချက်မှုများ ပြုလုပ်ခဲ့ပြီး သူ၏ ခေါင်းဆောင်မှုအဆင့်ကို ဘေးဖယ်ထားလျှင်၊ သူ၏ ကိုယ်ပိုင် ဇာတ်ကောင် အဆင့်သည်လည်း ဆုကြေး ကန့်သတ်ချက်သို့ ပံ့ပိုးပေးသည်။ သူတို့၏အဖွဲ့သို့ သန်မာသော ကွန်ပျူတာဇာတ်ကောင် အရာရှိများကို ခန့်အပ်ခြင်းသည်လည်း သူတို့၏ ဆုကြေးကန့်သတ်ချက်ကို များစွာတိုးစေမည်ဖြစ်သည်။ ယင်းကြောင့် ပင်မဇာတ်ဝင်ခန်း ဇာတ်ကောင်များနှင့် စတင်ဆက်ဆံရန် လိုအပ်ကြောင်း သူ့ကို ယုံကြည်စေခဲ့သည်။ အဖွဲ့အရွယ်အစားကိုလည်း မတူညီသောအဆင့်များ ခွဲထုတ်ထားပြီး နောက်တစ်ဆင့်မှာ အဖွဲ့ဝင်တစ်ရာဖြစ်သည်။ ‘ကျော်ကြားမှု’သည် အခြေခံအားဖြင့် ဂုဏ်သတင်းစနစ်နှင့် အနည်းငယ်ကွာခြားမှုရှိသည်။ အဖွဲ့များ၏ ကျော်ကြားမှုသည် နယ်ပယ်ဂုဏ်သတင်းအချက်များအားလုံး၏ စုစည်းမှုဖြစ်သည်။ ဥပမာအားဖြင့်၊ ဂါတွန်နဂါးငွေ့တန်းတွင် ကျော်ကြားမှုအမှတ် ဆယ်မှတ်နှင့် ဂျီလော့ခ်ကြယ်စုတန်းတွင် ငါးမှတ်သည် အဖွဲ့၏ စုစုပေါင်း ကျော်ကြားမှုအမှတ် ၁၅မှတ် အဖြစ် ပေါင်းလိုက်မည်ဖြစ်သည်။
ဒဏ္ဍာရီရမှတ်များသည် ဆုကြေးကန့်သတ်ချက်ကို ရာခိုင်နှုန်းတစ်ခု မြှင့်တင်ပေးနိုင်ပြီး၊ ခေါင်းဆောင်မှုအမှတ်များကဲ့သို့သော အခြားအချက်အားလုံးကို ထည့်သွင်း၍ ဤမြှင့်တင်မှုကို တွက်ချက်ထားခြင်းဖြစ်သည်။ “မဟာမိတ်များနှင့် ရန်သူများ” သည် အခြေခံအားဖြင့် အဖွဲ့၏ ပြင်ပဆက်ဆံရေးဖြစ်သည်။
အဖွဲ့မစ်ရှင်များအပြင်၊ စနစ်သည် ကစားသမား-အဖွဲ့ ဆက်ဆံရေးအပြင် ကစားသမားတစ်ဦးချင်းစီ၏ ပံ့ပိုးကူညီမှု အဆင့်ကိုလည်း စီမံခန့်ခွဲနိုင်စေသည်။ ယေဘုယျအားဖြင့် ဟန်ရှောင်းသည် ဤအင်တာဖေ့စ်အသစ်ကို အလွန်နှစ်သက်နေပြီး ၎င်းသည် ကစားသမားများကို ပိုမိုဆွဲဆောင်နိုင်စေရန် ကူညီပေးသည်။
ဟန်ရှောင်းသည် သူ၏အဖွဲ့ကို တည်ထောင်ပြီးနောက် အခြားကစားသမားများသည် သူတို့၏ အင်တာဖေ့စ်ပေါ်တွင် အကြောင်းကြားစာများ ရရှိခဲ့သည်။
_____________________
သင်သည် [‘ဘလက်စတား’ ကြေးစားတပ်ဖွဲ့] တွင် ပါဝင်နေသည်။
လက်ရှိဆက်ဆံရေး - အေးစက်ခြင်း (၀/၃၀၀)
_____________________
အဖွဲ့များ အသိပေးခြင်းကဲ့သို့သော အရာတစ်ခုသည် ၎င်းတို့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာဖြစ်သောကြောင့် ကစားသမားများ မအံ့သြကြပေ။
ဟန်ရှောင်း၏ အဖွဲ့စီမံခန့်ခွဲမှုစနစ်သည် အဖွဲ့ဝင်ကစားသမားများ၏ အမည်များကို စတင်ဖော်ပြနေသည်။ သူ့မျက်လုံးများ လင်းလက်လာပြီး နောက်ထပ်သတိပေးချက်တစ်ခုကို ထုတ်လိုက်သည်။
_____________________
သင်သည် ‘ဘလက်စတား’ ကြေးစားတပ်ဖွဲ့ ၏ ပထမအသုတ် စုဆောင်းခံရသူဖြစ်သည်။ သင်သည် ပံ့ပိုးကူညီမှုအမှတ် ၃၀၀ ရရှိထားသည်။ လက်ရှိဆက်ဆံရေးအခြေအနေ - ကြားနေ (၃၀၀/၁,၀၀၀)
_____________________
"ဒီလိုမျိုးရှိလား?"
"ငါတို့ ကြားနေအဆင့်အတန်းကို တိုက်ရိုက်ရသွားပြီ။"
ကစားသမားများသည် အလွန်ဝမ်းမြောက်ကြပြီး အဖွဲ့၏ အင်တာဖေ့စ်ကို အဆောတလျင် လေ့လာကြသည်။ ပံ့ပိုးကူညီမှု အမှတ်များရရှိခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်မည်ကို သိရှိလိုကြသည်။
အဖွဲ့ဆုကြေး စာမျက်နှာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ရှေ့တွင် ပစ္စည်းမျိုးစုံကို ပြသထားသည်။ ဤပစ္စည်းများအများစုသည် မူလက ဟန်ရှောင်း၏ကိုယ်ပိုင် ကွန်ပျူတာဇာတ်ကောင်ဆိုင်တွင်ဖြစ်ပြီး ၎င်းတို့ကို အဖွဲ့ခွဲစာမျက်နှာသို့ လွှဲပြောင်းပေးထားသည်။ ထို့အပြင် သူ့ဆိုင်တွင် မရရှိနိုင်သည့် ပစ္စည်းကောင်းတချို့ကိုလည်း ထည့်ပေးထား၏။ ရိန်းဂျား ၂.၅ စက်ရုပ်များပါရှိပြီး တစ်ခုစီတွင် လဲလှယ်ရန် ပံ့ပိုးကူညီမှုအမှတ် ၁,၅၀၀ ကုန်ကျသည်။ ၁,၂၀၀ မှတ်ကျသင့်သော အသေးစား ရွေ့လျားခံတပ်၊ အမှတ် ၆,၀၀၀ ကုန်ကျသော မူရင်း Python ယန္တရားဝတ်စုံတို့လည်း ရှိနေသည်။
ကိရိယာများနှင့် ပစ္စည်းများသည် ကစားသမားများ၏ တုံ့ပြန်မှုကို ချက်ချင်းဖြစ်ပေါ်စေသည်။
"ပစ္စည်းကောင်းဟ!"
"နတ်ဘုရားအဆင့် ဂီယာ!"
ကစားသမားများ စိတ်လှုပ်ရှားသွားကြသည်။ ဤပစ္စည်းများသည် ငွေကြေးမည်မျှပင်ရှိစေကာမူ ယခင်က ဝယ်ယူ၍မရနိုင်ပေ။
“ကြေးစားတပ်ဖွဲ့ ကို အသစ်ဖွဲ့စည်းထားပြီးပြီ၊ ယုံကြည်စိတ်ချရမှုအဆင့်က အတော်လေးနည်းနေသေးတယ်” ဟန်ရှောင်းက ဆိုသည်။ "ငါတို့ရဲ့ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ခြင်းနဲ့ပဲ ပိုမြင့်မားတဲ့ အဆင့်မစ်ရှင်တွေကို လုပ်ဆောင်နိုင်လိမ့်မယ်။ ငါတို့အားလုံးက ရဲဘော်ရဲဘက်တွေ ဖြစ်နေပြီ။ ကြေးစားတပ်ဖွဲ့ ရဲ့ အနာဂတ်အတွက် အတူတကွ ကြိုးစားကြရအောင်။”
ထို့နောက် ချက်ချင်းပင်၊ သူသည် အင်တာဖေ့စ်တွင် အဖွဲ့အရွယ်အစား အချက်အလက်ကို ကစားသမားအားလုံး မြင်နိုင်အောင် ပြုလုပ်လိုက်သည်။ သူတို့၏ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ခြင်းမှသာ ပိုမိုကောင်းမွန်သော လစာဖြင့် အလုပ်အကိုင်များ ရရှိနိုင်မည်ဟု သတိပေးချက်အဖြစ် ၎င်းကို အသုံးပြုထားသည်။ ထို့အပြင်၊ ကစားသမားများအား သူတို့၏ ကိုယ်ပိုင်လုပ်ဆောင်မှုများဖြင့် အဖွဲ့၏တိုးတက်မှုအတွက် တိုက်ရိုက်ပါဝင်ကူညီနိုင်သည်ဟု ခံစားရစေလိုသည်။
ကစားသမားများသည် ဤအချက်အလက်အားလုံးကို ကျေညက်ရန် အချိန်အတော်ကြာသွားသည်။
ထို့နောက် ဟန်ရှောင်းသည် ဆူနီမျိုးနွယ်စုမှ ပေးအပ်သော မစ်ရှင်များ သို့မဟုတ် အလုပ်သတိပေးချက်များကို ရှာဖွေရန် အာရုံစိုက်လိုက်သည်။ ရနိုင်သောမစ်ရှင်များစွာကို သူ လျင်မြန်စွာ ရှာဖွေတွေ့ရှိသွား၏။ သို့သော်၊ ၎င်းတို့၏အဖွဲ့ခွဲ၏ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်သည် အနည်းဆုံး ၁၂၀ ရှိရန် လိုအပ်သည်။
အမှတ် ၁၂၀? ဟန်ရှောင်းက သူ့မေးစေ့ကို ထိရင်း တွေးလိုက်သည်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်ပါက၊ ပြင်ပတိုက်ခိုက်ရေးမစ်ရှင်များစွာကို ထမ်းဆောင်ပြီးမှ အမှတ် ၁၂၀ ရရှိမည်ဖြစ်သည်။ သို့သော်၊ မစ်ရှင်တစ်ခုလျှင် အနည်းဆုံး ယုံကြည်စိတ်ချရမှု အမှတ်တစ်မှတ် ပေးသည့် အဆင့်နိမ့် လုပ်သားမစ်ရှင်များကို ယူရန် ဆုံးဖြတ်လိုက်သည်။ ဤနေ့စဉ်မစ်ရှင်များသည် လုံခြုံလွယ်ကူပြီး ၎င်းတို့သည် စခန်း၌ ပြီးမြောက်နိုင်သည်။ မစ်ရှင်များ ပိုယူရမှာဆိုပေမယ့် ကစားသမားတွေ ရှိနေတာ ဒါအတွက် မဟုတ်ဘူးလား။”
သူသည် အဖွဲ့မစ်ရှင်တစ်ခုထုတ်ရန် အသစ်ရရှိလာသော အင်တာဖေ့စ်ကို ချက်ချင်းအသုံးပြုလိုက်သည်။
_____________________
အဖွဲ့မစ်ရှင် [ယုံကြည်နိုင်မှုစံနှုန်း]
မစ်ရှင်နိဒါန်း - ‘ဘလက်စတား’ ကြေးစားတပ်ဖွဲ့ သည် ပြင်ပတာဝန်ကိုယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်၊ အနည်းဆုံး ယုံကြည်နိုင်မှု အဆင့်သတ်မှတ်ချက်ကို ဦးစွာဖြည့်ဆည်းရမည်ဖြစ်သည်။ (မှတ်ချက် - ဤသည်မှာ အဖွဲ့မှ ဆောင်ရွက်သော ပထမဆုံးပြည်ပတာဝန်၏ ကြိုတင်လိုအပ်ချက်ဖြစ်သည်။)
မစ်ရှင်လိုအပ်ချက် - ‘ဘလက်စတား’ကြေးစားတပ်ဖွဲ့ သည် ယုံကြည်စိတ်ချရသော အမှတ် ၁၂၀ ရရှိသည်အထိ အာကာသစခန်းတွင် နေ့စဉ်မစ်ရှင်များနှင့် အလုပ်များကို ပြီးအောင်လုပ်ပါ။
ဆုလာဘ် - အတွေ့အကြုံအမှတ် ၄၅,၀၀၀ နှင့် အဖွဲ့ပံ့ပိုးမှုအမှတ် ၃၀၀
မှတ်ချက် - ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက် အနည်းဆုံးကို ပြည့်မီရန်အတွက် ထိပ်တန်းပံ့ပိုးသူ သုံးဦးသည် အပိုအကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
_____________________
"ပေးတဲ့ အတွေ့အကြုံအမှတ် သိပ်မရှိဘူး၊ ဒါပေမယ့် ဆုပေးတဲ့ ပံ့ပိုးမှုအမှတ်တွေက မဆိုးပါဘူး။"
"မတွေ့ဘူးလား? ဒါက ပထမပိုင်းပဲလေ။ နောက်ပိုင်းမှာ တိုက်ပွဲတာဝန်ကို ထမ်းဆောင်ရမှာ။ အဲဒီ့မှာ ကျွန်တော်တို့ အတွေ့အကြုံအမှတ်တွေ ရနိုင်လိမ့်မယ်။”
"ဒါက အဖွဲ့လိုက်တာဝန်ပဲ မဟုတ်လား။ စုစုပေါင်း ရမှတ် ၁၂၀ ကို ပံ့ပိုးပေးဖို့ လူတိုင်းကို တောင်းဆိုထားတယ်။”
“ဟိုးဟိုး။ ထိပ်တန်း သုံးဦးဖြစ်ရင် အကျိုးကျေးဇူးတွေတောင် ရနိုင်သေးတယ်။”
ဓားရူး၊ ဟောက်ထျန်းနှင့် အခြားသူများသည် ဆုလာဘ်ကိုမြင်ပြီးနောက် စိတ်လှုပ်ရှားပြီး ဖင်တကြွကြွ ဖြစ်နေကြသည်။ ဟန်ရှောင်း၏ 'အကျိုးကျေးဇူးများ' သည် သာမန်မဟုတ်သည်မှာ သေချာကြောင်း သူတို့က အားလုံးထက် ပိုသိသည်။
မစ်ရှင်သည် အာကာသစခန်းရှိ နေ့စဉ်မစ်ရှင်များကို လုပ်ဆောင်ရန်သာ လိုအပ်သည်။ ဤမစ်ရှင်များသည် အများအားဖြင့် သန့်ရှင်းရေးနှင့် အခြားသော ဝန်ဆောင်မှုအလုပ်အချို့သာ ဖြစ်သည်။ ကောင်းသောအချက်မှာ စခန်းမှ ထွက်ခွာရန် မလိုအပ်ပေ။ ကစားသမား ၅၀ လုံး အတူတကွ အလုပ်လုပ်ပါက ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက် လိုအပ်ချက်ကို အလွန်လျင်မြန်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ဟန်ရှောင်းက လုံးဝမစိုးရိမ်ပေ။ ထို့အပြင် ကစားသမားများသည် အသင်းအဖွဲ့တွင် ပါဝင်လာကတည်းက အကျိုးခံစားခွင့်များသာ ရရှိခဲ့သည်။ ထို့ကြောင့် အဖွဲ့၏ တောင်းဆိုမှုကို ငြင်းဆိုရန် အကြောင်းမရှိသည်မှာ သဘာဝအတိုင်းဖြစ်သည်။
ဟန်ရှောင်း၏ အမိန့်ကို လက်ခံရရှိပြီးနောက် ကစားသမားများသည် ဖြန့်ကျက်ကာ နေ့စဉ်မစ်ရှင်များလုပ်ဆောင်ရန် ထွက်ခွာသွားကြသည်။ ဤအကူအညီပေးသူများနှင့်အတူ၊ ဟန်ရှောင်းသည် အခြားစီးပွားရေးလုပ်ငန်းတစ်ခုခုကို ကိုင်တွယ်ရန် သူ့ကိုယ်သူ အချိန်များစွာ ပေးနိုင်သွား၏။ အနားယူခန်းသို့ ပြန်ရောက်ပြီးနောက်တွင် သူသည် ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ကာ သူ၏အနာဂတ်အစီအစဉ်များကို တွေးတောရန် ဆုံးဖြတ်ခဲ့သည်။
နာရီအနည်းငယ်ကြာပြီးနောက် လီကဲနှင့် အခြားသူများသည် အနားယူခန်းသို့ ပြန်ရောက်လာကြသည်။ သူတို့ အပြင်မှာ လမ်းလျှောက်နေတာ တော်တော်ကြာနေပြီဖြစ်သည်။ လီကဲ အာကာသသို့ ထွက်ခွာလာခြင်းမှာ ထိုမစ်ရှင်အသစ်အားလုံးကို စတင်လုပ်ဆောင်လိုသောကြောင့် ဖြစ်သည်။ အာကာသစခန်းတွင် ကွန်ပျူတာဇာတ်ကောင်အသစ်များစွာဖြင့်၊ သူလက်ခံနိုင်သည့် မစ်ရှင်များကို ပတ်ပတ်လည်တွင် စူးစမ်းလေ့လာရန် မစောင့်နိုင်တော့ပေ။ သို့သော် ထိုနေရာရှိ လူအများစုသည် ခရီးသွားများဖြစ်ကြောင်း သူသိရှိခဲ့ပြီး ၎င်းတို့အားလုံးသည် လီကဲနှင့် အခြားသူများကို အကူအညီပေးရန် ကြိုးစားသောအခါတွင် ရယ်မောခဲ့ကြသည်။ ကွန်ပျူတာဇာတ်ကောင်များက သူတို့သာ အလုပ်လုပ်လိုပါက ဘာကြောင့် ကြေးစားစစ်သား မဟာမိတ်ကို မသွားကြတာလဲဟု မေးမြန်းခဲ့ကြသည်။
သူတို့ မည်သည့်မစ်ရှင်ကိုမျှ မရရှိခဲ့သော်လည်း သတင်းအချက်အလက် အသစ်တစ်ခုကို ရရှိခဲ့သည်။ ကြေးစားစစ်သား မဟာမိတ်သို့သွားကာ နေ့တစ်ဝက်လောက် အလုပ်ရှုပ်ပြီးနောက် နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ ကြေးစားသမားများအဖြစ် စာရင်းသွင်းခဲ့ကြသည်။ မရေမတွက်နိုင်သော အလုပ်အကိုင်များနှင့် မစ်ရှင်များ၏ စာရင်းများကို ကြည့်ရှုရင်း အာကာသထဲသို့ ထွက်လာခြင်းမှာ မှန်ကန်သည့် ရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း သူတို့ကို အခိုင်အမာ ယုံကြည်စေသည်။
ထို့အပြင် လီကဲသည် အခြားကစားသမားများကို ဦးဆောင်နိုင်သောကြောင့် သူတို့ကိုယ်တိုင် လုပ်ဆောင်ခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု ယုံကြည်လာသည်။
အခန်းတွင်းသို့ လျှောက်လာရင်း လူစုက စကားစမြည် ပြောနေကြသည်။
“ကျွန်တော်တို့ ဒီတစ်ကြိမ်မှာ အားသာချက်တစ်ခု ရခဲ့တယ်။ ဒီကြေးစားစစ်သားအကြောင်း တခြားသူတွေကို ပြောပြသင့်တယ်လို့ မင်းထင်လား။"
လီကဲက ခေါင်းခါသည်။ “ဒါက ငါတို့ တွေ့ခဲ့ရတဲ့ အခွင့်အရေးပဲ။ ငါတို့အားလုံး ဒီမှာ ပြိုင်နေကြတာ။ သူတို့ကို ချက်ချင်းပြောဖို့ မလိုဘူး”
"ဒါပေမယ့် သူတို့မေးရင် ငါတို့ပြောသင့်သလား"
လီကဲက ဒါကို တွေးကြည့်တော့ စိတ်ရှုပ်သွားပုံပေါ်သည်။ အမေးခံရပြီးနောက် ဤကဲ့သို့သော အချက်အလက်များကို ဖုံးကွယ်ခြင်းသည် အလွယ်တကူ ဒုက္ခဖြစ်စေနိုင်သည်။ သူဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ကြိုးစားရင်းနဲ့ အုပ်စုက အခန်းတံခါးကိုဖွင့်လိုက်တယ်။ ဒါပေမယ့် အခန်းထဲမှာ ကစားသမားတစ်ယောက်မှ မရှိဘူးဆိုတာ တွေ့လိုက်ရ၏။
“ဟမ်။” နတ်ဘုရားကျောင်းဆောင်မှ ကစားသမားတစ်ယောက်က စိတ်ရှုပ်သွားပြီး “ကျန်တဲ့သူတွေ ဘယ်သွားကြလဲ”
“မသိဘူးလေ။” လီကဲဝမ်းသာသွားပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ တခြားကစားသမားများ၏ မေးခွန်းထုတ်ခံရမှာကို ကြောက်စရာ မလိုတော့ပေ။
စာစဉ် (၂၃)၊ အခန်း (၃၃၃) ပြီး၏။
လင်းဆက်
+++++