← Chapters

‘ဘလက်စတား’အစပြုခြင်း - ၄

Vol. 23 Ch. 334

‘ဘလက်စတား’အစပြုခြင်း - ၄

Vol. 23 Ch. 334

သူတို့အားလုံး လှည့်ကြည့်လိုက်သော်လည်း ဟန်ရှောင်းသည် အခန်းထဲတွင် ဆက်သွယ်ရေးစက်ကို ကစားနေသည်ကိုသာ တွေ့လိုက်ရသည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မင်းတို့ နောက်ဆုံးတော့ ပြန်လာပြီ။ မင်းတို့ပဲ ကျန်တော့တယ်။"

"ဘာကိုဆိုလိုတာလဲ?" လီကဲက မေးသည်။

“အခြားကစားသမားတွေ အားလုံး ငါ့ရဲ့ ကြေးစားတပ်ဖွဲ့ ဝင်ပြီးသွားပြီ။ မင်းတို့ကရော?"

လီကဲမှင်တက်သွားသည်။

အဲဒါက တခြားလူတွေအားလုံး ကြေးစားစစ်သားဖြစ်သွားပြီလို့ ဆိုလိုတာလား။ ဒါဆိုရင် ငါတို့ ခက်ခက်ခဲခဲ လုပ်ခဲ့ရတာတွေက ဘာလဲ။

ကြေးစားတပ်ဖွဲ့ ဆိုတာ ဘာလဲ။

မကောင်းတဲ့ ခံစားချက်က သူတို့နှလုံးသားထဲမှာ တဖြည်းဖြည်း ပေါ်လာတယ်။

"ကျွန်တော်တို့ ကြေးစားစစ်သားအဖြစ် စာရင်းသွင်းပြီးပါပြီ" လီကဲက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

ဟန်ရှောင်းက မျက်ခုံးပင့်ကာ ‘ဘလက်စတား’ ကြေးစားတပ်ဖွဲ့ တွင် ပါဝင်ရန် မစ်ရှင်တစ်ခု ကြေညာ၏။ လီကဲမှာ သွားစရာနေရာ မရှိသောကြောင့် မစ်ရှင်ကို အမြန်လက်ခံပြီး ကြေးစားသမား ဧည့်ခန်းကို သွားကာ ကြေးစားတပ်ဖွဲ့ နှင့် ပူးပေါင်းလိုက်ရသည်။

အဲဒီနောက်မှာတော့ သူတို့ဟာ ဟိုးအရင်က တခြားကစားသမားတွေ လုပ်ခဲ့တဲ့ မစ်ရှင်ကို စဖွင့်ခဲ့ပါတယ်။ အဖွဲ့မိတ်ဆက်နှင့် မစ်ရှင်လိုအပ်ချက်ကို ကြည့်လိုက်ပြီး လီကဲနှင့် အခြားသူများသည် သူတို့၏ မျက်လုံးများကို မယုံနိုင်ဖြစ်သွားကြသည်။

လီကဲစိတ်ညစ်သွား၏။ ဒါက သူတို့အတွက် ဂရုစိုက်မှုဟု ယူဆရသော်လည်း သူတို့ဘာသာသူတို့ လှုပ်ရှားခဲ့ခြင်းကြောင့် တခြားကစားသမားတွေနှင့် ယှဉ်ရင် လုပ်ငန်းစဉ်မှာ နောက်ကျသွား၏။ သူတို့ပြန်မရောက်ခင်မှာ သူတို့ကိုယ်သူတို့ ကျေနပ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ လီကဲက ရှက်ရွံ့နေသလို ခံစားရသည်။ လှည့်လည်သွားလာရင်း အချိန်နှင့် စွမ်းအင်များစွာကို ဖြုန်းတီးခဲ့ပြီး တိုးတက်မှု နောက်ကျကျန်နေရုံမှတပါး အခြားဘာမျှ မအောင်မြင်ခဲ့ပေ။

အခြားကစားသမားများနှင့် စကားပြောပြီးနောက်၊ လီကဲသည် အခြားကစားသမားအုပ်စုက ပံ့ပိုးကူညီမှုအမှတ် ၃၀၀ ရရှိခဲ့ကြောင်းကိုလည်း သိရှိသွားသည်။

သူ့စိတ်အခြေအနေမှာ အတော်ဆိုးဝါးနေသည်။ မအောင့်အီးနိုင်ဘဲ မျောက်တစ်ကောင်လို လှည့်ပတ်ပြေးနေမိခြင်းကို စိတ်မကောင်းဖြစ်မိသည်။ ဟန်ရှောင်းထက် စကြဝဠာအကြောင်း ပိုသိတယ်လို့ ဘာကြောင့်ထင်ခဲ့တာလဲ။

အခြားကစားသမားများသည် လီကဲ၏ ဒေါသကိုကြားပြီး ရယ်မောလိုက်ကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် ဟန်ရှောင်းကို ပိုမိုယုံကြည်လာကြ၏၊ ဟန်ရှောင်းသည် သူတို့လိုက်သင့်သည့် တစ်ခုတည်းသော အလင်းတန်းတစ်ခုဖြစ်သည်။ ဟန်ရှောင်းနောက်ကိုသာ သူတို့လိုက်မည်ဆိုရင် အပြင်မှာကံစမ်းတာထက် အကျိုးကျေးဇူး အများဆုံးရနိုင်သည်။

ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ၊ ကြေးစားတပ်ဖွဲ့ ၏ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်သည် တဖြည်းဖြည်း မြင့်တက်လာသည်။

ဟန်ရှောင်းသည် စက်ယန္တရား ပြုပြင်မွမ်းမံသည့် အခန်းကိုငှားပြီး သူရခဲ့သော အသိပညာအသစ်နှင့် ‌ရေပင်လယ်ဂြိုလ်မှ သူယူလာခဲ့သော အရင်းအမြစ်များကို အသုံးပြု၍ တိုက်ပွဲဦးထုပ်အသစ်တစ်ခု ဖန်တီးရန် ကြိုးစားခဲ့သည်။ ၎င်းကို [SIN – အမျိုးအစာ-A ကာဗွန်ဘဝပုံစံ ရေဒါ (ခေါင်းဆောင်း)] ဟုခေါ်သည်။ ၎င်းတွင် ထောက်လှမ်းမှု အလွှာများစွာပါရှိပြီး ကီလိုမီတာများစွာအတွင်း သက်ရှိသတ္တဝါများကို သိရှိနိုင်သည်။ ၎င်းတွင် အားကောင်းသော ရေဒါလုပ်ဆောင်ချက်နှင့် လေစစ်ထုတ်ခြင်းကဲ့သို့သော အားကောင်းသည့် အသက်ကယ် ထောက်ပံ့မှုစနစ်များ ပါရှိသည်။ ဟန်ရှောင်းသည် ၎င်းတို့ကို တစ်ဒါဇင်ခန့် ဖန်တီးခဲ့ပြီး ကစားသမားများအား ရောင်းချရန် ပြင်ဆင်ခဲ့သည်။ ခေါင်းဆောင်းသည် အာကာသအတွင်း မစ်ရှင်များအတွက် မရှိမဖြစ်လိုအပ်သော ကိရိယာဖြစ်သည်။

ရက်အနည်းငယ်အကြာတွင်၊ နောက်ဆုံး၌ Bun-hit-dog သည် သူ၏အာကာသစွန့်စားခန်း၏ ပထမအပိုင်းကို ထုတ်ပြန်ခဲ့ပြီး ဖိုရမ်များသည် ထိုအကြောင်းအရာကိုသာ ဆွေးနွေးနေပုံရသည်။

[Galaxy စူးစမ်းလေ့လာရေး ဒိုင်ယာရီ: ဘလက်စတား(၁)]

ဤဇာတ်လမ်းတွဲ၏ ခေါင်းစဉ်က ၎င်းသည် စီးရီးသစ်တစ်ခု၏ အစဖြစ်ကြောင်း ဖော်ပြနေသည်။ ရှိုးဖွင့်ပွဲ၏ တည်းဖြတ်မှုသည် ဟွန်းစတား၊ ဂျူဘာလီ အာကာသစခန်းနှင့် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဂြိုလ်သားသတ္တဝါ၏ မြင်ကွင်းများသို့ ပြောင်းလဲသွားသည်။ မိနစ်အနည်းငယ်ကြာသွားကာ ကြည့်ရှုသူများသည် ချန်နယ်ကို တခဏချင်း ဖုံးလွှမ်းသွားသည်။ Bun-hit-dog ၏ Black Phantom ရှိုးသည် ခိုင်မြဲပြီး သစ္စာရှိသော ပရိသတ်ထုထည်ကို တည်ဆောက်ထား၏။

စီးရီးသစ်အတွက် ဗီဒီယိုနမူနာသည် အာရုံစိုက်မှုများစွာရရှိခဲ့သည်။ အာကာသနှင့်ပတ်သက်သည့် ပထမဆုံးပြသမှုဖြစ်ပြီး ‌ရေပင်လယ်ဂြိုလ်မှ ကစားသမားများသာမက အခြားသော ဂြိုလ်အသစ်များမှ နိုင်ငံခြားကစားသမားများကလည်း အဆိုပါရှိုးအတွက် စိတ်လှုပ်ရှားနေကြသည်။ ကြည့်ရှုမှုအရေအတွက်သည် အဆမတန် မြင့်တက်လာပြီး မိနစ်အနည်းငယ်အတွင်း ၎င်းသည် ယခင်ရှိုးပွဲများတွင် ကြည့်ရှုမှုအများဆုံး စံချိန်ကို ချိုးဖျက်လုနီးပါး ဖြစ်နေသည်။

Bun-hit-dog သည် အာရုံစူးစိုက်မှု ခံရပြီး ၎င်း၏ကျော်ကြားမှုမှာ တစ်ဖန်တိုးလာပြန်သည်။ သူသည် Galaxy ရုပ်ရှင်လုပ်ငန်းတွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။

"ဘာလဲဟ? တကယ်ကို အပ်ဒိတ်တစ်ခု ရှိတယ်!”

"ဘာလဲကွာ! ယခု ကြည့်ရှုသူ သုံးသန်းနှင့် နှစ်ရာ ရှိနေပြီ။ ငါမြင်တာ မှန်ရဲ့လား"

"ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်!"

"နိုင်ငံခြားသားသူငယ်ချင်း၊ မင်းမှာဘာတွေရှိလဲ ငါ့ကိုကြည့်ခွင့်ပေးပါ။!"

ထို့နောက် Bun-hit-dog ၏ မျက်နှာကြီးသည် စခရင်ပေါ်တွင် ပေါ်လာသည်။ သူသည် သူ၏ ရွံရှာဖွယ် အသံကို အသုံးပြုကာ ဖျော်ဖြေပွဲကို စတင်ခဲ့သည်။ “ Galaxy စူးစမ်းလေ့လာရေး ဒိုင်ယာရီမှ ကြိုဆိုပါတယ်။ ငါက Bun-hit-dog ပါ။ တစ်ခုခု လိုနေသလားလို့ တွေးနေလိမ့်မယ်။ မှန်ပါတယ်၊ ငါ့မှာ အချိန်မလုံလောက်လို့ ဒီအပိုင်းကိုစဖို့ ကဗျာတစ်ပုဒ်ရှိမှာ မဟုတ်ပါဘူး။”

ကျည်ဆံလို မှတ်ချက်များသည် မျက်နှာပြင်ကို ချက်ချင်းဖုံးလွှမ်းသွားသည်။

"ဘယ်တော့မှ သိပ်သတိမထားမိဘူး"

"ဒီအစီအစဉ်မှုးက သိက္ခာမရှိဘူး"

"မင်းအိမ်မှာ သွားပြောလိုက်။"

‘ဘလက်စတား’ စီးရီး၏ ပထမအပိုင်းအတွက် Bun-hit-dog သည် သတင်းအချက်အလက်ဆိုင်ရာ အကြောင်းအရာများကို အာရုံစိုက်သည့် ယခင်ပုံစံအတိုင်း မဟုတ်ဘဲ အခြားတည်းဖြတ်နည်းကို အသုံးပြုခဲ့သည်။ သူသည် ဟန်ရှောင်းက ကစားသမားများကို ဟွန်းစတား ပြီးနောက် ဂျူဘာလီ အာကာသစခန်းထိ ဦးဆောင်ခဲ့ပုံကို ရိုက်ကူးခဲ့ပြီး ဗီဒီယိုကို ရုပ်ရှင်ပုံစံဖြင့် တည်းဖြတ်ထားသည်။ ယခင်ရှိုးပွဲက အာရုံစိုက်ထားသည့် သတင်းပေးသည့် အသံမျိုးကို စွန့်လွှတ်လိုက်သည်။ ဤရှိုးအသစ်အတွက်၊ ဇာတ်ကြောင်းပြောသည်မှာ အနည်းငယ်မျှသာရှိပြီး၊ မြင်ကွင်း၏ အရောင်အသွေးကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ပရိသတ်သည် တီဗီစီးရီးတစ်ခု ကြည့်နေရသကဲ့သို့ အတွေ့အကြုံသစ်ကို ရရှိခဲ့သည်။

အသုံးပြုရန် ကုန်ကြမ်းပစ္စည်းများ များလွန်းသောကြောင့် Bun-hit-dog သည် ဖိုင်အရွယ်အစားကို ချုံ့မပစ်နိုင်ပေ။ ထို့ကြောင့် သူသည် ရှိုးကို ဇာတ်လမ်းတစ်ခုနှင့် ဗီဒီယိုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲခဲ့ပြီး ဗီဒီယိုသည် တစ်နာရီကြာသည်။ သူ၏ Black Phantom စီးရီးအောင်မြင်ပြီးနောက် Bun-hit-dog သည် သူ့ကိုယ်သူ ရွဲ့စောင်းသောလေသံဖြင့် သတင်းအချက်အလက် အကြောင်းအရာများကို ကန့်သတ်ထားသော ပုံစံထက် အနုပညာတန်ဖိုးပိုရှိသော ရုပ်ရှင်ပုံစံအသစ်များကို စမ်းကြည့်ရန် ပိုမိုစိတ်အားထက်သန်လာခဲ့သည်။ ပြောင်းလဲမှုက ထင်ရှားပြီး အောင်မြင်မှုများစွာကို ရရှိလာ၏။

ဗီဒီယို ပြသနေစဉ်တွင် ပရိသတ်များ၏ မျက်လုံးများရှေ့၌ အာကာသမြင်ကွင်း ထွက်ပေါ်လာသည်။ နားမလည်နိုင်လောက်အောင် နက်နဲသော အာကာသအတွင်း အာကာသယာဉ်များ လှည့်ပတ်ကြည့်နေသည့် မြင်ကွင်းသည် အာကာသတွင်းနက်ကြီး တစ်ခုလိုဖြစ်ပြီး ဤလှပသောမြင်ကွင်းတွင် အာရုံအားလုံးကို စုပ်ယူထားသည်။ ဟန်ရှောင်း ဖန်သားပြင်ပေါ်တွင် ပေါ်လာသောအခါ ကျည်ဆန်မှတ်ချက်များက ကျယ်လောင်လာပြန်သည်။

"နောက်ဆုံးတော့ ဟန်ရှောင်းပေါ်လာပြီ!"

"Black Phantom ထဲက အရာအားလုံးကို စုပ်ယူလိုက်ပါ။"

"Black Phantom ပွေ့ဖက်ခြင်းက မီတာ 100 အပြေးပြေးခြင်းသာဖြစ်သည်။"

"ဟန်ရှောင်းက ငါ့ယောက်ျားပဲ၊ မင်းငါ့အချစ်ကို မထိနဲ့!"

“အိုး။ Black Phantom က အခုအခါ ကောင်းကင်ဘုံမှာ ရောက်နေပြီ။ ဖွင့်စရာ သေတ္တာတွေ မရှိတော့ဘူး။ ငါကံစမ်းချင်သေးတယ်! ငါ့မျိုးရိုးအစစ်အမှန်ကို သက်သေပြဖို့ လိုတယ်!”

"အစ်ကို၊ သွားအိပ်တော့။ မင်း အိပ်မက်ထဲမှာ ဘာမဆို ရှာတွေ့နိုင်တယ်။"

ကျည်ဆံလို မှတ်ချက်များပါသော စာသားများသည် ပျံ့လွင့်သွားကာ ထိုနေရာတွင် ငြိမ်သက်နေသော မိန်းကလေးပရိသတ်အချို့ ရှိနေပြီး၊ ဦးလေးကြီးများ မည်မျှရှိသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။

Bun-hit-dog သည် ပရော်ဖက်ရှင်နယ် ကစားသမားများ၏ အပြန်အလှန် တုံ့ပြန်မှုများကိုလည်း တည်းဖြတ်ထားသည်။ ဟုတ်ပါသည်၊ သူက ဒီဗီဒီယိုဖိုင်ကို ဦးစွာအသုံးပြုဖို့ သူတို့ရဲ့ ခွင့်ပြုချက်ကို ရယူထား၏။ ဒီကစားသမားတွေက နေ့ရက်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြပြီး သူတို့ရဲ့ဆက်ဆံရေးကလည်း ပိုနီးစပ်လာခဲ့ကြသည်။ သူတို့၏ အပြန်အလှန်ပြောဆိုမှုများက ရယ်စရာကောင်းပြီး ဖျော်ဖြေမှုတွေကြောင့် ပရိသတ်တွေကို ကြည့်ရှုဖို့ ဆွဲဆောင်မှုများစွာ ဖြစ်စေသည်။ ပရော်ဖက်ရှင်နယ် ကစားသမားများရဲ့ ပရိသတ် အတော်များများကလည်း ကျည်ဆံမှတ်ချက်များ ပေးပို့ကြ၏။

ရုတ်တရက် စကာဗန်ဂျာများ ပေါ်လာပြီး ဟန်ရှောင်းနှင့် ကစားသမားများက အာကာသယာဉ်ကို ကာကွယ်ခဲ့ကြသည်။ ကျည်ဆံမှတ်ချက်များသည် ဖန်သားပြင်ပေါ်တွင် တစ်ဖန်ပြည့်လျှံလာပြီး မက်ဆေ့ချ်မျိုးစုံ ရှိနေပါသည်။

“မိုက်တယ်ကွာ။ ဒီအာကာသ ခရီးသွားခြင်းမှာ၊ မင်းက မွန်းစတားတွေကို သတ်ပြီး အတွေ့အကြုံကို ရယူနိုင်တာပဲ။"

“Black Phantom က အရမ်းသန်မာနေတုန်းပဲ။ သူက ဂြိုလ်သားတွေကို ဘာမှမဟုတ်သလိုမျိုး အနိုင်ယူနေတုန်းပဲ။”

"ဟန်ရှောင်းက လူတိုင်းကို ဖျက်ဆီးနိုင်နေသေးတာကို မြင်လိုက်ရတော့ ငါအခု စိုးရိမ်စိတ်တွေ လျော့သွားတယ်"

ဂျူဘာလီ အာကာသစခန်းသို့ ခရီးတွင်၊ ကြီးမားသော အာကာသစခန်းသည် ကြည့်ရှုသူများ၏ မေးရိုးများကို ပြုတ်ကျသွားစေသည်။ ဗွီဒီယိုများသည်လည်း ဒီမှာပဲ အဆုံးသတ်သွားသည်။ နောက်ဆုံးဇာတ်ဝင်ခန်းတွင် ဟန်ရှောင်းသည် ကစားသမားများအား ကြေးစားစစ်သား မဟာမိတ်သို့ ဦးဆောင်ခဲ့ပြီး လူတိုင်းသည် ကြေးစားစစ်သားအဖြစ် စာရင်းသွင်းခဲ့သည်။ ကင်မရာကို ချဲ့ကြည့်သောအခါတွင် 'ဘလက်စတား’ ကြေးစားတပ်ဖွဲ့ ဟူသော စကားလုံးများကို မြင်ရပြီးပြီး သုံးစက္ကန့်ကြာအောင် ရပ်တန့်ထားသည်။ ပရိတ်သတ်များကလည်း ထိုစကားလုံးများကို စိုက်ကြည့်နေ၏။

ထို့နောက် စကားလုံးနှစ်လုံးဖြင့် မျက်နှာပြင်သည် မည်းသွားသည် - 'ဆက်ရန်...'

Bun-hit-dog သည် အဖွဲ့အတွက် အလားအလာကောင်းများ ရှိနေသည်ကို မြင်သောကြောင့် ဗီဒီယိုကို ထိုနေရာတွင် ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။ ခေါင်းဆောင်မှလွဲ၍ ကျန်အဖွဲ့ဝင်များအားလုံးသည် ကစားသမားများဖြစ်သည်။ ကွန်ပျူတာဇာတ်ကောင်တစ်ယောက်က ဦးဆောင်၍ ကစားသမားများကို စွန့်စားခန်းကမ္ဘာသို့ ခရီးသည် ပရိသတ်များ၏ စိတ်ဝင်စားမှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

ထို့ပြင် သူတွေးထားတာ မှန်၏။ ဗီဒီယို ပြီးဆုံးသွားသောအခါတွင် ပရိသတ်သည် အလွန်စိတ်မကျေမနပ်ဖြစ်ကာ ရှိုးကို ထပ်မံကြည့်ရှုလိုနေပြီး၊ အပိုင်းအသစ်ကို မကြည့်ရသေး၍ ရင်ထဲ ဟာတာတာ ဖြစ်နေသည်ဟု ခံစားနေကြရသည်။

ရှိုး၏နောက်ဆုံးသုံးစက္ကန့်ရှိ 'ဘလက်စတား' ဟူသောအမည်က ပရိသတ်များ၏ နှလုံးသားထဲတွင် ကြီးမားသောစိတ်ဝင်စားမှုနှင့် သိချင်စိတ်ကို ဖန်တီးပေးလိုက်နိုင်သည်။

ဟုတ်ပါသည်၊ ဤအပိုင်းသည် အနာဂတ်တွင် အလားအလာကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ကို အရိပ်အမြွက်ပြထားသည်။

"နောက်ထပ်အပိုင်းကို မစောင့်နိုင်တော့ဘူး!"

"နောက်အပိုင်းကို မကြည့်မချင်း ဘယ်မှမသွားဘူး!"

“အဟဟ။ နောက်ထပ်ရှိုးတွေထုတ်ဖို့ ကျွန်တစ်ယောက်အနေနဲ့ Bun-hit-dog ကို မြေအောက်ခန်းမှာ သော့ခတ်ချင်ပါတယ်"

"အင်း...သူကြိုက်မယ်ထင်တယ်"

"ဟေ့ မင်းဘာတွေတွေးနေတာလဲ။ မင်းလိုမှောင်တဲ့ကောင်တွေအတွက် ငါရှက်တယ်။"

ဤဇာတ်လမ်းတွဲ၏ ကြည့်ရှုမှုအရေအတွက်သည် မကြုံစဖူးအဆင့်သို့ မြင့်တက်လာခဲ့သည်။ ပရိသတ်များက အားပေးကြပြီး ဟန်ရှောင်း၏ ရွေးချယ်ခြင်းမခံရသော ကစားသမားများသည် စက္ကန့်သုံးဆယ်ကြာအောင် တောင့်မခံနိုင်ခဲ့ကြ၍ မနာလိုစိတ်ကြီးစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေကြသည်။ ဤအပိုင်းက ယူဆောင်လာခဲ့သည့် လွှမ်းမိုးမှုမှာ Galaxy Times ကို ၎င်းတို့၏ ရှိုးအသစ်တွင် အခြားကဏ္ဍတစ်ခုကို ထည့်သွင်းစေခဲ့သည်။

“ဟိုးအရင်တုန်းကတော့ ဇာတ်ကြောင်းတစ်ခုရဲ့ ဇာတ်ဆောင်က ကန့်သတ်ချက်ရှိတယ်၊ ဇာတ်လမ်းဇာတ်ကြောင်းပြီးသွားတဲ့အခါ သူတို့က ဘာမှမဟုတ်ကြတော့ဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်က ကျွန်တော်တို့ လုံးဝမှားယွင်းကြောင်း ပြသနေတယ်။ [Black Phantom] ဟန်ရှောင်း… အိုး၊ ငါဆိုလိုတာက [ဘလက်စတား] ဟန်ရှောင်းက ငါတို့မှားတာကို သက်သေပြခဲ့တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်က လူမှုအဖွဲ့အစည်းအဆင့်နဲ့ ကန့်သတ်မထားဘူး။ သူသည် အာကာသထဲသို့ နက်နက်ရှိုင်းရှိုင်း ဦးတည်သွားခဲ့ပြီး စကြာဝဠာကို စူးစမ်းလေ့လာတဲ့ ‌ရေပင်လယ်ဂြိုလ်မှ ပထမဆုံးလူသား ဖြစ်လာတယ်။ ဒါက သူ့ရဲ့ လမ်းကြောင်းအသစ်ပဲ။

"ဟန်ရှောင်းက ‌ရေပင်လယ်ဂြိုလ်က ဇာတ်ကောင်တစ်ယောက်ပဲလို့ ထင်ခဲ့တာ။ ယခုမြင်တွေ့နေရတဲ့ အတိုင်းဆိုရင် အားလုံးက မှားနေပြီထင်တယ်။ သူ့မှာ စစ်ပွဲဇာတ်ကြောင်းတစ်ခုလေးပဲ ရှိနေတာ မဟုတ်ဘူး။ သူ့မှာ နောက်ထပ်အဆင့်မြင့်တဲ့ အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ အဓိကဇာတ်ကြောင်းတစ်ခုရှိနေတယ်။ အခြားအစပြုဂြိုလ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ‌ရေပင်လယ်ဂြိုလ်ရဲ့ အလားအလာက အကန့်အသတ်ရှိပေမယ့် ဟန်ရှောင်းပေါ်ထွက်လာပြီးနောက်မှာတော့ သုက နယ်မြေသစ်နှင့် ဇာတ်လမ်းဇာတ်ကြောင်းတွေကို ရှာဖွေဖို့ လမ်းကြောင်းကို ဖွင့်ပေးခဲ့တယ်။

“’ဘလက်စတား’ ဟန်ရှောင်းသည် ဤကမ္ဘာမြေကြီး၏ အဓိကဇာတ်ကောင်မဟုတ်ခဲ့ဘူး။"

[Galaxy Times] သည် ၎င်း၏အခြေခံအမှားကို လက်ခံရာတွင် ရဲရင့်ခဲ့ပြီး သူတို့၏ ရိုးသားသော သဘောထားသည် ကြည့်ရှုသူများထံမှ အပြုသဘောဆောင်သောတုံ့ပြန်မှုကို ရရှိခဲ့သည်။ အဆိုပါအပိုင်းသည် ဟန်ရှောင်း၏ လူကြိုက်များမှုကိုလည်း မြှင့်တင်ပေးပြီး သူ၏အဆင့်အတန်းကို 'ဂြိုဟ်၏အဓိကဇာတ်ကောင်' ထက် ပိုမိုမြင့်မားသည့် အရာတစ်ခုအထိ အဆင့်မြှင့်တင်ခဲ့သည်။ ဒါက ကစားသမားတွေဆီက နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာ၏။

သူ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ။

ဟန်ရှောင်းသည်လည်း ရှိုးကို ကြည့်ခဲ့ပြီး အကျိုးသက်ရောက်မှုက သူအလိုရှိသည့်အတိုင်း အောင်မြင်ခဲ့သည်။ ကစားသမားများသည် သူ့ကို ပို၍ပင် မျှော်ကြည့်နေကြသည်၊ ဆိုလိုသည်မှာ ဟန်ရှောင်းကို ၎င်းတို့၏ နှလုံးသားထဲတွင် ပိုမိုနက်ရှိုင်းသော အဆင့်တွင် လက်ခံထားသည်ဟု ဆိုလိုသည်။

ထောင်ပေါင်းများစွာသော ကစားသမားများသည် ဖိုရမ်များတွင် အရူးအမူး ဆွေးနွေးခဲ့ကြပြီး ခေါင်းစဉ်၏ အရှိန်အဟုန်မှာ ရပ်တန့်သွားခြင်းမရှိပေ။

သို့သော် Bun-hit-dog ဇာတ်လမ်းတွဲသည် အချိန်တိုအတွင်း လူကြိုက်များရုံသာ ဖြစ်သည်ဟု မည်သူမျှ မထင်ကြပေ။ ရှိုးပွဲသည် လူအများထင်ထားသည်ထက် များစွာကြာရှည်စွာ ဆက်နွယ်နေခဲ့သည်။ အနာဂတ်တွင် မရေမတွက်နိုင်သောလူများက လူသိများသော ဤဇာတ်လမ်းတွဲကို ပြန်ကြည့်ကြလိမ့်မည်...

‘ဘလက်စတား’ ၏ စတင်ခြင်း။

စာစဉ် (၂၃)၊ အခန်း (၃၃၄) ပြီး၏။

လင်းဆက်

+++++

All Chapters