← Chapters

ရိုးလွန်းသော ထောင်ချောက်

Vol. 23 Ch. 335

ရိုးလွန်းသော ထောင်ချောက်

Vol. 23 Ch. 335

နေ့စဉ်မစ်ရှင်များသည် အဆင့်နိမ့်မစ်ရှင်များဖြစ်သည်။ အဖွဲ့တစ်ခု၏ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်သည် သတ်မှတ်ထားသောအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက်၊ အမှတ်များရရှိရန် နေ့စဉ်အလုပ်မစ်ရှင်များကို အသုံးမပြုနိုင်တော့ပေ။ ယင်းက အဖွဲ့များ၏ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်သည် ၎င်းတို့၏ အမှန်တကယ်စွမ်းဆောင်ရည်ကို ထင်ဟပ်စေကြောင်း သေချာစေသည်။

အမှတ် ၁၂၀ သည် ပထမဆုံးအဆင့် ဖြစ်သည်။ ဤသည်မှာ အလားအလာရှိသော ဖောက်သည်များကို အမှန်တကယ် ဆွဲဆောင်မည့် 'တရားဝင်' ကြေးစားတပ်ဖွဲ့ ဖြစ်လာရန် အနည်းဆုံးအမှတ်ဖြစ်သည်။

ပရော်ဖက်ရှင်နယ် ကစားသမားများသည် စွမ်းဆောင်ရည်ကောင်းကြ၏။ သူတို့အဖွဲ့သည် ရက်တိုတိုအတွင်း ယုံကြည်မှုရမှတ် ၁၂၀ကို ရနိုင်ခဲ့သည်။ ထို့နောက် ဟန်ရှောင်းသည် ထိပ်တန်းပံ့ပိုးကူညီသူ သုံးဦးဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး၊ ဟောက်ထျန်းနှင့် ‘ဘာစာကာ’အဖွဲ့မှူး ‘ယန်ရန်’တို့နှင့်အတူ အဖွဲ့မစ်ရှင်ဆုအား ထုတ်ပြန်ခဲ့သည်။ ဟန်ရှောင်းခေါ်ယူခဲ့သော ကစားသမားများသည် ဂိုဏ်းကြီးလေးခုတွင်သာ ကန့်သတ်ထားခြင်း မရှိသည့်အပြင် ထိပ်တန်းဂိမ်းကလပ်များနှင့် မိုးကြိုးမုန်တိုင်းအသင်းနှင့် ‘ဘာစာကာ’ကဲ့သို့သော ပြိုင်ပွဲများမှ လူများကို သေချာခေါ်ယူခဲ့သည်။ မိုးကြိုးမုန်တိုင်းအသင်းက အဆင်ပြေ၏။ သူတို့တွင် အလှပဂေးလေး Rainy Kim ကိုတောင် ပိုင်ဆိုင်ထားတာကြောင့် လူစိတ်ဝင်စားမှု အများအပြား ရရှိခဲ့သည်။ တစ်ဖက်တွင်မူ ‘ဘာစာကာ’သည် ထိပ်တန်းအဆင့် တိုက်ပွဲဝင်အသင်းတစ်သင်း ဖြစ်လင့်ကစား လူသိများသူ များစွာမရှိပေ။ ရိုးရိုးသားသားပြောရရင် ဟန်ရှောင်းသည် ‘ယန်ရန်’သာ ဒီတစ်ကြိမ်မှာ ထိပ်တန်းသုံးယောက်ကို မတက်နိုင်ခဲ့လျှင် သူတို့အကြောင်းကို လုံးလုံးမေ့သွားလိမ့်မည်။

ဟန်ရှောင်းသည် ထိုအပိုဆုသုံးခုကို ပေးခဲ့ပြီး အသင်းအဖွဲ့ကို ပံ့ပိုးပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေကြောင်း ကစားသမားများအား ပြန်လည်အလေးပေးပြောကြားလိုက်သည်။ အပိုဆုကြေးမှာ သူ၏ အသစ်ထုတ်လုပ်လိုက်သော [SIN – အမျိုးအစာ-A ကာဗွန်ဘဝပုံစံ ရေဒါ (ခေါင်းဆောင်း)] ဖြစ်သည်။ ၎င်းသည် အဖွဲ့အမှတ် ၈၀၀ ဖြင့်သာ လဲလှယ်နိုင်ပြီး အခြားကစားသမားများ၏ မနာလိုမှုကို ချက်ချင်းဖိတ်ခေါ်နိုင်သည့် အရာဖြစ်သည်။

ထို့နောက် ဟန်ရှောင်းက “ဒီခေါင်းဆောင်းက မင်းရဲ့အမြင်အာရုံကို အများကြီး မြှင့်တင်ပေးနိုင်ပြီး အလွန်ဆိုးဝါးတဲ့ ပတ်ဝန်းကျင်မှာလည်း အသုံးချနိုင်တယ်…”

သူက ဦးထုပ်၏ လုပ်ငန်းဆောင်တာများကို အနာဂါတ်ပြင်ပမစ်ရှင်များအတွက် ဤခမောက်၏ လိုအပ်ကြောင်းကို အဓိပ္ပာယ်သက်ရောက်စေသည့် ပုံစံဖြင့် ရှင်းပြခဲ့သည်။

ကံထူးရှင် သုံးဦးသည် ၎င်းတို့အတွက် ၎င်း၏ထူးခြားချက်များကို စမ်းသပ်ရန် ခမောက်ကို အမြန်ဝတ်ဆင်လိုက်သည်။ အတွင်းပိုင်းစခရင်သည် စွမ်းအင်သိပ်သည်းဆကဲ့သို့သော ၎င်းတို့၏ပတ်ဝန်းကျင်ရှိ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက်အလက် အမျိုးမျိုးကို ပြသနေသည်။ မျက်နှာပြင်ကို ကိုယ်တိုင်တောင် ချိန်ညှိနိုင်ကြ၏။ ဤပစ္စည်း၏ လုပ်ဆောင်ချက်သည် ရှင်းရှင်းလင်းလင်း သိမြင်လွယ်ပြီး ဦးခေါင်းအတွက် သင့်လျော်သော ကာကွယ်မှုကို ပေး၏။ ကစားသမား အတန်းအစားအားလုံးနှင့် လိုက်ဖက်သည့် ပစ္စည်းတစ်ခုပင်။

ဓားရူးသည် ဟောက်ထျန်းနှင့် နီးကပ်နေပြီး ၎င်းကို စမ်းသပ်ရန် ခမောက်ကို ခဏငှားလိုက်သည်။ သူဝတ်ဆင်ကြည့်ပြီးနောက် မနေနိုင်ဘဲ ရေရွတ်မိတော့သည်။ “ဒါက တကယ်ကောင်းတဲ့ ပစ္စည်းတစ်ခုပဲ”

တခြားသူတွေက ဒါကိုမြင်ပြီးတာနဲ့ သူတို့ကိုယ်တိုင် ကြည့်ဖို့ ခမောက်ကို အလှည့်ကျ ဝတ်ဆင်ကြည့်ကြသည်။ ထို့နောက် ၎င်းတို့သည် အနာဂတ်တွင် ဤပစ္စည်းကို ရရှိနိုင်ရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ယခင်အဖွဲ့မစ်ရှင်ဆုနှင့် ပထမအသုတ်အဖြစ် လူသစ်စုဆောင်းခြင်းအတွက် ပေးအပ်သည့်ဆုနှင့်အတူ၊ ကစားသမားအများစုသည် ပံ့ပိုးမှုအမှတ် ၆၀၀ ကို စုဆောင်းထားပြီး ဦးထုပ်အတွက် ၂၀၀သာ လိုတော့သည်။

ဟန်ရှောင်းသည် ကစားသမားများ၏ မချင့်မရဲဖြစ်နေသောခံစားချက်များကို မျှားခေါ်ရန် ရည်ရွယ်ချက်ဖြင့် ခမောက်၏စျေးနှုန်းကို အမှတ် ၈၀၀ သတ်မှတ်ထားသည်။ ပစ္စည်းကို ရယူနိုင်ရန် အမှတ်နည်းနည်းသာ လိုခြင်းကြောင့် သူတို့သည် မစ်ရှင်များ ပိုမိုလုပ်ဆောင်လိုခြင်း သို့မဟုတ် သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွှတ်ခြင်း သို့မဟုတ် ၎င်းနှင့် လဲလှယ်ရန် ငွေကြေးကိုပင် အသုံးချလိမ့်မည်ဖြစ်သည်။

ကစားသမားများသည် ပံ့ပိုးကူညီမှုအမှတ် ၆၀၀ ကို အလွယ်တကူ ရနိုင်သည်ဟု ထင်ရသော်လည်း၊ ၎င်းသည် ကစားသမားများနှင့် ဆက်ဆံသည့်အခါတိုင်း ဟန်ရှောင်းအကောင်အထည်ဖော်ခဲ့သည့် နည်းဗျူဟာတစ်ခုမျှသာ ဖြစ်သည်။ သူသည် ပစ္စည်းတစ်ခုအတွက် ကစားသမားများ၏ ဆန္ဒကို ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲထားသည်။ သူ့ဆိုင်တွင် ရနိုင်သောပစ္စည်းများသည် စျေးသက်သက်သာသာနှင့် ယုံကြည်စိတ်ချရပြီး အဖွဲ့အမှတ်များ၏ ဆွဲဆောင်မှုဖြင့် ပေါင်းစပ်လိုက်သောကြောင့် ကစားသမားများသည် သူတို့၏ငွေကို သုံးစွဲလိုသည့်အခါတိုင်း ဟန်ရှောင်းသည် သွားရမည့်နေရာ ဖြစ်မည်ဟု ဆိုလိုသည်။

ယခုသူဆုံးဖြတ်ခဲ့သည့် ‘အီနက်စ်’ မှ အဖွဲ့၏ ပံ့ပိုးကူညီမှုအမှတ်များ၏ ငွေလဲနှုန်းသည် ‘ကြားနေ’အဆင့်ရှိသူများအတွက် ၅၀:၁၀၀ ဖြစ်သည်၊ ထိုအရာမှာ ပံ့ပိုးမှုရမှတ် ၀ – ၁,၀၀၀ ဖြစ်သည်။ ထို့ကြောင့်၊ ကစားသမားများ၏ စိတ်ထဲတွင် ဦးထုပ်၏တန်ဖိုးမှာ ၄၀၀ အီနက်စ် ဖြစ်သည်။ ကျန်တာတွေကို ပေးချေဖို့ သူတို့ရဲ့ ပံ့ပိုးမှုအမှတ်တွေကို အသုံးပြုပြီး မူလပေါက်ဈေး၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ဝယ်ယူနိုင်သည့်အတွက် သူတို့က စျေးတော်တော်ကြီး သက်သာနေသလို ခံစားရသည်။

ကစားသူများ၏ တစ်ဝက်သည် ဟွန်းစတား စီးနင်းမှုမှ အီနက်စ် ၁,၅၀၀ ရရှိပြီး တစ်စုံတစ်ခုအတွက် ငွေကြေးသုံးစွဲရန် လက်ယားနေကြသည်။ ကျန်တစ်ဝက်မှာ နေ့စဥ်အလုပ်များသာ လုပ်နေရသောကြောင့် များများစားစားမရှိပေ။ သို့သော် အများစုမှာ အရူးအမူးဖြင့် ကျန်လူတစ်ဝက်ထံမှ ချေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။

“ငါတို့အားလုံးက ဒီမှာ အလုပ်အတူတူ လုပ်နေကြတာလေ။ တစ်ရာပဲဟာကို။ မင်းငါ့ကို ဒီငွေနည်းနည်းလောက်တောင် မချေးဘူးလား။"

"မင်း မချေးဘူးလား? မင်းငါ့ကို အထင်သေးနေတာလား"

“အေးပါကွာ၊ ငါတို့က ဒီမှာ အပေါင်းအဖော်တွေပဲ။ ငါတို့က နောက်ဆို ပိုက်ဆံပိုမှာ သေချာတယ်။ မင်းကိုပြန်မပေးမှာ မပူပါနဲ့။ ငါ ဒီမှာ ဘယ်ကို ပြေးနိုင်မှာလဲ၊ မင်းငါ့ကို ပိုက်ဆံနည်းနည်းလောက်ချေးရင် မင်းကို ကျေးဇူးတစ်ခု ဆပ်ရမယ်လေ"

ပရမ်းပတာဖြစ်နေသော မြင်ကွင်းတစ်ခုပြီးနောက်၊ နောက်ဆုံးကစားသမားအုပ်စုသည် အကြွေးတင်ခံပြီး သူတို့၏ ကိုယ်ပိုင်ဦးထုပ်များကို ရယူနိုင်ခဲ့သည်။

ဟုတ်ပါသည်၊ နတ်ဘုရားကျောင်းဆောင်မှ ကစားသမားများမှာ အကြွေးအများဆုံး ဖြစ်သောကြောင့် လီကဲက စိတ်ထဲအလွန်မကောင်းဖြစ်နေ၏

ဖောက်သည်ငါးဆယ်ခန့် ရရှိသွားသော ဟန်ရှောင်းသည် သူလုပ်ခဲ့သော ခမောက်များအားလုံးအတွက် တစ်ကြိမ်တည်းနှင့် အီနက်စ် ပေါင်း ၆,၀၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့သောကြောင့် သူ့ကိုယ်သူ အလွန်ကျေနပ်သွားသည်။

ဤခမောက်များကို ‌ရေပင်လယ်ဂြိုလ်မှ ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အမှန်တကယ် ကုန်ကျစရိတ်မှာ ဘာမှမရှိပေ။ ဤနေရာတွင် အမြတ်အစွန်းသည် လက်တွေ့အားဖြင့် ရူးလောက်စရာဖြစ်နေသည်။

…

ကြေးစားစစ်သား မဟာမိတ်၏ ဧည့်ခန်းသို့ သူတို့၏ လူအုပ်စု ရောက်ရှိလာပြီးနောက်၊ ဟန်ရှောင်းသည် ဆူနီမျိုးနွယ်မှ ပေးအပ်သော အလုပ်များကို လက်ခံရန်အတွက် အင်တာဖေ့စ်ကို ဖွင့်ရန် အဆင်သင့်ဖြစ်နေ၏။ သို့သော် ယနေ့ ဧည့်ခန်းသည် အနည်းငယ် ထူးဆန်းသည်ဟု သူ သတိပြုမိသွားသည်။ ကြေးစားလူအုပ်ကြီးသည် ဧည့်ခန်း၏ ထောင့်တစ်နေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

ဟန်ရှောင်းသည် စူးစမ်းလိုစိတ်ရှိသူဖြစ်သောကြောင့် လမ်းလျှောက်သွားရာ လူအုပ်စု၏ ဝိုင်းရံနေသော အပြာရောင် အသားအရည်နှင့် အရပ်ပုပုလူတစ်ယောက်ကို မြင်လိုက်ရသည် ။ ထိုလူသည် ဖန်စီကျကျ ပွပွချောင်ချောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သံချွန်ကဲ့သို့ ဆံပင်၊ နားရွက်ချွန်နှင့်ဖြစ်ပြီး နှာခေါင်းမပါရှိပေ။ မျက်လုံးနှစ်လုံးက တင်းကျပ်စွာဖြင့် ပိတ်ခါနီးဆဲဆဲ အပေါက်လေးဖြစ်နေပြီး ပါးစပ်မှာ ဇောက်ထိုးကွေးညွတ်ကာ ဒေါသထွက်သည့်ပုံ ဖြစ်နေသည်။ ဤလူသည် ‘ဘလူးနစ်’ ဖြစ်ပြီး ၎င်း၏အသွင်အပြင်သည် အီမိုဂျီနှင့် ဆင်တူသည်။

‘ဘလူးနစ်’ အပေါ် အခြားမျိုးစိတ်များတွင်ရှိသော အထင်အမြင်မှာ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်သော၊ အခွင့်အရေးသမား ဖြစ်သည် ။ အထူးသဖြင့် ဤ ‘ဘလူးနစ်’ သည် ငွေကြေးအဖွဲ့၏ ကုန်ကြမ်းပစ္စည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည်။ သင့်လျော်သော အလုပ်ခန့်ထားမှု လမ်းကြောင်းများကို ဖြတ်သန်းခဲ့မည်ဆိုပါက သူပေးဆောင်ရမည့် သေးငယ်သော လုပ်ငန်းစဉ်စရိတ်ကို သက်သာစေရန်အတွက် ကြေးစားအလုပ်သမားများကို ငှားရမ်းရန် လူကိုယ်တိုင် လာရောက်လာသည်။

ဤ ‘ဘလူးနစ်’ ကို ‘မာတင်’လို့ ခေါ်ပြီး သူ့အလုပ်ကမ်းလှမ်းမှုကို မိတ်ဆက်နေချိန်ဖြစ်ပါတယ်။ “ကျွန်တော်က ဂါတွန်ဂြိုလ်-၇၉၁ကို သုံးရက်ကြာ စုံစမ်းစစ်ဆေးဖို့ သွားနေတဲ့ ပစ္စည်းများ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖြစ်ပါတယ်။ ကျွန်တော်တို့က သက်တော်စောင့်များ ငှားရမ်းရန် ရှာဖွေနေပါသည်။ လူတစ်ဦးစီကို ၄၀၀ အီနက်စ် ပေးမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အဖွဲ့သားများကို ကာကွယ်ဖို့ သင်တို့မှာ တာဝန်ရှိမှာဖြစ်တယ်။ စုံစမ်းထောက်လှမ်းမှု ဆောင်ရွက်မယ့်နေရာက ဘယ်သားရဲကိုမဆို ရှင်းထုတ်ရမှာဖြစ်ပြီး အန္တရာယ်ရှိသောနေရာများတွင် ကင်းထောက်လုပ်ဆောင်ရမှာဖြစ်သည်။ ကျွန်တော်တို့က အနည်းဆုံး ယုံကြည်စိတ်ချရသောအဆင့် ၁၂၀ ရှိတဲ့ အဖွဲ့များကိုရှာဖွေနေပါသည်...”

ပတ်ဝန်းကျင်ရှိ ကြေးစားစစ်သားများက အေးစက်သည့် မျက်နှာများဖြင့်သာ။ ၄၀၀ အီနက်စ် သည် အလွန်ဆွဲဆောင်မှုရှိသော ဆုလာဘ်မဟုတ်ပေ။ ထို့အပြင်၊ ဤသဘောတူညီချက်ကိုတရားဝင် ကြေးစားစစ်သား မဟာမိတ်ချန်နယ်မှတဆင့် သွားမည့်အစား ဤသဘောတူညီချက်ကို သီးသန့်ပြုလုပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ စနစ်တွင် မှတ်တမ်းများ မပါရှိဘဲ အလုပ်ပြီးမြောက်ခြင်းအတွက် ယုံကြည်စိတ်ချမှု အမှတ်များ ရရှိနိုင်မည် မဟုတ်ပေ။ အနီးနားရှိ ကြေးစားအလုပ်သမားများသည် မည်သူမျှ အလုပ်ကို ရယူရလောက်အောင် စိတ်မဝင်စားကြပေ။

ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်သွားပြီး သူ့ကြယ်မြေပုံကို စစ်ကြည့်လိုက်သည်။ ဂါတွန်ဂြိုလ်-၇၉၁က ဆူနီရဲ့ နေအိမ်အခြေစိုက်စခန်းနဲ့ နီးတယ်။ ငါတို့ လမ်းမှာ ငွေနည်းနည်းလောက် ရှာလို့ရနိုင်တယ်။ ဆုငွေ ၄၀၀အီနက်စ် ပဲရှိပေမယ့် ငါတို့ရဲ့ လူငါးဆယ်လုံးရနိုင်တယ်ဆိုရင် မဆိုးပါဘူး။

၎င်းသည် သက်မဲ့ဂြိုလ်တစ်ခုသာ ဖြစ်သောကြောင့် ကုဒ်ဖြင့် နာမည်ပေးသည်။ အခြေခံအားဖြင့် ၎င်းသည် အရင်းအမြစ်တူးဖော်ရန်အတွက် သီးသန့်ဂြိုဟ်ဖြစ်သည်။

ဟန်ရှောင်းသည် လူအုပ်ကို ဖြတ်ကျော်ကာ ဘလူးနစ် သို့ လမ်းလျှောက်လာပြီး “’ဘလက်စတား’ ကြေးစားတပ်ဖွဲ့ လူ ၅၀။ လောလောဆယ် အုပ်စုတာဝန်တွေပဲ ရှိတယ်။”

"မင်းရဲ့ ယုံကြည်စိတ်ချရမှုအဆင့်ကို ငါစစ်ဆေးပါရစေ။" မာတင်က ဟန်ရှောင်းကို မျက်လုံးနဲ့ အမြန်စကင်န်လုပ်ပေးပြီး အတော်ပျော်သွား၏။ နေ့တစ်ဝက်လောက် အော်ဟစ်ခဲ့ရပြီး သူ့ကမ်းလှမ်းချက်ကို လက်ခံမယ့်သူကို နောက်ဆုံးတော့ သူရှာတွေ့သွား၏။

ဟန်ရှောင်းသည် သူ၏ ကြေးစားစစ်သား အချက်အလက် စာမျက်နှာကို ဆွဲထုတ်ပြီး မာတင်ထံ ပေးပို့လိုက်သည်။

ဤ ကြေးစားစစ်သားအဖွဲ့သည် ယုံကြည်စိတ်ချရမှုအဆင့်သတ်မှတ်ချက် လိုအပ်ချက်သို့ ရောက်ရှိနေသည်ကို မာတင်မြင်သောအခါတွင် သူအလွန်ဝမ်းသာသွားသည်။ သို့သော် စာမျက်နှာအောက်သို့ ဆင်းသွားသောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ "တိုက်ခိုက်ရေးတာဝန်တွေကို မင်းဘယ်တုန်းကမှ လက်မခံဖူးဘူးလား"

‘ဘလက်စတား’ကြေးစားတပ်ဖွဲ့ ၏ ကိုယ်ရေးအကျဉ်းသည် ဗဟိုတွင် ပြီးမြောက်နိုင်သည့် နေ့စဉ်အလုပ်များဖြင့် ပြည့်နှက်နေသည်။ တော်တော်များများက သန့်ရှင်းရေး လုပ်ခြင်းဖြစ်သည်။ သာမာန်အားဖြင့်၊ ကြေးစားသမားများသည် ထိုကဲ့သို့သောအလုပ်များကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။

ဤကိုယ်ရေးအကျဉ်းသည် မာတင်ကို အတော်လေး ထိတ်လန့်သွားစေ၏။ ဒီလို ပျော့ညံ့သော 'ကြေးစားစစ်သားအဖွဲ့' ကို သူ တစ်ခါမှ မတွေ့ဖူးဘူးချေ။

စာစဉ် (၂၃)၊ အခန်း (၃၃၅) ပြီး၏။

လင်းဆက်

+++++

All Chapters