← Chapters

မီးကြာပန်းကပ်ဘေးစွမ်းအား

Vol. 71 Ch. 994

မီးကြာပန်းကပ်ဘေးစွမ်းအား

Vol. 71 Ch. 994

အလယ်အခြေအနေနတ်ဘုရားလက်က အရှင်အဆင့်နဲ့ ညီမျှတယ်။

ပြီးရင်တော့ အကြိုနတ်ဘုရားအောက်တစ်ယောက်ကမှ သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်နိုင်တော့မှာမဟုတ်ဘူး၊ သူက ဘယ်တော့မှဒဏ်ရာရလိမ့်မှာမဟုတ်ဘူး။

"ဖရိုဖရဲမီးကြာပန်းက စကြာဝဠာအဖျက်အဆီးမှဖန်တီးခဲ့တဲ့စကြာဝဠာရတနာတစ်ခုပဲ။ အဲဒါမှာ ကပ်ဘေးစွမ်းအားပါဝင်ဖို့က အလွန်သာမန်ပါပဲ"

တစ်ခုခုပျက်ဆီးတဲ့အချိန်တိုင်း ကပ်ဘေးစွမ်းအားက စိမ့်ထွက်လိမ်မယ်၊ စကြာဝဠာပျက်ဆီးတာလည်း အတူတူပါပဲ။

လီဖူချန်းရဲ့နှလုံးသားထဲမှာ ဖရိုဖရဲမီးကြာပန်းကို သူ့အပိုင်လို့ သတ်မှတ်ထားပြီဖြစ်တယ်။

"ဖရိုဖရဲမီးကြာပန်းက ငါ့ဟာပဲ"

"အဓိပ္ပါယ်မရှိတာတွေ၊ ဖရိုဖရဲမီးကြာပန်းက ငါ့ဟာပဲ"

အရှင်အားလုံးက ဖရိုဖရဲမီးကြာပန်းဆီ တစ်ဟုန်ထိုးပြေးလာနေတယ်။

သူတို့အကြားမှာ အစိမ်းရောင်ဆံပင်နဲ့အကြီးအကဲက အမြန်ဆုံးဖြစ်တယ်။

"ဒါက အဆင့်၈၈အစိမ်းရောင်ဝိညာဉ်ဘိုးဘေးပဲ၊ အားလုံးပဲ သူ့ကို အတူတူတိုက်ခိုက်ကြ။ ဖရိုဖရဲမီးကြာပန်းက သူ့လက်ထဲ ရောက်သွားတာနဲ့ ငါတို့မှာ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး"

ပြိုသ်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းက ကြီးမားလွန်းတယ်။ တစ်‌ယောက်မှ တစ်ဦးချင်းတိုက်ပွဲမှာ အစိမ်းရောင်ဝိညာဉ်အရှင်ဘိုးဘေးအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ဘူး။ ပိုအားနည်းတဲ့အရှင်တွေက တစ်ကွက်တည်းနဲ့ အပြင်းအထန်ဒဏ်ရာရသွားပေလိမ့်မယ်။

ဝုန်း ဝုန်း ဝုန်း......

တိုက်ခိုက်မှုဒါဇင်ကျော်က အစိမ်းရောင်ဝိညာဉ်ဘိုးဘေးဆီ ကျရောက်လာတယ်။ သူ့ကို အဝေးကို လူးလိမ့်သွားစေပြီး ဖရိုဖရဲမီးကြာပန်းကို မရရှိစေတော့ဘူး။

"တောက်၊ မင်းတို့အားလုံးသေရမယ်"

အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက ဒေါသထွက်သွားပြီး အရှင်တွေကို စတင်တိုက်ခိုက်ခဲ့တယ်။

ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က တကယ်အံ့မခန်းပဲ။ အများကြီးနဲ့တိုက်ခိုက်‌နေရတာတောင် သူက အသာစီးရနေတုန်းပဲ၊ သူတို့ထဲကတစ်ယောက်အှ သာမန်အရှင်တွေမဟုတ်ဘူး၊ အများစုက လက်ရွေးစင်အရှင်တွေဖြစ်ပြီး တော်တော်များများက အထွတ်အထိပ်အရှင်တွေ ဖြစ်ကြတယ်။

ကျော်ကြားမှုမရှိတာကလည်း အခွင့်အရေးကောင်းတစ်ခုပဲ။ လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ကို သိတဲ့သူတစ်ယောက်မှ မရှိဘူး။ ဒါ့ပြင့် ဒါက ဖရိုဖရဲဟင်းလင်းပြင်ဖြစ်ပြီး တစ်ယောက်‌ယောက်ရဲ့ချီတည်ရှိမှုက မထင်ရှားဘူး၊ ဒါကြောင့် လူတိုင်းက သူ့ကို သာမန်အရှင်တစ်ယောက်လို့ပဲ သတ်မှတ်ခဲ့ကြတယ်။

ဓားအလင်းတစ်ခုသို့ ပြောင်းကာ လီဖူချန်းက ဖရိုဖရဲမီးကြာပန်းဆီ အလွန်အမင်းအရှိန်နဲ့ ပျံသန်းသွားတော့တယ်။

"မကောင်းတော့ဘူး"

လီဖူချန်းရဲ့အရှိန်က မြန်လွန်းတယ်။ ဒီလိုမြန်နှုန်းက အထွတ်အထိပ်အရှင်တွေကို ‌ကျော်လွန်တယ်။

ထိုအချိန်မှာ ရှင်းပြချက်နှစ်ခုသာရှိတယ်။ ပထမ၊ လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်တယ်။ ဒုတိယ၊ လီဖူချန်းမှာ သူ့ရဲ့အရှိန်ကိုတိုးမြင့်စေနိုင်တဲ့အသုံးအဆောင်ပစ္စည်းတစ်ခု ရှိတယ်။

ဖြစ်နိုင်ချေတစ်ခုမှ အားလုံးအတွက် မကောင်းပါဘူး။

"ဒီအနေအထားမှ အကျိုးအမြတ်ရဖို့ အိမ်မက်မမက်နဲ့"

ဦးစွာလှုပ်ရှားသူက အစိမ်းဝိညာဉ်ဘို‌ဘေးပါပဲ။ အစိမ်းရောင်ဧရာမလက်သည်းတစ်ခုက လီဖူချန်းကို ဝန်းရံလာတယ်။

အခြားသူတွေက လှုပ်ရှားချင်ပေမယ့် အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး။ သူတို့ လှုပ်ရှားတဲ့အချိန်မှာ လီဖူချန်းက ဖရိုဖရဲမီးကြာပန်းကို ရရှိထားပြီဖြစ်တယ်။

ဒါပေမယ့် ဖရိုဖရဲမီးကြာပန်းကို လီဖူချန်း ရသွားမှာနဲ့ ပတ်သက်ပြီး တစ်ယောက်မှ မစိုးရိမ်ပါဘူး။ အစိမ်းဝိညာဉ်ဘိုးဘေးက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ပဲ။ သူက လှုပ်ရှားနေသရွေ့ လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုရင်တောင် အပြင်းအထန်သက်ရောက်ခံရလိမ့်မယ်။

ဖြောက်......

အစိမ်းရောင်လက်သည်းက ဓားအလင်းကို ထိမှန်ရုံသာ တတ်နိုင်ခဲ့တယ်။ လီဖူချန်းက ဖရိုဖရဲမီးကြာပန်းဘေးနားကို ရောက်ရှ်ိလာပြီး ၎င်းကို ရိတ်သိမ်းဖို့ လက်ကို ဆန့်ထုတ်လိုက်တယ်။

"ဒိလိူအပူနဲ့အလေးချိန်"

ဖရိုဖရဲမီးကြာပန်းက ချစ်ချစ်တောက်ပူပြီး ၎င်းကို ကိုင်လိုက်တဲ့အခါ လီဖူချန်းရဲ့စွမ်းအင်က ပြင်းပြင်းထန်ထန်လျော့ကျလာတယ်။ ဒီလိုကုန်ခန်းခြင်းအရှိန်က တိုက်ပွဲမှာထက် အဆထောင်ကျော်ပိုမြန်တယ်။ သူ့ရဲ့စွမ်းအင်စုဆောင်းခြင်းက ပြိုင်ဘက်ကင်းအရှင်အဆင့်ကို ရောက်ရှိနေတာပဲ၊ မဟုတ်ရင် အဲဒါက အလွန်အမင်း ဒုက္ခများပေလိမ့်မယ်။

တစ်ချိန်တည်းမှာ ဖရိုဖရဲမီးကြာပန်းက အတော်လေးလံတယ်။ သူက စကြာဝဠာသစ်ပင်တစ်ပင်ကို ဆွဲယူနေသလို လီဖူချန်းက ခံစားရပြီး သူ့ရဲ့ခွန်အားအကုန်လုံးကို အသုံးပြုနေရတယ်။

"သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ပဲ" လူတိုင်းက နောက်ဆုံးတော့ နိုးထလာတယ်။

သူတို့တွေး‌မိတဲ့အခိုက်မှာပဲ ထစ်ချုန်းသံတစ်ခု ထွက်လာပြီး လီဖူချန်းက ဖရိုဖရဲမီးကြာပန်းကို ဆွဲယူလိုက်တယ်။ တစ်ခဏအကြာမှာ ‌‌ တောက်ပတဲ့မီးအလင်းတွေက လီဖူချန်းကို လွှမ်းခြုံသွားတယ်။

"သေစမ်း"

အစိမ်းရောင်ဝိညာဉ်ဘိုးဘေးရဲ့တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုဒါဇင်ကျော်က လီဖူချန်းဆီ ပျံသန်းလာနေတယ်။

ဝုန်း ဒုန်း......

လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အခါ တိုက်ခိုက်မှုတွေက ပေါက်ကွဲထွက်သွားတယ်၊ ဒါပေမယ့် သူတို့က လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှ အမွေးတစ်ပင်ကိုတောင် မထိခိုက်စေခဲ့ဘူး။

"မဖြစ်နိုင်ဘူး" အစိမ်းရောင်ဝိညာဉ်ဘိုးဘေးရဲ့မျက်လုံးတွေက ပြူးကျယ်လာတယ်။

လီဖူချန်းက သူ့ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းတာက အဆင်ပြေပါတယ်၊ ဒါပေမယ့် လီဖူချန်းက သူ့ရဲ့တိုက်ခိုက်မှုကို လက်ခံခဲ့တာပဲ။

လီဖူချန်းက အဆင့်ပိုမြင့်မားတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုရင်တောင် သူ့ထံမှတိုက်ခိုက်မှုတစ်ခုကို လက်ခံပြီးနောက် လုံးဝဒဏ်ရာမရဖို့က လီဖူချန်းအတွက် မဖြစ်နိုင်ဘူး။

လီဖူချန်းမှာ ထူးကဲအဆင့်အန္တိမအဆင့်ခုခံမှုအသုံးအဆောင်ပစ္စည်းဒါမှမဟုတ်ထူးကဲအဆင့်အန္တိမအဆင့်ချပ်ဝတ်အချို့ ရှိနေတာများလား။

ထူးကဲအဆင့်အန္တိမအဆင့်ခုခံမှုအသုံးအဆောင်ပစ္စည်းနဲ့ချပ်ဝတ်တွေကတောင် သူတို့ရဲ့တိုက်ခိုက်မှုတွေကို အပြည့်အဝမဖယ်ရှားနိုင်ဘူး။ အဲဒါက သာမန်အရှင်တွေရဲ့တိုက်ခိုက်မှုတွေကိုသာ ဖယ်ရှားနိုင်တယ်။

"ဒါက ငါ့ကပ်ဘေးစွမ်းအားရဲ့ငါးရာခိုင်နှုန်းကိုသာ လျော့ကျစေတယ်။ ပြိုင်ဘက်ကင်းအရှင်တွေကြားမှာတောင် ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတာပဲ"

အစိမ်းရောင်ဝိညာဉ်ဘိုးဘေးနေရာမှာ ကာဒီနယ်တောက်ပဓားဘိုးဘေးသာဆိုရင် ဓားတစ်ကွက်က သူ့ရဲ့က‌ပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်ဖို့လုံလောက်ပြီး သူ့ကို ဒဏ်ရာရစေနိုင်လိမ့်မယ်။

လက်ရှိအချိန်မှာ သူရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်ဖို့ဆိုရင် အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက အနည်းဆုံးတိုက်ကွက်နှစ်ဆယ် လိုအပ်လိမ့်မယ်။

အခြားသူတွေရဲ့တိုက်ခိုက်မှုတွေကတော့ အားလုံးပေါင်းလိုက်ရင်တောင် အစိမ်းရောင်ဝိညာဉ်ဘိုးဘေးရဲ့တိုက်ခိုက်မှုတစ်ခုကို‌ မယှဉ်နိုင်ဘူး။

ဖရိုဖရဲမီးကြာပန်းကို ရရှိပြီး‌နောက် လီဖူချန်းက အဲဒါကို သိုလှောင်နိုင်တယ်လို့ မဆိုလိုဘူး။

၎င်းကို အရင်ချိတ်မပိတ်ရင် အကောင်းဆုံးအဆင့်ရှိနေရာလပ်လက်စွပ်ကတောင် ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအင်ကို မရင်ဆိုင်နိုင်ဘူး။

"ချိတ်ပိတ်စမ်း"

ဓားအင်းကွက်တွေက ဖရိုဖရဲမီးကြာပန်း‌ကို ဝန်းရံသွားတယ်။

ဓားအင်းကွက်တွေက ပိုသိပ်သည်းလာပြီးပိုစုစည်းလာတာကြောင့် ဖရိုဖရဲမီးကြာပန်းရဲ့စွမ်းအင်က ပိုပိုအားနည်းလာပြီး နောင်ဆုံးမှာ ချိတ်ပိတ်နိုင်ခဲ့တယ်။

ဒါပေမယ့် ချိတ်ပိတ်မှုက ယာယီဖြစ်ပြီး ၎င်းက ဓားအင်းကွက်ချိတ်ပိတ်ကို ချိုးဖြတ်ဖို့က အချိန်ကြာလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒါက နောင်ကိစ္စတစ်ခုပဲ။

ဖရိုဖရဲမီးကြာပန်းကို သိမ်းပြီးနောက် လီဖူချန်းက အားလုံးက ပြုံးကာကြည့်ကာ ပြောလိုက်တယ်"အားလုံးကို နှုတ်ဆက်ပါတယ်"

ဓားအလင်းတစ်ခုလက်သွားပြီး လီဖူချန်းက အဝေးကို ရောက်ရှိသွားတယ်။

"ထွက်သွားဖို့ မစဉ်းစားနဲ့" အစိမ်းဝိညာဉ်ဘိုးဘေးက အစိမ်းရောင်အလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး နောက်မှ လိုက်သွားလေတယ်။

အခြားသူတွေအတွက်ကတော့ သူတို့က တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်ရုံသာ တတ်နိုင်တယ်။

သူတို့က လီဖူချန်းကို လိုက်မမီနိုင်ဘူး၊ လိုက်မီရင်တောင် သူတို့က လီဖူချန်းကို ဘာမှမလုပ်နိုင်ဘူး။

လီဖူချန်းမှာ အံ့မခန်းအသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်ချပ်ဝတ်တစ်ခုရှိတယ်ဆိုတာ အစိမ်းဝိညာဉ်ဘိုးဘေးက သေချာတယ်၊ သို့မဟုတ်ရင် လီဖူချန်းက တန်ပြန်တိုက်ခိုက်လာပြီပေါ့။

လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားမရှိမှတော့ သူက လီဖူချန်းရဲ့စွမ်းအားကို ဖြည်းဖြည်းချင်းကုန်ခန်းစေရမယ်။

အကွာအဝေးတစ်ခုအထိ ပြေးပြီးနောက် လီဖူချန်းက ရပ်လိုက်တယ်။

"ထပ်မပြေးတော့ဘူးလား" အစိမ်းဝိညာဉ်ဘိုးဘေးရဲ့မျက်နှာက သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့ ပြည့်သွားတယ်။

"ငါက ဘာလို့ ထွက်ပြေးရမှာလဲ" လီဖူချန်းက ပြန်မေးလိုက်တယ်။

"မင်းထွက်ပြေးမပြေး ကိစ္စမရှိဘူး၊ အဆုံးသတ်က တစ်ခုပဲ ရှိတယ်" အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက ငါးရောင်စုံပုလဲတစ်လုံးကို ကောင်းကင်ထဲသို့ ပစ်မြှောက်လိုက်တယ်။ အဲဒါက ငါးရောင်အလင်းတောက်ပမှုတစ်ခုကို ထုတ်လွှတ်ကာ သူတို့နှစ်ယောက်ရှိတဲ့နယ်မြေကို ဝန်းရံသွားပြီး ဟာပေါက်တစ်ခုမှ မရှိတော့ပါဘူး။

"ဒါက ချိတ်ပိတ်အသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အဲဒါက နေရာလပ်-အချိန်အားလုံးကို ချိတ်ပိတ်ပြီး ငါတောင်မှ ဒါကို ချိုးဖြတ်ဖို့ တိုက်ခိုက်မှုတွေဒါဇင်ကျော်ကို ဆက်တိုက်ထုတ်ဖော်ဖို့လိုလိမ့်မယ်"

တိုက်ခိုက်မှုတွေ ဆက်တိုက်ထုတ်ဖော်ဖို့ဆိုရင် အဲဒါက အနှောင့်အယှက်ကင်းဖို့လိုအပ်တယ်။ ဒါကြောင့် လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုရင်တောင် သူ့အနေနဲ့ ချိုးဖြတ်ဖို့က မဖြစ်နိုင်ဘူး။ လီဖူချန်းက ထိပ်တန်းအဆင့်ဝင်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မဟုတ်ရင်ပေါ့လေ။

အတိတ်မှာ အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက အထွတ်အထိပ်အရှင်များစွာကို ဒီအသုံးအဆောင်ပစ္စည်းနဲ့ သတ်ဖြတ်ခဲ့တယ်။

ဒီချိတ်ပိတ်အသုံးအဆောင်ပစ္စည်းက ကျွမ်းကျင်သူများစွာကို ချိတ်ပိတ်မနိုင်တာ စိတ်မကောင်းစရာတစ်ခုပဲ။ ကျွမ်းကျင်သူများလွန်းရင် အဲဒါက အလွယ်တကူကျိုးပျက်သွားလိမ့်မယ်။

"မင်းသေဖို့အတွက် မင်းပြင်ဆင်နေတာမဟုတ်ပါစေနဲ့လို့ ငါ မျှော်လင့်တယ်" လီဖူချန်းက သရော်ပြုံးပြုံးလိုက်တယ်။

"သေချင်နေတာပဲ" အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက လီဖူချန်းကို ကုတ်ခြစ်လာတယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း" ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်လိုက်ရာ ငွေရောင်ဓားချီတစ်ခုက အစိမ်းဝိညာဉ်ဘိုဘေးကို ဝါးမျိုသွားတယ်။

"မဖြစ်နိုင်ဘူး"

အဆုံးမဲ့ဓားပင်လယ်ထဲမှာ ဓားချီလှိုင်းတွေက အစိမ်းဝိညာဉ်ဘိုးဘေးကို သနားစဖွယ်အခြေအနေသို့ တွန်းပို့နေ‌တယ်။

လီဖူချန်းက အစစ်အမှန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မှန်း သူ နောက်ဆုံးတော့ နားလည်ခဲ့တယ်။

"အလွှာကိုးထပ်အစိမ်းရောင်ဝိညာဉ်၊ ဖွင့်လှစ်စမ်း"

ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းလျက် အစိမ်းရောင်ဝိညာဉ်ဘိုးဘေးရဲ့စွမ်းအင်အထုတ်ပမာဏက ဆယ်ဆကျော်တိုးလာတယ်။

ပုံမှန်အားဖြင့်ပြောရရင် စွမ်းအင်အထုတ်ပမာဏမှာ အကန့်အသတ်တစ်ခုရှိတယ်၊ ဒါပေမယ့် လျှို့ဝှက်နည်းစနစ်အချို့က အကန့်အသတ်ကို တိူမြှင့်စေနိုင်တယ်။

ဝုန်း......

စွမ်းအင်အထုတ်ပမာဏဆယ်ဆနဲ့အတူ အစိမ်းရောင်ဝိညာဉ်ဘိုးဘေးရဲ့လက်သည်းတိုက်ခိုက်မှုက ဆယ်ဆတိုးလာတယ်။ အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် အဲဒါက အဆုံးမဲ့ဓားပင်လယ်ကို ချိုးဖောက်သွားတယ်။

"ငါ့ရဲ့နောက်ဓားတစ်ကွက်ကို လက်ခံစမ်း။ မူလဘူတဓား"

အစိမ်းဝိညာဉ်အရှင်ကို တုံ့ပြန်ခွင့်မပေးဘဲ လီဖူချန်းရဲ့ဓားက ပေါက်ကွဲထွက်လာတယ်။

ဝှစ်......

ဓားအလင်းက အစိမ်းဝိညာဉ်ဘိုးဘေးရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။

ပြီးနောက် လီဖူချန်းက အစိမ်းရောင်ဝိညာဉ်ဘိုးဘေးကို အလုံးစုံဖိနှိပ်လာတော့တယ်။

"နောက်ဆုတ်ရမယ်"

အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက အလွန်အမင်းစိတ်တိုနေပေမယ့် သူက ဘာလုပ်ရမလဲကို ကျိုးကြောင်းဆက်စပ်နိုင်တယ်။ သူက ငါးရောင်စုံပုလဲကို သိမ်းပြီး အစိမ်းရောင်အလင်းတစ်ခုအဖြစ် ပြောင်းကာ ထွက်ပြေးလိုက်တော့တယ်။

"မင်း ဘယ်လောက်ကြာကြာထွက်ပြေးနိုင်မလဲကို ကြည့်ရတာပေါ့" အစိမ်းရောင်ဝိညာဉ်ဘိုးဘေးကို သတ်ဖို့ ခက်ခဲတယ်ဆိုတာကို သိရင်တောင်မှ လီဖူချန်းက ကြိုးစားချင်နေတုန်းပဲ။

သူတို့နှစ်ယောက်က အလွန်အမင်းအရှိန်နဲ့ ရွေ့လျားနေတယ်၊ လီဖူချန်းက အစိမ်းရောင်ဝိညာဉ်ဘိုးဘေးထကိ အနည်းငယ်ပိုမြန်တာကို တစ်ယောက်ယောက်က မြင်နိုင်တယ်။

"အစိမ်းရောင်မီးခိုးရွှေ့ပြောင်းခြင်း......"

သေရေးရှင်ရေးအခြေအနေမှာ အစိမ်းရောင်ဝိညာဉ်ဘိုးဘေးက အံ့မခန်း‌တည်နေရာရွှေ့ပြောင်းရေးလျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ မြန်နှုန်းတိုးသွားပြီး လီဖူချန်းကို အ‌နောက်မှာ ချက်ချင်းချန်ထားခဲ့တော့တယ်။

"ကိုင်တွယ်ရတကယ်ခက်တာပဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

အစိမ်း‌ရောင်ဝိညာဉ်ဘိုးဘေးမှာ ဝှက်ဖဲတွေအများကြီးရှိတယ်၊ ချိတ်ပိတ်အသုံးအဆောင်ပစ္စည်း၊ ပေါက်ကွဲခြင်းလျှို့ဝှက်နည်းစနစ်၊ တည်နေရာရွှေ့ပြောင်းရေးလျှို့ဝှက်နည်းစနစ်။

အသစ်ဖြစ်လာတဲ့လီဖူချန်းလိုအရှင်တွေကလွဲပြီး ရှေးအရှင်တွေမှာ အံ့မခန်းဝှက်ဖဲတွေရှိပြီး အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မှာမဟုတ်ဘူး။

"ဖရိုဖရဲမီးကြာပန်းရဲ့ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ နေရာတစ်ခုအရင်ရှာရမယ်"

ဖရိုဖရဲဟင်းလင်းပြင်က အလွန်အမင်းအန္တရာယ်များပေမယ့် ဖရိုဖရဲမီးကြာပန်းကို အပြင်ယူသွားတာကလည်း အလွန်အမင်းအန္တရာယ်များတယ်။ ပြိုင်ဘက်ကင်းအရှင်အုပ်စုတစ်စုက ရောက်လာရင် လီဖူချန်းက သန်မာရင်တောင် ဒဏ်ရာအနာတရမရှိဖို့က ဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး။

ဖရိုဖရဲဟင်းလင်းပြင်မှာ ပြိုင်ဘက်ကင်းအရှင်အများကြီးကို ရင်ဆိုင်ရမှာကိုတော့ စိုးရိမ်စရာမလိုပါဘူး။ သူက ပြိုင်ဘက်ကင်းအရှင်လက်တစ်ဆုပ်စာလောက်ကို ကိုင်တွယ်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။

အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက ပုံမှန်မဟုတ်တဲ့မြေနိမ့်ပိုင်းတစ်ခုကို တွေ့လိုက်ရတယ်။ ဒီနေရာရှိဖရိုဖရဲစွမ်းအင်က အလွန်စုစည်းပြီး ပျက်စီးယိုယွင်းမယ့်လက္ခဏာတွေ ရှိတယ်။

မြေနိမ့်ပိုင်းရဲ့အလယ်မှာထိုင်လျက် လီဖူချန်းက ဖရိုဖရဲမီးကြာပန်းကို ယူထုတ်ကာ ၎င်းအပေါ်ရှိဓားအင်းကွက်ချိတ်ပိတ်ကို ဖယ်ရှားလိုက်တယ်။

ဝုန်း......

တောက်ပတဲ့မီးအလင်းနဲ့ထိတ်လန့်တုန်လှုပ်စရာအလွန်ပူပြင်းခြင်းဆန္ဒပေါက်ကွဲထွက်လာပြီး မြေနိမ့်ပိုင်းဧရိယာက ပေါက်ကွဲလုနီးပါးဖြစ်လာတယ်။

"စတင်ကြစို့"

လီဖူချန်းက သူ့ရဲ့ကပ်ဘေးစွမ်းအားကို လှည့်ပတ်ကာ ဖရိုဖရဲမီးကြာပန်းကို ဖိနှိပ်လိုက်တယ်။

နောက်အခိုက်မှာတော့ ကြောက်စရာကောင်းပြီးစေးပျစ်တဲ့စွမ်းအင်တစ်ခုက သူ့ရဲ့လက်ဝါးမှတစ်‌ဆင့် လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့တယ်။

"ဒိလိုသန့်စင်တဲ့ကပ်ဘေးစွမ်းအား" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

စကြာဝဠာရဲ့အဖျက်အဆီးမှထုတ်လုပ်တဲ့ကပ်ဘေးစွမ်းအားက သာမန်ကပ်ဘေးစွမ်းအားထက် အများကြီးပိုမြင့်တယ်။ စီးကြောင်းတစ်ခုက နှစ်ဒါဇင်ကျော်ကျင့်ကြံမှုကို အစားထိုးဖို့ လုံလောက်တယ်။

All Chapters