ကပ်ဆိုးရောက်လာပြီ။
Vol. 23 Ch. 340
လာဒန်သည် ရှေ့တန်းကင်းထောက်တပ်ဖွဲ့ဝင်များထံ ပါဝင်ရန် သူ့ဘာသာသူ ထွက်ခွာသွားခဲ့ပြီး ဟန်ရှောင်းသည် စစ်အခြေစိုက်စခန်းအတွင်း၌သာ ထိုင်စောင့်နေခဲ့သည်။ သို့သော်၊ သူသည် အတန်းခွဲများအတွက် ရည်မှန်းချက်ကို ပြည့်မီနေပြီဖြစ်သောကြောင့် ယခုအချိန်တွင် မြို့ထဲသို့ ထပ်မံဝင်ရောက်ရန် မလိုအပ်တော့ပေ။
ကပ်ဘေးကျရောက်မည့်ရက် နီးကပ်လာသည်နှင့်အမျှ လှိုင်းများ၏ အကျိုးသက်ရောက်မှုသည် ကမ္ဘာပေါ်ရှိလူတိုင်းအတွက် ပို၍ထင်ရှားလာသည်။ မှုန်ဝါးဝါးအသံက လူများ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ အသံသည် တစ်ချိန်တည်းမှာပင် ထူးဆန်းပြီး ရင်းနှီးသော အသံတစ်ခုဖြစ်သည်။ ဒါပေမယ့် အသံကို နားလည်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်တိုင်း တစ်ခါမှ မကြားဖူးသလို ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်။
ဝိညာဉ်ရေးရာ တီးတိုးပြောဆိုသံများ၏ ကြိမ်နှုန်းသည် သက်ရှိသတ္တဝါ၏ ဦးနှောက်လှိုင်းနှင့် ကိုက်ညီသွားသောအခါ၊ ၎င်းသည် ၎င်းတို့၏ စိတ်အတွင်း၌ တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေသည်။ ကြေးစားသမားများသည်လည်း ခြွင်းချက်မရှိပေ၊ ဤဖြစ်စဉ်ကြောင့် အားလုံးမှာ ပိုမိုဆိုးရွားလာကြသည်။ တစ်ဖက်တွင် ဆူနီစစ်သားများသည် ပုံမှန်နေ့များကဲ့သို့ပင် ပြုမူဆက်ဆံပြီး ၎င်းတို့၏ လုပ်ငန်းကို ပုံမှန်အတိုင်း လုပ်ဆောင်နေကြသည်။
ယင်းသည် နတ်ဆိုးကျောက်တုံးများက ပြုလုပ်နိုင်သော စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်သည်။ ဉာဏ်ရည်ပိုမိုထက်မြက်သော သတ္တဝါများသည် ၎င်းကို ပိုမိုဖိနှိပ်နိုင်ကြပြီး များစွာသက်ရောက်မှု မရှိပေ။ သို့သော်၊ 'လှိုင်း' ပေါက်ကွဲသည့်အခါတိုင်း၊ အဆိုပါ ထိုအနှောင့်အယှက်များက ပြင်းထန်လာကာ လူတိုင်းသည် သားရဲများ နေ့စဥ်ဖြတ်သန်းနေသည်ကို တွေ့ကြုံခံစားရနိုင်မည်ဖြစ်သည်။ တစ်ချိန်လုံး ထိုသို့သော အခြေအနေတွင် နေထိုင်နေခြင်းသည် ရူးသွပ်သွားစေမည့် အခြေအနေသို့ ရောက်ရှိရန် ညင်သာသော တွန်းအားလေး တစ်ခုသာလိုသည်ဟု ဆိုလိုသည်။ တစ်နည်းဆိုရသော် 'လှိုင်း' သည် ကပ်ဆိုးကြီးကို ဆောင်ကြဉ်းပေးမည့် မီးပွားဖြစ်သည်။
ထိုနေ့တွင် စခန်းတစ်ခုလုံး၌ ဆူညံသော ဥဩသံများ ထွက်ပေါ်လာသည်။ ထိုဥဩသံများ၏ အဓိပ္ပါယ်ကို လူတိုင်း ရင်းနှီးပြီးသားဖြစ်သည် - ရန်သူများ တိုက်ခိုက်လာပြီ။
အခြေစိုက်စခန်းရှိ လေထုသည် ရုတ်တရက် တင်းမာလာသည်။ ဆူနီစစ်သားများသည် ညီညာသော ခြေလှမ်းများဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေရာများဆီသို့ ပြန်ပြေးသွားကြပြီး ကြေးစားသမားများသည်လည်း ယခင်ရက်များက လေ့ကျင့်မှုများကြောင့် ၎င်းတို့၏ အဖွဲ့ထဲသို့ အမြန်ပြန်နိုင်ကြသည်။
တင့်ကားများနှင့် သံချပ်ကာယာဉ် အမျိုးအစားအမျိုးမျိုးကို စက်နှိုးလိုက်ကြပြီး များပြားလှသော ဒြပ်ဆွဲအားဆန့်ကျင်သည့် ခံတပ်များစွာသည် လေထဲသို့ ပျံတက်သွားခဲ့သည်။
ဟမ်!
ဂါလတ်တစ်အဆင့် စစ်သင်္ဘော ကိုးစင်းသည် ကောင်းကင်သို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး သဲလှိုင်းများနှင့် လေလှိုင်းများ ဧရိယာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းတို့သည် သစ်တောမြို့အထက် ကောင်းကင်ယံကို စောင့်ကြပ်နေသော လေထဲတွင် ခံတပ်ကိုးခုနှင့် တူပြီး တစ်ခုစီသည် မတူညီသော ဦးတည်ရာကို ရင်ဆိုင်နေရသည်။
ဟန်ရှောင်းသည် မြေပြင်ပေါ်တွင် ကျောက်တုံးလေးများ လှုပ်ခတ်လာသည်ကို သတိပြုမိသဖြင့် ရုတ်တရက် ခေါင်းငုံ့သွားသည်။
မြေပြင်သည် အစပိုင်းတွင် အနည်းငယ်သာ တုန်ခါသွားသော်လည်း ပြင်းထန်မှု အားကောင်းလာကာ နောက်ဆုံးတွင် ခြေသံကြီးများ၏ အသံသည် စခန်းတစ်ခုလုံး တုန်ခါသွားသည်အထိ ပြင်းထန်လာသည်။ ပတ်ဝန်းကျင် သစ်တောများ၏ နေရာအနှံ့အပြားမှ မတူညီသော သားရဲများ၏ ကြောက်မက်ဖွယ် အော်ဟစ်သံများကို ကြားနိုင်သည်။
မြွေကြီးများ ၎င်းတို့ဆီ လျှောထိုးပြီးလာနေသကဲ့သို့ သားရဲအုပ်စုကြီးသည် သစ်ပင်များကို ဖြိုလှဲကာ မြို့ပတ်ပတ်လည်ရှိ လွင်ပြင်နယ်နိမိတ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။
တစ်ခုခု ထွက်လာတော့မယ်။ မရေမတွက်နိုင်သောလူများသည် ကြောက်ရွံ့ထိတ်လန့်နေရုံမျှမက နဖူးတွင် ချွေးများ အဆက်မပြတ် စီးကျနေပါသည်။
ဝေါင်း
သားရဲများ၏ ဟိန်းဟောက်သံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်၊ သစ်ပင်များ ပြိုလဲကျသွားပြီး မြင်နိုင်သမျှ သားရဲများ အလုံးအရင်းလိုက် ထွက်ပေါ်လာ၏။
သားရဲများမှာ အချင်းချင်း နင်းချေကြပြီး ရူးသွပ်နေသကဲ့သို့ ပြေးဝင်လာကြသည်။ သူတို့ဆီသို့ အမှောင်ထုကြီးတစ်ခု ဒီရေတက်လာသကဲ့သို့ မြင်ကွင်းတစ်ခုလုံး လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
ဤမြင်ကွင်းတစ်ခုတည်းနှင့်ပင် ရောက်ရှိနေသူများစွာ၏ စိတ်နှလုံးကို ထိတ်လန့်သွားစေ၏။
"ပစ်!" အရာရှိတစ်ယောက်က အထိတ်တလန့် အော်ဟစ်လိုက်သည်။
ဘုန်း!
နောက်အခိုက်အတန့်တွင်၊ ခံတပ်စက်ဝိုင်းတစ်ဝိုက်ရှိ တပ်ဆင်ထားသော မရေမတွက်နိုင်သည့် အမြောက်များအားလုံးကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြပြီး နားစည် ကွဲအက်လောက်စရာ ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။
ကပ်ဆိုးကြီး ရောက်လာပြီ။
…
သစ်တောမြို့တော်တွင် အဓိက ခံစစ်တံတိုင်းငါးခုရှိသည်။ ပထမတစ်ခုတွင် မိုင်းအမြောက်အများနှင့် အလိုအလျောက်ခံတပ်များ ပါဝင်သည်။ တိုက်ပွဲအစီအစဥ်အရ၊ ဤအပိုင်းသည် မွန်းစတားအလုံးအရင်းအား ခွဲထုတ်ရန် နောက်ကျောမှ ထောက်ကူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယတစ်ခုတွင် ခံတပ်များ၊ မြောင်းများ၊ ထောင်ချောက်များနှင့် လျှပ်စစ်နံရံများ ပါ၀င်ပြီး အားလုံးသည် သားရဲများ၏ ရွေ့လျားမှုကို နှေးကွေးစေကာ မြေဆွဲအား ဆန့်ကျင်သည့် ခံတပ်များ၊ ပင်မဘက်ထရီများနှင့် စစ်သင်္ဘောများသည် သားရဲအုပ်ကြီးကို သိသိသာသာ ထိခိုက်ပျက်စီးစေနိုင်သည်။
တတိယတစ်ခုမှာ သံမဏိ ကာကွယ်ရေးစည်း ဖြစ်သည်။ သံချပ်ကာယာဉ်များ နှင့် ကာကွယ်ရေးတပ်စုများနောက်မှ တပ်ခွဲများသည် ဤအပိုင်းကို စီတန်းထားသည်။ သားရဲများသည် ကာကွယ်ရေး၏ ဤအပိုင်းသို့ ဝင်ရောက်သောအခါ၊ တိုက်ပွဲသည် အနီးကပ်တိုက်ပွဲအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များသည် ဤနေရာတွင် သားရဲများပေါ်သို့ ၎င်းတို့၏ သတ္တုလက်နက်များ၏ ဒေါသကို ထုတ်လွှတ်မည်ဖြစ်သည်။ ဒီနေရာဟာ နဗီးလ် တပ်စွဲထားသော နေရာလည်း ဖြစ်သည်။
နောက်ဆုံး အပိုင်းနှစ်ပိုင်းသည် အမြောက်တပ်များဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ရှေ့တန်းတပ်များ အတွက် ပစ်ခတ်အားဖြင့် အထောက်အကူပြုရန် ဖြစ်သည်။ လျင်မြန်သောတုံ့ပြန်ရေးတပ်များနှင့် အခြားစစ်ကူများသည် စတုတ္ထအပိုင်းတွင် တပ်စွဲထားသည်။ ကပ်ဘေး၏ ငြိမ်သက်နေသော ကာလများအတွင်း နောက်ဆုံးအပိုင်းမှ ဝန်ထမ်းများသည် တပ်ဖွဲ့ဝင်များအတွက် ပြုပြင်မှုများနှင့် ရှေးဦးသူနာပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ဘလက်စတား ကြေးစားတပ်ဖွဲ့သည် ဒုတိယနောက်ဆုံးအပိုင်းတွင် တပ်စွဲထားသည်။ ၎င်းတို့အား ကုဒ်အမည် G7 ဖြင့် တာဝေးပစ် အကြီးစား သံချပ်ကာတပ်ခွဲတွင် တာဝန်ပေးအပ်ထားသည်။ ခံတပ်ကြီးအဆင့် ပင်မတိုက်ပွဲဝင် တင့်ကားသုံးစီးသည် ဖွဲ့စည်းပုံ၏ ပင်မပစ်ခတ်မှုစွမ်းအားအဖြစ် ဆောင်ရွက်နိုင်သည်။ ဤတင့်ကားများသည် မြေပြင်ပေါ်တွင် အခြေချနိုင်ပြီး ကြီးမားသည့် တာဝါတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ ၎င်းတို့ကို တင့်ကားများ ပါဝင်သော သင့်လျော်သော အရေအတွက်ရှိသည့် မြေပြင်တပ်သားများနှင့်အတူ ရွေ့လျားအမြောက်ကြီး ၁၈ခု တပ်ဆင်ထားသည်။
ယန္တရားပညာရှင်တစ်ယောက်အနေဖြင့် ဟန်ရှောင်း၏ အလုပ်မှာ ထိုအမြောက်ကြီးများထဲမှ တစ်ခုကို ထိန်းချုပ်ရန်ဖြစ်သည်။ သူ့တွင် မစ်ရှင်တစ်ခုသာ ရှိသည် - အမြောက်ပစ်။ ယန္တရားပညာရှင် အတန်းအစားရှိ လူအများစုကို အခြေခံတွင် အလားတူ ရာထူးများ ပေးအပ်ခဲ့သည်။ ၎င်းတို့၏ အထူးရင်းနှီးကျွမ်းဝင်မှုနှင့် စက်ယန္တရားဆိုင်ရာ စွမ်းရည်များဖြင့်၊ ၎င်းတို့သည် ဤလက်နက်များ၏ ပစ်ခတ်မှုစွမ်းအားကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ ဟန်ရှောင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။ ကပ်ဘေးကဲ့သို့သော အကျပ်အတည်းအဆင့် ဖြစ်ရပ်တစ်ခုအတွက်၊ လူတစ်ဦးချင်းစီသည် တိုက်ပွဲကို လွှမ်းမိုးရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ၊ ခြွင်းချက်အနည်းငယ်မျှသာရှိသည်။
ဘုန်း!
အမြောက်ကျည်များသည် မျဉ်းကွေးအတိုင်း ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ အဝေးရှိ သားရဲများကို ထိမှန်လိုက်သည့်အချိန်တွင် နီရဲသော မြူမှုန်များကို အလုံးအရင်း ပွင့်လန်းသွားစေသည်။ သားရဲများ၏ အသားစများနှင့် အရိုးများ ပေါက်ကွဲထွက်သွားပြီး ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းကို ဖြစ်ပေါ်လာစေ၏။
အနက်ရောင် ဒီရေလှိုင်းသည် ခေတ္တရပ်တန့်သွားသည်။ သို့သော်လည်း နောက်ဘက်ရှိ သားရဲများသည် လုံးဝမကြောက်ရွံ့ကြဘဲ ၎င်းတို့၏ ညီအစ်ကိုများ၏ ကျိုးပဲ့နေသော အလောင်းများကို ဖြတ်ကျော်ကာ အမြောက်ကျည်ဆံများနှင့် ပေါက်ကွဲသံများကြားမှ တွန်းထွက်လာကြသည်။
ယမ်းနံ့နှင့် သွေးနံ့များ ရောထွေးနေပြီး ပေါက်ကွဲသံကြီးကြောင့် လေပြင်းများ တိုက်ခတ်ကာ စစ်တပ်ဖွဲ့စည်းပုံများထဲသို့ ပျံ့လွင့်သွားသည်။
ဘုန်း! ဘုန်း! ဘုန်း!
သူ့အမြောက်များဖြင့် ပစ်ခတ်လိုက်တိုင်း ဟန်ရှောင်းသည် ပြင်းထန်လှသော ကျည်ပြန်ကန်မှုကို ခံစားနိုင်သည်။ အမြောက်ဆံများက ပျံသန်းသွားရင်း မီတာထောင်ချီဝေးသည့် သားရဲများ၏ အလယ်သို့ ဆင်းသက်ကာ အနက်ရောင်ဒီရေလှိုင်းအလယ်တွင် လိမ္မော်ရောင်ပန်းတစ်ပွင့် ပွင့်ဖူးလာသည်ကိုကြည့်ပြီး တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေသည်။
သူသည် ဤကြီးမားသော အမြောက်လက်နက်ကြီးကို လွတ်လပ်စွာ ပစ်ခတ်ခြင်း၏ ရင်ခုန်သံကို စတင်ခံစားနေတော့သည်။
သူ့အင်တာဖေ့စ်ပေါ်တွင် အကြောင်းကြားချက်များ တစ်လိုင်းပြီးတစ်လိုင်း ပေါ်လာပြီး တိုက်ပွဲမှရရှိသည့် အတွေ့အကြုံအမှတ်အားလုံးအတွက် ဟန်ရှောင်းကို အသိပေးနေသည်။ ဆူနီလက်နက်များကို ငှားယူအသုံးပြုခြင်းသည် အတွေ့အကြုံအမှတ်အချို့ကို အလိုအလျောက် လျော့ပါးစေသော်လည်း အဓိကအားဖြင့် ဟန်ရှောင်းသည် ဤတိုက်ပွဲမှ ကစားသမားများ အတွေ့အကြုံအမှတ် မည်မျှရရှိနိုင်သည်ကို တွက်ချက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့အပြင်၊ ဤမျှကြီးမားသောတိုက်ပွဲတွင် ပါဝင်ခွင့်ရခြင်းသည် ကစားသမားများအား အဆုံးမရှိ စိတ်လှုပ်ရှားစေ၏။ ၎င်းသည် သူတို့အား သမိုင်းဝင်အခိုက်အတန့်တစ်ခုအဖြစ် ခံစားရစေပြီး သူတို့သည်လည်း တတ်နိုင်သမျှ ပံ့ပိုးပေးကြသည်။
အနက်ရောင်ဒီရေလှိုင်းသည် ပထမစည်းပတ်လည်တွင် ရုတ်တရတ် ရပ်တန့်သွားခဲ့သည်။ နောက်တန်းမှ ဖုံးလွှမ်းပစ်ခတ်မှုသည် သားရဲများရှိနေသော မြေတစ်လက်မတိုင်းကို ဖုံးအုပ်ထားပြီး သွေးမြစ်များနောက်တွင် မကျန်ရစ်ခဲ့ဘဲ ချီတက်ရန်မဖြစ်နိုင်ပေ။
ဟန်ရှောင်းအနားက သူ့တာဝန်ကျ အမြောက်တပ်ကို ပစ်ခတ်နေတဲ့ တပ်သားအသစ်က “ဒါဆို ကပ်ဘေးက ကြီးကြီးမားမားတော့ မဟုတ်ဘူး။ သားရဲတွေက ဝင်လို့တောင်မရဘူး။"
ဟန်ရှောင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှ မပြောပေ။ ဆူနီများသည် ၎င်းတို့အား သားရဲအုပ်အကြောင်း အကျဉ်းချုံးပြောပြသောအခါတွင် ဤလူသစ်လေးများသည် ဂရုမစိုက်ကြပေ။ ဤသည်မှာ ပထမလှိုင်းမျှသာဖြစ်ပြီး အရွယ်အစားသေးငယ်သော သားရဲများသာ ပါဝင်ပါသည်။ အခု အကြီးဆုံးတွေက ဆယ်မီတာတောင် မမြင့်ပေ။ သူတို့ပေးထားသော အချက်အလက်တွေအရ၊ ဒီသားရဲတွေဟာ အမြည်းမျှသာ ရှိသေးသည်။ အိပ်မက်ဆိုးက မရောက်လာသေးပေ။
အမြောက်များဖြင့် ပစ်ခတ်မှုမှာ လေးနာရီကြာ ကြာမြင့်ပြီးမှ အရှိန်လျှော့သွား၏။ ထောက်ပံ့ရေးတပ်များသည် တိုက်ခိုက်ရေးတပ်များကို ပြန်လည်ထောက်ပံ့ရန် စစ်မြေပြင်သို့ လျင်မြန်စွာ ပြေးလွှားလာကြသည်။ သွေးများအားလုံးကို မီးရှို့ပြီး ဖျားနာခြင်းနှင့် ကူးစက်ရောဂါများ ပြန့်ပွားခြင်းမှ ကာကွယ်ရန် လွင်ပြင်ပေါ်သို့ မီးရှို့သည့် ယူနစ်များကိုလည်း စေလွှတ်ခဲ့သည်။ စစ်သည်များကိုလည်း အဖွဲ့အသစ်ဖြင့် အစားထိုးခဲ့သည်။ နေရာတစ်ခုစီတိုင်းတွင် ကြိုတင်သတ်မှတ်ထားသော အပြောင်းအလဲစက်ဝိုင်းရှိသည်။ ဤကဲ့သို့ ပြင်းထန်လှသော တိုက်ပွဲမျိုးတွင် စစ်သားတိုင်းသည် အနားမယူဘဲ တောက်လျှောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ဟန်ရှောင်းက အနားယူရန် သူ၏အမြောက်စင်မြင့်မှ ထွက်ခွာသွားရင်း သူ၏ခေါင်းထက်တွင် အင်ဂျင်သံများ ကြားနေရသည်။ ကင်းထောက်လေယာဉ် တပ်ခွဲအသစ်တစ်ခု ထွက်ခွာသွား၏။ ရှေ့တန်း ကင်းထောက်နှင့် တိုက်ခိုက်ရေးတပ်များသည် ထူထပ်သော တောထဲသို့ ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့ရင်ဆိုင်နေရသော အန္တရာယ်များသည် မြို့တဝိုက်က ခံစစ်တပ်တွေထက် အဆများစွာ မြင့်မားနေပြီး သူတို့၏ စစ်ဆင်ရေးများကို သေစေနိုင်သော အဆက်မပြတ် ခြိမ်းခြောက်မှုအောက်တွင် လုပ်ဆောင်နေရသည်။ သူတို့အားလုံးသည် ဆူနာမီလှိုင်းအတွင်း ပင်လယ်ပြင်ပေါ်တွင် မျောပါနေသော သင်္ဘောငယ်တစ်စင်းလိုပင်။
သိပ်မကြာခင်မှာပဲ ရှေ့တန်းကင်းထောက်က အချက်အလက်များ ပြန်ပို့လာ၏။ နောက်ထပ် သားရဲလှိုင်းများ ရောက်လာပေတော့မည်။ စစ်သည်အသစ်များသည် ရန်သူကို စောင့်ဆိုင်းရန် ၎င်းတို့၏နေရာများတွင် အသင့်ပြင်ထားကြသည်။
မြင်ကွင်းက ယခင်အတိုင်း နောက်တစ်ကျော့ ဖြစ်လာ၏။ သို့သော်လည်း အနက်ရောင် ဒီရေသည် ယခုတစ်ကြိမ်တွင် အပြင်ဘက် ပတ်၀န်းကျင်နှင့် ပိုမို၍ နီးကပ်လာခဲ့သည်။ ထိုအချိန်တွင် တိုက်လေယာဉ်များ ဆင်းသက်လာပြီး ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည်များမှ ပေါက်ကွဲသံများနှင့်အတူ လွင်ပြင်များကို ဖုံးလွှမ်းသွားခဲ့သည်။ မီးလောင်မှုနှင့် ပေါက်ကွဲသံများသည် သားရဲအုပ်စုကြီးကို ထပ်မံလောင်ကျွမ်းသွားစေသည်။ ဆူနီတိုက်လေယာဉ်များသည် သေးငယ်ပြီး သွက်လက်သည်။ တိုက်လေယာဉ်များ၏ အတောင်ပံများရှိ ပန်ကာများသည် Amhiptere ၏ ပျံသန်းမှုအကူအညီပန်ကာများနှင့် ဆင်တူသောဒီဇိုင်းရှိသည်။ ဟန်ရှောင်းသည် ဤတိုက်လေယာဉ်များသည် လျင်မြန်သောလေကြောင်းတိုက်ခိုက်ရေးအတွက် အလွန်သင့်လျော်ကြောင်း တစ်ချက်ကြည့်လိုက်ပြီး ပြောနိုင်၏။
ရန်သူများသည် အဝေးတွင်ရှိနေဆဲဖြစ်ပြီး သားရဲလှိုင်းလုံးများသည် မိုးကုတ်စက်ဝိုင်းထိအောင် ရောက်နေပုံရသော်လည်း ပတ်ဝန်းကျင်တပ်များသည် ထိတ်လန့်ပုံမပေါ်ပေ။ ၎င်းတို့နှင့် သားရဲများကြားရှိ အကွာအဝေးနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ သံမဏိခံတပ်များက ၎င်းတို့အား လုံခြုံနေသည်ဟု လွဲမှားသည့် ခံစားချက်ကို ဖြစ်စေသည်။
တစ်ဖက်တွင် ဆူနီစစ်သားများသည် စိုးရိမ်ပူပန်မှုများနှင့် သံသယများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းအထက်တွင် အမဲစက် အနည်းငယ်ပေါ်လာသည်။ ပျံသန်းနေသော သားရဲများသည် လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ တစ်မီတာတောင်မရှည်သည့် အကောင်သေးသေးလေးများလည်း ပါဝင်သလို မီတာများစွာရှိသော အတောင်ပံရှိသည့် အလယ်အလတ်အရွယ်အစားရှိသော သားရဲများလည်း ရှိနေ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်သောပုံပေါက်ပြီး ကြေးစားစစ်သားများ မြင်ဖူးသည့်အရာများနှင့်မတူ။ အချို့သော သားရဲများသည် ဧရာမပိုးဟပ်များနှင့် ဆင်တူသည်။
သူတို့ပေးထားသော အချက်အလက်များအရ ပျံသန်းနိုင်သော သားရဲများသည် ကပ်ဆိုးကြီးအတွင်း သုံးရက်ကျော်မှ ပေါ်လာမည်ဟု ဆိုထားသည်။ အခုတော့ စောစောရောက်လာပုံရ၏။
ဟန်ရှောင်း၏ စိတ်ထဲ ထိုသို့တွေးမိလိုက်စဉ် G7 တပ်မှူးက အမိန့်အသစ်ကို လှမ်းအော်လိုက်သည်။
“လေကွဲအမြောက်ဆံကိုပြောင်း၊ ပစ်မှတ်ကိုချိန်။ မိုးပေါ်ကပစ်မှတ်ကို ပစ်!"
အမြောက်တပ်များသည် အမိန့်ကို လိုက်နာကြပြီး အဝေးမှ ကောင်းကင်သို့ ပစ်ခတ်ကာ သွေးစွန်းနေသော အလောင်းများကို ရွာကျစေလိုက်သည်။
တိုက်လေယာဉ်များသည် ဝေဟင်မှ သားရဲများကို ပစ်ချရန် မြင့်မားသော အမြင့်သို့ ပျံသန်းကာ ဝေဟင်မှ လိမ္မော်ရောင် ဒုံးကျည်များကို ပစ်လွှတ်လိုက်သည်။
တိုက်လေယာဉ်များတွင် ရိုးရှင်းသော စွမ်းအင်အတားအဆီးတစ်ခု တပ်ဆင်ထားသည်။ ဝေဟင်သားရဲများ၏ ပထမလှိုင်းသည် ၎င်းတို့၏ ချွန်ထက်သော ခြေသည်းများနှင့် သွားများကိုသာ အသုံးပြုနိုင်ပြီး အတားအဆီးများကို ခြစ်မိခြင်းကြောင့် ထွက်ပေါ်လာသော ဆူညံသံများမှလွဲ၍ ကြီးကြီးမားမား လုပ်ဆောင်နိုင်ခြင်းမရှိပေ။ တိုက်လေယာဉ်များသည် ခြေလျင်တပ်များမှတစ်ဆင့် အလယ်ခေတ် သူရဲကောင်းများကဲ့သို့ သားရဲအစုအဝေးများအတွင်း ပြေးဝင်ပြေးထွက် လုပ်နေကြသည်။
ဤတိုက်ပွဲသည် မြေပြင်တိုက်ပွဲတွင် ကြီးမားသော အတိုင်းအတာပေါ်တစ်ခု ရှိနှင့်ပြီးဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲများကြားတွင် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပုံရသည်။
ပထမက ကြေးစားရဲဘော်များသည် ပေါ့ပေါ့ပါးပါးသာ တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် သုံးရက်ကြာပြီးနောက် အကောင်အရေအတွက်နှင့် အရွယ်အစား တိုးလာသဖြင့် မရယ်နိုင်ကြတော့ပေ။ အဆက်မပြတ်တိုက်ပွဲက လူတိုင်း၏ ပင်ပန်းနွမ်းနယ်မှုကို ဆွဲထုတ်လာသည်။
ဟန်ရှောင်းသည် သူ၏ကိုယ်ပိုင်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီး ဧရာမစစ်စက်ကြီးတွင် ကိရိယာတစ်ခုအဖြစ် ပါဝင်ခဲ့သည်။
စတုတ္ထနေ့တွင် အတွင်းစည်းများ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သော ရန်သူများ ပေါ်လာသည်။
မြေမျက်နှာပြင်က လှိုင်းလုံးများကဲ့သို့ လှုပ်ခါသွားကြသည်။ မြေကြီးအတွင်းသို့ တူးဝင်ပြီး မြေအောက်တွင် သွားလာနိုင်သော သားရဲအုပ်စုတစ်ခုက တတိယအပိုင်း၏ အားဖြည့်သံမဏိနံရံကို ရိုက်ခွဲကာ မြေပြင်မှ ဖောက်ထွက်လာကြသည်။ နောက်တန်းတပ်သားများသည် သားရဲများကို ဤမျှ နီးကပ်သော အကွာအဝေးတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
မြေကျင်းတူးနိုင်သော သားရဲများ ထွက်ပေါ်လာမှုသည် အနီးကပ်တိုက်ပွဲ၏အစဖြစ်ကြောင်း အချက်ပြနေသည်။ တတိယအတားအဆီး၏ ပတ်ပတ်လည်နောက်တွင် စောင့်ဆိုင်းနေသော စူပါလူသားများသည် နောက်ဆုံးတွင် ၎င်းတို့၏စွမ်းအားများကို အသုံးပြုကြရတော့မည်။
တတိယအတားအဆီး ပတ်ပတ်လည်ရှိ သံမဏိတံတိုင်းနှင့် စက်ယန္တရားများ၏ ဒေါသကို နောက်ဆုံးတွင် ထုတ်လွှတ်လိုက်ကြတော့သည်။
စာစဉ် (၂၃)၊ အခန်း (၃၄၀) ပြီး၏။
လင်းဆက်
+++++