အလယ်အခြေအနေကပ်ဘေးလက်
Vol. 71 Ch. 995
သိပ်မကြာမီမှာ လီဖူချန်းရဲ့ကပ်ဘေးလက်က အဆင့်နိမ့်အခြေအနေရဲ့အထွတ်အထိပ်ကို ရောက်ရှိလာတယ်။
နောက်တော့ အလယ်ဆင့်အခြေအနေ။
ဖြောက် ဖြောက် ဖြောက်......
လီဖူချန်းရဲ့ခန္ဓာကိုယ်က အဆုံးမဲ့သေးငယ်တဲ့အက်ကြောင်းတွေ ဖြစ်လာတယ်။ ထိုအက်ကြောင်းတွေကို ဖြတ်ကျော်လျက် အဖျက်အဆီးအရှိန်အဝါတစ်ခုက စိမ့်ထွက်လာတယ်။
လီဖူချန်းပတ်ပတ်လည်မှာတေ့ သေးငယ်တဲ့ပူဖောင်းတွေ ပြည့်နေတယ်။
သေးငယ်တဲ့ပူဖောင်းတွေက ပုံရိပ်ယောင်ဖြစ်ပြီးထူးခြားတယ်။
"စကြာဝဠာရဲ့အဖျက်အဆီးကထုတ်လုပ်တဲ့ကပ်ဘေးစွမ်းအားက တကယ်အံ့မခန်းပဲ"
ကြီးမားပြီးသန့်စင်တဲ့ကပ်ဘေးစွမ်းအားပမာဏက သူ့ခန္ဓာကိုယ်ထဲကို ဝင်လာတာကြောင့် လီဖူချန်းက ကပ်ဘေးအမှန်တရားကို ပိုပြီးနားလည်လာခဲ့တယ်။
ကပ်ဘေးစွမ်းအားက ယိုယွင်းခြင်းစွမ်းအင်ဖြစ်တယ်။ သေချာတဲ့အတိုင်းအတာတစ်ခုအထိ ၎င်းက စကြာဝဠာရဲ့ဆန့်ကျင့်ဘက်ခြမ်းမှာ ရှိတယ်။ ၎င်းက ဖရိုဖရဲကို စတင်ခဲ့ပြီး ဖရိုဖရဲရဲ့အဖွဲ့ဝင်ဖြစ်လာတယ်။
ပူဖောင်းတွေက တိုးလာပြီး ပိုပိုပြီးစုစည်းလာတယ်။ ဖရိုဖရဲဟင်းလင်းပြင်က ပွက်ပွက်ဆူလာသလို ခံစားရတယ်။
ဒါပေမယ့် ဘာစွမ်းအင်က ဖရိုဖရဲဟင်းလင်းပြင်ကို ပွက်ပွက်ဆူစေတာလဲ။
ဝုန်း ဒုန်း......
ပူဖောင်းအားလုံးက တစ်ခဏအတွင်း ပျက်စီးသွားတယ်။ အလယ်ဗဟိုရှိလီဖူချန်းနဲ့အတူ မြေနိမ့်ပိုင်းဧရိယာက စတင်ယိုယွင်းလာတယ်။ ဒါပေမယ့် ဖရိုဖရဲဟင်းလင်းပြင်က သဘာဝကကို ဖရိုဖရဲဖြစ်တယ်၊ ဒါကြောင့် ဖရိုဖရဲအခြေအနေတွေ ထပ်မံယိုယွင်းလာတာ ဘာကိုဆိုလိုသလဲကို လီဖူချန်းက နားမလည်ခဲ့ဘူး။ အဆုံးမဲ့ဖရိုဖရဲစွမ်းအင်တွေ ဒီနေရာကို စုဝေးလာတာကို လီဖူချန်းက ခံစားရနိုင်တယ်။ ဒါက သမုဒ္ဒရာတစ်ခုလုံးကို နစ်မြှုပ်စေတဲ့ အောက်ခြေမဲ့တွင်းချိုင့်တစ်ခုနဲ့တူတယ်။
လီဖူချန်းက ယိုယွင်းခြင်းအားမှ ထွက်လာပြီး လွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားနေတယ်။
အုန်း......
ဘယ်လောက်ကြာသလဲကို မသိဘူး၊ အားကောင်းတဲ့ပေါက်ကွဲအလင်းတစ်ခုက လီဖူချန်းအနောက်မှာ ရှိတယ်။
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အလင်းရှိတာကို စိတ်ကူးယဉ်ဖို့ အလွန်ခက်ခဲတယ်။
အလင်းနဲ့အတူ အားကောင်းတဲ့ပေါက်ကွဲခြင်းစွမ်းအင်ရှိတယ်။ လီဖူချန်းရဲ့အမြင်အရ ပေါက်ကွဲစွမ်းအင်က အရှင်အဆင့်ကို ကျော်လွန်သွားပြီ။ လီဖူချန်းက စောစောက ထွက်မပြေးခဲ့ရင် ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကတောင် ပေါက်ကွဲစွမ်းအင်ကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူး၊ သူက ဖုန်မှုန့်ဖြစ်သွားရပေလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက အလျင်အမြန်ထွက်ပြေးနိုင်ခဲ့တောင်မှ သူ့ကပ်ဘေးစွမ်းအားရဲ့ရှစ်ဆယ်ရာခိုင်နှုန်းက ကုန်ဆုံးသွားသေးတယ်။
သူ့ရဲ့ကပ်ဘေးလက်က အခု အလယ်အခြေအနေမှာ ရှိပြီး သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က အကြိုနတ်ဘုရားအောက်တစ်ယောက်ယောက်ရဲ့ဘယ်လိုတိုက်ခိုက်မှုကိုမဆို လစ်လျူရှုဖို့လုံလောက်တယ်။
သူ့ကြောင့် အရှင်ဒါဇင်ကျော်ကို ပေါက်ကွဲစွမ်းအားက သတ်ဖြတ်ခဲ့တာ၊ အထွတ်အထိပ်အရှင်အနည်းငယ်ကတောင် ပါဝင်တာကို လီဖူချန်းက မသိဘူး။
အပြင်ကမ္ဘာမှာဆိုရင် အထွတ်အထိပ်အရှင်ဆယ်ယောက်ကျော်ရဲ့သေဆုံးမှုက နှစ်တစ်သန်းဒါမှမဟုတ်ဆယ်သန်းမှာတောင် မဖြစ်နိုင်ပါဘူး။
…
ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ ဖရိုဖရဲသတ္တုငါးခုသားရဲတွေရဲ့အရေအတွက်တစ်ခု ရှိတယ်။ အကြွင်းမဲ့ခွန်အားနဲ့ထူးခြားတဲ့ကံကြမ္မာနဲ့အတူ လီဖူချန်းရဲ့နေရာလပ်လက်စွပ်မှာ ဖရိုဖရဲသတ္တုငါးခုသားရဲအလောင်းငါးလောင်းနဲ့ ပြည့်သွားတယ်။
"အမ်၊ ဒါ ဖရိုဖရဲငွေမြွေပဲ"
ဖရိုဖရဲသတ္တုငါးခုသားရဲကိုးကောင်ကို သတ်ပြီးနောက် လီဖူချန်းက ဖရိုဖရဲငွေမြွေတစ်ကောင်နဲ့ ရင်ဆိုင်လာရတယ်။
လီဖူချန်းက ဖရိုဖရဲရွှေမြွေတစ်ကောင်ကို မသတ်နိုင်ပေမယ့် ဖရိုဖရဲငွေမြွေတစ်ကောင်ကို သတ်ဖို့ ကြီးမားတဲ့အခွင့်အလမ်းတွေ ရှိတယ်။
ဖရိုဖရဲရွှေမြွေနဲ့အလားတူစွာပဲ၊ ဖရိုဖရဲငွေမြွေမှာ အမြီးတစ်ခုမှမရှိဘူး။ ခန္ဓာကိုယ်အစွန်းနှစ်ဖက်လုံးမှာ မြွေခေါင်းတွေရှိတယ်၊ ဒါပေမယ့် ဖရိုဖရဲငွေမြွေမှာ တစ်ကိုယ်လုံးငွေရောင်တောက်ပတဲ့ခန္ဓာကိုယ်တစ်ခုရှိတယ်။
အဆုံးမှာ လီဖူချန်းက ဖရိုဖရဲငွေမြွေကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့တယ်။
"ဖရိုဖရဲငွေမြွေတစ်ကောင်ကို အကြီးအကဲအမှတ်၁၀၀၀၀နဲ့ ဖလှယ်နိုင်တယ်။ ဒါက အကျိုးအမြတ်တစ်ခုပဲ" လီဖူချန်းက ပြုံးလိုက်တယ်။
…
အပြင်ကမ္ဘာမှာ လီဖူချန်း ဖရိုဖရဲဟင်းလင်းပြင်ကို ဝင်သွားကတည်းက နှစ်ရှစ်ဆယ်ရှိသွားပါပြီ။
"နောက်ဆုံးတော့ ထွက်လာပြီ၊ သိပ်တော့ မကြာသလိုပဲ"
ဖရိုဖရဲဟင်းလင်းပြင်ရဲ့နယ်နိမိတ်မှာ လီဖူချန်းက အသက်အရှည်ကြီးရှုထုတ်လိုက်လေတယ်။
အရိုးသားဆုံးပြောရရင် လုံးဝမလိုအပ်ရင် လီဖူချန်းက ဖရိုဖရဲဟင်းလင်းပြင်ကို နောက်တစ်ကြိမ်မဝင်ရောက်ချင်ပါဘူး။
အထဲရှိအန္တရယ်ကြောင့်တော့ မဟုတ်ဘူး၊ သူက စကြာဝဠာကဖန်တီးခဲ့တဲ့သက်ရှိတစ်ယောက်ဆိုတဲ့ အချက်ကြောင့်ပဲ၊ သူက အချိန်ရဲ့တည်ရှိမှုကို အာရုံမခံနိုင်ဘူးလေ။ ဒီလိုပတ်ဝန်းကျင်က အလွန်မွန်းကျပ်စရာကောင်းတယ်။
ဖရိုဖရဲဟင်းလင်းပြင်မှ ထွက်ပြီးနောက် သူက စိတ်လန်းဆန်းသွားသလို ခံစားရတယ်၊ သူက ဓားအလင်းဖြာထွက်မြို့ဆီ ကျေနပ်ဖွယ်ရာခံစားချက်အပြည့်နဲ့ ပျံသန်းသွားလိုက်တယ်။
ဖရိုဖရဲသတ္တုငါးခုသားရဲအလောင်းကိုးလောင်း၊ ဖရိုဖရဲငွေမြွေအလောင်းတစ်လောင်းနဲ့ အရင်းအမြစ်အချို့။ ဓားအလင်းဖြာထွက်မြို့ကို ပြန်ရောက်ရှိတဲ့အခါ လီဖူချန်းရဲ့အကြီးအကဲအမှတ်က နှစ်သိန်းအထိ တိုးမြင့်လာတယ်။ ရလဒ်က လေနက်ရွာခရီးစဉ်ထက် ပိုတယ်။
"ကျင့်ကြံဖို့ လျှို့ဝှက်နည်းစနစ်တစ်ခုကို အရင်ယူရမယ်"
လျှို့ဝှက်နည်းစနစ်ခန်းမထဲမှာ လီဖူချန်းက လျှို့ဝှက်နည်းစနစ်တွေကို ကြည့်ရှုလိုက်တယ်။
လီဖူချန်းက အဆင့်မြင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေကို မစဉ်းစားပါဘူး။ သူက ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်ရှိရာအခန်းဆီ ချက်ချင်းသွားလိုက်တယ်။
"ပေါက်ကွဲတိုက်ပွဲခန္ဓာကိုယ်၊ စွမ်းအင်ပေါက်ကွဲလျှို့ဝှက်နည်းလမ်း၊ စုစုပေါင်းအဆင့်ခြောက်ဆင့်။ အဆင့်တစ်ခုစီမှာ စွမ်းအင်ပေါက်ကွဲခြင်းနှစ်ဆစီ ရှိတယ်။ အဆင့်ခြောက်မှာ စွမ်းအင်ပေါက်ကွဲခြင်းဆယ့်နှစ်ဆရှိတယ်။ လဲလှယ်ခြင်းဈေးနှုန်း၊ အကြီးအကဲအမှတ်တစ်သိန်း"
"အလင်းတန်းဓားရွှေ့ပြောင်းခြင်း၊ မြန်နှုန်းအမျိုးအစားဓားတာအိုလျှို့ဝှက်နည်းစနစ်။ အကြိုပြီးပြည့်စုံခြင်းအဆင့်မှာ မြန်နှုန်းကို သုံးဆတိုးစေတယ်။ ပြည့်စုံခြင်းအဆင့်မှာ မြန်နှုန်းကို ခြောက်ဆတိုးစေတယ်။ တတ်သိနားလည်ခြင်းအဆင့်မှာ မြန်နှုန်းကို ကိုးဆတိုးစေတယ်။ လဲလှယ်ခြင်းဈေးနှုန်း၊ အကြီးအကဲအမှတ်၁၂၀၀၀၀။
"ဓားနတ်ဘုရားမျက်လုံး၊ လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်။ အဆင့်သုံးဆင့်ခွဲထားတယ်။ အဆင့်နိမ့်က သာမန်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို စိတ်ဒဏ်ရာရစေတယ်။ အလယ်ဆင့်က သာလွန်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို စိတ်ဒဏ်ရာရစေတယ်။ အဆင့်မြင့်က လက်ရွေးစင်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို စိတ်ဒဏ်ရာရစေတယ်။ လဲလှယ်ခြင်းဈေးနှုန်း၊ အကြီးအကဲအမှတ်၁၅၀၀၀၀။
"ဓားပိတ်လှောင်ခြင်းကမ္ဘာ၊ ချိတ်ပိတ်အမျိုးအစားဓားတာအိုလျှို့ဝှက်နည်းစနစ်။ အကြိုပြီးပြည့်စုံခြင်းအဆင့်၊ အဲဒါက လက်ရွေးစင်အရှင်တစ်ယောက်ကို ချိတ်ပိတ်နိုင်တယ်။ ပြီးပြည့်စုံခြင်းအဆင့်၊ အဲဒါက အထွတ်အထိပ်အရှင်တစ်ယောက်ကို ချိတ်ပိတ်နိုင်တယ်။ တတ်သိနားလည်ခြင်းအဆင့်၊ အဲဒါက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ချိတ်ပိတ်နိုင်တယ်။ လဲလှယ်ခြင်း၊ အကြီးအကဲအမှတ်၁၈၀၀၀၀။
…
လီဖူချန်းက ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တိုင်းကို သင်ယူချင်မိတယ်။ သူတို့တစ်ခုစီက အသုံးဝင်တယ်။
"အရှင်တစ်ယောက်ရဲ့အဆင့်မှာ တစ်ယောက်ကိုတစ်ယောက်သတ်ဖို့က ခက်ခဲတယ်။ ဒါကြောင့် စွယ်စုံရဖို့က အလွန်အရေးကြီးတယ်။ ပိုပြီးစွယ်စုံရတဲ့သူက အသာစီးရပြီး ပိုသန်မာတဲ့အသက်ရှင်သန်နိုင်စွမ်းရှိလိမ့်မယ်။ သမိုင်းမှာ သေဆုံးသွားတဲ့အရှင်တွေအများစုက စွမ်းရည်စွမ်းပကားတစ်ခုပဲရှိတဲ့သူတွေပဲ"
အကြာကြီးစဉ်းစားပြီးနောက် လီဖူချနိးက ဓားပိတ်လှောင်ခြင်းကမ္ဘာလျှို့ဝှက်နည်းစနစ်ကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ပေါက်ကွဲတိုက်ပွဲခန္ဓာကိုယ်က သူ့ကို စွမ်းအင်၁၂ဆနဲ့ ပေါက်ကွဲထွက်နိုင်ပေမယ့် အထွတ်အထိပ်အရှင်တစ်ယောက်ကို သတ်ဖို့က မဖြစ်နိုင်ပါဘူး။ လက်ရွေးစင်အရှင်တစ်ယောက်ကို သတ်ဖို့တောင် မလုံလောက်ပါဘူး။ သူက သူ့ပစ်မှတ်ကို မသတ်နိုင်တာနဲ့ ပစ်မှတ်က လွတ်မြောက်ရေးနည်းလမ်းအားလုံးကို ချက်ချင်းအသုံးပြုပေလိမ့်မယ်။ သူ့မှာ ဓားပိတ်လှောင်ခြင်းကမ္ဘာရှိရင် မတူတော့ဘူး၊ လီဖူချန်းက ပစ်မှတ်ကို အရင်ချိတ်ပိတ်ထားပြီး နောက်မှ ဖြည်းဖြည်းချင်း သတ်နိုင်တယ်။
အလင်းတန်းဓားရွှေ့ပြောင်းခြင်းနဲ့ဓားနတ်ဘုရားမျက်လုံးတို့ကတော့ ဓားပိတ်လှောင်ခြင်းကမ္ဘာလောက် မထိရောက်ပါဘူး။ အလယ်ဆင့်အခြေအနေကပ်ဘေးလက်နဲ့ဆိုရင် အကြိုနတ်ဘုရားအောက်ဘယ်သူကမှ သူ့ကို မသတ်နိုင်ဘူးလေ။ ပြိုင်ဘက်ကင်းအရှင်အနည်းငယ်နဲ့တောင် မဖြစ်နိုင်ဘူး။ ဒါကြောင့် မြန်နှုန်းက လက်ရှိလီဖူချန်းအတွက် အရေးကြီးဆုံးအရာမဟုတ်တော့ဘူး။
ဓားနတ်ဘုရားမျက်လုံးအတွက်ကတော့ အဲဒါက လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်တစ်ခုသာဖြစ်ပြီး အတော်လေးအားနည်းတယ်။ အဆင့်မြင့်အဆင့်မှာတောင် ၎င်းက လက်ရွေးစင်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကိုပဲ ထိခိုက်ဒဏ်ရာရစေနိုင်တယ်။ ဒါက တော်တော်လေးမထိရောက်ဘူးပဲ။ လီဖူချန်းတကယ်သင်ယူချင်တာကတော့ စိတ်ဝိညာဉ်တိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်တစ်ခုပဲ။
ဒါပေမယ့် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံရဲ့ခွန်အားနဲ့ဆိုရင် ဓားနတ်ဘုရားမျက်လုံးကို သင်ယူပြီးနောက် သူက ဓားနတ်ဘုရားမျက်လုံးရဲ့စွမ်းအားကို အဆင့်အနည်းငယ်လောက် တိုးမြင့်စေနိုင်မယ်။ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို အပြင်းအထန်ဒဏ်ရာရစေတဲ့အထိ ဖြစ်နိုင်တယ်။
"ငါ အရင်ဆုံး ဓားပိတ်လှောင်ခြင်းကမ္ဘာကို သင်ယူရမယ်။ နောက်ကျမှ ဓားနတ်ဘုရားမျက်လုံးကို လဲလှယ်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားရမယ်"
ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်တစ်ခုတောင်မရှိမှတော့ လီဖူချန်းက နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်နိုင်တယ်။
လီဖူချန်းနားလည်ထားတာအရ ထူးကဲအဆင့်အန္တိမအဆင့်ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်တစ်ခုမဆိုနဲ့၊ အဆင့်မြင့်နဲ့အလယ်ဆင့်အန္တိမအဆင့်ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်တွေကတောင် စကြာဝဠာမှာ အလွန်အမင်းရှားပါးတယ်။
အဓိကဂိုဏ်းကိုးဂိုဏ်းကြားမှာ အမှောင်ကောင်စီကသာ အန္တိမအဆင့်ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်တယ်၊ ဒါပေမယ့် သူတို့မှာ အဆင့်နိမ့်အန္တိမအဆင့်ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်အနည်းငယ်သာရှိတယ်။ အမှောင်ကောင်စီရဲ့အမှောင်ဝိညာဉ်ဘိုးဘေးက အလယ်ဆင့်ဒါမှမဟုတ်အဆင့်မြင့်အန္တိမအဆင့်ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်ကိုတောင် ပိုင်ဆိုင်တယ်လို့ ကောလဟာလရှိတယ်။ ဒါကြောင့် စကြာဝဠာမှာ အမှောင်ဝိညာဉ်ဘိုးဘေးကို ဆန့်ကျင်ရဲတဲ့သူ အများကြီးမရှိဘူး။ ပြိုင်ဘက်ကင်းအရှင်တွေကတောင် သူနဲ့ရင်ဆိုင်ဖို့ ဆန္ဒမရှိဘူး။