မသေမျိုးအရှင်
Vol. 71 Ch. 996
အိမ်တော်ကို ပြန်ရောက်ပြီးနောက် လီဖူချန်းက ဓားပိတ်လှောင်ခြင်းကမ္ဘာကို စတင်ကျင့်ကြံလိုက်တယ်။
ဒီလျှို့ဝှက်နည်းစနစ်က အစောပိုင်းအဆင့်ကို ရောက်ဖို့ အရမ်းမခက်ခဲပေမယ့် အလွန်တော့ရှုပ်ထွေးတယ်။ ၎င်းက ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဓားအဆောင်ကို ထုတ်လုပ်ဖို့ လိုအပ်တယ်။ ဒီဓားအဆောင်ကို မရေမတွက်နိုင်တဲ့ဓားပုံကြမ်းတွေနဲ့ ဖွဲ့စည်းထားတာပဲ။ ဓားပုံကြမ်းတစ်ခုစီကို မရေမတွက်နိုင်တဲ့ဓားအင်းကွက်တွေနဲ့ ဖွဲ့စည်းခဲ့တယ်။ ဓားအဆောင်တစ်ခုကို ထုတ်လုပ်နိုင်ဖို့ ကျင့်ကြံသူတစ်ယောက်က အကြီးအကျယ်အားထုတ်ဖို့လိုအပ်တယ်။
ဓားသမားအစည်းအရုံးရဲ့သမိုင်းမှာ ဒီလျှို့ဝှက်နည်းလမ်းကျင့်ကြံသူဘယ်သူမဆို အစောပိုင်းအဆင့်ကို မရောက်ခင် အနည်းဆုံးနှစ်ငါးဆယ်လိုအပ်တယ်။ ကာဒီနယ်တောက်ပဓားဘိုးဘေးက အစောပိုင်းအဆင့်ကို မရောက်ခင် နှစ်သုံးရာအချိန်ယူခဲ့ရတယ်။
"ဒါ အတော်လေးရိုးရှင်းတာပဲ"
ဒါပေမယ့် လီဖူချန်းရဲ့အမြင်အရ ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အစောပိုင်းအဆင့်ကို ရောက်ရှိဖို့ လွယ်ကူလွန်းတယ်။
ခရမ်းနီရောင်စိတ်ဝိညာဉ်နဲ့ဆိုရင် လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ကောင်းကင်ဘုံဆန့်ကျင်တယ်၊ ဒါကြောင့် သူက ရှုပ်ထွေးမှုတွေကို မကြောက်ဘူး။
သုံးလအတွင်းမှာ လီဖူချန်းက ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့တယ်။
သုံးလတောင်ယူခဲ့ရတာက နားလည်ရမယ့်ဒါမှမဟုတ်လေ့လာရမယ့်နေရာတွေ ရှိလို့ပဲ။ ဓားအဆောင်ကို ထုတ်လုပ်ဖို့ လီဖူချန်းက ရက်အနည်းငယ်သာ လိုအပ်တယ်။
အစောပိုင်းအဆင့်ကို ရောက်ရှိပြီးနောက် အကြိုပြီးပြည့်စုံခြင်းအဆင့်ကို အောင်မြင်ဖို့ပါပဲ။
အကြိုပြီးပြည့်စုံခြင်းအဆင့်အတွက် လီဖူချန်းက ဓားအစီအရင်တစ်ခုအဖြစ်ပေါင်းစပ်ဖို့ ဓားအဆောင်၃၆၀၀၀လိုအပ်တယ်။
ဓားပိတ်လှောင်ခြင်းကမ္ဘာကို အစီအရင်တစ်ခုလို့ ယူဆလို့ရတယ်၊ ဒါပေမယ့် ဒီအစီအရင်အမျိုးအစားက တည်ဆောက်ရတာ အတော်လေးအထူးတလည်ဖြစ်တယ်။
ဓားအဆောင်၃၆၀၀၀ဖြစ်ပေါ်စေဖို့က လီဖူချန်းအတွက် မခက်ခဲပါဘူး၊ သူက အောင်မြင်ဖို့ လအနည်းငယ်သာ ယူခဲ့ရတယ်။
ဒါပေမယ့် နောက်အပိုင်းကတော့ အရေးကြီးဆုံးဖြစ်တယ်။ သူက ဓားအဆောင်၃၆၀၀၀ကို ဓားအစီအရင်တစ်ခုအဖြစ်ကို ပေါင်းစပ်ရမယ်။
သူတို့ကို အတူတကွထားရုံလောက်မရိုးရှင်းပါဘူး၊ သူတို့ကို ဟာကွက်သေးသေးလေးတောင်မရှိဘဲ ချို့ယွင်းချက်မဲ့ပေါင်းစပ်ရမယ်။
အမှားတစ်ခုခုရှိလာရင် ဓားအစီအရင်က ယိုယွင်းသွားမယ်၊ ဓားအဆောင်တွေကလည်း ယိုယွင်းသွားလိမ့်မယ်။ ပြီးနောက် ဓားအဆောင်ကို ဖွဲ့စည်းခြင်း၊ ဓားအစီအရင်အဖြစ် ပြန်ပေါင်းစပ်ခြင်းတို့ကို အစက ပြန်စဖို့လိုလိမ့်မယ်။ ဒါက အားထုတ်မှုကို ဖြုန်းတီးတာတစ်ခုပါပဲ။
ဓားသမားအစည်းအရုံးရဲ့သမိုင်းမှာ ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အကြိုပြီးပြည့်စုံခြင်းကို အောင်မြင်တဲ့အမြန်ဆုံးပုဂ္ဂိုလ်က နှစ်ရှစ်ရာအချိန်ယူရတယ်။
"အောင်မြင်တယ်"
လီဖူချန်းက မှတ်တမ်းကို ထပ်မံချိုးဖြတ်ပြန်တယ်။ ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အကြိုပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိဖို့ တစ်နှစ်သာ ယူလိုက်ရတယ်။
"ဓားပိတ်လှောင်ခြင်းကမ္ဘာ"
လီဖူချန်းက သူ့ကိုယ်သူ ပစ်မှတ်အနေနဲ့ သတ်မှတ်ကာ ဓားပိတ်လှောင်ခြင်းကမ္ဘာကို ထုတ်လွှတ်လိုက်တယ်။
ပြီးနောက် စက်လုံးနဲ့တူတဲ့နေရာလပ်ဇုန်တစ်ခုက လီဖူချန်းကို ရစ်ပတ်လာတယ်။ နေရာလပ်ဇုန်ရဲ့နံရံတွေပေါ်မှာ ဓားအဆောင်တွေက တဖိတ်ဖိတ်တောက်ပနေတယ်၊ ဒါပေမယ့် မကြာမီမှာပဲ ဓားအဆောင်နဲ့နေရာလပ်ဇုန်က ပုန်းကွယ်သွားတယ်။
ဝုန်း.....
လီဖူချန်းက ဟင်းလင်းပြင်ကို လက်သီးတစ်ချက်ထိုးလိုက်တယ်။
သူက ဒီလက်သီးအတွက် သေးငယ်တဲ့စွမ်းအင်ပမာဏတစ်ခုသာ အသုံးပြုခဲ့ပြီး အဲဒါက သာလွန်အရှင်တစ်ယောက်နဲ့ အကြမ်းဖျင်းညီမျှတယ်။
လျှို့ဝှက်နည်းစနစ်မိတ်ဆက်အတိုင်းပဲ၊ အကြိုပြီးပြည့်စုံခြင်းအဆင့်ဓားပိတ်လှောင်ခြင်းကမ္ဘာက သာလွန်အရှင်တစ်ယောက်ကို ချိတ်ပိတ်နိုင်တယ်။ လီဖူချန်းက သူ့လက်သီးကို ထုတ်ဖော်လိုက်ပေမယ့် ဓားပိတ်လှောင်ခြင်းကမ္ဘာကို မတုန်လှုပ်စေနိုင်ခဲ့ဘူး။
လီဖူချန်းက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို လက်ရွေးအရှင်အဆင့်အထိ တိုးမြှင့်လိုက်တဲ့အခါမှ ဓားပိတ်လှောင်ခြင်းကမ္ဘာကို ချိုးဖြတ်နိုင်သွားခဲ့တယ်။ ဓားအဆောင်များစွာက တစ်စစီဖြစ်သွားတယ်။
"ငါ သိပြီ" လီဖူချန်းက ပျော်ရွှင်သွားတယ်။
ဓားပိတ်လှောင်ခြင်းကမ္ဘာက ကုန်ခန်းသွားတယ်၊ ဒါပေမယ့် ကုန်ခန်းခြင်းကို ဓားအဆောင်တွေနဲ့ တွက်ချက်တယ်။ ဓားအဆောင်တစ်ခုစီကို လီဖူချန်းရဲ့ဓားတာအိုစွမ်းအင်နဲ့ ဖွဲ့စည်းထားခဲ့တာပဲ။ အနာဂတ်မှာ သူက ရန်သူကို ရင်ဆိုင်ချင်ရင် ဓားအဆောင်တွေအများဆုံးဖွဲ့စည်းတာက အကောင်းဆုံးပဲ။ဒီနည်းလမ်းနဲ့ ဓားပိတ်လှောင်ခြင်းကမ္ဘာကို ချိုးဖြတ်သွားရင်တောင် သူက ဆက်လက်အသုံးပြုနိုင်လိမ့်မယ်။
အကြိုပြီးပြည့်စုံခြင်းပြီးနောက် ပြီးပြည့်စုံခြင်းဖြစ်တယ်။ ပြီးပြည့်စုံခြင်းအဆင့်က အစီအရင်တွေ ပေါင်းစပ်ဖို့ ဓားအဆောင်၃၆၀၀၀၀ လိုအပ်တယ်။ ဓားသမားအစည်းအရုံးရဲ့အမြန်ဆုံးမှတ်တမ်းက နှစ်ငါးထောင်ဖြစ်တယ်။
လီဖူချန်းအနေနဲ့ ဓားအစီအရင်ပေါင်းစပ်ခြင်းအပြင် နားလည်ဖို့နဲ့လေ့လာဖို့ ရှိသေးတယ်။ ကျန်တာတွေက ဘာအခက်အခဲတစ်ခုမှ မရှိဘူး၊ ပိုအားထုတ်ရုံမျှပဲ။
ဒါကြောင့် လီဖူချန်းက ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိဖို့ ခြောက်နှစ်သာ ယူခဲ့ရတယ်။
တစ်ယောက်ယောက်က ဒီအောင်မြင်မှုကို သိရင် ဓားသမားအစည်းအရုံးမှာ ကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖြစ်စေလိမ့်မယ်။
ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အရင်မှတ်တမ်းတင်ထားသူက စကြာဝဠာကလေးတစ်ယောက်ပဲ။ လီဖူချန်းရဲ့ကျင့်ကြံခြင်းမြန်နှုန်းက စကြာဝဠာကလေးတစ်ယောက်ထက် အဆတစ်ထောင်နီးပါးပိုမြန်တယ်။
သူက စကြာဝဠာကလေးထက် အဆတစ်ရာဒါမှမဟုတ်တစ်ထောင်သာလွန်မြင့်မားနိုင်တာကို လီဖူချန်းကသာ သိတယ်။
စကြာဝဠာကလေးက စကြာဝဠာမှကောင်းချီကို ရရှိခဲ့ပေမယ့် သူက ရွှေရောင်အဆောင်ရဲ့ကောင်းချီကို ရရှိခဲ့တယ်။
လက္ခဏာအားလုံးအရ ရွှေရောင်အဆောင်ရဲ့တည်ရှိမှုက စကြာဝဠာထက် သာလွန်တာသိသာတယ်။ နတ်ဘုရားတစ်ယောက်ဒါမှမဟုတ်နတ်ဘုရားကမ္ဘာတစ်ခုသာရှိရင် ရွှေရောင်အဆောင်က နတ်ဘုရားကမ္ဘာတစ်ခုမှ လာတာဖြစ်ရမယ်။ နတ်ဘုရားကမ္ဘာတောင် ရွှေရောင်အဆောင်က အံ့မခန်းထူးခြားတဲ့တစ်စုံတစ်ခုဖြစ်ရမယ်။
ဒါပေမယ့် နတ်ဘုရားနဲ့နတ်ဘုရားကမ္ဘာက ဒဏ္ဍာရီမျှသာပဲ။ တစ်ယောက်မှ အရင်က မမြင်ခဲ့ကြဖူးဘူး။
ရွှေရောင်အဆောင်ရဲ့သမိုင်းကို လီဖူချန်းက ကိုယ်တိုင်အတည်ပြုစစ်ဆေးရမယ်။
မရှိမဖြစ်လိုအပ်ချက်ကတော့ လီဖူချန်းက ဒီစကြာဝဠာရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်ဖို့ပဲ၊ သို့မဟုတ်ရင် သူက ရွှေရောင်အဆောင်ကို စူးစမ်းလေ့လာဖို့ အရည်အချင်းရှိလိမ့်မှာမဟုတ်ဘူး။
…
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်။
လူတိုင်းက ငြိမ်းချမ်းစွာ တည်ရှိနေကြတယ်......
ကန့်လန်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့နယ်နိမိတ်မှာ ဥက္ကာခဲအစုအဝေးထဲမှာ လှုပ်ရှားမှုအနည်းငယ်ရှိတယ်။
အုန်း.....
ရုတ်တရက် အဖြူရောင်အလင်းလက်သွားပြီး ဥက္ကာခဲအစုဝေးက ချက်ချင်း ပေါက်ကွဲထွက်သွားတယ်။
"မသေမျိုးအရှင်၊ မင်း ဘယ်နေရာမှ ထွက်ပြေးလို့မရဘူး"
အဖြူရောင်အလင်းပြီးနောက် အစိမ်းရောင်အလင်းပါပဲ။
အစိမ်းရောင်အလင်းက အဖြူရောင်အလင်းထက် ပိုမြန်ပြီး လျင်မြန်စွာ လိုက်မီလာတယ်။
"အဆိပ်တစ်သောင်းအရှင်၊ မင်း များနေပြီးနော်။ မင်း ငါ့နောက်လိုက်နေတာ နှစ်တစ်ထောင်ကျော်ပြီ" အဖြူရောင်အလင်းက ခန့်ညားတဲ့မျက်နှာနဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်တယ်။
"ငါ တန်ဖိုးကြီးကြီးပေးရရင်တောင် မင်းကို သတ်မယ်လို့ ငါ ပြောခဲ့သားပဲ" ပြောနေရင်း အစိမ်းရောင်လင်းက ဧရာမအစိမ်းရောင်လက်ဝါးတစ်ခုကို ခန့်ညားတဲ့လူးထံ ထုတ်ဖော်လိုက်တယ်။
ဝုန်း......
ခန့်ညားတဲ့လူက လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို မှိန်ဖျော့ဖျော့အစိမ်းရောင်လွှာတစ်ခုနဲ့ ဖုံးအုပ်သွားတယ်။
ဒါပေမယ့် အစိမ်းရောင်အလွှာက လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။
"ငါ မသေမျိုးတာအိုကို ကျင့်ကြံထားတာ ကံကောင်းတာပဲ၊ မဟုတ်ရင် ငါ သေနေလောက်ပြီး။ ဒါပေမယ့် ဒီအတိုင်းဆက်သွားရင် နောက်နှစ်အနည်းငယ်အတွင်း ငါ့ရဲ့မသေမျိုးစွမ်းအားက ကုန်းခန်းသွားလိမ့်မယ်"
သိပ်မကြာမီမှာပဲ အလင်းစီးကြောင်းနှစ်ခုက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အတွင်းဘက်ပိုင်းကို ရောက်ရှိလာတယ်။
"ဒါက....."
အရှင်နှစ်ယောက်ရဲ့တိုက်ခိုက်မှုက ကြီးမားလွန်းတယ်။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အားလုံးနီးပါးက ဒါကို အဝေးမှ ခံစားရနိုင်တယ်။
အနီးဆုံးက ရေပြာမြို့ရဲ့ရေပြာကောင်းကင်ဘုံအရှင်ပဲ။ သူက ကိုယ်တိုင် မချဉ်းကပ်ရဲဘူး၊ သူက ရေတာအိုကိုယ်ပွားတစ်ခုကို တိတ်တဆိတ်သွားစေလိုက်တယ်။
"ဒါ မသေမျိုးကောင်းကင်ဘုံအရှင်ပဲ။ နှစ်သောင်းအနည်းငယ်အတွင်း သူက အရှင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။သူ ဘယ်အရှင်အဆင့်ကို ရောက်ရှိနေတာပါလိမ့်"
ရေပြာကောင်းကင်ဘုံအရှင်က မသေမျိုးကောင်းကင်ဘုံအရှင်ကို ချက်ချင်းမှတ်မိလိုက်တယ်။ လီဖူချန်းမတိုင်ခင် မသေမျိုးကောင်းကင်ဘုံအရှင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့နံပါတ်တစ်ပါရမီရှင်ပဲ။
"ဒါပေမယ့် မသေမျိုးအရှင်နောက်ကိုလိုက်နေတဲ့အရှင်က အလွန်အားကောင်းပုံပေါ်တယ်၊ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးထက် အားမနည်းလောက်ဘူး"
အရင်က ရေပြာကောင်းကင်ဘုံအရှင်က အရှင်တွေများစွာကို မဆုံတွေ့ခဲ့ဖူးဘူး၊ ဒါကြောင့် သူက အရှင်တစ်ယောက်ရဲ့အဆင့်ကို မဆုံးဖြတ်နိုင်ဘူး။ သူက ခွဲခြားဖို့ အကိုးအကားသာ အသုံးပြုနိုင်တယ်။
ဒုတိယမြောက်ရောက်ရှိလာသူက ကန့်လန်ဖြတ်မြစ်ဘိုးဘေးပါပဲ။
"ဒါက အဆိပ်တစ်သောင်းအရှင်ပဲ"
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက အဆိပ်တစ်သောင်းအရှင်ကို သိတယ်။ အဆိပ်တစ်သောင်းအရှင်က စကြာဝဠာမှာ အတော်လေးကျော်ကြားပြီး သူ့ထက် အနည်းငယ်သာ ပိုအားနည်းတယ်။
အဆိပ်တစ်သောင်းအရှင်က မသေမျိးအရှင်ကို တိုက်ခိုက်နေရင်း သူက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို ပြောလိုက်တယ်"ကန့်လန့်ဖြတ်မြစ်ဘိုးဘေး၊ ဒီလူက ငါနဲ့ ကြီးမားတဲ့ရန်ငြိုးတစ်ခုရှိတယ်၊ မင်း ဝင်စွက်ဖက်မှာမဟုတ်ဘူးမလား"
သူ့ရဲ့အဆိပ်စွမ်းအားက သူ့ထက်အားနည်းတဲ့သူတွေကို အကြီးအကျယ်ဖိနှိပ်နိုင်ပေမယ့် သူနဲ့နှိုင်းယှဉ်နိုင်တဲ့သူတွေဆိုရင်တော့ ဖိနှိပ်မှုက အားနည်းလာလိမ့်မယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြောလိုက်တယ်"ငါ ဝင်စွက်ဖက်မှာမဟုတ်ဘူးဆိုပေမယ့် မင်းအနေနဲ့ သူ့ကို လွှတ်ပေးစေချင်တယ်"
မသေမျိုးအရှင်က လီဖူချန်းနဲ့တူညီတဲ့ပလိန်းမှ လာတာ။ သူက အဆိပ်တစ်သောင်းအရှင်ကို မဆန့်ကျင်ချင်ပေမယ့် အဆိပ်တစ်သောင်းအရှင်က သူ့ကို မျက်နှာသာတစ်ခုပေးဖို့တော့ မျှော်လင့်တယ်။
"မဖြစ်နိုင်ဘူး" အဆိပ်တစ်သောင်းအရှင်က ချက်ချင်းငြင်းပယ်လိုက်တယ်။
သူက မသေမျိုးအရှင်နောက်ကို လိုက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူ ဒီလိုနဲ့ ဘာလို့လက်လျော့လိုက်ရမှာလဲ။
ဒါ့အပြင် သူက လက်လျော့လိုက်ရင် ကမ္ဘာသစ်သီးကို ရရှိတော့မှာမဟုတ်ဘူး။
ဟူး.....
ကန့်လန့်ဖြတ်ဘိုးဘေးက သက်ပြင်းချလိုက်တယ်၊ ဆက်သွယ်ရေးတိုကင်တစ်ခုကို တိတ်တဆိတ် ချေမွလိုက်တယ်။
"အသက်ချပ်ပြားက ငါ့ကို ပြောတယ်၊ အသက်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထဲမှာ ရှိတယ်၊ အဲဒါက အတိအကျဘာလဲ"
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက သူ့ကို ကယ်ဆယ်လိမ့်မယ်လို့တော့ မသေမျိုးအရှင်က မတွေးခဲ့ဘူး။ သူ့အသက်ကို ကယ်ဆယ်ဖို့အတွက် ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက အထွတ်အထိပ်အရှင်တစ်ယောက်နဲ့ ရန်ငြိုးဖွဲ့လိမ့်မှာမဟုတ်လောက်ဘူး။
မကြာမီမှာ သွေးပုဆိန်အရှင်လည်း ရောက်ရှိလာတယ်။
"အဆိပ်တစ်သောင်းအရှင်၊ ဘယ်ကနေ လေတိုက်ပြီး ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်လာတာလဲ"
သွေးပုဆိန်အရှင်လည်း အဆိပ်တစ်သောင်းအရှင်ကို သိတယ်။
"သွေးပုဆိန်အရှင်၊ မင်းလဲ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်နေတာလား" အဆိပ်တစ်သောင်းအရှင်က မျက်မှောင်ကြုတ်လိုက်တယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့သွေးပုဆိန်အရှင်က သူ့ကို အတူတကွပူးပေါင်းရင်ဆိုင်လိမ့်မယ်လို့တော့ သူ မယုံကြည်ဘူး။ ဒါပေမယ့် မသေမျိုးအရှင်က သေမင်းနဲလက်တစ်ကမ်းအကွာကို ရောက်သွားတဲ့အခါ သူက ကမ္ဘာသစ်သီးကို သေချာပေါက် ထုတ်ပြလိုက်လိမ့်မယ်။ ဒီလိုဆိုရင် အခြေအနေက ကောင်းလာလိမ့်မှာမဟုတ်ဘူး။
သွေးပုဆိန်က ရယ်ကာ ပြောလိုက်တယ်" အဆိပ်တစ်သောင်းအရှင်၊ မင်း မသေမျိုးအရှင်ကို လွှတ်ပေးဖို့ ငါ အကြံပေးချင်တယ်"
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား" အဆိပ်တစ်သောင်းအရှင်က သွေးပုဆိန်အရှင်ကို စိုက်ကြည့်လိုက်တယ်။
သွေးပုဆိန်အရှင်က ခေါင်းခါလိုက်တယ်"ငါ မင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘုး။ မသေမျိုးအရှင်နဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က တူညီတဲ့ပလိန်းတစ်ခုကဆိုတာ မင်း သိလား"
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ နှစ်ပေါင်းများစွာ နေလာပြီးနောက် သွေးပုဆိန်အရှင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်နဲ့ပတ်သက်ပြီး အနည်းငယ်သိတယ်။
"ပြိုင်ဘက်ကင်းအရှင်လား" အဆိပ်တစ်သောင်းအရှင်က ထိတ်လန့်သွားတယ်။
စကြာဝဠာမှာ ပြိုင်ဘက်ကင်းအရှင်တွေအနေနဲ့ အထွတ်အထိပ်အရှင်တွေကို သတ်ဖို့က ရှားပေမယ့် ဖြစ်နိုင်ချေရှိသလို ဖြစ်ခဲ့တာတွေ ရှိတယ်။
ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မှာ အံ့မခန်းဝှက်ဖဲတွေ ရှိရင် အထွတ်အထိပ်အရှင်တစ်ယောက်ကို သတ်ဖို့က ဖြစ်နိုင်တယ်။
"ကျိန်စာကောင်းကင်ဘုံအရှင်များလား"
ကျိန်စာကောင်းကင်ဘုံအရှင်လားလို့ မသေမျိုးအရှင်က တွေးမိသွားတယ်။ သူက ကျိန်စာကောင်းကင်ဘုံအရှင်ကို နှစ်သန်းချီကြား မမြင်ခဲ့ဘူး။ ပါရမီအရ သူက ကျိန်စာကောင်းကင်ဘုံအရှင်ထက် မနိမ့်ကျဘူးလို့ ယုံကြည်ထားပေမယ့် ကံကြမ္မာကို ဘယ်သူက ဘာပြောနိုင်မှာလဲ။ ကျိန်စာကောင်းကင်ဘုံအရှင်က ကောင်းကင်ဆန့်ကျင်ကံကြမ္မာအခွင့်အလမ်းအချို့ကို ရရှိပြီး ပြိုင်ဘက်ကင်းအရှင်တစ်ယောက် ဖြစ်သွားတာများလား။
"ဘယ်ပြိုင်ဘက်ကင်းအရှင်များလဲ" အဆိပ်တစ်သောင်းအရှင်က မျက်မှောင်ကြုတ်ကာ သွေးပုဆိန်အရှင်ကို မေးလိုက်တယ်။
သွေးပုဆိန်အရှင်က ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်"
"သူလား၊ တောက်" သွေးပုဆိန်အရှင်ရဲ့မကျေမနပ်ဖြစ်မှုက ပြင်းထန်လာတယ်။
မူလအဆုံးစွန်းအရှင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၉၉ဖြစ်ပြီး အရှင်အားလုံးက အဲဒါကို မြင်တွေ့ခဲ့ရတယ်။
အဆင့်မြင့်သတ်မှတ်ချက်ဝင်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က သူ့အတွက် တကယ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပဲ။ ဒါပေမယ့် သူက ကမ္ဘာသစ်သီးကို လက်လျော့လိုက်ရမှာလား။
"မဟုတ်ဘူး၊ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ၊ ငါလဲပဲ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အကူအညီကို ရှာနိုင်တယ်မလား" အဆိပ်တစ်သောင်းအရှင်က ဆက်သွယ်ရေးတိုကင်တစ်ခုကို တိတ်တဆိတ်ချေမွလိုက်တယ်။
"ဒိီမူလအဆုံးစွန်းအရှင်လား။ နှစ်သောင်းအနည်းငယ်အတွင်း အံ့မခန်းစရာတစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာများလား"
မသေမျိုးအရှင်က စိတ်သက်သာရာရသွားတယ်။ အံ့အားသင့်စရာမရှိဘဲ မူလအဆုံးစွန်းအရှင်က အသက်ချပ်ပြားပေါ်ရှိ အသက်အခွင့်အလမ်းပဲ ဖြစ်ရမယ်။မူလအဆုံးစွန်းအရှင်ဆိုရင် ကမ္ဘာသစ်သီးကို မျှဝေပေးမယ်လို့ သူက ဆုံးဖြတ်ထားတယ်။