အဆိပ်တစ်သောင်းဖန်ပြင်
Vol. 71 Ch. 997
နှစ်သုံးဆယ်ကြာပြီးနောက် လီဖူချန်းက ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိသွားတယ်။ ဒါ့ပြင် သူ့ခန္ဓာကိုယ်ထဲမှာ ဓားအဆောင်ဆယ်သန်းကျော် ထုတ်လုပ်နိုင်ခဲ့တယ်။
အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဓားပိတ်လှောင်ခြင်းကမ္ဘာက ဓားအဆောင်၃.၆သန်းသာ လိုအပ်တယ်။
လီဖူချန်းက ဓားနတ်ဘုရားမျက်လုံးကို ဖလှယ်ဖို့အတွက် နည်းလမ်းတစ်ခုကို စဉ်းစားနေတဲ့အခိုက် သူ့နေရာလပ်လက်စွပ်ထဲရှိဆက်သွယ်ရေးတိုကင်တစ်ခုက ရုတ်တရက်အက်ကွဲသွားတယ်။
ဒါက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပေးထားခဲ့တဲ့ဆက်သွယ်ရေးတိုကင်ပဲ။ ဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်း၅၀၀ကျသင့်တယ်။ စကြာဝဠာတစ်ဝက်ကျော်ရင်တောင် ဆက်သွယ်ရေးတိုကင်က ဖြတ်သန်းနိုင်တယ်၊ ဒါပေမယ့် ဒါကို တစ်ကြိမ်ပဲအသုံးပြုလို့ရနိုင်တယ်။
"မသေမျိုးအရှင်ကို အထွတ်အထိပ်အရှင်အဆိပ်တစ်သောင်းအရှင်က လိုက်နေတာလား" လီဖူချန်းက မေးငေါ့လိုက်တယ်။
မသေမျိုးအရှင်နဲ့ကျိန်စာကောင်းကင်ဘုံအရှင်တို့နှစ်ယောက်လုံးက နက်ပြာပလိန်းရဲ့ဒဏ္ဍာရီတွေဖြစ်ကြတယ်။ သူက နက်ပြာပလိန်းမှာရှိနေစဉ်ကတည်းက သူတို့ရဲ့နာမည်ကို မကြာခဏကြားခဲ့ရတယ်။
လီဖူချန်းက မသေမျိုးအရှင်နဲ့ တစ်ကြိမ်လောက်တော့ တွေ့ချင်ခဲ့တယ်။ ဒါက ပြီးပြည့်စုံဆုံးအခွင့်အရေးတစ်ခုပါပဲ။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက အကြီးအကဲအမှတ်၁၀၀၀ကို သုံးစွဲကာ ဓားအလင်းဖြာထွက်ခြင်းမြို့မှ ဓားကြယ်မြို့ဆီ တည်နေရာရွှေ့ပြောင်းလိုက်တယ်။ ပြီးနောက် သူက ဓားကြယ်မြို့မှ အံ့ဖွယ်သစ်ရွက်မြို့ဆီ တည်နေရာရွှေ့ပြောင်းခဲ့တော့တယ်။
ရေပြာမြို့အနီးမှာ တိုက်ပွဲက တည်ရှိနေတုန်းပဲ။ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့သွေးပုဆိန်အရှင်အပြင် အခြားမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေက သူတို့ရဲ့ကိုယ်ပွားတွေကို တိုက်ပွဲကို လေ့လာဖို့ စေလွှတ်ထားခဲ့တယ်။
"မသေမျိုးအရှင်အပါအဝင်ဆိုရင် ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ အရှင်လေးယောက်ရှိပြီ"
"သွေးပုဆိန်အရှင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကမဟုတ်ဘူး၊ ဒါကြောင့် သူ့ကို ထည့်မတွက်ဘူး"
"အရှင်သုံးယောက်ကျန်ပါသေးတယ်"
"အရှင်သုံးယောက်......အရှင်တစ်ယောက်တောင်မရှိတဲ့ကြယ်ပိုင်နက်တွေအများကြီးရှိတယ်"
လူတိုင်းက ဆွေးနွေးနေကြတယ်။
"မသေမျိုးအရှင်၊ မင်းသာ ဉာဏ်ကောင်းရင် ထိုပစ္စည်းကို ငါ့ကို လွှဲပေးလိုက်တာ ပိုကောင်းမယ်။ ငါ မင်းအသက်ကို ချမ်းသာပေးနိုင်တယ်" အဆိပ်တစ်သောင်းအရှင်က မသေမျိုးအရှင်ထံ သတင်းပို့လိုက်တယ်။
"မင်းက ကမ္ဘာသစ်သီးကို လိုချင်နေတာလား။ မင်း အိမ်မက်ပဲမက်နေ၊ မင်းကိုပေးမဲ့အစား ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို ပေးတာ ပိုကောင်းလိမ့်မယ်" မသေမျိုးအရှင်က နှာခေါင်းရှုံ့လိုက်တယ်။
"ငါ့ကို ဖိအားမပေးနဲ့၊ ငါ့ကို ဖိအားပေးရင် ငါ မင်းရဲ့တာအိုလက်တွဲဖော်မိုးသောက်အိမ်မက်ကောင်းကင်ဘုံအရှင်ကို သတ်ရလိမ့်မယ်" အဆိပ်တစ်သောင်းအရှင်က ခြိမ်းခြောက်လိုက်တယ်။
"မင်း လုပ်ရဲလား....မိုးသောက်အိမ်မက်ရဲ့ဆရာက ခွဲဖြာတောင်ဘိုးဘေးပဲ" မသေမျိုးအရှင်ရဲ့အမူအရာက ပြောင်းသွားတယ်။ သူ့ရဲ့တာအိုလက်တွဲဖော်ကို သတ်ဖို့ အဆိပ်တစ်သောင်းအရှင်က အရာအားလုံးကို စွန့်လွှတ်မှာကို သူက တကယ်ကြောက်ရွံ့မိတယ်။
"ခွဲဖြာတောင်ဘိုးဘေးက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်မဟုတ်ဘူး၊ ဘာလို့ ငါက သူ့ကို ကြောက်ရမှာလဲ။ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုရင်တောင် ငါ့ကို ဆန့်ကျင်ရင် တန်ဖိုးတစ်ခုပေးချေရလိမ့်မယ်" အဆိပ်တစ်သောင်းအရှင်က ကမ္ဘာသစ်သီးကို လုံးဝလက်လျော့မှာမဟုတ်ဘူး။ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ဆန့်ကျင်ရလို့ ပြဿနာရှိမှာမဟုတ်ဘူး။
"အဆိပ်တစ်သောင်းအရှင်၊ တစ်ယောက်မှ မင်းကို မရင်ဆိုင်နိုင်ဘူးလို့ မင်း ထင်နေတာလား။ မူလအဆုံးစွန်းအရှင် ရောက်လာတာနဲ့ မင်း ဒီလိုပြောနိုင်အုံးမလား ကြည့်ရတာပေါ့" မူလအဆုံးစွန်းအရှင်က သူ့ရဲ့အသက်အခွင့်အလမ်းဆိုတာကို မသေမျိုးအရှင်က ယုံကြည်တယ်။ သူ့ရဲ့အသက်ချပ်ပြားက ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းရဲ့တွက်ချက်မှုက ဘယ်တော့မှ မှားယွင်းမှာမဟုတ်ဘူး။
"ဒါဆိုလဲ ငါ သူ့ကို စောင့်နေမယ်လေ" အဆိပ်တစ်သောင်းအရှင်က သူ့ရဲ့အဆိပ်စွမ်းအားကို စုစည်းကာ မသေမျိုးအရှင်ထံ လက်ဝါးရိုက်ချက်တွေကို အဆက်မပြတ် ဖော်ထုတ်လိုက်တယ်။
"စောင့်စရာမလိုတော့ဘူး၊ ငါ ရောက်လာပြီ"
ထိုအခိုက်မှာ ကြည်လင်ပြတ်သားတဲ့အသံတစ်သံက ကောင်းကင်မှ ကြားလိုက်ရတယ်။ ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုတစ်ခုက ရုတ်တရက်ဆင်းသက်လာပြီး အဆိပ်တစ်သောင်းအရှင်အပေါ် ဖိအားတစ်ခုကို ပေးလိုက်တယ်။
"ပြိုင်ဘက်ကင်းအရှင်"
အဆိပ်တစ်သောင်းအရှင်ရဲ့အမူအရာက စိုးရိမ်သွားတယ်။ မူလအဆုံးစွန်းအရှင်ရောက်လာတာ ဒီလောက်မြန်မယ်လို့ သူ မထင်ထားခဲ့ဘူး။
လူတိုင်းရဲ့မြင်ကွင်းထဲမှာ ချောမောခန့်ညားတဲ့လူရွယ်တစ်ယောက်က ဟင်းလင်းပြင်မှ ထွက်လာတယ်။
"မူလအဆုံးစွန်းအရှင်" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြုံးလိုက်တယ်။
လီဖူချန်းက တုံ့ပြန်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်၊ သူ့ကို သတင်းပို့တဲ့အတွက် သူက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို အလွန်ကျေးဇူးတင်မိတယ်။
"မူလအဆုံးစွန်းအရှင်၊ မတွေ့တာ အတော်ကြာပြီ" သွေးပုဆိန်အရှင်ရဲ့မျက်လုံးတွေက ရှုပ်ထွေးနေလေတယ်။ လီဖူချန်က ဒီလောက်အလျင်အမြန်တိုးတက်လာတော့ လီဖူချန်းကို နှုတ်ဆက်ဖို့ ဘာအဆင့်အတန်းကို အသုံးပြုရမလဲကို သူ မသိတော့ဘူး။
မသေမျိုးအရှင်နဲ့အဆိပ်တစ်သောင်းအရှင်တို့ဆီ တစ်လှမ်းချင်းတစ်လှမ်းချင်းလျှောက်သွားလျက် လီဖူချန်းက မသေမျိုးအရှင်ကို အရင်ကြည့်လိုက်တယ်။
အရိုးသားဆုံးပြောရရင် သူက အတော်လေးအံ့အားသင့်မိတယ်။ မသေမျိုးအရှင်မှာ သာလွန်အရှင်တစ်ယောက်ရဲ့ခွန်အားရှိမယ်လို့ သူ ထင်ထားခဲ့ပေမယ့် မသေမျိုးအရှင်က သာမန်အရှင်သာ ဖြစ်နေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သာမန်အရှင်တစ်ယောက်က အထွတ်အထိပ်အရှင်တစ်ယောက်ကို ဒီလောက်အကြာကြီးရင်ဆိုင်နိုင်တာက တကယ်ကို ခက်ခဲတဲ့ကိစ္စတစ်ခုပဲ။
"မသေမျိုးအရှင်၊ ငါ သင့်ရဲ့အောင်မြင်မှုတွေကို ကြားခဲ့ရပြီး သင့်ကို အမြဲတမ်းလေးစားနေခဲ့တာ" လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်။
မသေမျိုးအရှင်က ခေါင်းခါလိုက်တယ်"ငါ မူလအဆုံးစွန်းအရှင်ထက် မွေးလာတာ နှစ်သန်းအနည်းငယ်ပိုစောရုံပါပဲ။ ငါ မင်းရဲ့လေးစားမှုနဲ့ မထိုက်တန်ပါဘူး"
လီဖူချန်းက မေးလိုက်တယ်"မသေမျိုးအရှင်၊ ဘာလို့ အဆိပ်တစ်သောင်းအရှင်က သင့်နောက်ကို လိုက်နေရတာလဲ"
တုံ့ပြန်တဲ့အနေနဲ့ မသေမျိုးအရှင်က မဖုံးကွယ်ဘူး၊ သူက ရှင်းပြလိုက်တယ်"ငါက ကမ္ဘာသစ်ပင်ရဲ့သစ်သီးတစ်လုံးကို အပျက်အစီးနယ်မြေတစ်ခုမှာ ရရှိခဲ့တယ်။ အဆိပ်တစ်သောင်းအရှင်က ငါ့ကို မြင်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါကြောင် သူက ငါ့နောက်ကို နှစ်ပေါင်းတစ်ထောင်ကျော်ကြာလိုက်နေတာ။ ကံကောင်းတာက ငါ့မှာ အသက်ချပ်ပြားလို့ခေါ်တဲ့အသုံးအဆောင်ပစ္စည်းတစ်ခုရှိနေတာပဲ။ အဲဒါရဲ့လမ်းညွှန်မှုနဲ့ ငါက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ဆီ ထွက်ပြေးလာခဲ့တာပဲ"
"ကမ္ဘာသစ်ပင်ရဲ့သစ်သီးလား" လီဖူချန်းက မေးငေါ့လိုက်တယ်။
ဒါက စကြာဝဠာရတနာတစ်ခုဖြစ်ပြီး ကမ္ဘာသစ်ရွက်ထက် မနိမ့်ကျပါဘူး။ တိကျတဲ့အတိုင်းအတာတစ်ခုအထိ ၎င်းက ကမ္ဘာသစ်ရွက်ထက် ပိုတန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်စေတယ်။
ကြည့်ရတာ မသေမျိုးအရှင်က မဟာကံကြမ္မာရှိတဲ့လူတစ်ယောက်ဖြစ်ပုံပဲ။
မသေမျိုးအရှင်က ကံကောင်းလွန်းပြီး သူနဲ့တောင် ယှဉ်နိုင်လုနီးပါးလို့ လီဖူချန်းက ခံစားမိတယ်။
သူ့မျက်လုံးကို မသေမျိုးအရှင်မှ လွှဲပြောင်းကာ လီဖူချန်းက အဆိပ်တစ်သောင်းအရှင်ကို ကြည့်လိုက်တယ်"ထွက်သွားစမ်း၊ ငါ့ကို လှုပ်ရှားဖို့ဖိအားမပေးနဲ့"
လီဖူချန်းက အထွတ်အထိပ်အရှင်တစ်ယောက်ကို ဂရုမစိုက်ပါဘူး။
"မင်း...."
"ဘာလဲ။ မင်းက မထွက်သွားချင်ဘူးလား" လီဖူချန်းက ဝေ့ကြည့်လိုက်တယ်။
"ငါ ဒီအတိုင်းထွက်သွားရင် မူလအဆုံးစွန်းအရှင်ကို မလေးစားသလို ဖြစ်သွားမှာပေါ့။ ငါ၊ အဆိပ်တစ်သောင်းအရှင်က မင်းရဲ့ကျွမ်းကျင်မှုတွေကို တွေ့ကြုံခံစားချင်ပါတယ်" အဆိပ်တစ်သောင်းအရှင်က အံကြိတ်ကာ ပြောလိုက်တယ်။
"ကောင်းပြီလေ၊ မင်း နောင်တာမရဖို့ ငါမျှော်လင့်တယ်"
လီဖူချန်းက အရှင်တစ်ယောက်ကို အခုထိမသတ်ရသေးပါဘူး။ မကြာသေးမီက ကျင့်ကြံထားတဲ့ ဓားပိတ်လှောင်ခြင်းကမ္ဘာနဲ့အတူ သူက သူ့ရဲ့ခွန်အားကို တစ်ယောက်ယောက်အပေါ် စမ်းသပ်ချင်နေခဲ့တယ်။ အဆိပ်တစ်သောင်းအရှင်က သေချာပေါက်သင့်တော်တဲ့ပြိုင်ဘက်တစ်ယောက်ပါပဲ။
သူတို့နှစ်ယောက်တိုက်ခိုက်တော့မှာကိုမြင်ပြီး လူတိုင်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
အထူးသဖြင့် ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့သွေးပုဆိန်အရှင်တို့ပဲ၊ အဆင့်၉၉အရှင်တစ်ယောက်အနေနဲ့ လီဖူချန်းရဲ့ခွန်အားအတိအကျကို သူတို့နှစ်ယောက်လုံးက သိချင်ခဲ့တယ်။ သူနဲ့သူတို့နှစ်ယောက်ကြားကွာဟချက်ကို သိချင်ခဲ့တယ်။
"မူလအဆုံးစွန်းအရှင်၊ ကျေးဇူးအများကြီးတင်ပါတယ်" ကျေးဇူးတင်စကားပြောပြီးနောက် မသေမျိုးအရှင်က ဘေးသို့ ဆုတ်လိုက်တယ်။
"မူလအဆုံးစွန်းအရှင်၊ ငါ့ရဲ့တိုက်ခိုက်မှုကို လက်ခံစမ်း"
အဆိပ်တစ်သောင်းအရှင်က ရောင်ခြည်ဖောက်ထွင်းဝင်နိုင်တဲ့လက်အိတ်တစ်စုံကို ဝတ်ဆင်ထားတယ်။ လက်အိတ်တစ်စုံက အစိမ်းရောင်သွေးကြောတွေနဲ့အတူ ထွက်ပေါ်လာပြီး အဆိပ်တစ်သောင်းအရှင်က သူ့ရဲ့ချီကို လှည့်ပတ်လိုက်တယ်။
ဒီလက်အိတ်တစ်စုံကို အဆိပ်တစ်သောင်းဖန်ပြင်လို့ ခေါ်တယ်။ အဲဒါက ထူးကဲအဆင့်အန္တိမအဆင့်အဆိပ်တာအိုလက်နက်တစ်ခုဖြစ်တယ်။ ၎င်းကို စကြာဝဠာရဲ့အဆိပ်အပြင်းဆုံးသက်ရှိဖြစ်တဲ့ဖရိုဖရဲအဆိပ်ပိုးကောင်ရဲ့အဆိပ်မှ ပြုလုပ်ထားတယ်။
အဆိပ်တစ်သောင်းဖန်ပြင်က မဖျက်ဆီးနိုင်ရုံတင်မကဘူး၊ ကြောက်စရာကောင်းတဲ့အဆိပ်စွမ်းအားရှိတယ်။ ထိတွေ့မိရင် သာမန်ကောင်းကင်ဘုံ အရှင်တစ်ယောက်က ပြာဖြစ်သွားလိမ့်မယ်။ သာမန်အရှင်တစ်ယောက်ကို တိုက်ခိုက်ရင် သူတို့က အဆိပ်အပြင်းအထန်မိပြီး အဆိပ်ကို ဖယ်ရှားဖို့ ကြီးမားတဲ့စွမ်းအင်ပမာဏတစ်ခုကို အသုံးပြုဖို့လိုအပ်တယ်။ မသေမျိုးအရှင်ရဲ့မသေမျိုးတာအိုက အနည်းငယ်ထူးခြားတယ်၊ သို့မဟုတ်ရင် သူက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်အထိ ထွက်ပြေးလာနိုင်လိမ့်မှာမဟုတ်ဘူး။
အစိမ်းရောင်လက်ဝါးက အစိမ်းရောင်ပိုးကောင်ငယ်လေးတွေပမာ လီဖူချန်းဆီ တိုးဝင်လာတယ်။
အဆိပ်တစ်သောင်းအရှင်ရဲ့တိုက်ကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ ငွေရောင်ဓားချီတစ်ခုက အဆိပ်တစ်သောင်းအရှင်ကို ဝါးမျိုသွားတယ်။
"ဒါပဲလား" ကြည့်ရှုသူတွေက အလွန်အမင်းအံ့အားသင့်နေကြတယ်။
ထိတ်လန့်တုန်လှုပ်စရာတိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတာလေ။
မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကို ဖော်ပြစရာမလိုပါဘူး။ သူတို့နဲ့အရှင်ကြားကွက်လပ်က ကြီးမားလွန်းတယ်၊ သူတို့က ဒီနေရာကို ပြပွဲကြည့်ရုံသက်သက်ပါပဲ။
ဒါပေမယ့် ကန့်လန့်ဖြတ်မြစ်ဘိုးဘေး၊ သွေးပုဆိန်အရှင်နဲ့မသေမျိုးအရှင်တို့အားလုံးက အရှင်တွေပါပဲ။ လီဖူချန်းက အဆိပ်တစ်သောင်းအရှင်ကို ဓားတစ်ကွက်တည်းနဲ့ ပိတ်လှောင်ထားနိုင်တဲ့အပေါ် သူတို့က အတော်လေးအံ့အားသင့်မိတယ်။
လီဖူချန်းက အဆိပ်တစ်သောင်းအရှင်ကို ဓားတစ်ကွက်တည်းနဲ့ ပိတ်လှောင်ထားနိုင်တာက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကိုလည်း ဓားတစ်ကွက်တည်းနဲ့ ပိတ်လှောင်ထားနိုင်တယ်လို့ ဆိုလိုတယ်။
အဆုံးမဲ့ဓားပင်လယ်အထဲမှာ အဆိပ်တစ်သောင်းအရှင်က ဒေါသတကြီးဟိန်းဟောက်နေတယ်။ သူက ဓားပင်လယ်ထံ အစိမ်းရောင်လက်ဝါးရိုက်ချက်တွေ အကန့်အသတ်မဲ့ပေါက်ကွဲထွက်စေလိုက်တယ်။
လက်ဝါးရိုက်ချက်တွေ ထိမှန်တဲ့အခါ အဆုံးမဲ့ဓားပင်လယ်က ပိုတောင်ကြမ်းတမ်းလာတယ်။ အဆိပ်တစ်သောင်းအရှင်က နောက်ကို အဆက်မပြတ်ဆုတ်နေရပြီး သနားစဖွယ်အခြေအနေမှာ ကျရောက်နေတယ်။
"ဒီမူလအဆုံစွန်းအရှင်က ဒီလောက်တောင်အားကောင်းတာလား...."
အခု အဆိပ်တစ်သောင်းအရှင်က နောင်တရမိတယ်။ သူက ကိုယ့်ကိုယ်ကို ယုံကြည်မလွန်းသင့်ဘူး။ လီဖူချန်းက အရှင်သတ်မှတ်ချက်ရဲ့အဆင့်၉၉ဆိုမှတော့ သူက သာမန်ပြိုင်ဘက်ကင်းအရှင်တွေထက် သိသိသာသာပိုသန်မာမှာပေါ့။
"ငါ အဆိပ်တစ်သောင်းပုလဲကို အသုံးပြုရမယ်"
အဆိပ်တစ်သောင်းအရှင်က သူ့ရဲ့နေရာလပ်လက်စွပ်မှ ရောင်စုံပုလဲတစ်လုံးကို ယူထုတ်လိုက်တယ်။ စကြာဝဠာထဲမှာ နှစ်မရေမတွက်များစွာ စွန့်စားရင်း မရေမတွက်နိုင်လောက်တဲ့အဆိပ်အဆီအနှစ်တွေကို စုဆောင်းပြီးနောက် ဒိီပုလဲက သိပ်သည်းလာခဲ့တယ်။
အဆိပ်တစ်သောင်းအရှင်က အဆိပ်တစ်သောင်းပုလဲကို သုံးစွဲလိုက်တယ်။
ပြီးနောက် အဆိပ်တစ်သောင်းအရှင်မှ အဆိပ်စွမ်းအားတွေ ထိုးတက်လာပြီး အဲဒါကို အဆိပ်တစ်သောင်းဖန်ပြင်ထဲသို့ ထည့်သွင်းခဲ့တယ်။
"ချိုးဖြတ်စမ်း....."
အဆိပ်တစ်သောင်းအရှင်က သူ့ရဲ့လက်ကို ဆုတ်ကိုင်ကာ သူ့ရဲ့ညာလက်ညှိုးကို ဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ညာလက်က အဆိပ်စွမ်းအားတွေနဲ့ ပြည့်နေတယ်။ ဖရိုဖရဲရောင်စုံအားတစ်ခုက ဓားပင်လယ်ကို ထိုးဖောက်လာတယ်။
ဝှစ်......
ဓားပင်လယ်မှာ လက်ချောင်းအရွယ်အစားအပေါက်တစ်ခု ထွက်ပေါ်လာပြီး အဆိပ်တစ်သောင်းအရှင်က အခွင့်အရေးကို ဆုပ်ကိုင်ကာ ထွက်ပြေးလိုက်တယ်။
ရွှမ်း.....
အဆိပ်တစ်သောင်းအရှင်က အပြင်ကမ္ဘာမှာ ထွက်ပေါ်လာတယ်။
"သူ ဒိီလောက်မောက်မာနေတာ အံ့ဩစရာမရှိဘူးပဲ" လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။
လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းရဲ့ပိတ်လှောင်ခြင်းစွမ်းရည်က ဓားပိတ်လှောင်ခြင်းကမ္ဘာထက် အများကြီးပိုမြင့်တယ်။ ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ ပြိုင်ဘက်ကင်းအရှင်အစိမ်းရောင်ဝိညာဉ်ဘိုးဘေးကိုတောင် အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားတယ်။ သူက လွတ်မြောက်ဖို့အလို့ငှာ ပေါက်ကွဲလျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ရတယ်။
ဒါပေမယ့် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ဓားကွက်တစ်ခုဖြစ်တယ်။ ရန်သူကို ပိတ်ပြီးနောက် လီဖူချန်းက မဝင်ရောက်သွားနိုင်ဘူးလေ။
ဒါ့အပြင် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက စွမ်းအားအများကြီးမရှိဘူး။ သာမန်အရှင်တစ်ယောက်က အထဲမှာ ပိတ်မိနေရင် စွမ်းအင်ကုန်ခန်းစေဖို့၊ သွေးမျိုးဆက်ခြောက်သွေ့စေဖို့ အချိန်အကြာကြီးယူရလိမ့်မယ်။
ဓားပိတ်လှောင်ခြင်းကမ္ဘာက ခြားနားတယ်။ အဲဒါက ရန်သူကို အထဲမှာ ပိတ်ပြီး လွတ်မြောက်ခ္ငင့်တစ်ခုမှ ပြုမှာမဟုတ်ဘူး။ ဒီနည်းလမ်းနဲ့ လီဖူချန်းက ရန်သူကို ထိပ်တိုက်ရင်ဆိုင်သတ်ဖြတ်နိုင်တယ်။