← Chapters

အမှောင်အရှင်ဘုရင်

Vol. 71 Ch. 998

အမှောင်အရှင်ဘုရင်

Vol. 71 Ch. 998

"မူလအဆုံးစွန်းအရှင်၊ မင်းက တကယ်စွမ်းရည်ရှိရင် ငါ့ရဲ့အသန်မာဆုံးအကွက်အဆိပ်တစ်သောင်းနှလုံးသားကို လက်ခံစမ်း"

သူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တစ်သောင်းပုလဲရဲ့စွမ်းအင်တွေ လျှို့ဝှက်ထားတာ အများကြီးရှိပါသေးတယ်။ အဆိပ်တစ်သောင်းအရှင်က မဖြုန်းတီးလိုဘူး၊ ဒါကြောင့် သူက လီဖူချန်းထံ လက်ချောင်းထိုးဖောက်မှုတစ်ခုကို ထုတ်ဖော်လိုက်တယ်။

"မင်းရဲ့ခွန်အားအပြည့်ကို ပြပါ" လီဖူချန်းက ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ရဲ့အကျိုးသက်ရောက်မှုကို စစ်ဆေးချင်တယ်။ သူက မရှောင်ဘူး၊ တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်နဲ့ လက်ခံဖို့ ပြင်ဆင်ထားတယ်။

"ခန္ဓာကိုယ်ကိုသုံးပြီး ငါ့ရဲ့တိုက်ခိုက်မှုကို ခုခံချင်တာလား" အဆိပ်တစ်သောင်းအရှင်က ပထမ ထိတ်လန့်သွားပေမယ့် သူ့မျက်နှာက ရက်စက်တဲ့အပြုံးတစ်ခု ချက်ချင်း ဖြစ်တည်လာတယ်။

သူ့ရန်သူက သူ့ကိုယ်သူယုံကြည်မှုလွန်းကဲနေတာပဲ။ အဆိပ်တစ်သောင်းအရှင်က အထွတ်အထိပ်အရှင်တစ်ယောက်ဖြစ်ပြီး အဆိပ်တစ်သောင်းပုလဲနဲ့ဆိုရင် သူက သူ့စွမ်းအင်ကို ပြိုင်ဘက်ကင်းအရှင်အဆင့်သို့ တွန်းပို့နိုင်လိမ့်မယ်။

ပြိုင်ဘက်ကင်းအရှင်တွေကြားမှာ ခန္ဓာကိုယ်အပြင်အားပြိုင်ဘက်ကင်းအရှင်အချို့ဒါမှမဟုတ်အံ့မခန်းခုခံမှုအသုံးအဆောင်ပစ္စည်းဒါမှမဟုတ်ချပ်ဝတ်ရှိသူတွေကလွဲပြီး တစ်‌ယောက်ကမှ ခန္ဓာကိုယ်မျှနဲ့ တိုက်ခိုက်မှုတစ်ခုကို မခုခံရဲဘူး။

အဆိပ်တစ်သောင်းအရှင်ရဲ့အမြင်အရ သူ့ရဲ့လက်ချောင်းထိုးဖောက်ကွက်က လီဖူချန်းကို သေချာပေါက်ဒဏ်ရာရစေလိမ့်မယ်။ သူက လီဖူချန်းကို အဆိပ်တောင် မိစေနိုင်ပြီး လီဖူချန်းရဲ့ခွန်အားကို သိသိသာသာလျော့ကျစေနိုင်လောက်တယ်။

ဒါနဲ့ပတ်သက်ပြီးစဉ်းစားမိပြီးနောက် အဆိပ်တစ်သောင်းအရှင်က အဆိပ်စွမ်းအားတွေကို သူ့လက်ချောင်းထိပ်ဆီ လည်ပတ်စေလိုက်တယ်။

နောက်ဆုံးမှာ အဆိပ်တစ်သောင်းအရှင်ရဲ့လက်ချောင်းထိပ်က လီဖူချန်းရဲ့ရင်ဘက်သို့ ထိုးစိုက်သွားတော့တယ်။

ဖြောက်.......

အရိုးကျိုးသံတစ်ခုထွက်ပေါ်လာတယ်။

အဆိပ်တစ်သောင်းအရှင်ရဲ့လက်ချောင်းထိပ်က တွန့်လိမ်သွားတယ်။ သူက သတ္တုပြားတစ်ခုအပေါ် ကျရောက်သွားတဲ့ နှံကောင်တစ်ကောင်နဲ့တူပြီး နောက်သို့ ပြန်ကန်ထွက်လာတယ်။ ဒါက အတော်‌ရယ်စရာကောင်းတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လက်ချောင်းထိပ်ပြန်သက်သာလာပြီး အဆိပ်တစ်သောင်းအရှင်က ဖြူဖတ်ဖြူရော်နဲ့ စိတ်ရှုပ်ထွေးလျက် ရှိနေလေတယ်။

"မဆိုးဘူး"

လီဖူချန်းက သူ့ရင်ဘက်ပေါ် ပုတ်လိုက်တယ်။ အဆိပ်တစ်သောင်းအရှင်ရဲ့ကပ်ဘေးစွမ်းအားက လစ်လျူရှုနိုင်‌လောက်တဲ့ကပ်ဘေစွမ်းအားပမာဏကိုသာ သုံးစွဲခဲ့တယ်။ အဲဒါကို ပြန်ဖြည့်ဖို့ တစ်ခဏမျှသာကြာတယ်။

ကပ်ဘေးလက်မချိုးဖြတ်ခင် ဒီလက်ချောင်းထိပ်က လီဖူချန်းကပ်ဘေးစွမ်းအားရဲ့အနည်းဆုံးငါးရာခိုင်နှုန်းကို သုံးစွဲစေလိမ့်မယ်။ တကယ်တော့ လက်ရှိအဆိပ်တစ်သောင်းအရှင်က ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားရှိပြိး အစိမ်းရောင်ဝိညာဉ်အရှင်နဲ့ နှိုင်းယှဉ်နိုင်တယ်။

"သူက ခန္ဓာကိုယ်အပြင်အားအရှင်တစ်ယောက်ပဲဖြစ်ရမယ်" အဆိပ်တစ်သောင်းအရှင်က တိုက်ခိုက်လိုစိတ်မရှိတော့ဘူး။ ခန္ဓာကိုယ်အပြင်အားပြိုင်ဘက်ကင်းအရှင်တစ်ယောက်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့။ သေခြင်းတရားကို ရှာဖွေနေတာနဲ့ အတူတူပဲမလား။

"အဆိပ်တစ်သောင်းအရှင်ရဲ့တိုက်ခိုက်မှုကို ခန္ဓာကိုယ်နဲ့ ခုခံလိုက်နိုင်တာလား" ထိုအချိန်မှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့အမူအရာကတောင် ပြောင်းလဲသွားတယ်။ သူသာဆိုရင် အဆိပ်တစ်သောင်းအရှင်ရဲ့တိုက်ခိုက်မှုကို ခန္ဓာကိုယ်မျှနဲ့ မခုခံနိုင်ဘူးလို့ ယုံကြည်တယ်။

"မူအဆုံးစွန်းအရှင်က အားကောင်းလွန်းတာပဲ" မသေမျိုးအရှင်က လုံးဝစိတ်သက်သာရာရသွားတော့တယ်။

"ထွက်ပြေးရမယ်" အဆိပ်တစ်သောင်းအရှင်မှာ ထွက်ပြေးဖို့က လွဲပြီး တစ်ခြားဘာအတွေးမှ မရှိတော့ဘူး။ သူက ပုံရိပ်ယောင်အဆိပ်ငွေ့စီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားကာ ထွက်ပြေးလိုက်တယ်။

သူဖိတ်ခေါ်ထားတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်အတွက်က‌တော့ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်ရှိဖို့ အချိန်အကြာကြီးလိုလိမ့်မယ်၊ ဒါကြောင့် သူက အများကြီးမမျှော်လင့်ထားဘူး။

"ထွက်ပြေးချင်နေတာလား။ နောက်ကျသွားပြီ" လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်ကာ အဆိပ်ငွေ့ကို ဓားချီတစ်ခုနဲ့ ထိုးဖောက်သွားတယ်။

ဝှစ်......

အဆိပ်ငွေ့က ပုံစံမရှိပေမဲ့ လီဖူချန်းရဲ့ဓားချီနဲ့ တွေ့ဆုံတဲ့အခါ ၎င်းက အသုံးမဝင်တော့ဘူး။ လတ်ဆတ်တဲ့သွေးတွေက ပန်းထွက်လာပြီး အဆိပ်တစ်သောင်းအရှင်ရဲ့ခန္ဓာကိုယ်က ထွက်ပြူလာရတယ်။

"ဓားတစ်ချက်က ငါ့စွမ်းအင်အများကြီးကို ဖျက်ဆီးလိုက်တာပဲ" အဆိပ်တစ်သောင်းအရှင်က တုန်လှုပ်‌ချောက်ခြားသွားတယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက် စွမ်းအင်က အသက်ဖြစ်ပြီး စွမ်းအင်ကုန်သွားတာနဲ့ အသက်မဲ့သွားပေလိမ့်မယ်။

အဆိပ်တစ်သောင်းအရှင်က တွက်ချက်လိုက်တယ်၊ ဓားတစ်ချက်မှသူဆုံးရှုံးသွားတဲ့စွမ်းအင်ကို ပြန်ဖြည့်ဖို့ မျက်စိတစ်မှိတ်ကြာချိန်အနည်းငယ်လိုလိမ့်မယ်။ လီဖူချန်းက အဆက်မပြတ်တိုက်ခိုက်နေရင် သူ့ရဲ့ပြန်ဖြည့်တင်းခြင်းအရှိန်က ကုန်ဆုံးခြင်းအရှိန်ကို ဘယ်တော့မှလိုက်မီနိုင်မှာမဟုတ်ဘူး။ တကယ်‌တော့ မျက်စိတစ်မှိတ်ကြာချိန်အနည်းငယ်အတွင်း လီဖူချန်းက တိုက်ခိုက်မှုများစွာကို ထုတ်ဖော်နိုင်တယ်လေ။

အဆောင်တစ်ခုကို ကိုင်လျက် အဆိပ်တစ်သောင်းအရှင်က ချေမွဖို့ ပြင်ဆင်နေတယ်။

"ဓားပိတ်လှောင်ခြင်းကမ္ဘာ"

လီဖူချန်းက သူ့ရန်သူကို အခွင့်အရေးတစ်ခုမှ ပေးမှာမဟုတ်ဘူး။ ကြီးမားတဲ့ဓားအဆောင်အရေအတွက်တစ်ခုက ပတ်ဝန်းကျင်ဟင်းလင်းပြင်ထဲမှာ တပ်ဆင်ထားပြီဖြစ်တယ်။ အတွေးတစ်ချက်နဲ့အတူ ဓားအဆောင်တစ်သန်းက ပေါင်းစပ်သွားပြီး စက်လုံးသဏ္ဍာန်နေရာလပ်ဇုန်တစ်ခုက အဆိပ်တစ်သောင်းအရှင်နဲ့လီဖူချန်းကို ဝန်းရံသွားတယ်။

ဝာန်း......

အဆောင်ကို ချေမွပြီးနောက် အဆိပ်တစ်သောင်းအရှင်က ဓားပိတ်လှောင်ခြင်းကမ္ဘာနံရံနဲ့ ဝင်တိုးမိပြီး နောက်သို့ ပြန်ကန်ထွက်လာတယ်။

"မဟုတ်ဘူး" အဆိပ်တစ်သောင်းအရှင်က ထိတ်လန့်သွားတယ်။

ရှေးဦးမူလရွှေ့ပြောင်းခြင်းအဆောင်က ပြိုင်ဘက်ကင်းအရှင်တွေကို ရင်ဆိုင်ဖို့ သူ့ရဲ့အကောင်းဆုံးဝှက်ဖဲပဲ။ သူက ရှေးဦးမူလရွှေ့ပြောင်းခြင်းအဆောင်ကို ချေမွပြီးတာနဲ့ သူက အလင်းနှစ်တစ်သောင်းအထိ တည်နေရာရွှေ့ပြောင်းနိုင်လိမ့်မယ်။ လီဖူချန်းက အလွန့်အလွန်အားကောင်းရင်တောင် လိုက်မီဖို့က မဖြစ်နိုင်ဘူး။

ဝုန်း ဝုန်း ဝုန်း......

အဆိပ်တစ်သောင်းအရှင်က ဓားပိတ်လှောင်ခြင်းကမ္ဘာကို သွေးရူးသွေးတန်းစတင်တိုက်ခိုက်လာတယ်။

သူ့ခန္ဓာကိုယ်မှာ အဆိပ်တစ်သောင်းပုလဲမှအဆိပ်စွမ်းအားလက်ကျန်တွေ ရှိသေးတယ်။ တိုက်ခိုက်မှုအသီးသီးမှာ ဓားပိတ်လှောင်ခြင်းကမ္ဘာက အက်‌ရာတစ်ခုဖြစ်လာခဲ့ပေမယ့် ချက်ချင်းပြန်ကောင်းသွားတယ်။

"ငါ့မှာ ပြန်ဖြည့်တင်းဖို့အတွက် ဓားအဆောင်တွေအလုံအလောက်ရှိတာ ကံကောင်းတယ်"

လီဖူချန်းက ဓားအဆောင်ဆယ်သန်းကျော် ဖြန့်ကျဲထားတာ။ အဆိပ်တစ်သောင်းအရှင်က ဓားအဆောင်ဘယ်လောက်များများ ဖျက်ဆီးဖျက်ဆီးကိစ္စမရှိဘူး၊ ၎င်းက ပြန်ဖြည့်တင်းလာလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက အဆိပ်တစ်သောင်းအရှင်ကို သူ့စိတ်ကြိုက်တိုက်ခိုက်ခွင့်ပေးမှာမဟုတ်ဘူး။

မူလပြန်သွားဓားပြောင်းလဲခြင်းကို အသက်သွင်းကာ ဓားပြောင်းလဲခြင်းမျိုးစုံက အဆိပ်တစ်သောင်းအရှင်ကို တိုက်ခိုက်လာတယ်။

ဝုန်း ဝုန်း ဝုန်း......

အဆိပ်တစ်သောင်းအရှင်က သွေးတွေ အန်ထွက်နေရပြီး သနားစဖွယ်အခြေအနေကို ‌ကျရောက်နေတယ်။ သူ့မှာ ဓားပိတ်လှောင်ခြင်းကမ္ဘာကို တိုက်ခိုက်ဖို့ စွမ်းအင်တစ်ခုမှ မရှိတော့ဘူး။

"မူလအဆုံးစွန်းအရှင်၊ ငါ စိတ်ကြီးဝင်မိသွားပါတယ်။ ငါ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှ ချက်ချင်းထွက်သွားပြီး ဒီနေရာကို နောက်ဘယ်တော့မှ ခြေပြန်မချတော့ဘူး" သနားငဲ့ညှာဖိို့အတွက် အဆိပ်တစ်သောင်းအရှင်က စတင်တောင်းပန်နေတော့တယ်။

"နောက်ကျသွားပြီလို့ ငါ ပြောခဲ့တာပဲ" လီဖူချန်းက ခံစားချက်မဲ့စွာနဲ့ အဆိပ်တစ်သောင်းအရှင်ကို ဆက်တိုက်ခိုက်‌လိုက်တယ်။

သူ့စွမ်းအင်က ရေစီးတစ်ခုပမာ လျော့နည်းလာတာကို မြင်ပြီး အဆိပ်တစ်သောင်းအရှင်က တင်းမာစွာသတိပေးလိုက်တယ်"မူလအဆုံးစွန်းအရှင်၊ တရားမလွန်နဲ့။ ငါက အမှောင်ကောင်စီရဲ့အကြီးအကဲတစ်ယောက်ပဲ။ မင်း ငါ့ကို ‌သတ်ရင် အမှောင်ကောင်စီက မင်းကို သေချာပေါက် သတ်ဖြတ်လိမ့်မယ်"

"ဟုတ်လား.....အမှောင်ကောင်စီက ငါ့ကို ဘယ်လိုသတ်မလဲ ငါ သိချင်မိတယ်" လီဖူချန်းက ‌ဂရုမစိုက်ပါဘူး။

မျက်စိတစ်မှိတ်အတွင်း လဝက်ခန့်ကုန်ဆုံးသွားတယ်။ အဆိပ်တစ်သောင်းအရှင်ရဲ့ချီတည်ရှိမှုက သိသိသာသာပိုအားနည်းလာတယ်။

လဝက်က သာမန်လူ‌တွေအတွက် ကြာပေမယ့် ဒီနေရာကလူတွေအတွက်တော့ ခဏတာမျှပါပဲ။ တစ်ယောက်မှ မထွက်သွားသေးဘဲ တိတ်တဆိတ်စောင့်ကြည့်နေတယ်။

"အကူအညီလား"

လီဖူချန်းရဲ့အာရုံခံစားမှုက အလွန်အမင်းစူးရှတယ်။ စောစောက သူက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့နယ်နိမိတ်မှပျံသန်းလာနေတဲ့အလွန်အကောင်းတဲ့ချီတည်ရှိမှုတစ်ခုကို အာရုံခံမိသွားတယ်။

မကြာမီမှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးလည်း အာရုံခံမိတယ်။ သူက စကြာဝဠာရဲ့အနက်ပိုင်းထဲသို့ ကြည့်လိုက်တယ်။

အသံမထွက်ဘဲ အနက်ရောင်ဂိတ်ပေါက်တစ်ခုက ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ဂိတ်ပေါက်မှ ထွက်လာတယ်။

အနက်ရောင်အပေါ်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ခန့်ညားတဲ့လူတစ်ယောက်။ သူ့ရဲ့အမှောင်ချီတည်ရှိမှုက အလွန်အမင်းသိပ်သည်းတယ်။ လီဖူချန်း၊ ကန့်လန့်ဖြတ်မြစ်ဘိုးဘေး၊ သွေးပုဆိန်အရှင်တို့ကလွဲပြီး လူတိုင်းက အနက်ရောင်ပုံရိပ်တစ်ခုကိုသာ မြင်နိုင်တယ်။ သူတို့က ထိုလူရဲ့အသွင်အပြင်ကို မမြင်နိုင်ဘူး။

"အမှောင်အရှင်ဘုရင်......" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့အမူအအရာက လေးနက်သွားတယ်။

အမှောင်အရှင်ဘုရင်က အရှင်သတ်မှတ်ချက်ရဲ့အဆင့်၆၂ဖြစ်ပြီး လီဖူချန်းထက် ပိုမြင့်တယ်။

အဆိပ်တစ်သောင်းအရှင်က အမှောင်အရှင်ဘုရင်ကို ဘယ်လိုဖိတ်ခေါ်နိုင်မှန်း ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက နားမလည်ဘူး။

လက်ကို ဆန့်ထုတ်လျက် အမှောင်အရှင်ဘုရင်က ဓားပိတ်လှောင်ခြင်းကမ္ဘာကို ချက်ချင်းထိုးဖောက်ကာ အဆိပ်တစ်သောင်းအရှင်ကို ဆွဲယူလိုက်တယ်။

"အမှောင်အရှင်ဘုရင်၊ ကျေးဇူးအများကြီးတင်ပါတယ်" အမှောင်အရှင်ဘုရင်က အချိန်မီရောက်လာတာကို မြင်ပြိး အဆိပ်တစ်သောင်းအရှင်က အလွန်ပျော်သွားတယ်။

"အဆိပ်တစ်သောင်းအရှင်၊ ငါ ဒီနေရာကို ကမ္ဘာသစ်သီးအတွက် ရောက်လာတာ။ မင်း ငါ့ကို လိမ်ရင် ဘာဖြစ်မလဲ မင်းသိမှာပါ" အမှောင်အရှင်ဘုရင်က အဆိပ်တစ်သောင်းအရှင်ထံ သတင်းပို့လိုက်တယ်။

အဆိပ်တစ်သောင်းအရှင်က ဖြေလိုက်တယ်"ငါ အမှောင်အရှင်ဘုရင်ကို မလှည့်စားရဲပါဘူး။ ကမ္ဘာသစ်သီးက မသေမျိုးအရှင်နဲ့အတူရှိပေမယ့် သူ့မှာ မူလအဆုံးစွန်းအရှင်ရဲ့အကူအညီရှိနေတယ်။ အမှောင်အရှင်ဘုရင်က အချိန်မီမရောက်လာရင် ငါ အသတ်ခံနေရလောက်ပြီ"

"မူလအဆုံးစွန်းအရှင်လား" အမှောင်အရှင်ဘုရင်က မျက်မှောင်ကြုတ်လိုက်တယ်၊ လီဖူချန်းက အဆင့်၉၉ဖြစ်ကာ သူ့ထက် အများကြီးမနိမ့်ကျပါဘူး။

လီဖူချန်းကို ကြည့်ကာ အမှောင်အရှင်ဘုရင်က ပြောလိုက်တယ်" မင်း ငါ့ကို မျက်နှာသာအချို့ပေးပြီး ဒီကိစ္စကို ဝင်မစွက်ဖက်လို့ ရမလား"

သူက စကြာဝဠာမှာ ဂုဏ်းသတင်းကျော်စောတယ်လို့ အမှောင်အရှင်ဘုရင်က ယုံကြည်တယ်။

"မင်းကိုယ်မင်း ဘာထင်နေလဲ"

အမှောင်အရှင်ဘုရင်တစ်‌ယောက်က လီဖူချန်းကို ခြိမ်းခြောက်ဖို့ မလုံလောက်ပါဘူး။

"မင်း ငါ့ကို တကယ်ဆန့်ကျင်ချင်တာလား" အမှောင်အရှင်ဘုရင်က လီဖူချန်းကို စိုက်ကြည့်ရင်း ကြီးမားပြင်းထန်တဲ့ဖိအားကို ထုတ်လွှတ်လိုက်တယ်။

"ဟုတ်တယ်" လီဖူချန်က မသေမျိုးအရှင်ရဲ့ဘေးနားမှာ ရုတ်တရက်ထွက်ပေါ်လာပြီး ဓားကို ဝှေ့ယမ်းလိုက်ကာ သူက အမှောင်အရှင်ဘုရင်နဲ့ ရင်ဆိုင်လိုက်တယ်။

စောစောက အမှောင်အရှင်ဘုရင်ရဲ့ခန္ဓာကိုယ်အစစ်က မသေမျိုးအရှင်ရဲ့အနောက်ကို တိတ်တဆိတ်ရောက်ရှိလာတယ်၊ သူက မသေမျိုးအရှင်ကို ဖမ်းချင်ခဲ့တယ်။

ဒါပေမယ့် လီဖူချန်းရဲ့အာရုံက စူးရှပြိး သူ့ရဲ့အမှောင်ကိုယ်ပွားကိုတောင် မြင်နိုင်မှန်း သူ မသိဘူးပဲ။

စူးရှတဲ့အော်သံတစ်ခုနဲ့အတူ အမှောင်အရှင်ဘုရင်က သူ့ရဲ့စွမ်းရည်ကို အသက်သွင်းလိုက်တယ်။

ရွှမ်း.....

ချက်ချင်းပဲ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အားလုံးက တစ်စစီဖြစ်သွားတယ်။ သွေးပုဆိန်အရှင်က အနည်းငယ်မူးဝေသလို ခံစားရပြီး ခိုင်မာစွာ မရပ်နိုင်တော့ဘူး။ မသေမျိုးအရှင်က ပိုဆိုးတယ်၊ သူ့ရဲ့ဒွာရခုနှစ်ပေါက်မှ သွေးတွေထွက်နေပြီး သူ့ရဲ့အသိစိတ်က ဗလာဖြစ်သွားတယ်။

ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက မတုန်လှုပ်မ‌ချောက်ခြားသွားပေမယ့် သူကို သက်ရောက်ခဲ့မှန်း သူသာ သိတယ်။

အမှောင်အရှင်ဘုရင်ရဲ့အမှောင်အော်သံက တကယ်တော့ လီဖူချန်းကို ပစ်မှတ်ထားတာပဲ။ လီဖူချန်းကို ဒဏ်ရာရစေဖို့ သူက မမျှော်မှန်းထားဘူး၊ သူက လီဖူချန်းကို အနည်းငယ်နှောင့်နှေးစေရုံပဲ၊ ဒီလိုမှ သူက မသေမျိုးအရှင်ကို ဖမ်းဆီးနိုင်မယ်လေ။

"ငါ ရွေးချယ်မှုမှားသွားတာဖြစ်န်ိုင်တယ်။ ငါက ဓားနတ်ဘုရားမျက်လုံးကို ရွေးချယ်လိုက်ရင် အခုအချိန်မှာ ဓားပိတ်လှောင်ခြင်းကမ္ဘာထက် အများကြီးအသုံးဝင်မယ်"

ဓားပိတ်လှောင်ခြင်းကမ္ဘာကို ပြိုင်ဘက်ကင်းအရှင်အောက်ရန်သူတွေကို ရင်ဆိုင်ဖို့ အဓိကအသုံးပြုတယ်။ အမှောင်အရှင်ဘုရင်က မရောက်လာရင် သူက အဆိပ်တစ်သောင်းအရှင်ကို သတ်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်တယ်။

ဓားနတ်ဘုရားမျက်လုံးက မတူပါဘူး။ မူလဓားနတ်ဘုရားမျက်လုံးက လက်ရွေးစင်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို ဒဏ်ရာရ‌စေနိုင်ပြီး အထွတ်အထိပ်အရှင်တစ်ယောက်ရဲ့လိပ်ပြာအသိစိတ်အာရုံကို သက်ရောက်နိုင်ပေမယ့် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ရင်ဆိုင်ရာမှာတော့ မထိရောက်ဘူး။ ဒါပေမယ့် လီဖူချန်းရဲ့ထူးကဲတဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ဆိုရင် သူ့လက်ထဲရှိဓားနတ်ဘုရားမျက်လုံးက ပိုစွမ်းအားကြီးလာလိမ့်မယ်။ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို သက်ရောက်ဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး၊ အမှောင်အရှင်ဘုရင်နဲ့တိုက်ပွဲမှာ ၎င်းက အနေအထားသင့်တော်ပေလိမ့်မယ်။

"ရွေးချယ်မှုမမှားဘူး။ ဓားနတ်ဘုရားမျက်လုံးမရှိရင်တောင် ငါက အမှောင်အရှင်ဘုရင်ကို အသာစီးရနေပါသေးတယ်"

ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းစက်လုံးတစ်ခုက မသေမျိုးအရှင်ကို ဝန်းရံသွားပြီး လီဖူချန်းက သူ့ကို အဝေးသို့ ပို့လိုက်တယ်။

အ‌မှောင်အော်သံက တော့ လီဖူချန်းကို လုံးဝမသက်ရောက်ဘူး။

အနေအထားကို မြင်ပြီး အမှောင်အရှင်ဘုရင်ရဲ့အမူအရာက မကြည်မလင်ဖြစ်သွားတယ်၊ သူက အဆိပ်တစ်သောင်းအရှင်ကို ပြောလိုက်တယ်"မသေမျိုးအရှင်နဲ့ သွားရင်ဆိုင်လိုက်"

"နားလည်ပါပြီ" အဆိပ်တစ်သောင်းအရှင်က မသေမျိုးအရှင်ဆီ တစ်ဟုန်ထိုးပြေးသွားတယ်။

လီဖူချန်းက မသေမျိုးအရှင်ကို စိတ်မပူပါဘူး။ အဆိပ်တစ်သောင်းအရှင်ရဲ့စွမ်းရည်နဲ့ဆိုရင် သူက မသေမျိုးအရှင်ကို အချိန်တိုအတွင်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။

All Chapters