မျိုးနွယ်စုတစ်ခုလုံး တုန်လှုပ်သွားခြင်း - ၂
Vol. 24 Ch. 350
ဟားလပ်စ်သည် အဆင့် B တိုက်ခိုက်သူတစ်ဦးဖြစ်ပြီး [ကွဲအက်အလင်း] သည် သူ့အတွက် အံဝင်ခွင်ကျဖြစ်စေသော စူပါကိရိယာတစ်ခုဖြစ်ကာ သူ၏ တိုက်ခိုက်သူစွမ်းရည်များကို ပိုမိုတိုးတက်စေသည်။ သံချပ်ကာ၏ ကွက်လပ်များကြားတွင် စွမ်းအင်ပြောင်းလဲရေး ကိရိယာများစွာကို သိုဝှက်ထားပြီး ရွေ့လျားနေစဉ် မီးတောက်များက လေထဲသို့ လှိုင်းတွန့်များ ထုတ်လွှတ်ပေးသည်။
အဆင့် B တိုက်ခိုက်သူများသည် တိုက်ခိုက်သူ၏ အစောပိုင်းအဆင့်ကို ကျော်လွန်းသွားသည် - သူတို့သည် လမ်းလျှောက်နေသော သက်ရှိဗုံးများဖြစ်သည်။
ဟားလပ်စ်၏ ခွန်အားသည် ကွဲအက်ကြယ်စင်ကွင်း တစ်ခုလုံး၌ပင် လျစ်လျူရှုထား၍ မရပေ။ တပ်မှူးအဆင့် သံချပ်ကာသည် ထိပ်တန်းအတန်းအစားတစ်ခုဖြစ်ပြီး ၎င်း၏အဆင့်သည် တပ်သားသစ်အဆင့်နှင့် NCO အဆင့်တို့နှင့် လုံးဝကွဲပြားသည်။ စွမ်းအင်မြှင့်တင်ထားသည့် စစ်သင်္ဘောလှီးဓားနှင့်အတူ ဟားလပ်စ်၏ ထိခိုက်စေမှုသည် အံ့ဩစရာဖြစ်လာသည်။
ဓါးမှ ထူထပ်သော အလင်းရောင်သည် လှိုင်းလုံးများလို ထွက်လာပြီး မြေပြင်ပေါ်တွင် ကတုတ်ကျင်းများ တစ်ခုပြီးတစ်ခု ဖန်တီးသည်။ ဤခွန်အားအဆင့်သည် သာမန်စစ်သားများထက် ပိုမိုမြင့်မားပြီး အခြားမည်သူ့ကိုမျှ ပါဝင်ရန်မလိုအပ်ပေ။ ဟားလပ်စ်သည် ကြမ်းတမ်းသောပုံစံရှိသည့် စစ်သင်္ဘောလှီးဓားကို အလွယ်တကူ ဆွဲကိုင်ရင်း သားရဲဘုရင် ထက် ပိုမိုလျင်မြန်စွာ လှုပ်ရှားနိုင်သည်။ မည်သည့်နေရာမှ လွတ်မြောက်ရန် မရှိတော့ဘဲ သားရဲဘုရင်၏ အသားစများ နေရာအနှံ့အပြားကို ပြန့်ကျဲကုန်၏။
ဟားလပ်စ်၏ နတ်ဘုရားနှင့်တူသော စွမ်းအားသည် မရေမတွက်နိုင်သော စစ်သားများ၏ နှလုံးသားတွင် မီးတောက်များ ထွန်းညှိပေးခဲ့သည်။
နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားပြီးနောက် တပ်မှူးအဆင့် သံချပ်ကာသည် တစ်ဖန်ပြန်ပေါ်လာသည်။
ဒီလက်နက်ကို အသုံးပြုနေသူက ဘယ်သူလဲ။
ဆူနီများ၏ စိတ်ထဲတွင် မေးခွန်းတွေ အများကြီး ရှိနေသည်။
တပ်မှူးအဆင့် သံချပ်ကာများသည် ဆူနီများ၏ နှလုံးသားထဲတွင် အလွန်ထူးခြားစွာ နေရာယူထားသည်။ ဤသည်မှာ မျိုးနွယ်စု တစ်ခုလုံးတွင် အားအကောင်းဆုံးသော စစ်သည်တော် တစ်ယောက်ချင်းဆီ၏ ပြသမှုဖြစ်ကြောင်း လူများစွာက သိနေကြပြီး၊ ၎င်းသည် တိုတမ်လိုမျိုး ဖြစ်နေသည်။ ဟားလပ်စ်၏ ပေါ်ထွက်လာမှုသည် ဆူနီတိုင်း၏ မြှုပ်နှံထားသော အမှတ်တရများကို နိုးကြားစေသည်။
စိတ်ဓာတ်များ ချက်ချင်းတက်ကြွလာကြသည်။ ဂိမ်းစကားဖြင့် ပြောရလျှင် ဆူနီများအားလုံးသည် 'အရည်အသွေးအားလုံး တိုးမြှင့်ခြင်း' ကို ရရှိသွားကြ၏။
ဟန်ရှောင်းက ပြပွဲကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ဟားလပ်စ်သည် အလွန်အားကောင်းပြီး လက်ရှိ သူထက် များစွာ သန်မာသည်။
ဟားလပ်စ် စတင်တိုက်ခိုက်ပြီဆိုတဲ့ အဓိပ္ပါယ်က ဆူနီတွေ ငါရင်းနှီးပြီးသား ဇာတ်လမ်းဇာတ်ကြောင်းကို ဝင်ရောက်လာပြီ... ဟန်ရှောင်း တွေးမိသည်။ ဟားလပ်စ်၏ လုပ်ဆောင်ချက်များသည် သူရှိနေသည့်အတွက် မူရင်းဇာတ်လမ်းနှင့် သွေဖည်သွားသင့်သောကြောင့် သူ့ကို 'ခိုးယူခြင်း' လုပ်ဖို့ အခွင့်အရေးပဲ လိုတော့သည် ။
ပါတီကယ်အမြောက်သည် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး တောင်သားရဲနှင့် ချော်ရည်ဖွတ်ပုတက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဤလက်နက်သည် အဆင့်မြင့် လူမှုအဖွဲ့အစည်းများကြား ဂါလက်တစ်စစ်ပွဲတွင် ပါဝင်လေ့ရှိပြီး ၎င်းသည် အပိုင်းအစတစ်ခုဖြစ်သည်။ ဆူနီသည် သူတို့၏ စွမ်းအင်နည်းပညာအဆင့်ဖြင့် အဆင့်နိမ့် စွမ်းအင်ကို လောင်ကျွမ်းစေနိုင်ပြီး ကန့်သတ်ချက်များစွာဖြင့်ပင် ၎င်း၏ စွမ်းအင်သည် မြို့ကို ကာကွယ်ရန်အတွက် ဝှက်ဖဲတစ်ခုအဖြစ် လုံလောက်နေသေးသည်။
အားသွင်းနေစဉ်အတွင်း ဟားလပ်စ်သည် သားရဲဘုရင် ကို အောင်မြင်စွာသတ်ဖြတ်ခဲ့ပြီး စစ်မြေပြင်အတွင်း စတင်လည်ပတ်တော့သည်။ သူ၏ ချပ်ဝတ်တန်ဆာ နှင့် စွမ်းအင် အကာအကွယ် ဖြင့် သားရဲ လှိုင်းလုံးကြီး ဝိုင်းရံခံရမည်ကို သူ မကြောက်ပေ။ စစ်သင်္ဘောလှီးဓားသည် အလျားလိုက် ခုတ်ဖြတ်လိုက်သည်၊ ဧရိယာအတွင်းရှိ သားရဲလှိုင်းလုံးကို မယှဉ်နိုင်သေးဘဲ အရေးနိမ့်သော အခြေအနေတွင် ရှိနေသည်။
ဟားလပ်စ်သည် သားရဲလှိုင်းလုံးကို တစ်ယောက်တည်း မရပ်တန့်နိုင်သော်လည်း သူ၏လုပ်ရပ်များသည် အကျိုးသက်ရောက်မှုရှိသည်မှာ သံသယဖြစ်စရာ မလိုပေ။ ဤဧရိယာရှိ စစ်သားများသည် နောက်ဆုံးတွင် အသက်ရှူရန် အခွင့်အရေးရသွား၏။
ရေပင်လယ်ဂြိုလ်တွင်၊ အဆင့် C စူပါသည် စစ်တပ်တစ်ခုနှင့် ထိပ်တိုက်တွေ့နိုင်သည် - ဟားလပ်စ်သည် အဆင့်တစ်ဆင့် ပိုမြင့်၏။ ကပ်ဘေး၏ နောက်ဆုံးအဆင့်ရှိ သားရဲများသည် သန်မာသော်လည်း၊ သူသည် ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ဆဲဖြစ်သည်။ ထို့အပြင်သူသည် အမာခံအမျိုးအစား ‘တိုက်ခိုက်သူ’ တစ်ဦးဖြစ်သည်။
ထူးခြားသော စွမ်းအားရှိသော ယူနစ်တစ်ခုသည် ချွန်ထက်သော ဓားသွားကဲ့သို့ ပို၍ သွက်လက်သည်။ တူညီသောနည်းပညာအဆင့်ကြားတွင် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားများနှင့် စစ်တပ်များသည် အရေအတွက်နှင့် အရည်အသွေးကွာခြားသည် - အားကောင်းသော ယူနစ်တစ်ခုသည် သူ့ဘာသာသူပင် စစ်တပ်တစ်ခုလို ဖြစ်နေသည်။
ဟားလပ်စ်သည် ခုန်ပြီး လှည့်ပတ်ကာ စစ်မြေပြင်တွင် အာရုံစိုက်စရာ ဖြစ်လာသည်။ သူ့ကို ကြည့်ရင်း စစ်သားများ၏ စိတ်ဓာတ်များ တက်ကြွလာ၏။
အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာပြီး သားရဲလှိုင်းလုံးများ ပြီးဆုံးသွားတယ်။ စစ်တပ်က ဤဒဏ္ဍာရီလာလူနှင့် စိတ်လှုပ်ရှားစွာ ဆက်သွယ်လာချိန်တွင် ဟားလပ်စ်သည် တောထဲသို့ ပြေးဝင်ပျောက်ကွယ်သွားကာ သူ၏ အထောက်အထားကို မဖော်ထုတ်လိုသည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။
ဟားလပ်စ်သည် အနည်းငယ် စိတ်ရှုပ်နေသည်။ စစ်တပ်နှင့် အဆက်အသွယ် ရှိသွားခြင်းသည် အေးချမ်းသော သူ့အတိတ်ဘဝက ပြီးဆုံးသွားပြီဟု ဆိုလိုသည်။ သူသည် ဖာနာစ်ကဲ့သို့ လူများ၏လမ်းကို လျှောက်ပြီး မျိုးနွယ်စု၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာရမည်ဖြစ်သည်။ သူသည် ကာကွယ်စောင့်ရှောက်သူ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ သူ့ရွေးချယ်မှုအပေါ်တွင် မူတည်နေသော်လည်း ဟားလပ်စ်သည် ထိုအချိန်မှစ၍ သူ့ကိုယ်သူ စွန့်ခွာ၍ မရနိုင်တော့ကြောင်း ခံစားခဲ့ရသည်။
ထို့အပြင်၊ အထက်လူကြီးများသည် သုတေသန ရည်ရွယ်ချက်အတွက် မျိုးနွယ်စုတွင် သူ၏ တပ်မှူးအဆင့် သံချပ်ကာကို စွန့်လွှတ်ရန် သေချာပေါက် တောင်းဆိုမည်ဖြစ်သည်။ ဟားလပ်စ်သည် ၎င်းကို ဒဲလ်ဗစ်ထံမှ အဖိုးတန်အမွေအဖြစ် မှတ်ယူထားသောကြောင့် သူ့မှာ အလွန်ဝိရောဓိဖြစ်နေသည်။
သူသည် မျိုးနွယ်စုကို ကာကွယ်ရန် ယခု ထွက်ပေါ်လာပြီး သူ၏ မြှုပ်နှံထားသော တာဝန်သည် ဖြည်းညှင်းစွာ နိုးထလာသော်လည်း၊ ဤကဲ့သို့ သန်မာသူတစ်ဦးသည် သူ၏ ပင်ကိုယ်စရိုက်ကို နေ့ချင်းညချင်း ပြောင်းလဲမည်မဟုတ်ပေ။
…
နောက်ရက်အနည်းငယ်တွင် ဟားလပ်စ်သည် ရွေးချယ်မှုများကြားတွင် ဝိရောဓိဖြစ်ရင်း ဒုက္ခများနေသည်။ သူကူညီဖို့ပေါ်လာချိန်တွင် စစ်တပ်က သူ့ကို ရှာဖွေဖို့ ကြိုးစားနေသော်လည်း တိုက်ပွဲပြီးတိုင်း သူက အမြန်ထွက်သွားပြီး ပဟေဠိဆန်ဆန် ဖြစ်နေသည်။
ရက်အနည်းငယ်ကြာသောအခါ လူတိုင်း၏ စိတ်ထဲတွင်ကြားနေရသော တီးတိုးပြောသံက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကပ်ဆိုးကြီး ပြီးဆုံးသွားပါပြီ။
တိုက်ခိုက်နေဆြ သားရဲလှိုင်းသည် ရုတ်တရက် ရပ်တန့်သွားပြီး မရေမတွက်နိုင်သော သားရဲများသည် သွေးတပ်မက်မှုမှ နိုးထလာကာ လှည့်ပတ်ကြည့်ရှုကာ နေရာအရပ်ရပ်သို့ ထွက်ပြေးသွားကာ ပျောက်ကွယ်သွားတော့သည်။
"နောက်ဆုံးတော့ ကပ်ဆိုးကြီး ပြီးသွားပြီ။" ဟန်ရှောင်း အသက်ပြင်းပြင်းရှူလိုက်သည်။
စစ်သားများသည် မောပန်းနွမ်းနယ်ကာ တစ်ယောက်ပြီး တစ်ယောက် လှဲချလိုက်ရင်း မလှုပ်ရှားနိုင် ဖြစ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီး အသက်ရှင်ကျန်ရစ်သော စစ်သားများသည် အလွန်ပင် ပင်ပန်းလွန်းနေသည်။
ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သည် စစ်မြေပြင်ကို ရှင်းလင်းခဲ့ပြီး စစ်သားများကို ၎င်းတို့၏ ချပ်ဝတ်တန်ဆာများထဲမှ ဆွဲထုတ်ကာ ဆေးခန်းသို့ တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်နေသည်။
စစ်တပ်သည် ပြန်လည်ကောင်းမွန်လာရန် အနားယူနေသည်။ မြို့တော်ရှိ မရေမတွက်နိုင်သော လူများက ၎င်းတို့၏ ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုကို အောင်ပွဲခံနေကြသည်။
ကပ်ဆိုးတိုင်းရဲ့အဆုံးသည် ကပ်ဘေးတစ်ခုကနေ ရှင်သန်နေရသလိုပင်။ ထုံးတမ်းစဉ်လာအရ၊ ရက်အနည်းငယ်အကြာတွင် စစ်တပ်၏ ပံ့ပိုးကူညီမှုနှင့် ဆုံးရှုံးသွားသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ရိုးရာဓလေ့တစ်ခုလို ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလိုပွဲမျိုးသည် လူမျိုးတစ်ခုရဲ့ စည်းလုံးညီညွတ်မှုကို တိုးပွားစေပြီး သူတို့ရဲ့ တင်းကျပ်နေသည့် အာရုံကြောများကို ပြေလျော့စေကာ လူတွေကို ရယ်မောငိုကြွေးစေခြင်း၊ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်တွေကို ဖယ်ရှားပေးပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကို တစ်ဖန်ပြန်လည်ခံစားရခြင်းတို့အတွက် အကျိုးရှိပါတယ်။
သို့သော် ဤအချိန်သည် လုံးဝခြားနား၏။ ကပ်ဆိုးကြီးပြီးဆုံးပြီး တစ်နာရီအကြာတွင် ဖာနာစ်၏ အေးစက်သောမျက်နှာသည် ရုပ်မြင်သံကြားတွင် နေရာတိုင်းတွင် ပေါ်လာသည်။
"ငါ့တို့ရဲ့ပြည်သူတွေ၊ ငါက ဖာနာစ်ပါ။ လူတော်တော်များများက ငါ့ကိုသိတယ်လို့ ငါယုံကြည်တယ်။ ကြေညာချက်တစ်ခု ထုတ်ချင်ပါတယ်။ ဒီနေ့ကစပြီး ကာကွယ်စောင့်ရှောက်သူတွေလို့ မင်းတို့ခေါ်တဲ့ စူပါတွေရဲ့ လေးဆယ်ရာခိုင်နှုန်းကိုယ်စား ပြောချင်ပါတယ်၊ ငါတို့ ဆူနီဂြိုလ်ကနေ ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး…"
သူသုံးသည့် စကားလုံးတွေက သိပ်ကို ခိုင်မာလွန်းပြီး သူတို့သည် လုံလုံလောက်လောက် ဆောင်ရွက်ပြီးသွားပြီ ဖြစ်သည်၊ ထို့ကြောင့် အခု ကိုယ့်လူမျိုးစုအတွက် အသက်မစွန့်တော့ဘဲ လွတ်လပ်မှုကို ရှာဖွေတော့မည်ဖြစ်သည်။
ဆူနီများသည် ၎င်းတို့အပေါ်တွင် ရေခဲပုံး လောင်းချလိုက်သလို ခံစားရသည်။ ကပ်ဘေးကို ဖြတ်ကျော်လာတဲ့ ပျော်ရွှင်မှုတွေ စိတ်အားထက်သန်မှုတွေ ပျောက်ကွယ်သွားပြီး အားလုံး အံ့ဩသွားကြသည်။
ဒါဘာလဲ? ဘာလို့ ရုတ်တရက်ကြီးဖြစ်နေရတာလဲ..
စစ်တပ်၏ အထက်လူကြီးများ အံ့သြတုန်လှုပ်သွားသည် - သူတို့ ကြိုမသိခဲ့ပေ။
ဟိုးအဝေးက တောအုပ်ထဲမှာ ဟားလပ်စ်က သူ့ချပ်ဝတ်တန်ဆာအတွင်းမှ ဖာနာစ်ရဲ့ ကြေညာချက်ကို ဖာနာစ်ရဲ့ ကြေငြာချက်ကို မြင်ပြီး မယုံကြည်နိုင်စွာနဲ့ "ဘာလို့ တိတ်တိတ်ဆိတ်ဆိတ် ထွက်မသွားတာလဲ...။ ဒီအတိုင်းဆို လူတွေက...”
ထိုကြေညာချက်ကြောင့် ဆူနီဂြိုလ်တစ်ခုလုံး တုန်လှုပ်သွားသည်။ လူတွေက စိတ်ရှုပ်ထွေးပြီး ပျောက်ဆုံးသွားသလို ခံစားနေရ၏။ နောက်ကွယ်က အကြောင်းအရင်းတွေကို သူတို့ မသိခဲ့ကြပေ။ သူတို့အမြဲတမ်း အားကိုးရသည့် ကာကွယ်စောင့်ရှောက်သူတွေက စွန့်ပစ်သွားပြီဆိုတာသာ သူတို့သိသည်။
ဘာလို့လဲ? ဘာကြောင့်လဲ‽
ဘယ်သူမှ နှုတ်ဆိတ်မနေပေ။
စိတ်ပျက်အားငယ်မှု၊ စိတ်ဓာတ်ကျမှု၊ မျှော်လင့်ချက်မဲ့မှု။
အော်ဟစ်ခြင်း၊ ငိုကြွေးခြင်း၊
ဒါက ယုံကြည်ချက် ပြိုလဲခြင်းပင်! စူပါများကို မကျေနပ်သော လူနည်းစုပင် ဤအရာကို မြင်သောအခါ အဆုံးမရှိ ထိတ်လန့်သွားသည် ။
ဒါက မျိုးနွယ်စု တစ်ခုလုံးကို ထိတ်လန့်စေသည်။
ဖာနာစ်သည် ထွက်သွားရန် ဆုံးဖြတ်ခဲ့သော အခြား စူပါများနှင့်အတူ ပေါ်လာပြီး လမ်းလျှောက်၍ ထွက်လာသည်။ ဆူနီစစ်သားများက သူတို့ကို မယုံကြည်နိုင်စွာ ကြည့်နေသော်လည်း သူတို့အတွက် လမ်းဖွင့်ပေးထားဆဲဖြစ်သည်။
ယခုတစ်ကြိမ်တွင် လာဒန်အပါအဝင် အခြားလူအုပ်စုသည် ဒေါသတကြီး ဝိုင်းအုံလာကြသည်။
ဆူနီစူပါများမှာ အုပ်စုနှစ်စု ကွဲထွက်သွားပြီး တစ်စုက မျိုးနွယ်စုမှ ထွက်ခွာကြောင်းကြေညာကာ နောက်တစ်စုက ထိတ်လန့်ပြီး ဒေါသတကြီး ဖြစ်နေသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်တွေ့ရင်း အကွာအဝေးကို သိသိသာသာ ခြားထားကြသည်။
၎င်းတို့၏ ဆုလာဘ်ကို စောင့်ဆိုင်းနေသော ကြေးစားများ၏ မျက်နှာပေါ်တွင် ပွဲကောင်းတစ်ပွဲကို မျှော်လင့်ထားသည့်ဟန် ပေါ်လာသည်။
ဟန်ရှောင်းသည် တင့်ကားတစ်စီးကို မှီလိုက်ပြီး ဤမြင်ကွင်းကို ကြည့်နေသည်။ သူက မျက်လုံးများကို မှိတ်ကာ တွေးလိုက်သည်၊ “အင်း၊ ဒါက စပြီပဲ။”
ယခင်က သူသည် ဆူနီစူပါများ ခွဲထွက်သည့်အကြောင်းကို သတင်းမှသာ ဖတ်ခဲ့ဖူးသည်။ ဒီတစ်ခါတော့ ဖြစ်ပျက်နေတာကို မျက်မြင်ကိုယ်တွေ့ ကြုံနိုင်၏။
အစီရင်ခံစာတွင် ဖာနာစ်အပါအဝင် ထွက်ခွာသွားသော လူများကို ‘လွတ်လပ်ရေးအဖွဲ့’ နှင့် မျိုးနွယ်စုကို ကာကွယ်သူများကို ‘ဂါးဒီးယန်း အဖွဲ့’ ဟု ကိုးကားထားသည်။
"မင်းဘာလို့ဒီလိုလုပ်တာလဲ" ဂါးဒီးယန်း အဖွဲ့မှလူတစ်ဦးက ဒေါသတကြီးပြောသည်။
ဖာနာစ်က သူ့ကို အေးစက်စက် ကြည့်ပြီး “ကျွန်တော် ရှင်းရှင်းလင်းလင်း ရှင်းပြထားပါတယ်၊ မသိသလို ဟန်ဆောင်မနေနဲ့။ ဟိုးအရင်ကတည်းက လူတွေ စဉ်းစားဖူးကြမယ်ဆိုတာ သိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ငါတို့ ညီအစ်ကို ဘယ်နှစ်ယောက် စတေးခံခဲ့ရသလဲ၊ ငါတို့ညီအစ်ကိုတွေ ဘယ်နှယောက်တောင် မသန်မစွမ်း ဖြစ်သွားပြီလဲ။"
ဂါးဒီးယန်း အဖွဲ့သားများ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အမှန်စင်စစ်၊ ယခုလက်ရှိ လူအများစုသည် ယခင်က အလားတူအတွေးမျိုး သူတို့၏စိတ်ထဲတွင် တွေးခဲ့ဖူးကြသည် - လူနည်းစုသည် အစမှအဆုံးထိ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေနိုင်ကြသည်။ ထို့အပြင်၊ သူတို့သည် ရောင်စုံဂလက်ဆီထဲတွင် ခရီးသွားခဲ့ကြပြီး မည်မျှဆွဲဆောင်မှုရှိသည်ကို တွေ့ခဲ့ဖူးကြသည်။
အချို့သောသူတို့သည် ၎င်းတို့၏ ဆန္ဒများမှ လွတ်မြောက်ကြသည်။ တချို့လူတွေက အဲဒါကို ကြီးထွားစေ၏။
"ဒါပေမယ့်..." လာဒန်က သူ့သွားတွေကို တင်းတင်းဆုပ်ပြီး "မင်းထွက်သွားချင်ရင် တိတ်တိတ်လေးပဲ ထွက်သွားလို့ရတယ်။ ဘာလို့ ပွင့်ပွင့်လင်းလင်း ကြေညာတာလဲ။ မင်းဟာ မျိုးနွယ်စုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးနေတာပဲ..."
ဖာနာစ်က လာဒန်ကို ဖြတ်ပြောလိုက်သည်။ "အဲ့ဒီတော့ ဘာဖြစ်သလဲ?"
ကာကွယ်စောင့်ရှောက်သူ အဖွဲ့သားများ အံ့သြတုန်လှုပ်သွားကြသည်။ တစ်ချိန်က ခိုင်မာပြီး ယုံကြည်စိတ်ချရသော ဖာနာစ်သည် သူစိမ်းတစ်ယောက် ဖြစ်လာသလို သူတို့ခံစားကြရသည်။
အဖွဲ့နှစ်ခုသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး ဆူနီစစ်သားများက ၎င်းတို့ကို တဖြည်းဖြည်း ဝိုင်းရံထားကြသည်။ အပြင်တွင်၊ ကြေးစားသမားများသည် အဆာပြေမုန့်များကိုယူကာ ၎င်းတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ဤပြပွဲကို အာရုံစိုက်နေသည်။
ဟန်ရှောင်းသည် ဆေးပြင်းလိပ်နှင့်တူသော ထူးဆန်းသော စီးကရက်တစ်လိပ်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပခုံးတွန့်လိုက်သည်။ "ကြည့်၊ ဒါက အဝေးရောက်ဆက်ဆံရေးရဲ့ နိဂုံးပဲ။" {TL Note: LDRS ကို ပြောတာ}
"အမှန်ပဲ" တခြားရဲဘော်များက ရယ်ကြတယ်။ ကြေးစားသမားများသည် အေးစက်ပြီး စာနာစိတ်မရှိသော လူတစ်စုဖြစ်သည်။
ဟန်ရှောင်းက အရမ်းပွင့်လင်းသော စိတ်ထားရှိသည်။ ဆူနီများ၏ ခွဲထွက်မှုသည် ကံကြမ္မာဖြစ်ပြီး ဆူနီ လူမှုအဖွဲ့အစည်း၏ အဆုံးကန့်လန့်ကာနှင့် ဟားလပ်စ်၏ ဇာတ်လမ်းအစ ဖြစ်သည်။ သူသည် ယခုအချိန်တွင် ကြည့်ရှုသူသာဖြစ်သည် - ဆူနီများ ကွဲထွက်ပြီး ပရမ်းပတာ ဖြစ်လာမှသာ သူပါဝင်နိုင်မည်ဖြစ်သည်။ သဘာဝအတိုင်း ဖြစ်မလာမချင်း သူ စောင့်နေရုံသာရှိသည်။
ထို့အပြင်၊ သူပါဝင်ခြင်းဖြင့် ကွဲထွက်ခြင်းသည် မူရင်းဇာတ်လမ်းအတိုင်း ကြေကွဲဖွယ်ဇာတ်သိမ်းကို မဖြစ်ပေါ်စေနိုင်ဘဲ အစားထိုးအသစ်တစ်ခု စတင်လာစေသည်။ ၎င်းမှလည်း အကျိုးရှိနိုင်သောကြောင့် ဤသည်မှာ နှစ်ဖက်လုံးအနိုင်ရစရာ ဖြစ်သည်။
ဆေးလိပ်မီးခိုးများ တက်လာပြီး ဟန်ရှောင်း၏ မှေးစင်းနေသော မျက်လုံးများကို ဖုံးလွှမ်းသွားတော့သည်။
စာစဉ် (၂၄)၊ အခန်း (၃၅၀) ပြီး၏။
လင်းဆက်
+++++