အရှိန်မြှင့်ခြင်း - ၁
Vol. 24 Ch. 355
ဆူနီဂြိုလ်တွင် တစ်လကြာပြီးနောက်၊ ဟန်ရှောင်းနှင့် အခြားသူများသည် ဂျူဘာလီ အာကာသစခန်းသို့ ပြန်သွားကြသည်။ စခန်း၏ ခန်းမထဲရောက်သည့် ဟန်ရှောင်းပထမဆုံး လုပ်သည်မှာ အနားယူခန်းကို ကြီးမားသည့် ခံတပ်ကြီးတစ်ခုသို့ ပြောင်းလဲပစ်လိုက်ခြင်းပင်။ ငှားရမ်းခသည် ၄၀ မှ ၁၀၀ အထိ တိုးလာခဲ့သည်။
အဖွဲ့ရဲ့ စခန်းက ပိုကောင်းလေလေ၊ ကစားသမားများက ပိုယုံကြည်သည်ဟု ခံစားရလေလေဖြစ်သည်။ ဟန်ရှောင်းက အာကာသယာဉ်သည် အကောင်းဆုံး ရွေ့လျားအခြေစိုက်စခန်းဟု အမှန်တကယ် ထင်မြင်ခဲ့သော်လည်း အာကာသယာဉ်သည် အလွန်စျေးကြီးသည်။ ကစားသမားအားလုံးရဲ့ ကျောက်ကပ်ကို ရောင်းလိုက်ရင်တောင် တစ်ခုဝယ်ဖို့တောင်မှ မတတ်နိုင်ကြပေ။ ပြောရလျှင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းသည်လည်း ကြယ်စင်စု ကိုယ်တွင်းအင်္ဂါဈေးကွက်တွင် သိပ်ရောင်းမကောင်းတော့ချေ။
ပိုလျှံသောငွေသည် သုံးဖြုန်းပစ်ခြင်းပင်။ ယန္တရားပညာရှင်တစ်ဦး၏ သုံးစွဲမှုသဘောတရားသည် အမြဲတမ်း 'သုံးစွဲသောငွေသည် အမြဲပြန်ရလိမ့်မည်' ဖြစ်သည်။
ဤခရီးစဉ်က အရမ်းအကျိုးရှိ၏။ ကစားသမားများ၏ အိတ်ကပ်ထဲသို့ တစ်သောင်းကျော် ရောက်သွားကြပြီး ဟန်ရှောင်းသည် အမျိုးအစားရာထူးတက်ခြင်း အသိပညာ နှစ်ခုကို ဝယ်ယူရန်အတွက် သူတို့လက်မှ ထုတ်ယူနိုင်လိမ့်မည်။
ပရိုကစားသမားများသည် စက်ပစ္စည်းများဝယ်ရန် ကျန်ရှိသောငွေကို အမြဲသုံးစွဲလေ့ရှိသည်။ ဂျူဘာလီ အာကာသစခန်းတွင် ကိုယ်ပိုင်စက်ပစ္စည်းစတိုးဆိုင်များရှိပြီး ၎င်းတို့အားလုံးမှာ ဟန်ရှောင်း၏ ပြိုင်ဘက်များဖြစ်သည်။
ကစားသမားတွေ ငါ့ဆီကပဲ ပစ္စည်းတွေဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကစားသမားတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အကြိုက်တွေ ရှိတယ်၊ ဒါကြောင့် ငါက သူတို့ရဲ့ လွတ်လပ်မှုကို လုယူ၍ မရဘူး၊ မဟုတ်ရင် အဖွဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူးဖြစ်လိမ့်မယ်။ ဘယ်သူကမှ အတင်းအကြပ်ခိုင်းတာကို မကြိုက်ဘူး။ ပြီးတော့၊ ငါရောင်းတဲ့ ပစ္စည်းတွေက သူတို့ရဲ့ လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ဘူး... ဘယ်လိုပဲဖြစ်ဖြစ်၊ ငါက ကစားသမားတွေရဲ့ ငွေကြေးတစ်စိတ်တစ်ပိုင်းကိုပဲ လိုအပ်တာ၊ အမြတ်အစွန်းကလည်း လုံလောက်ပါတယ်။
ဟန်ရှောင်းသည် ငွေရှာရန် နည်းလမ်းများစွာရှိသော်လည်း ဆန္ဒကို အမြဲထိန်းချုပ်ထားသည်။
သူသည် ကြိုတင်လိုအပ်ချက်အဖြစ် အဖွဲ့ဆက်ဆံရေးအမှတ် ၅၀၀ ဖြင့် ထိုးစစ်၊ ကာကွယ်ရေးနှင့် ကင်းထောက်တပ်သားအတန်းအစား ချပ်ဝတ်တန်ဆာတို့ကို ပေါင်းထည့်ကာ အဖွဲ့၏ ဖလှယ်မှုစာရင်းကို အပ်ဒိတ်လုပ်လိုက်သည်။ ထို့နောက် ငွေလဲနှုန်းကို ၈၀၀ အီနက်စ်စု သတ်မှတ်ထားသည်။
ခံတပ်နေရာအသစ်တွင် ကစားသမားများသည် အပြင်သို့ထွက်မလည်မီတွင် အဖွဲ့၏ဆိုင်ရှိ ပစ္စည်းအသစ်များကို တစ်ယောက်က ရှာတွေ့သွားသည်။
"ဒါက ဆူနီမှာတွေ့ခဲ့ရတဲ့ တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာ မဟုတ်လား" ဓားရူးက အံ့သြစွာပြောသည်။
ဟောက်ထျန်းက “ဒါက သူတို့ရဲ့ နည်းပညာအမှန်ပဲ။ အခြားအဖွဲ့အစည်းရဲ့ စက်ကိရိယာတွေကို ငါတို့ အဖွဲ့ဆီကနေ ဘာလို့ဝယ်လို့ရနေတာလဲ"
ကစားသမားများမှာ သိချင်လာသည်။
Bun-Hit-Dog သည် အလင်းပွင့်သွားပြီး ဖြစ်နိုင်ချေရှိသော မှန်းဆချက်တစ်ခု ပေးသည်။ “ကြေးစားတပ်ဖွဲ့ဟာ ကြီးထွားလာနိုင်တဲ့ အလားအလာရှိတဲ့ အုပ်စုတစ်ခု ဖြစ်နိုင်တယ်။ မတူညီတဲ့ မစ်ရှင်ငှားရမ်းမှုတွေ ပြီးသွားရင်၊ အဖွဲ့ရဲ့ဆိုင်ကို မွမ်းမံလိမ့်မယ်။ မစ်ရှင်တွေများလေလေ အဖွဲ့ကကြီးလေလေ…"
ကစားသမားများသည် ဘလက်စတားသို့ ဟားလပ်စ်၏ ပူးပေါင်းလာမှုနှင့် စတင်ဝင်ရောက်စဉ်က အဖွဲ့၏ အင်တာဖေ့ရှိ ကြီးထွားလာနိုင်ခြေကို တွေးတောလိုက်ကြပြီး ၎င်းသည် အဓိပ္ပါယ်ရှိသည်ဟု ခံစားလာရသည်။ ချက်ခြင်းပင် သူတို့ စိတ်လှုပ်ရှားလာ၏။
ကစားသမားများ၏ လုပ်ဆောင်ချက်များက အဖွဲ့ကို ကြီးထွားစေနိုင်သည်။
"ငါတို့က အထူးအဖွဲ့တစ်ခုနဲ့ ပေါင်းမိခဲ့တာ ဖြစ်နိုင်တယ်!" ဓားရူးသည် အလွန်ဝမ်းသာသွားသည်။
သူတို့အားလုံးသည် ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်တာကြောင့် ကြေးစားအဖွဲ့ရဲ့ အားသာချက်တွေကို ချက်ချင်းသဘောပေါက်လိုက်ကြသည်။ အဖွဲ့အစည်းအသီးသီးမှ မစ်ရှင်များကို ဆောင်ရွက်ပါက လဲလှယ်မှုစာရင်းအား အဆိုပါအဖွဲ့အစည်းများမှ စက်ပစ္စည်းများဖြင့် မွမ်းမံပြင်ဆင်မည်ဖြစ်ကာ မစ်ရှင်များ များများလုပ်လေ၊ အဖွဲ့၏ လဲလှယ်မှုစာရင်းမှာ ပိုမိုကြွယ်ဝလာမည်ဖြစ်သည်။ သူတို့လုပ်ရမည်မှာ အဖွဲ့နဲ့ သူတို့ကြား ဆက်ဆံရေးအမှတ်တွေ တိုးလာဖို့ပင်၊ အဲဒါက သူတို့ကို အချိန်အများကြီး သက်သာစေလိမ့်မည်။
၎င်းတို့သည် နဂါးငွေ့တန်းထဲသို့ ပထမဆုံးအသုတ် ဝင်ရောက်ခဲ့သည့် ကစားသမားများဖြစ်ပြီး ၎င်းတို့သည် အလွန်ခက်ခဲသော ရွေးချယ်မှုလမ်းကြောင်းကို ဖြတ်သန်းခဲ့ကြသည်။ ဤအဖွဲ့နဲ့ပူးပေါင်းတာက လျှို့ဝှက်ထားတဲ့ အကျိုးကျေးဇူးတွေများလား။
ကြေးစားအဖွဲ့၏ ဤထူးခြားမှုမှာ ဟန်ရှောင်းထံမှ လာသည်ဟု ကစားသမားများက ခံစားခဲ့ကြသည်။ အမှန်တော့၊ ဇာတ်လမ်းဇာတ်ကွက်တွင် အဓိကဇာတ်ကောင်များသည် ထူးခြားသည့်အရာတစ်ခုခုကို ပိုင်ဆိုင်ထားမည်မှာ သေချာသည်။ ကစားသမားများသည် ဟန်ရှောင်းကို အလွန်ယုံကြည်ကြသည်။ သူလုပ်ခဲ့တဲ့အရာတွေ ဘယ်လောက်ပဲ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းနေပါစေ၊ အားလုံးက ဖြစ်နိုင်ပုံပေါ်၏ - ဒါဟာ ကစားသမားတွေ၏ စိတ်ထဲမှာရှိနေသည့် ဟန်ရှောင်းအပေါ အထင်အမြင်ပင်။
အဖွဲ့ကြီးထွားမှုကို သူတို့က 'တွန်းအားပေး' သည်ဟု ကစားသမားများက ခံစားမိစေရန်၊ အဖွဲ့၏ ကြီးထွားမှုကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါတွင် အဖွဲ့အတွက် သက်ဆိုင်သည့် ခံစားချက်က တဖြည်းဖြည်းချင်း ကြီးထွားလာမည်ဖြစ်သည်။ ဒါက သူအစကတည်းက ချမှတ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပင်။ ယခု၊ ကစားသမားများသည် နောက်ဆုံးတွင် ဤထူးခြားမှုနှင့် ဆန်းသစ်မှုကို ခံစားခဲ့ရသည်။ သူ၏ ဗျူဟာသည် မျှော်မှန်းထားသော ရလဒ်ကို ရရှိခဲ့သည်။
ဤအချိန်တွင် ကစားသမားများသည် သူတို့ရဲ့ အိတ်ကပ်ထဲတွင် ပိုက်ဆံများ ရှိနေကြပြီး သုံးစွဲဖို့ ဆန္ဒရှိနေကြသည်။ သူတို့ထဲမှ အချို့က တပ်သားအဆင့် ချပ်ဝတ်တန်ဆာကို တစ်ခါတည်းမှာ ဝယ်လိုက်ကြတယ်။ ဟန်ရှောင်းသည် သူ့နှင့်အတူ ပြီးစီးထားသော ထုတ်ကုန်တစ်ခုမျှ မရှိသောကြောင့် တည်ဆောက်ရန် လိုအပ်သည်။ အခြားကစားသမားများက ထုတ်ကုန်အချောထည် ပြုလုပ်ပြီးစီးသည့်အခါ စောင့်ကြည့်လေ့လာချင်ကြသည်။
ဆူနီစစ်ပွဲအတွင်း ကစားသမားတိုင်းသည် ဝတ်စုံပြည့်သံချပ်ကာ၏ သွေးဆောင်မှုကို ခံခဲ့ရသော်လည်း ဝမ်းနည်းစရာမှာ ၎င်းတို့ကို ဝယ်ယူရန် နည်းလမ်းမရှိခဲ့ပေ။ ဒုတိယမင်းသားလေးမှာ တစ်ခုကို ခိုးယူချင်လုနီးပါး ဖြစ်ခဲ့သည်။
“ငါတို့ တစ်လကျော် တိုက်ပွဲတိုက်ခဲ့တာ။ အားလုံး ခဏလောက် အနားယူကြရအောင်။"
ဟန်ရှောင်းက သူတို့ကို ပြန်လွှတ်လိုက်ပြီး ခံတပ်မှ ထွက်သွားကာ စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုအခန်းကို ငှားလိုက်သည်။
သူသည် အတွေ့အကြုံအမှတ် သန်းပေါင်းများစွာကို ပထမဆုံးအသုံးပြုကာ သံချပ်ကာ၏ ဒီဇိုင်းပုံစံအဆင့်ကို အဆင့် ၆သို့ အဆင့်မြှင့်တင်ခဲ့ပြီးမှ စတင်တည်ဆောက်သည်။ ရေပင်လယ်ဂြိုလ်မှ ယူဆောင်လာသည့် ကုန်ကြမ်းပစ္စည်းအများအပြား ကျန်နေသေးသည် - ဆူနီ တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာအတွက် ပစ္စည်းအနည်းငယ်ကိုသာ နဂါးငွေ့တန်းမှ ဝယ်ရန် လိုအပ်သည်။ တစ်ခုပြုလုပ်ရန် ကုန်ကျစရိတ်မှာ ၅၀ အီနက်စ်ခန့်သာ ဖြစ်သည်။
လောလောဆယ်မှာတော့ ကြေးစားတပ်ဖွဲ့အတွက် မစ်ရှင်မရှိပေ။ ကစားသမားများသည် နောက်ဆုံးတွင် ဂျူဘာလီ အာကာသစခန်းကို လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာနိုင်ပြီး၊ သဘာဝကျကျပင် တစ်နေရာတည်းတွင် ငွေသုံးလိမ့်မည် မဟုတ်ပေ။
အာကာသစခန်း၏ အလယ်ဗဟိုတွင် ဆိုင်များစွာရှိ၍ ရွေးချယ်စရာများ စုံလင်လှသည်။ ဤအနားယူချိန်အတွင်း ၎င်းတို့သည် မတူညီသော လူမှုအဖွဲ့အစည်းမျိုးစုံမှ စက်ပစ္စည်းကိရိယာများကို မြင်တွေ့ခဲ့ကြပြီး အားကောင်းသည့်လက်နက်များ၊ ထောက်ကူပေးသည့် စက်ယန္တရားငယ်စသည်ဖြင့် ကိရိယာများစွာကို ဝယ်ယူခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အချို့သော စက်ယန္တရားဆိုင်များသည် ဝတ်စုံပြည့်သံချပ်ကာများ ရောင်းချသည်ကို သတိပြုမိကြသည်။ ယင်းသည် နဂါးငွေ့တန်းတွင် အလွန်အသုံးများပြီး အဆိုပါ သံချပ်ကာများ၏ ဒီဇိုင်းများသည် ဆူနီရှိ ဒီဇိုင်းများနှင့် အလွန်ကွာခြားသော်လည်း ၎င်းတို့၏ နည်းပညာအဆင့်များသည် အခြေခံမျှသာဖြစ်သည်။ သို့သော်၊ ဤဆိုင်များသည် အဖွဲ့တွင် လဲလှယ်ခြင်းထက် ပိုကြီးသော စျေးနှုန်းဖြင့် ရောင်းချနေသည် - အသက်သာဆုံး ဆိုင်သည် ၃,၂၀၀ အီနက်စ်ဖြစ်ပြီး၊ အဖွဲ့၏ဈေးထက် လေးဆဖြစ်သည်။
ထိုအတွက်ကြောင့် ကစားသမားများမှာ စိတ်ပူလာ၏။ စျေးနှုန်းသည် ပုံမှန်အားဖြင့် အရည်အသွေးနှင့် ဆက်စပ်နေကြောင်း သူတို့သိသော်လည်း ဟန်ရှောင်း၏ ချပ်ဝတ်တန်ဆာသည် အလွန်စျေးသက်သာ၏။ သူ၏ အရည်အချင်းများသည် အလွန်နိမ့်ပါးနေမည်လား။
ဆိုင်ရှိ ချပ်ဝတ်တန်ဆာများ၏ ဂုဏ်ရည်များကို အလွတ်ကျက်ပြီး အဖွဲ့မှ ကုန်ချောများ ပြီးသောအခါ နှိုင်းယှဉ်မှု ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။
ဘလက်စတား၏ စက်ပစ္စည်းများသည် စျေးနှုန်းကောင်းမွန်သော်လည်း ပရော်ဖက်ရှင်နယ်ကစားသမားများ ချမ်းသာလာသောအခါတွင် ၎င်းတို့သည် ဈေးနှုန်းကို ဘယ်တော့မှ မကြည့်ပေ၊ အရည်အသွေးကိုသာ ကြည့်၏။
…
ဟားလပ်စ်သည် မှတ်ပုံတင်ရန် တစ်ယောက်တည်း ကြေးစားစစ်သားခန်းမသို့ သွား၏။ သူသည် ဘလက်စတား ကြေးစားတပ်ဖွဲ့သို့ ဝင်ရောက်ပြီးနောက် ကြေးစားတပ်ဖွဲ့၏ မှတ်တမ်းများကို ဖွင့်လိုက်သည်။
_________________________________
ဘလက်စတား ကြေးစားတပ်ဖွဲ့
ယုံကြည်နိုင်မှုအဆင့်သတ်မှတ်ချက် - ၁၅၄
အတိုင်းအတာ - အဖွဲ့ဝင် ၅၃ ဦး
အဆင့် C - အဖွဲ့ဝင် ၅၂ ဦး
အဆင့် B: အဖွဲ့ဝင် ၁ ဦး
ပြီးမြောက်သော မစ်ရှင်များ - ၁ (နေ့စဉ် အဆင့်နိမ့်မစ်ရှင်များ မပါဝင်ပါ)
လှုပ်ရှားသော ဒေသ - ဂါတွန်နဂါးငွေ့တန်း
မှတ်တမ်းများ - [ဆူနီကာကွယ်ရေးတိုက်ပွဲ] (ချဲ့/ခေါက်)
ဖန်တီးသူ - ဘလက်စတား - ဟန်ရှောင်း
ဖန်တီးသည့်နေ့ရက် - ဂလက်စီပြက္ခဒိန် ၂ အောက်တိုဘာ ၆၈၈
အနှစ်ချုပ် - တိုက်ခိုက်ရေး စွမ်းအား အသင့်အတင့်နှင့် အဆင့် B စူပါ ပါဝင်သော ကြေးစားအဖွဲ့ငယ်။
_________________________________
“လွန်ခဲ့တဲ့ တစ်လကျော်လောက်က ကြေးစားအဖွဲ့တစ်ဖွဲ့ ဖွဲ့တယ်။ ဘလက်စတားက ငါ့ကို မလိမ်ဘူး…” ဟားလပ်စ်သည် အဆင့် B စူပါ တစ်ယောက်သာ ရှိသည်ကို မြင်သောအခါ၊ သူသည် ဤကြေးစားတပ်ဖွဲ့တွင် အားအကောင်းဆုံးဖြစ်ကြောင်း သူသိလိုက်သည်။ မနေနိုင်တော့ဘဲ တာဝန်သိစိတ်တစ်ခုဖြင့် ဖြစ်လာသည်။
သူ့လူမျိုးစု၏ အနာဂတ်အတွက်၊ သူသည် ဟန်ရှောင်းကို ကာကွယ်ရပေမည်။ ဤကပ္ပတိန်သည် အလွန်အန္တရာယ်များသော မစ်ရှင်များကို ရွေးချယ်မည်မဟုတ်ဟု သူမျှော်လင့်ထားသည်။
တစ်ဖက်တွင်မူ ဟန်ရှောင်းသည် အလုပ်ရုံတွင် ချပ်ဝတ်တန်ဆာ တည်ဆောက်နေစဉ်အတွင်း အင်တာဖေ့စ်မှ အကြောင်းကြားစာ ရရှိလိုက်သည်။
_________________________________
အဖွဲ့ဆုကြေးကန့်သတ်ချက် - ၁၃၅,၇၀၀၀
အဖွဲ့ခေါင်းဆောင်အဆင့် - ၈၀ (ဆုကြေးကန့်သတ်ချက် + ၆၄,၀၀၀)
ကေဒါများ - ဟားလပ်စ်(B) (ဆုကြေးကန့်သတ်ချက် + ၂၀,၀၀၀)
အဖွဲ့အရွယ်အစား - ၅၂ (ဆုကြေးကန့်သတ်ချက် + ၂၀,၀၀၀)
ကျော်ကြားမှုအမှတ် - ၇ (ဆုကြေးကန့်သတ်ချက် + ၁၄,၀၀၀)
ဒဏ္ဍာရီအမှတ်များ - ခေါင်းဆောင် (၃) +၁၅% ဆုကြေးကန့်သတ်ချက်
မဟာမိတ်များနှင့် ရန်သူများ - မရှိပါ။
_________________________________
ဆူနီနှင့် သူ၏ ခင်မင်ရင်းနှီးမှုသည် ပုဂ္ဂိုလ်ရေးအဆင့်တွင် ရှိနေသောကြောင့် ၎င်းသည် အဖွဲ့၏ မဟာမိတ် မဖြစ်သေးပေ။
ဟန်ရှောင်းလန်းဆန်းသွားသလို ခံစားလိုက်ရတယ်။ အဖွဲ့သည် ၎င်း၏ ပထမဆုံး ကေဒါကို ရရှိပြီး ၎င်း၏ ပထမခြေလှမ်းကို လှမ်းခဲ့သည်။ ထို့အပြင် ခွဲတမ်းသည် ၂၀,၀၀ တိုးလာသဖြင့် ကေဒါများ စုဆောင်းခြင်းသည် အမှန်တကယ် ခွဲတမ်းကို အမြန်တိုးရန် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ပြသနေသည်။
နှစ်ရက်အကြာတွင် ဟန်ရှောင်းသည် တပ်သားသစ်အဆင့် သံချပ်ကာ ခြောက်စုံကို တည်ဆောက်ခဲ့သည်။ ကစားသမားများသည် ၎င်းတို့အား တပ်ဆင်ရန် မစောင့်နိုင်ဘဲ ချပ်ဝတ်တန်ဆာ၏ အကျိုးကျေးဇူးများကို ချက်ချင်း ခံစားလိုက်ရသည်။
ဝတ်စုံပြည့်သံချပ်ကာသည် နည်းပညာအဆင့်တစ်ခုသို့ ရောက်သောအခါတွင် လူမှုအဖွဲ့အစည်းအများစု သုတေသနပြုရမည့်အရာဖြစ်သည်။ ၎င်း၏မူလရည်ရွယ်ချက်မှာ အသုံးပြုသူများအား ပိုမိုကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ ရရှိစေပြီး မတူညီသောပတ်ဝန်းကျင်များနှင့် ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေ ဖြစ်စေရန်ဖြစ်သည်။ ဝတ်စုံပြည့်သံချပ်ကာကို ၀တ်ဆင်ခြင်းသည် ကစားသမားများအတွက် ကမ္ဘာသစ်ဆီသို့ တံခါးဖွင့်လိုက်သလိုပင်။
ခံတပ်စခန်းတွင်၊ သံချပ်ကာကိုဝယ်ယူထားသော ကစားသမားအနည်းငယ်မှာ သံချပ်ကာကို စိတ်လှုပ်ရှားစွာ ထိန်းချုပ်နေကြသည်။ ဆန်းသစ်သောခံစားမှုသည် သူတို့ကို အလွန်ပျော်ရွှင်စေခဲ့ပြီး အခြားကစားသမားများက ၎င်းတို့ကို ဝိုင်းရံကာ ချပ်ဝတ်တန်ဆာကို စူးစမ်းလိုစိတ်ဖြင့် ထိလိုက်ကြသည်။
"ဘယ်လိုခံစားရလဲ?"
“ဒါက လေးလံပုံပေါက်ပေမယ့် တကယ်ကို ရွေ့လျားရတာ လွယ်တယ်။ အထဲမှာ လှုပ်ရှားဖို့ ကူညီပေးတဲ့ အစိတ်အပိုင်းတွေ ရှိတယ်။”
Rainy Kim က မျက်မှောင်ကြုတ်ပြီး “သံတုံးတွေ၊ အရမ်းရုပ်ဆိုးတယ်”
ယောက်ျားကစားသမားအားလုံးက သူမကို စိုက်ကြည့်နေကြသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ဘုံရန်သူကို မျှဝေခြင်း ဖြစ်သည်။
"မင်း ဘာမှမသိဘူး။ ယန္တရားဝတ်စုံက အမျိုးသားတွေရဲ့ အချစ်တော်ပဲ!”
စာစဉ် (၂၄)၊ အခန်း (၃၅၅) ပြီး၏။
လင်းဆက်
+++++