အထူးသတင်း၊ အာကာသ တော်ဝင်မျိုးနွယ်၏ ဆုလာဘ်
Vol. 24 Ch. 357
ဆူနီ NCO အဆင့် ချပ်ဝတ်တန်ဆာ၏ လိုအပ်ချက်များ ပြည့်မီသွားပြီး ဟန်ရှောင်းသည် ချပ်ဝတ်တန်ဆာ၏ ဒီဇိုင်းပုံစံကို ပြန်လည်ရေးဆွဲနိုင်သည်။ သူက လောလောဆယ်တွင် ကစားသမားများကို မရောင်းချချင်သေးပေ။ နောက်ဆုံးတွင်၊ သူသည် တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာကို ရောင်းချပြီးသွားပြီဖြစ်ပြီး၊ သံချပ်ကာအသစ်ကို ထုတ်လွှတ်ခြင်းသည် တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာမှ ရရှိမည့် ငွေကြေးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ထို့ကြောင့် ခဏလောက်စောင့်ဖို့ ရွေးချယ်လိုက်သည်။
ငါ့လက်ထဲမှာ အတန်းအစား တိုးတက်မှုမှု အသိပညာ ငါးခုရှိနေပြီ။ ဒီဒီဇိုင်းပုံစံအသစ်တွေ အားလုံးနဲ့ နောက်ဆုံးတော့ ငါ့ရဲ့ စက်ကိရိယာတွေကို အဆင့်မြှင့်တင်နိုင်ပြီ... ဟန်ရှောင်းသည် သူ့မေးစေ့ကို ပွတ်ကာ အတွေးနက်သွားသည်။ လက်ရှိတွင် သူ့တွင် တိုက်ပွဲပုံစံ လေးခုရှိပါသည် - အနီးကပ်တိုက်ပွဲအတွက် Amphiptere၊ ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများနှင့် အပူလှိုင်းလျပ်စစ် လက်အိတ်၊ တာလတ်တိုက်ပွဲအတွက် အသံလှိုင်းစက်လုံးနှင့် တာဝေးပစ်အတွက် ဂါရတ်၏ဒေါသတို့ ရှိနေသည်။ ပုံစံလေးခုစလုံးသည် ဟန်ရှောင်းအတွက် ဘက်စုံတိုက်ခိုက်နိုင်စွမ်းကို ပေးစွမ်းသည်။
[အကြီးစားစက်ယန္တရားပြုပြင်မွမ်းမံခြင်း] သည် ကြီးမားသော စက်ယန္တရားများကို ဖန်တီးရန် ကျွမ်းကျင်မှုကို ပေးခဲ့ပြီး [အဆင့်မြင့်လျှပ်စစ်သံလိုက်ဓာတ်] သည် လျှပ်စစ်သံလိုက်စွမ်းအားပေါ်တွင် လည်ပတ်နေသော ပိုမိုတည်ငြိမ်သော လက်နက်များကို ဟန်ရှောင်းဖန်တီးနိုင်ရန် ကူညီပေးနိုင်သည်။ လျှပ်စစ်သံလိုက်လက်နက်များသည် သာမန်လက်နက်များထက် နောက်အဆင့်မြင့်ပြီး ၎င်းတို့သည် ယမ်းမှုန့်အသုံးပြုသည့် လက်နက်များထက် ပိုမိုအားကောင်းသည်။ ဤအသိပညာနှစ်ခုသည် အလွန်အရေးကြီးပြီး ဟန်ရှောင်းသည် ၎င်းတို့အား အမြန်ဆုံး အဆင့်မြှင့်တင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အသိပညာနှစ်ခုစလုံးကို မြှင့်တင်ရန် အလားအလာပွိုင့် ၁၆မှတ်ကို အသုံးပြုလိုက်သည်။
သူ၏ တိုက်ခိုက်ရေးပုံစံတွေကို မွမ်းမံမည်ဆိုလျှင် သူ့ရဲ့ အနီးကပ်တိုက်ခိုက်ရေးလက်နက်များက ခေတ်နောက်ကျသွားပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့်၊ သူသည် ပိုကြီးပြီး ပိုကြမ်းသော အရုပ်များကို တည်ဆောက်ရန် ဤအသိပညာအသစ်များကို အသုံးချနိုင်သည်။ အလယ်အလတ်တန်းစား လက်နက်များအတွက်၊ သူသည် သူ၏ယမ်းမှုန့်လက်နက်များကို လျှပ်စစ်သံလိုက်လက်နက်များအဖြစ်သို့ ပြောင်းလဲရန်သာလိုသည်။ Ghost စနိုက်ပါရိုင်ဖယ်သည် အမြဲတမ်း မပြည့်စုံခဲ့ဘဲ၊ အဆင့်မြင့် လျှပ်စစ်သံလိုက်စနစ်သည် ပြီးမြောက်ရန် သော့ချက်ဖြစ်သည်။
Amphiptere အတွက်၊ ချပ်ဝတ်တန်ဆာကို အကြီးအကျယ် ပြောင်းလဲနိုင်သည့် မည်သည့်အရာမှ မရှိသောကြောင့် ဟန်ရှောင်းသည် လုပ်ဆောင်ချက်အသစ်များနှင့် ဆွဲဆောင်မှုအချို့ကို ထည့်သွင်းရန်သာ အစီအစဉ်ရှိ၏။ သူ၏လက်ဆစ်များကို ချိုးကာ အလုပ်စလုပ်တော့သည်။
သူ၏ တိုက်ခိုက်ရေးပုံစံများကို အသစ်ပြောင်းလဲရန်သာမက ကြီးမားသော စက်ယန္တရားကြီးများကိုလည်း ဖန်တီးနိုင်စွမ်းရှိသည်။ ဟန်ရှောင်းသည် အဖွဲ့တစ်ခုလုံးနှင့် မြေပြင်ပေါ်တွင် ခရီးသွားရန် ယာဉ်တစ်စီး ဖန်တီးရန် စီစဉ်ခဲ့သည်။ ဒီအကြံအစည်ကို တွေးလိုက်မိသည်နှင့် သူ့ခေါင်းထဲမှာ စကားတစ်ခွန်း ထွက်ပေါ်လာတယ်...
သောက်ရမ်းမိုက်တယ်!
ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။
ဒီယာဉ်က ကစားသမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သည့် ကြေးစားတပ်ဖွဲ့ရဲ့ သင်္ကေတလည်းဟုတ်တယ်။ ငါတို့အဖွဲ့က အတူတကွ ကြီးထွားလာကြောင်းကိုလည်း ပြသနိုင်တယ်။ တကယ်လို့ ငါက ဒီယာဉ်ကို ပိုကောင်းအောင် အဆင့်မြင့်လျပ်စစ်သံလိုက်သီအိုရီကို အသုံးပြုနိုင်မယ်ဆိုရင် လျပ်စစ်သံလိုက်အမြောက်ရဲ့ ရိုးရှင်းတဲ့ပုံစံဖြစ်သွားမှာ မဟုတ်ဘူးလား။ မြေပြင်ယာဉ်သည် အခြားကားအားလုံးထက် အကောင်းဆုံးပဲ။
သူက အလုပ်ကို ဇောက်ချလုပ်တော့သည်။ အပိုပစ္စည်းများစွာဝယ်ယူပြီး ချိန်ညှိခန်းထဲတွင် တံခါးပိတ်လုပ်နေ၏။ သူ မဝင်ခင်မှာ ကစားသမားတွေကို ခန်းမထဲမှာ ကောင်းကောင်းအနားယူဖို့ ပြောထားခဲ့သည်။
လူများက ကန့်ကွက်တာမျိုး မရှိပေ။ သူတို့သည် အာကာသထဲကို ပထမဆုံးရောက်သည့် အချိန်နဲ့ ယှဉ်ရင် ပြောင်းလဲသွား၏။ ကစားသမားများသည် ဟန်ရှောင်း၏ စကားကို နားထောင်လျှင် ရရှိမယ့် အကျိုးကျေးဇူးများကို နားလည်ကြသည်။ Li Ge တောင်မှ စခန်းတွင် ရှိနေသည်။ ကစားသမားများသည် လူမျိုးစုပေါင်းစုံမှ ခရီးသွားများနှင့် အပြန်အလှန် စကားပြောဆိုကြသည်။ လူမှုအဖွဲ့အစည်းများအကြောင်း ပိုမိုသိရှိလာခြင်းသည် ဖျော်ဖြေရေးအတွေ့အကြုံတစ်ခု ဖြစ်သည်။ ပရော်ဖက်ရှင်နယ်က စားသမားများသည် ရုပ်ဝတ္ထုဆန်ပြီး ရလဒ်များကို အာရုံစိုက်ထားသော်လည်း၊ Maple Moon ကဲ့သို့သော ကစားသမား အများအပြားမှာ ဇာတ်လမ်းများ ကိုနှစ်သက်ကြပြီး ၎င်းတို့သည် စွဲမက်ဖွယ်ကောင်းသော နဂါးငွေ့တန်း၏ ဆွဲဆောင်မှုခံကြရသည်။
အနားယူချိန်အတွင်း Bun-Hit-Dog သည် သူ၏ ဘလက်စတားစီးရီး၏ ဒုတိယအပိုင်းကို စတင်ဖန်တီးခဲ့သည်။ သူ၏ တီဗီရှိုး တည်းဖြတ်မှုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်ထား၏။ ရေပင်လယ်ဂြိုလ်သာမက၊ ဂလက်ဆီတစ်ဝှမ်းရှိ ပရိသတ်များသည် ဒုတိယအပိုင်းကို မစောင့်နိုင်ကြတော့ပေ။ ရုံတင်ပြသပြီးသည်နှင့် တပြိုင်နက် ကြည့်ရှုသူ သိန်းနှင့်ချီ ပါဝင်လာသည်။
ရှိုးကို နောက်ဆုံးအပိုင်းမှ ဆက်လက်ပြသသည်။ ကြေးစားတပ်ဖွဲ့၏ ပထမဆုံး မစ်ရှင်မှ စတင်ခဲ့ပြီး ယင်းသည် ဆူနီ၏ ကြေကွဲဖွယ်ဇာတ်လမ်းနှင့် ကပ်ဘေးမှ မြင်ကွင်းများကို ပြောပြသည်။ နဂါးငွေ့တန်းထဲသို့ မ၀င်ရောက်သော ကစားသမားများသည် ထိုနေရာတွင် ရှိနေသကဲ့သို့ ဇာတ်ကြောင်းထဲသို့ နစ်မြုပ်သွားကြသည်။ ကြေးစားတပ်ဖွဲ့သည် ကြည့်ရှုသူ သန်းပေါင်းများစွာ၏ မျက်လုံးများ ဖြစ်လာသည်။ ခရီးစဉ်အတွေ့အကြုံများမှတဆင့် ပရိသတ်များသည် အဖွဲ့နှင့်အတူ ဂလက်ဆီအကြောင်း ပိုမိုသိရှိလာကြပြီး သူတို့အဖွဲ့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိနေပြီဖြစ်သည်။
ဇာတ်လမ်းသည် ကပ်ဆိုးကြီး၏ အဆုံးအထိ ဆက်သွားခဲ့သည်။ ကြေးစားအဖွဲ့သည် တီဗီရှိုးတစ်ခုတွင် အဓိကဇာတ်ကောင်အဖြစ် ဟားလပ်စ်ဟု အမည်ရသည့် အဖွဲ့ဝင်အသစ်ကို ရရှိခဲ့သည်။ ထိုလူသည် ပရိသတ်၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်သွား၏။ Bun-Hit-Dog သည် အဖွဲ့၏ ဈေးဆိုင်မှ ပစ္စည်းအသစ်များကို ပြသနေစဉ် ဇာတ်ကြောင်းပြောသူမှ အဖွဲ့၏ တိုးတက်မှုအလားအလာကို ရှင်းပြနေသည်။ ပရိတ်သတ်များသည် ကြေးစားတပ်ဖွဲ့၏ အနာဂတ်စွန့်စားခန်းများအတွက် မျှော်လင့်ချက်များစွာရှိနေကြပြီး တစ်ချိန်တည်းတွင်ပင် သူတို့သည် ဟန်ရှောင်းနှင့် လက်တွဲခဲ့သည့် ကစားသမားများကို ပို၍ပင် မနာလိုဖြစ်လာသည်။
ဟန်ရှောင်းသည်လည်း ထိုရှိုးကို ကြည့်ပြီး Bun-Hit-Dog ၏ အလုပ်ကို ကျေနပ်နေသည်။ ရှိုးသည် လူတို့၏ဘဝထဲသို့ ဖြည်းညှင်းစွာ ပေါင်းစည်းနိုင်ပြီး ပရိသတ်နှင့် စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးကို ဖန်တီးနိုင်သည်။
…
အာကာသစခန်း၏ တိုက်ပွဲပုံရိပ်ဖော်ခန်းမတွင် ဟားလပ်စ်သည် သူ၏ စစ်သင်္ဘောလှီးဓားကို လှည့်ပတ်ကာ ပုံဖော်ထားသော သားရဲများကို အပိုင်းပိုင်းအဖြစ် ဆုတ်ဖြဲပစ်လိုက်သည်။ သူသည် မတိုက်ခိုက်တာကြာပြီဖြစ်၍ ခန်းမထဲလာပြီး နေ့တိုင်း လေ့ကျင့်၏။ ဟန်ရှောင်းသည် သူ၏ တည်ဆောက်ရေးနှင့် ဖန်တီးရေးတွင် နစ်မြုပ်နေသောကြောင့်၊ သူသည် ကြေးစားတပ်ဖွဲ့၏ အချက်အလက်ကို မွမ်းမံထားခြင်းမရှိပေ။ ထို့ကြောင့်၊ ဟားလပ်စ်၏ စိတ်ထဲတွင်၊ သူသည် အုပ်စုအတွင်းရှိ တစ်ဦးတည်းသော အဆင့် B စူပါ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူ့ပခုံးပေါ်၌ ကြီးမားသောတာဝန်ကို ခံစားရပြီး လုံ့လဝီရိယစိုက်၍ လေ့ကျင့်နေသည်။
နာရီအနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက်၊ ပုံရိပ်များအားလုံး ပျောက်ကွယ်သွားသည်။ အလောင်းများနှင့် ပြည့်နှက်နေသော စစ်မြေပြင်သည် အဖြူရောင်အခန်းလွတ်အဖြစ်ကို ပြန်ပြောင်းသွားသည်။ ဟားလပ်စ်က သူ့ဓားကို သိမ်းလိုက်ပြီး နဖူးက ချွေးတွေကို သုတ်ကာ အခန်းထဲက ထွက်လာသည်။ ထိုအချိန်တွင် ဓားရူး၊ ဟောက်ထျန်းနှင့် ရေတပ်ဗိုလ်ချုပ်ကြီးတို့သည် ဘေးဘက်ရှိ မြေဆွဲအားအခန်းမှ ထွက်လာကြသည်။ သူတို့သည် ဟားလပ်စ်ကိုမြင်ပြီး သူ့ထံ အမြန်လျှောက်သွားကြ၏။
"ဆိုတော့ မင်းတို့လည်း လေ့ကျင့်နေကြတယ်ပေါ့" ဟားလပ်စ်က အဖွဲ့ဝင်တွေကို ခေါင်းညိတ်လိုက်တယ်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်း ကစားသမားများသည် သူ့အပေါ် ဆက်ဆံရေးကောင်းပြီး စိတ်အားထက်သန်မှုအပြည့်ရှိခဲ့သည်။ သူက အသင်းနဲ့ လိုက်လျောညီထွေဖြစ်နေတယ်လို့ ခံစားရ၏။ သို့ပေမယ့် ဟားလပ်စ်ကတော့ သူတို့ရဲ့ နာမည်တွေကြောင့် ထူးခြားနေသလိုပင်။ မတူညီသော ယဉ်ကျေးမှုများတွင် အမည်နာမအမျိုးမျိုးရှိပုံရသည်။ ၎င်းသည် ဟန်ရှောင်း၏ ကမ္ဘာဂြိုဟ်၏ ယဉ်ကျေးမှုဖြစ်သည်ဟု သူထင်ခဲ့သည်။
ဒီကစားသမားတွေ ဘာကြောင့် မသေနိုင်ရတာလဲလို့ သူက တွေးနေမိသည်။ သေချာသည်မှာ၊ ကစားသမားများသည် အမှန်တရားကို မပြောနိုင်ပေ၊ ထို့ကြောင့် ဟားလပ်စ်သည် ဒီအဖွဲ့ရှိ အက်စ်ပါစွမ်းအားတစ်ခုလို့သာ ထင်မြင်နေ၏။
"မင်း ငါတို့ကို တိုက်ခိုက်ရေးနည်းတွေ သင်ပေးလို့ရမလား" ဟောက်ထျန်းက မေးသည်။
ကစားသမားများ၏အမြင်တွင် ဟားလပ်စ်သည် ဖွင့်မထားရသေးသော သေတ္တာတစ်လုံးဖြစ်သည်။ ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူခြင်းကဲ့သို့သော အချို့သောဖြစ်ရပ်များကို အသက်သွင်းရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဟားလပ်စ်သည် စကေးများကို လက်ဆင့်ကမ်းနိုင်စွမ်းမရှိသောကြောင့် သူလုပ်နိုင်သမျှမှာ အချက်အနည်းငယ်ကို ထောက်ပြခြင်းသာဖြစ်သည်။ သို့သော် သူ၏ သင်ကြားမှုအောက်တွင် ကစားသမားများ၏ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ ဇာတ်လမ်းတစ်ခုကို အသက်သွင်းရန်မှာ ကံကောင်းမှုတစ်ခု လိုအပ်မည်ဖြစ်ပြီး အများအားဖြင့် ဟားလပ်စ်၏ စိတ်ခံစားချက်အပေါ် မူတည်သည်။ သို့သော်လည်း ကစားသမားများသည် တစ်ကြိမ်တစ်ခါမျှ ကြိုးစားပြီး တောင်းဆိုနေကြဆဲဖြစ်သည်။
ဟားလပ်စ်သည် ဤအသင်းတွင်ရှိပြီးနောက် အရေးကြီးသည်ဟု ခံစားခဲ့ရသည်။ ရုတ်တရက် ဒေသတွင်း သတင်းအေဂျင်စီ အဆောက်အအုံတစ်ခုက အရေးပေါ် အချက်ပေးသံ ထွက်ပေါ်လာသည်။
“… သတင်းထူး။ ဆေးလ်ဗားအဖွဲ့တစ်ဖွဲ့သည် ကွဲအက်ကြယ်စင်ကွင်းအတွင်း ခရီးသွားလာစဉ် စကာဗန်ဂျာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တချို့မှာ ပြန်ပေးဆွဲခံရသည်။ ကျွန်တော်တို့၏ သတင်းအချက်အလက်မှ၊ တိုက်ခိုက်သည့်နေရာမှာ ကောလ်တန် ကြယ်စုတန်း၊ ဖွန်းနဂါးငွေ့တန်း၊ ကြယ်ဇုန် ၄ ဖြစ်သည်။ စကာဗန်ဂျာအဖွဲ့၏ အရွယ်အစားကို မသိရသေးပါ။ လွတ်မြောက်သွားသော ဆေးလ်ဗားများသည် ယခုအခါ မြင့်မားသောဆုကြေးငွေဖြင့် ကျန်ရှိသောဆေးလ်ဗားများကို ကယ်တင်ရန် ကြေးစားအဖွဲ့များကို ငှားရမ်းနေကြပါသည်…”
ဤသတင်းသည် ဟားလပ်စ်၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ဆေးလ်ဗားတွေ? ဒီမျိုးနွယ်စုက အတော်ဝေးတဲ့ ဆေးလ်ဗားဝိညာဉ်ပင်လယ်ကပဲ။ ၎င်းသည် အာကာသ တော်ဝင်မျိုးနွယ်၏ မျိုးနွယ်စု။
အားကောင်းပြီး အဆင့်မြင့်သော လူမှုအဖွဲ့အစည်းအချို့ကို အာကာသ တော်ဝင်မျိုးနွယ်ဟုခေါ်သည်။ စကြဝဠာကို ကိုလိုနီပြုထားသော စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် အမှန်ပင် စကြဝဠာ တော်ဝင်မျိုးနွယ်များဖြစ်သည်။ ဆေးလ်ဗားများသည် ထိုအဆင့်တွင် မပါဝင်သေးသော်လည်း ၎င်းသည် သက်တမ်းရှည် တည်မြဲသော အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၎င်းတို့သည် စကြဝဠာတွင်လည်း အထူးနေရာတစ်ခုရှိသည်။ တစ်ချိန်တည်းမှာပင်၊ ဤ အာကာသ တော်ဝင်မျိုးနွယ်သည် ကျွန်စျေးကွက်တွင် အလွန်တောင်းဆိုမှုများသောကြောင့် ၎င်းတို့သည် စကာဗန်ဂျာများအတွက် ပြီးပြည့်စုံသော သားကောင်ဖြစ်သည်။
ဆေးလ်ဗားများသည် ကြွယ်ဝသောကြောင့် ဆုကြေးမှာ မယုံနိုင်လောက်အောင် မြင့်မားနေမည်မှာ သေချာသည်။ ဟားလပ်စ်သည် ပိုက်ဆံပြတ်လပ်နေသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဒီအခွင့်အရေးကို ရယူရန် ဘလက်စတားကို ကြိုးစားပြီး စည်းရုံးရမယ်။
ဂိုဒိုရာ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဧရိယာသည် ဂါတွန်နဂါးငွေ့တန်း ဖြစ်သည်။ ဖွန်းနဂါးငွေ့တန်းသည် ဂါတွန်၏ ဘေးတွင်ရှိသော်လည်း ဂါတွန်လောက် မကျယ်ပြောပေ။ ဂိုဒိုရာထက် အနည်းငယ် အားနည်းသော လူမှုအဖွဲ့အစည်းအချို့သည် မတူညီသောကြယ်ဇုန်များကို ထိန်းချုပ်ထားသော်လည်း နယ်နိမိတ်များတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၎င်းတို့သည် စစ်မှန်သောစစ်ပွဲများ မဟုတ်သော်လည်း ပရမ်းပတာများစွာရှိခဲ့ပြီး ထိုဒေသများအပေါ်တွင် မည်သူမျှ အာဏာမသက်ရောက်ခဲ့ပေ။
ဖွန်းနဂါးငွေ့တန်း၏ ကြယ်ဇုန် ၄ သည် မည်သူတစ်ဦးတစ်ယောက်မျှ စီရင်ပိုင်ခွင့်မရှိသော နယ်နိမိတ်၏ ထိပ်ဆုံးတွင်ရှိသည်။ အနီးနားရှိ လူမှုအဖွဲ့အစည်းသည် ဆေးလ်ဗားများထံမှ အကူအညီတောင်းခြင်းကို လျစ်လျူရှုထားသောကြောင့် အကူအညီပေးရန် ကြေးစားသမားများကို ရှာဖွေရန် မြင့်မားသော ဆုလာဘ်များ ပေးထားရသည်။
စာစဉ် (၂၄)၊ အခန်း (၃၅၇) ပြီး၏။
လင်းဆက်
+++++