တောင်တန်းထွက်ကုန်အသစ်! ကင်ဆာကာကွယ်ခြင်း!
Vol. 24 Ch. 347
တန့်ကွမ်းက လက်ဖက်ရည်၏အာနိသင်ကိုသိသောအခါ သူ့မျက်နှာမှာပြုံးရွှင်နေသည်_ ''သူဌေး... ဒီလက်ဖက်ရည်ကိုဖျော်ရည်လုပ်ရင် သေချာပေါက်နာမည်ကြီးမှာ''
ချင်လင်ကခေါင်းညိမ့်ပြီး_ ''ဒါကလည်း ခင်ဗျားကိုဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းရင်းပဲ... အရင်ဆုံးပြန်ပြီးတော့ စီရင်စုထဲကဖျော်ရည်နဲ့ဆက်စပ်တဲ့စက်ရုံတွေကိုစုံစမ်းပါ... ရှိတယ်ဆိုရင် ချက်ချင်းတစ်ရုံဝယ်လိုက်... ကျွန်တော်တို့အားဖြည့်ဖျော်ရည်ကို အမြန်ဆုံးထုတ်မယ်''
''ဥက္ကဌချင်... ကျွန်တော်အခုချက်ချင်းပြန်လုပ်လိုက်မယ်'' တန့်ကွမ်းကအလျင်စလိုထွက်သွားသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ဆော့နှင့်ကောင်းကောင်းလည်ပတ်နေသည်ဆိုသော်လည်း ကုမ္ပဏီတစ်ခုဖွံ့ဖြိုးမှုအတွက် တစ်ခုမကထုတ်ရမည်။ ဆော့ကဘယ်လောက်ပဲရောင်းကောင်းနေပါစေ၊ စျေးကွက်ကအကန့်အသတ်ရှိသည်။
နောက်ပြီး အချိန်လွန်သည်နှင့်အမျှ အစားအသောက်လုပ်နည်းက အနှေးနှင့်အမြန်ပေါက်ကြားသွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အဆင့်မြင့်၊ နည်းပညာမြင့်ထုတ်ကုန်မှမဟုတ်ဘဲလေ။


ပေါက်ကြားပြီဆိုတာနှင့် ထိပ်တန်းဘရန်း ၁၀ ခုက အရည်အသွေးတူသောထုတ်ကုန်အသစ်များကို သေချာပေါက်ပုံတူကူးကြလိမ့်မည်။ ဒီလိုဘရန်းကြီးကိုပုံတူကူးရန် နည်းလမ်းပေါင်းစုံရှိသည်။ ထိုအချိန်ကျရင် အားလုံးက အရည်အသွေးနှင့်ဘရန်းဖန်တီးမှုချည်းဖြစ်လာလိမ့်မည်။
အဲဒီမတိုင်ခင် အခုသူတို့လုပ်ထားရမှာက ပုံသေရှယ်ယာတွေကိုတတ်နိုင်သလောက်ဆွဲယူထားပြီး သူတို့ဘရန်းတန်ဖိုးကိုတောင့်တင်းခိုင်မာစေရမည်။
ထို့ကြောင့် ထုတ်ကုန်တစ်မျိုးတည်းမက ထုတ်ဖို့လိုသည်။ သို့သော် ဒီအခြေအနေတွင် စက်ရုံကစီရင်စုငွေကိုပြန်ဆပ်ပြီး စက်ရုံသစ်ဆောက်ရဦးမည်။ ထုတ်ကုန်အသစ်လေ့လာဖို့ ဝင်ငွေမရှိတော့။
အခုဥက္ကဌချင်က ဒီလက်ဖက်ရည်၏ပါဝင်ပစ္စည်းများကိုထုတ်ပြရာ သူကချက်ချင်းစီးပွားရေးတန်ဖိုးကိုမြင်သည်။ နောက်ပြီး ခရမ်းချဉ်သီးဆော့စျေးကွက်တန်ဖိုးထက်အများကြီးသာသည်။
မာလဲ့ဝမ်မှာ ချန်ရှန်းဖေကဲ့သို့အံ့ဩသွား၏။
လက်ဖက်ရည်၏အာနိသင်ကိုသိပြီးနောက် ကြီးမားသောစျေးကွက်တန်ဖိုးကိုမြင်သွားသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ဆော့ရှိထားပြီ။ ဒီဖျော်ရည်နှင့်ဆို ချင်လင်၏ကွန်ယက်တန်ဖိုးက မကြာမီသူတို့ထက်ကျော်တက်သွားနိုင်သည်။
လုံးဝအပိုပြောခြင်းမဟုတ်။ လက်ရှိဖျော်ရည်စျေးကွက်ကဘယ်လောက်ကြီးလဲ အားလုံးအသိ။ စျေးကွက်ရှယ်ယာကို ဒီဘရန်းကြီးတွေက ခွဲယူထားခြင်းကြောင့်သာ။ ထိုဖျော်ရည်များထက် အားဖြည့်နိုင်သောအာနိသင်ပိုသာခြင်းမရှိလျှင် ဝင်တိုးနိုင်မည်မဟုတ်ပေ။
ချင်လင်၏လက်ဖက်ရည်မှာ ဒါမျိုးရှိသည်။
တန့်ကွမ်းထွက်သွားပြီးနောက် ချင်လင်လည်း ချန်တပေကိုညွှန်ကြားလိုက်၏_ ''နောက်ထပ်လက်ဖက်ရွက်နဲ့ပါဝင်ပစ္စည်းတွေ သွားဝယ်ပေးပါဦး... ပိုက်ဆံအတွက် မိုချင်းဆီလျှောက်လိုက်ရုံပဲ''
''ကောင်းပါပြီ သူဌေး'' ချန်တပေကပြန်ဖြေပြီး ချက်ချင်းထွက်သွားသည်။ တစ်ချိန်တည်းမှာ သူ့ဖုန်းထုတ်၍ သူ့မိန်းမဆီဆက်လိုက်သည်။
ဖုန်းဝင်ဝင်ချင်း သူက_ ''အချစ်ရေ... အဖေ့ကိုပြောလိုက်... အိမ်ကခြံထဲမှာ ဆေးရွက်ကြီးမစိုက်နဲ့တော့လို့... လက်ဖက်ပင်စိုက်ခိုင်း... ပြီးတော့ မင်းချေးငွေထုတ်ချင်တယ်ဆိုရင်တောင် ရွာကိုသွားပြီး မြေစာချုပ်ပိုချုပ်လိုက်... သစ်လိမ်ပင်တွေ လေတိုက်ခံပင်တွေ ဇီဇဝါပန်းတွေ စိုက်လို့ရတယ်... ဒီအတွက်မပူနဲ့... ရုံချန်းစီရင်စုကဝင်ငွေရဖို့ ဒါတွေစိုက်လိမ့်မယ်... အရင်ဆုံးစိုက်ထား''
ဖုန်းချပြီးနောက် သူကပျော်ပျော်ရွှင်ရွှင်လျှောက်လွှာရေးရန်သွားလိုက်သည်။
သူက ငတုံးမဟုတ်။ သူ့သူဌေးလုပ်တဲ့လက်ဖက်ရည်က အလွန်အာနိသင်ရှိမှန်းတွေ့ရသဖြင့် နောင်မှာသူ့သူဌေးက ကုန်ကြမ်းအများအပြားလိုအပ်လိမ့်မည်။ ဒါတွေစိုက်ထားရင် သေချာပေါက်ဝင်ငွေရလိမ့်မည်။


အခုရွာမှာမြေစာချုပ်ချုပ်ရင် သိပ်မကုန်။ နောင်မှာ စီရင်စုထဲရှိမြို့အသီးသီးတွင် မြေတန်ဖိုးသေချာပေါက်တက်လာလိမ့်မည်။
ထို့နောက် ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး အွန်လိုင်းပေါ်တက်၍ အားဖြည့်ဖျော်ရည်စျေးကွက်ကိုစစ်ဆေးကြည့်လိုက်သည်။
အားဖြည့်ဖျော်ရည်ထုတ်ချင်မှတော့ စျေးကွက်အခြေအနေကိုပုံဖော်ကြည့်ရမည်။
နိုင်ငံ၏ဖျော်ရည်စျေးကွက်မှာ အလွန်ကြီးမားပြီး အထူးထုတ်ကုန်ဖျော်ရည်စျေးကွက်ကမသေး။ မနှစ်က အထူးထုတ်ကုန်ဖျော်ရည်စျေးကွက်မှာ လက်လီစာရင်းအရ ယွမ် ၁၃၃.၄ ဘီလီယံရှိသည်။ အထူးထုတ်ကုန်ဖျော်ရည် ၇၀% မှာ အားဖြည့်ဖျော်ရည်များဖြစ်ပြီး ယွမ် ၉၃.၃ ဘီလီယံအထိရှိသည်။
ဒီအချက်အလက်က နောက်ဆုံးရောင်းချတန်ဖိုးကိုရည်ညွှန်းခြင်းဖြစ်သော်လည်း လုပ်ငန်းကွင်းဆက်ဘယ်လောက်ကြီးကြောင်းသိနိုင်သည်။ စက်ရုံတွေကရရှိမယ့်အကျိုးအမြတ်က သေချာပေါက်နည်းမည်မဟုတ်။
သို့သော် အပြိုင်အဆိုင်ကလည်း အလွန်ကြီးမားသည်။ နာမည်ကျော် Red Bull၊ East Roc စပါယ်ရှယ်ဖျော်ရည်၊ လီဟူ၊ ကိုယ်ခံအားဖြည့်၊ စစ်မြင်း၊ သက်လုံပြည့်ဝ၊ စပျစ်ဖျော်ရည်၊ မွန်းစတားဖျော်ရည် စသည်။
သူဖန်တီးချင်သော အားဖြည့်ဖျော်ရည်မျိုးအတွက် ရှေ့လျှောက်ပြိုင်ဘက်များလည်းရှိသည်။ သို့သော် ထိုဖျော်ရည်အားလုံးကို အရင်ကသူသောက်ဖူးသည်။ လက်ဖက်ရည်၏အာနိသင်ကိုလုံးဝမမီ။
သို့ရာတွင် လက်ဖက်ရည်စျေးကွက်ကလည်းမသေးကြောင်း ချင်လင်အမှတ်မထင်တွေ့လိုက်ရသည်။ မနှစ်က ယွမ် ၁၀ ဘီလီယံကျော်ခဲ့သည်။ ဖျော်ရည်စျေးကွက်နှင့်ယှဉ်လျှင် ဘာမှမဟုတ်သော်လည်း အပြိုင်အဆိုင်အလွန်နည်းသည်။ လူမသိသလောက်နည်းသော ဘရန်းကြီးများရှိ၏။
သို့ဖြစ်၍ အားဖြည့်ဖျော်ရည်အပြင် လက်ဖက်ရည်သောက်စရာထုတ်လုပ်ပြီးလည်း ရောင်းချနိုင်သည်။ ဒီစျေးကွက်က ဖျော်ရည်စျေးကွက်ကိုလွှမ်းမိုးဖို့ထက်ပိုလွယ်လိမ့်မည်။
အချိန်ကျရင် လက်ဖက်ရည်၊ လန်းလန်းဆန်းဆန်းသောက်စရာနှင့်အားဖြည့်ဖျော်ရည်အဖြစ် နည်းလမ်းနှစ်မျိုးအသုံးပြုနိုင်မည်။
သို့သော် ထုတ်ကုန်အသစ်မထွက်မီ လုပ်စရာအများကြီးရှိနေသေးသည်။ သူကချက်ချင်းဖုန်းကောက်ကိုင်ပြီး ချင်ရန်ကိုဆက်လိုက်၏။ ဒီတစ်ကြိမ်တွင် ဖျော်ရည်နှင့်လက်ဖက်ရည်ထုပ်ပိုးမှုအတွက် လေလံဆွဲအစီအစဉ်တစ်ခု ချင်ရန်ကိုလုပ်ခိုင်းရမည်။
ရုံချန်းစီရင်စု_
ချင်ရန်နှင့်ဟူဖေး၏စတူဒီယိုမှာ နေရာပြောင်းတာကြာခဲ့ပြီ။ နှစ်သစ်ရောက်ပြီးနောက် ပိုကြီးသောရုံးခန်းနေရာကိုငှားခဲ့သည်။ စတူဒီယို၏ဆိုင်းဘုတ်ကလည်း 'ထောင်စုနှစ်ကြော်ငြာအစီအစဉ်'ဟူ၍ ပြောင်းလဲထားသည်။ အရွယ်အစားတိုးချဲ့ပြီး လူသစ်တချို့လည်းခန့်ထား၏။
ချင်ရန်မှာ ဒီနေ့နည်းနည်းလေးအလုပ်ရှုပ်နေသည်။ သူ့ဖောက်သည်ကိုဖြေရှင်းရခက်နေသောကြောင့်ပင်။
ရုံချန်းစီရင်စုဖွံ့ဖြိုးလာသည်နှင့်အမျှ ဖျော်ဖြေရေးအခင်းအကျင်းများစွာလည်းရှိလာသည်။ ခြေဖဝါးနှိပ်ပေးသောဝန်ဆောင်မှုများဖြစ်သည့် မဟာဖဝါးနတ်ခစား၊ ဒုတိယအလင်းတန်း၊ တော်ဝင်ဖဝါးမျှော်စင်နှင့်အဖွဲ့လိုက်တည်ဆောက်မှုစသည်တို့ရှိသည်။ မဟာဖဝါးနတ်ခစားမှာ ယခုရုံချန်းစီရင်စုထဲတွင်နောက်ထပ်အခွဲတစ်ခုဖွင့်ထားသည်။
သူ့ရှေ့ကဖောက်သည်မှာလည်း ခြေဖဝါးနှိပ်ပေးသူဖြစ်သည်။ သူ့ကို တတိယဝင်းအဖြစ် တံဆိပ်ခတ်နိုင်၏။ ချင်းလင်စံအိမ်သို့လာသောခရီးသည်များကြောင့် ရုံချန်းစီရင်စု၏ခြေဖဝါးအနှိပ်စျေးကွက်မှာ ပိုပြီးကျယ်ပြန့်လာသည်။ ခရီးသည်များက တစ်နေ့တာလည်ပတ်ပြီးနောက် ခြေဖဝါးအနှိပ်ခံကြ၏။
ထိုတတိယဝင်းများက ရုံချန်းစီရင်စုစျေးကွက်ထဲဝင်ဖို့ စီစဉ်လာကြသည်။ အခု အစီအစဉ်တစ်ခုရရန် သူတို့ကိုလာရှာခြင်းဖြစ်သော်လည်း တစ်ဖက်လူကတောင်းဆိုမှုများပြီး တန်ဖိုးညှိနှိုင်းမရဖြစ်နေသည်။