← Chapters

တောင်တန်းထွက်ကုန်အသစ်! ကင်ဆာကာကွယ်ခြင်း! ၂

Vol. 24 Ch. 348

တောင်တန်းထွက်ကုန်အသစ်! ကင်ဆာကာကွယ်ခြင်း! ၂

Vol. 24 Ch. 348

''ဥက္ကဌချင်... ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စုက နေရာသေးသေးလေး... ခင်ဗျားရဲ့စီစဉ်ခက များလွန်းတယ်'' သူ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားက အတိုက်အခံပုံစံနှင့်ဆိုလိုက်သည်။ ဒီအတွက် သူကငွေအများကြီးမသုံးချင်။

ဘာပဲဖြစ်ဖြစ် စီရင်စုငယ်လေးရဲ့ကြော်ငြာစီစဉ်ပေးတဲ့ကုမ္ပဏီက ဒီလောက်ငွေကုန်ကျမည်ဟု သူမထင်။

ချင်ရန်ကပြန်ပြောမည်အပြု သူ့ဖုန်းမြည်လာသည်။ ချင်လင်၏နံပါတ်ဖြစ်နေသောအခါ သူကချက်ချင်းဖုန်းကိုင်ပြီး_ ''လင်ဇီ... ဘာလုပ်ပေးရမလဲ? ဟုတ်ပြီ... ဟုတ်ပြီ... လေလံဆွဲမယ့်အစီအစဉ်ပေါ့... ကောင်းပြီလေ... မင်းအတွက်ချက်ချင်းစီစဉ်ပေးမယ်''

ချင်ရန်ကဘာမှမဖြစ်သလိုနှင့် ဖုန်းကိုင်လိုက်သည်ကိုမြင်သောအခါ သက်လတ်ပိုင်းအမျိုးသားကမျက်မှောင်ကြုတ်ပြီး နည်းနည်းစိတ်ပျက်သွားသည်။

ချင်ရန်က မလှမ်းမကမ်းရှိအလုပ်စားပွဲတစ်ခုမှမိန်းကလေးကိုလှမ်းအော်လိုက်၏_ ''ရှောင်ပင်း... ချင်းလင်အစားအသောက်ကုမ္ပဏီက ဖျော်ရည်နဲ့လက်ဖက်ရည်ထုပ်ပိုးမှုပိုင်းအတွက် လေလံဆွဲချင်တယ်တဲ့... အရင်ဆုံးအစီအစဉ်ရေးပြီး ဘယ်ကုမ္ပဏီမှာ ဒါမျိုးထုတ်ကုန်တွေရှိလဲ စစ်ဆေးကြည့်''

''ကောင်းပါပြီ ဥက္ကဌချင်'' ရှောင်ပင်းဆိုသောမိန်းကလေးက ချက်ချင်းခေါင်းညိမ့်လိုက်သည်။

သူ့နားမှသက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ချင်းလင်အစားအသောက်ကုမ္ပဏီနာမည်ကိုကြားသောအခါ လုံးဝအံ့ဩသွားပြီး အမှတ်တမဲ့မေးလိုက်၏_ ''ဥက္ကဌချင်... ချင်းလင်အစားအသောက်ကုမ္ပဏီဆိုတာ ချင်းလင်ဆော့ထုတ်တဲ့ကုမ္ပဏီလား?''

ချင်ရန်ကခေါင်းညိမ့်လိုက်ကာ__''အမှန်ပဲ... ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ချင်းလင်စံအိမ်ကလည်း ကျွန်တော်တို့ဖောက်သည်တွေပါပဲ''

''သိပြီ'' သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုစကားကြားလျှင် ချီတုံချတုံဖြစ်နေခြင်းမျိုးမရှိတော့ဘဲ_ ''ဒါဆိုရင် ဥက္ကဌချင်... ကျုပ်တို့တတိယဝင်းအတွက်စီမံချက်ကို ခင်ဗျားပြောတဲ့စျေးနဲ့လက်မှတ်ထိုးကြတာပေါ့!''





ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီရဲ့ကျော်ကြားမှုကသိသာသည်။ သူတို့သုံးယောက်က ချင်းလင်စံအိမ်လာသောခရီးသည်များဆီမှအကျိုးအမြတ်အချောင်ရရန် ရုံချန်းစီရင်စုထဲဝင်ခဲ့ခြင်းဖြစ်သည်။

ချင်းလင်စံအိမ်က သူ့လုပ်ငန်းအတွက် ဒီထောင်စုနှစ်ကြော်ငြာအစီအစဉ်ကိုအပ်မှတော့ ဒီကြော်ငြာကုမ္ပဏီက တစ်ခုခုတော့တစ်ခုခုပင်။

''ကောင်းပါပြီ... ကျွန်တော်စာချုပ်ပြင်ခိုင်းလိုက်ပါ့မယ်'' ချင်ရန်က ဘယ်လိုဖြစ်သွားလဲ သူသိသည်။

ဒါချင်းလင်စံအိမ်နဲ့လက်တွဲလုပ်ရတဲ့အကျိုးအမြတ်ပဲပေါ့။

မြို့ကြီးတွေမဆိုထားနှင့်။ ရုံချန်းစီရင်စု၊ သဲမြို့တော်၊ နင်းမြို့တော်လိုမြို့လေးတွေအတွက်တော့ ချင်းလင်စံအိမ်က အစွမ်းထက်လက်နက်ပင်။

သူ့ညီအစ်ကိုချင်လင်၏အားသာချက်ကို သူရလိုက်သည်။ တတိယဝင်းနှင့်စာချုပ်လက်မှတ်ထိုးပြီးနောက် ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် သူကိုယ်တိုင်စောင့်ကြည့်လိုက်၏။

ချင်လင်က သူ့ကိုယုံသည်။ ဒီတော့ သူကစိတ်ပျက်အောင်လုပ်လို့မဖြစ်။

…

ချင်လင်က ချင်ရန်၏ဖုန်းကိုချပြီးနောက် ကျောက်မိုချင်းလာရှာပြီး လောလောလောလောနှင့်မေးသည်_ ''ချင်လင်... ချန်တပေကိုဝယ်ခိုင်းတဲ့လက်ဖက်ရည်ပါဝင်ပစ္စည်းတွေကဘာလဲ? ချန်တပေပြောတဲ့လက်ဖက်ရည်ဆိုတာကရော အမှန်ပဲလား?''

''အမှန်ပဲ'' ချင်လင်ကခေါင်းညိမ့်ပြီး ကျောက်မိုချင်းကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်၏_ ''အရင်ဆုံး ကိုယ်တို့မူပိုင်ခွင့်လျှောက်လွှာကိုပြင်ဆင်ရမယ်... ဒီလက်ဖက်ရည်ကိုကြော်ငြာဖို့ အရင်ဆုံးမူပိုင်ခွင့်လျှောက်မှဖြစ်မယ်''

မဟုတ်ရင် ဒီလိုအစားအစာနှင့်သောက်စရာလုပ်နည်းတွေမပေါက်ကြားခင် အချိန်ပြဿနာတစ်ခုသာရှိသည်။ မူပိုင်ခွင့်လျှောက်ထားပြီး လုပ်နည်းပေါက်ကြားသွားသော ကံမကောင်းသူမျိုး သူမဖြစ်ချင်။

“အင်း!” ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ချင်လင်ကဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးနောက် မူပိုင်ခွင့်ကိစ္စဖြေရှင်းရန် စီရင်စုမူပိုင်ခွင့်ဌာနသို့ အချက်အလက်များယူသွားလိုက်သည်။

မူပိုင်ခွင့်ဌာနတာဝန်ခံကိုယ်တိုင်ပဲ ချင်လင်ကိုလက်ခံပေးသည်ပေါ့။

အရင်က ချန်လီနှင့်အတူ ဆော့ကိစ္စအတွက်လာစဉ် တာဝန်ခံပုဂ္ဂိုလ်၏ဖုန်းနံပါတ်ကိုလည်းထားခဲ့သည်။

စံအိမ်ရုံးခန်းပြန်ရောက်သောအခါ တန့်ကွမ်းစုံစမ်းထားသောဖျော်ရည်စက်ရုံအကြောင်းနှင့် ချန်တပေဝယ်ထားသော လက်ဖက်ရည်ပါဝင်ပစ္စည်းများအကြောင်း မေးမြန်းလိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ ဂိမ်းထဲတွင်ဒီနေ့ပြန်ထွက်လာသောပစ္စည်းများကိုသိမ်းလိုက်သည်။

ငါးမျှားရာတွင် ငါး ၃၅ ကောင်ထဲမှ အလှမွေးငါး ၃ ကောင်ရသေးသည်။ ထို့နောက် အရည်အသွေး ၁ နှင့် ၂ သဘာဝငါးအားလုံးကို ကန်ထဲသိုလှောင်ထားလိုက်၏။





သစ်ပင်များခုတ်သည်။ ဒီနေ့နံ့သာဖြူပင်ထပ်ရသေးသည်။ ဒီပစ္စည်းက သိပ်မရတတ်သော်လည်း တစ်ချိန်မဟုတ်တစ်ချိန်ပေါ်လာတတ်၏။ သတို့သမီးခန်းတွင် နံ့သာဖြူနံ့သာပြတ်မှာ စိုးရိမ်စရာမလိုတော့ချေ။

ထို့နောက် တောင်တန်းထွက်ကုန်များကိုစစ်ဆေးကြည့်လိုက်သည်။ နောက်ပြီး ဒီနေ့ ထင်မှတ်မထားသောအံ့ဩစရာရှိသည်ထင်။ အသစ်တစ်ခုခုပေါ်နေသည်။

သူကဂိမ်းဇာတ်ကောင်ကို သစ်ပင်ပုံပစ္စည်းနားသွား၍ခူးစေလိုက်ရာ အသိပေးစာကြောင့် သူနည်းနည်းအံ့ဩသွားမိသည်။

(သဘာဝအူလုံလက်ဖက်နု ကတ်တီ ၃၀ ရသည့်အတွက် ဂုဏ်ယူပါတယ်!)

အူလုံလက်ဖက်?

လက်ဖက်က တောင်တန်းထွက်ကုန်ထဲမှာပါတာလား?

အဓိကပြောချင်တာက စနစ်ကဘာဖြစ်နေတာလဲ? စိတ်ငြိမ်စေတဲ့လက်ဖက်ရည်လုပ်နည်းပေးပြီးရုံရှိသေး၊ တောင်တန်းထွက်ကုန်ထဲမှာ လက်ဖက်ပေါ်လာပြန်ပြီလား?

လက်ဖက်ရည်ကိုဆန့်ကျင်နေတာလား?

လက်ဖက်ရွက်ကိုလောလောလတ်လတ်ခူးလိုက်သည်။ လက်ဖက်ကိုအသုံးပြုနိုင်ရန် လှော်ဖို့လိုသည်။

ချင်လင်က စနစ်ကိုမကျေမနပ်ဖြစ်ပြီး ဂိမ်းဇာတ်ကောင်ကိုတောင်ပေါ်ဆက်လျှောက်သွားစေလိုက်၏။ ပစ္စည်းကပေါ်လာပြီဆိုမှတော့ မယူရင်အလကားဖြစ်ဦးမည်။

(သဘာဝအူလုံလက်ဖက်နု ကတ်တီ ၃၀ ရသည့်အတွက် ဂုဏ်ယူပါတယ်!)

…

(သဘာဝအူလုံလက်ဖက်နု ကတ်တီ ၃၀ ရသည့်အတွက် ဂုဏ်ယူပါတယ်!)

မကြာမီ ဂိမ်းဇာတ်ကောင်က တောင်တန်းထွက်ကုန်သုံးခုထပ်ရလိုက်၏။ အားလုံးက သဘာဝအူလုံလက်ဖက်ချည်း။ စုစုပေါင်း လက်ဖက်နုကတ်တီ ၁၂၀ ရပြီး လက်ဖက်အရင့် ၂၀ ကျော်သည်။

အရင်က မာလဲ့ဝမ်ပြောဖူးသည်။ 'ရိုးရိုးလက်ဖက်တွေက နံ့သာနီလက်ဖက်ရည်စားပွဲသိက္ခာကျတယ်'တဲ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီတောင်တန်းထွက်ကုန်များတွင် အရည်အသွေး ၂ ပါတတ်သည်။ လူတွေကိုလက်ဖက်နှပ်ပြီးဧည့်ခံရရင် မဆိုး။

ထိုအတွေးနှင့် ချင်လင်ကရုံးခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။ လက်ဖက်ရွက်ပေါ်တွင် မှတ်ချက်ကိုမြင်ရ၏:

(ရှားပါး _ သဘာဝအူလုံလက်ဖက်ရွက်: အရည်အသွေး ၂)

(သဘာဝအတိုင်းပေါက်သော အူလုံလက်ဖက်ရွက်ဖြစ်သည်။ အကြောင်းမလှစွာဖြင့် အလွန်ရှားပါးပြီး ပြန်ထွက်နှုန်းအလွန်နည်းသည်။ လက်ဖက်အရင့်လှော်ပြီး လက်ဖက်ရည်နှပ်နိုင်သည်။ အာနိသင်များစွာရှိသည်:

လက်ဖက်ရည်အနံ့ +၂၊ အချိုရသာစွဲကျန်ခြင်း +၂၊ ကပ်စေးစေးမရှိခြင်း +၂၊ အစာကြေစေခြင်း +၂၊ အတွေးများလန်းဆန်းစေခြင်း +၂၊ ကင်ဆာကာကွယ်ပေးခြင်း +၁)

ထိုသဘာဝအူလုံလက်ဖက်၏မှတ်ချက်ကိုဖတ်ပြီး ချင်လင်လုံးဝအံ့ဩသွားသည်။ အရည်အသွေးစုစုပေါင်း ၆ ခုရှိနေသည်။

အနံ့နှင့်အရသာစွဲကျန်ခြင်းက ပြောစရာမလို။ ဒါပုံမှန်လက်ဖက်ရည်၏သဘာဝပင်။ လက်ဖက်ရည်၏အကြီးမားဆုံးတန်ဖိုးတွေထဲက တစ်ခုလည်းဖြစ်သည်။





All Chapters