တောင်တန်းထွက်ကုန်အသစ်! ကင်ဆာကာကွယ်ခြင်း! ၃
Vol. 24 Ch. 349
တခြားအရည်အသွေး ၄ မျိုးကလည်း အလွန်ကောင်းသည်။
ကပ်စေးစေးဖယ်ရှားပေးခြင်းမှာ အထွေအထူးမဟုတ်။ ငါးနှင့်အသားစားပြီး မအီမသာဖြစ်လျှင် လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပါက သေချာပေါက်သက်သာသွားလိမ့်မည်။
အစာကြေစေခြင်းက အတော်များများအတွက် မင်္ဂလာတစ်ပါးပင်။ အစာမကြေတဲ့သူတွေ ဘယ်လောက်များရှိပါသလဲ?
အလုပ်ပင်ပန်းလာသူကို စိတ်လန်းဆန်းစေသောအကျိုးမှာ ဖော်ပြစရာမလိုတော့။ ဒါကြောင့်လည်း ညဘက်လက်ဖက်ရည်မသောက်ဖို့ပြောကြခြင်းပင်။ လုံးဝအိပ်နိုင်မည်မဟုတ်ပေ။


တစ်ဖက်တွင် ကင်ဆာဆန့်ကျင်သောအာနိသင် +၁ အရည်အသွေးက လုံးဝထူးဆန်းသည်။
ထိပ်တန်းအူလုံလက်ဖက်ရည်တွင် ကင်ဆာဆန့်ကျင်သောဓာတ်ပစ္စည်းများပါသည်ဟုဆိုကြသည်။ သာမန်လူတွေက ဦးနှောက်စားပြန်ပြီဟုထင်ကြ၏။
အခုကြည့်ရတာ ဒီအချက်မှန်ပုံရသည်။ ဒါကြောင့်လည်း ထိပ်တန်းအူလုံလက်ဖက်ရည်က မယုံနိုင်လောက်အောင်စျေးကြီးတာကိုး။
နေ့တိုင်း သူတစ်ခွက်နှစ်ခွက်သောက်ပေးရမည်။ သူတင်မဟုတ်၊ ကျောက်မိုချင်းရော သူ့အမေပါသောက်ရမည်။ သူ့ယောက္ခမအိမ်ကို တချို့တလေပေးထားမည်။
သို့သော် ဒီကြားထဲ ဒီလက်ဖက်ရွက်တွေလှော်ဖို့နည်းလမ်းစဉ်းစားရဦးမည်။
ထိုအတွေးနှင့် ချင်လင်ကစံအိမ်မှထွက်ပြီး ဂိုဒေါင်ဆီသွားလိုက်သည်။ ထို့နောက်ဂိမ်းထဲဝင်၍ လက်ဖက်ရွက်အားလုံးအပြင်ထုတ်လိုက်၏။
ထိုလက်ဖက်ရွက်များအားလုံးကို ဂိမ်းမှအိတ်ကြီးများနှင့်ထုပ်ပိုးထားသည်။ စုစုပေါင်းလေးအိတ်ရှိပြီး တစ်အိတ်ကိုကတ်တီ ၃၀ အချိန်စီးသည်။
ချင်လင်ကချက်ချင်း ထိုလက်ဖက်ရွက်များနှင့်စံအိမ်ပြန်လာပြီး မူလခန်းမစားဖိုဆောင်ထဲယူသွားလိုက်သည်။ ထို့နောက် ပထမလက်ဖက်အိတ်ကိုဖွင့်၍ ဆေးကြောပြီးလှော်ရန်ပြင်လိုက်၏။
လက်ဖက်ခြောက်လှော်နည်းမှာ ရိုးရိုးလက်ဖက်ရွက်များကိုလည်းအသုံးပြုနိုင်သည်။
ခဏအကြာ_
ပထမအိုးဖွင့်၍ အပူပေးပြီးသောအခါ ဆေးကြောထားသောလက်ဖက်ရွက်များအိုးထဲထည့်ပြီး အရင်လိုလက်ဖက်ရွက်များကိုမွှေလိုက်သည်။
သို့သော် ဒီတစ်ကြိမ်တွင် အရင်နှင့်မတူ။ ခဏအတွင်း လက်ဖက်အမွှေးနံ့က မီးဖိုချောင်ထဲပြန့်သွား၏။
စနစ်ကထုတ်သော အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်မှာ လက်ဖက်အမွှေးနံ့ +၂ အရည်အသွေးရှိသည်။


နောက်တစ်ချက်မှာ လက်ဖက်အမွှေးနံ့က နှပ်ချိန်မှထွက်ခြင်းမဟုတ်။ လှော်လိုက်မှ အနံ့ကပိုပြင်းသည်။ လက်ဖက်ရွက်ကတ်တီပေါင်းများစွာပေါင်းလှော်လိုက်သောအခါ ထွက်လာသောအမွှေးနံ့က ခွက်သေးနှင့်လက်ဖက်ရည်နှပ်တာထက်အဆပေါင်းများစွာပိုမွှေး၏။
ဒီလက်ဖက်ရွက်မှာအနံ့မွှေးရုံသာမက ရှူလို့လည်းအရမ်းကောင်းသည်။ လက်ဖက်အမွှေးနံ့ကြားတွင် ချင်လင်မှာနေသာထိုင်သာပိုရှိလာသည်။ စိတ်ကိုလန်းဆန်းစေသောအာနိသင်ကြောင့်ဖြစ်ရမည်။
ခဏအကြာ မာလဲ့ဝမ်ကအပြင်မှလမ်းလျှောက်ဝင်လာကာ_ ''လက်ဖက်အမွှေးနံ့ကို ခန်းမထဲဝင်လာလာချင်းရနေတာ... ချင်လင်... ဒီတစ်ခါဘာလက်ဖက်ရည်လုပ်နေတာလဲ? တကယ်နှမြောစရာပဲ... လက်ဖက်ပါဝင်ပစ္စည်းလုပ်တာ ရိုးရာလက်ဖက်မဟုတ်ဘူး... မဟုတ်ရင် ဒီလက်ဖက်ကသေချာပေါက်အရမ်းအရသာရှိမှာ... အာ...''
မာလဲ့ဝမ်ကပြောရင်းဆိုရင်း တစ်ခုခုမှားနေကြောင်းသဘောပေါက်လိုက်သည်။ ချင်လင်က လက်ဖက်ရွက်အိုးထဲကို တခြားဘာပါဝင်ပစ္စည်းမှမထည့်ထား၊ ဘေးမှာလည်းဘာပစ္စည်းမှရှိမနေ။
သူက ရိုးရာလက်ဖက်ခြောက်လှော်နေခြင်းပင်။
မာလဲ့ဝမ်မျက်လုံးများအရောင်တောက်သွားပြီး_ ''ချင်လင်... ရိုးရာလက်ဖက်ခြောက်လှော်နေတာလား?''
''ဟုတ်တယ်'' ချင်လင်က ခေါင်းညိမ့်လိုက်ကာ_ ''ဒါအူလုံလက်ဖက်ရွက်''
မာလဲ့ဝမ်ကချက်ချင်းစိတ်ဝင်စားသွားသည်_ ''အူလုံလက်ဖက်ရွက်ကိုလှော်ရင် ဒီလောက်မွှေးပြီး ကြည်နူးစရာလက်ဖက်နံံ့ထွက်တယ်လား? မင်းလှော်နေတဲ့လက်ဖက်ခြောက်ကဘယ်လိုလဲ? ငါထားခဲ့တဲ့လက်ဖက်လိုမျိုး အရသာရှိလား?''
သူမျှော်လင့်စောင့်စားမိသည်။ ဘာပဲဖြစ်ဖြစ် ချင်လင်အတွက်ထားခဲ့တဲ့အူလုံလက်ဖက်က စျေးကွက်ထဲမှာကောင်းလွန်းနေပြီ။ ဒီထက်ပိုစျေးကြီးသောအူလုံလက်ဖက်ကို သူမတတ်နိုင်ခြင်းကြောင့်မဟုတ်သော်လည်း ဝယ်ဖို့ကအလွန်ခက်လေသည်။ စျေးကွက်ထဲတွင် အများစုကအတုများဖြစ်နေ၏။
ဥပမာဆိုရသော် မင်စီရင်စု၏အန်းရှီနယ်မှ စျေးအကြီးဆုံးအူလုံလက်ဖက်ခြောက်ကို တစ်ကတ်တီယွမ် ၆၇၀၀၀၀ ပေးဝယ်ရသည်။ အကယ်၍ သူ့ရှေ့မှာသာ ၁၀ ကတ်တီရှိမည်ဆိုလျှင် ယွမ် ၆.၇ သန်းပေးဝယ်ဖို့ လက်နှေးနေမည်မဟုတ်ချေ။
သို့သော် ဒီလိုအရည်အသွေးရှိသောအူလုံလက်ဖက်မျိုးမှာ တစ်နှစ်ကိုကတ်တီ ၃၈၀၀ သာထွက်သည်။ ဒီနှစ်များအတွင်း သူကတ်တီတချို့သာဝယ်ရခဲ့၏။
လက်ဖက်ကိုအသည်းအသန်ဝယ်သူမဟုတ်လျှင် ဒီလိုရတနာမျိုးဝယ်ဖို့ မတတ်နိုင်သလောက်ပင်။ အရည်အသွေးနိမ့်လက်ဖက်တောင်ဝယ်ဖို့ခက်သည်။ စျေးကွက်ထဲတွင် အန်းရှီစီရင်စု၏အူလုံလက်ဖက်များစွာရှိပြီး အတုအယောင်ပစ္စည်းအမျိုးစုံလည်းရှိသည်။
''မြည်းကြည့်'' ထိုအချိန်တွင် ချင်လင်လည်းနောက်ဆုံးအဆင့်ပြီးသွားသည်။ သူက အရင်ဆုံးအူလုံလက်ဖက်ကတ်တီ ၃၀ အိတ်တစ်အိတ်ကိုလှော်ထားသည်။ လှော်ပြီးနောက် ၆ ကတ်တီတောင်မရချေ။
မာလဲ့ဝမ်မှာ လက်ဖက်ရည်ကြိုက်သောသူဖြစ်၍ တုံ့ဆိုင်းမနေ။ ချက်ချင်းသူ့ဘေးမှ ရေနွေးအိုးနှင့်ခွက်ယူပြီး လက်ဖက်ခြောက်တချို့ထည့်ကာ စနှပ်တော့သည်။
လီရှင်း ဝိုင်နှင့်အကျွမ်းဝင်သလို သူကလက်ဖက်ရည်နှင့်အကျွမ်းဝင်သူဖြစ်သည်။ တစ်အိုးနှပ်ပြီးနောက် တစ်ခွက်ငှဲ့ပြီး သူ့နှာခေါင်းနားကပ်၍ အနံ့ခံကြည့်လိုက်သည်။
''ဒီလက်ဖက်ရည်က...'' မာလဲ့ဝမ်ကအမှတ်တမဲ့တစ်ငုံသောက်လိုက်ပြီးနောက် မျက်လုံးများဝင်းလက်သွား၏။ ထို့နောက် သူ့မျက်လုံးများအရောင်ပိုတောက်လာကာ မယုံနိုင်ပုံနှင့်_ ''ချင်လင်... ဒီလက်ဖက်ရွက်ကိုဘယ်ကရလာတာလဲ?အန်းရှီစီရင်စုရဲ့လက်ဖက်ပင်ကိုဓားပြတိုက်လာတာတော့မဟုတ်ပါဘူးနော်?''