ချင်းလင်စံအိမ်မှထုတ်ကုန်အသစ်! စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်က ထူးခြားလွန်း!
Vol. 24 Ch. 350
မာလဲ့ဝမ်က လက်ဖက်ရည်ကိုအရသာခံပြီး လီရှင်းလိုရီဝေဝေတောင်ကြည့်လိုက်သည်။
အန်းရှီစီရင်စု၏တစ်ကတ်တီယွမ် ၆၇၀၀၀၀ တန်
အူလုံလက်ဖက်ရည်ကို သူသောက်ဖူးသည်။
ဒီလက်ဖက်ရည်ရဲ့အမွှေးနံ့၊ လျှာပေါ်စွဲကျန်မှုတွေက သိပ်မကွာလှ။
လက်ဖက်ရည်ကောင်းကြိုက်သူတွေအတွက်တော့ အကောင်းဆုံးပင်။
သို့သော် ဒီလိုအရည်အသွေးရှိသောအူလုံလက်ဖက်မျိုးက ရှားပါးသည်။ ချင်လင်မှာ ဘယ်လိုလုပ်ပြီးအများကြီးရှိနေပါလိမ့်?
ချင်လင်က နောက်တစ်အိတ်မပြီး ဆေးမည်အပြု သူကမနေနိုင်ဘဲ ထပ်မေးလိုက်သည်_ ''ချင်လင်... မင်းတကယ်ပဲ အန်းရှီစီရင်စုကလက်ဖက်ပင်ကို ဓားပြတိုက်လာတာလား?''
''ဟုတ်တယ်... ကတ်တီ ၁၀၀ ကျော်လုလာတာ... ခင်ဗျားယုံလား?'' ချင်လင်က စနောက်ပြီးပြန်မေးလိုက်သည်။
မင်စီရင်စုဒေသခံတစ်ဦးအနေနှင့် တစ်ကတ်တီယွမ် ၆၇၀၀၀၀ တန်အူလုံလက်ဖက်ရှိမှန်း သူသိသည်။ မာလဲ့ဝမ်စကားအရ ဒီအရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ရည်က တစ်ကတ်တီယွမ် ၆၇၀၀၀၀ တန်ထက်မညံ့ကြောင်းသိနိုင်သည်။
ထို့ကြောင့် သူကဝန်မခံသလို ငြင်းလည်းမငြင်းပေ။ မာလဲ့ဝမ်ဘာသာတွေးကြည့်ပါစေ။ မဟုတ်ရင် သူ့လက်ဖက်ရဲ့ပင်ရင်းကို ရှင်းပြဖို့ခက်နေလိမ့်မည်။
သို့သော် တန်ဖိုးကိုတော့ သူ့လန့်မိသည်။


ဒါကလည်း အရည်အသွေး ၂ ပစ္စည်းတစ်ခုပင်။ သို့သော် အရည်အသွေး ၂ ကကတစ်ငါးမှာ တစ်ကတ်တီယွမ် ၃၀၀ မျှသာရှိသည်။ ဒီလက်ဖက်က တကယ်ပဲဒီလောက်အထိတန်ဖိုးရှိတာလား?
ဂိမ်းထဲတွင် လက်ဖက်၏တန်ဖိုးမှာ ကကတစ်ငါးထက် တန်ဖိုးနည်းသည်။
ကြည့်ရတာ ဂိမ်းထဲမှာတန်ဖိုးနည်းတိုင်း လက်တွေ့ဘဝမှာတန်ဖိုးနည်းဟန်မတူ။ ဒီလက်ဖက်က အကောင်းဆုံးသက်သေပင်။
ဒီအရည်အသွေး ၂ လက်ဖက်က လက်တွေ့ဘဝမှာ ဒီလောက်စျေးကြီးမယ်လို့ဘယ်သူထင်မှာလဲ?
သာမန်လူတွေအတွက် မယုံနိုင်စရာဆိုသော်လည်း အဓိကအချက်မှာ လူချမ်းသာတွေက လက်ဖက်ရည်သောက်ရတာနှစ်သက်ခြင်းကြောင့်ဖြစ်သည်။
ဥပမာဆိုရသော် တော်ဝင် ၁၈ နှင့် ဝူယိတောင်ပင်ရင်းလက်ဖက်မှာ သန်းချီတန်ဖိုးရှိသည်။
နောင်မှာ ဒီသဘာဝအူလုံလက်ဖက်ရပါဦးမလား သူသိချင်မိသည်။ တောင်တန်းထွက်ကုန်ပြန်ထွက်နှုန်းကအလွန်နည်းပြီး အမျိုးအစားများသည်။
''ယုံတယ်... သူများတွေမလုနိုင်ဘူး... ဒါပေမဲ့ မင်းကတော့ သေချာပေါက်လုပ်နိုင်မှာ... ဘာပဲဖြစ်ဖြစ် မင်းမှာပစ္စည်းကောင်းတွေအများကြီး... လုံးဝလဲလို့ရတယ်'' မာလဲ့ဝမ်ကပြောပြောဆိုဆို ချင်လင်၏ဘေးတွင် ကုပ်ချောင်းချောင်းနှင့်ဝင်ထိုင်လိုက်ပြီး_ ''အမ်... မင်းကိုလက်ဖက်ကူဆေးပေးမယ်''
သူဘာတွေးနေလဲ အကုန်သိ။
ချင်လင်ကပြုံးပြီးမေးလိုက်သည်_ ''ဒီလက်ဖက်လိုချင်လို့လား?''
မာလဲ့ဝမ်က ဆတ်ခနဲခေါင်းညိမ့်ကာ_ ''နည်းနည်းပါ''
''လှော်ပြီးရင် တစ်ကတ်တီပေးမယ်'' ချင်လင်ပြုံးပြုံးနှင့်ပြောလိုက်သည်။
''တကယ်လား?'' မာလဲ့ဝမ်မျက်လုံးများအရောင်လက်သွား၏။
အန်းရှီစီရင်စုအူလုံလက်ဖက်တစ်ကတ်တီကိုသာ မင်စီရင်စုလက်ဖက်အရသာခံအဖွဲ့ရှေ့ချထားပေးလိုက်ရင် သေချာပေါက်အံ့အားသင့်ကုန်လိမ့်မည်။
လက်ဖက်ကောင်းကြိုက်သူဖြစ်သည့်အလျောက် အလွန်ဝမ်းသာပြီး လည်တဆန့်ဆန့်ဖြစ်သွား၏။
တစ်ချိန်တည်းတွင် စီရင်စုဖျော်ရည်စက်ရုံဝန်ထမ်းများမှာ အလွန်ဝမ်းသာနေကြသည်။ သူတို့စက်ရုံကို ချင်းလင်အစားအသောက်ကုမ္ပဏီကဝယ်လိုက်ပြီဟူသောသတင်းကြားသောကြောင့်ပင်။
အခုတော့ ချင်းလင်အစားအသောက်ကုမ္ပဏီမှာ လစာမြင့်ကြောင်း စီရင်စုထဲကလူအားလုံးသိထားကြပြီ။ ရိုးရိုးသားသားနှင့်ကြိုးစားလုပ်သရွေ့ လစာယွမ် ၁၀၀၀၀ ကျော်ဖို့မခက်ပေ။
ပျမ်းမျှလစာယွမ် ၄၀၀၀ နှင့်စီရင်စုငယ်လေးမှာ လစာယွမ် ၁၀၀၀၀ ကျော်ရဖို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ?


ဝင်ခွင့်ရဖို့ တိုက်ခိုက်ရမည်ပေါ့။
အစက သူတို့အလုပ်ဆင်းရင်လည်း ချင်းလင်အစားအသောက်ကုမ္ပဏီဝင်ပေါက်ရှေ့တိတ်တိတ်လေးသွားပြီး လူသစ်ခေါ်မခေါ်ကြည့်ကြသည်။ အလုပ်ခေါ်ပြီဆိုတာနှင့် အလုပ်ထွက်ရမည်ဆိုရင်တောင် လစာမယူဘဲ ချင်းလင်အစားအသောက်ကုမ္ပဏီကိုသွားရလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အခုသူတို့လစာကဘယ်လောက်မလို့လဲ?
နောက်ပြီး စက်ရုံအလုပ်သမားအတော်များများက အတွေးတူကြ၏။
သို့သော် ဒီသတင်းကောင်းက ရုတ်တရက်ရောက်လာလိမ့်မည်ဟု ဘယ်သူမှမထင်မိ။ သူတို့စက်ရုံကို ချင်းလင်အစားအသောက်ကုမ္ပဏီကဝယ်လိုက်ပြီတဲ့လား?
ဒါဆိုရင် သူတို့က ချင်းလင်ကုမ္ပဏီရဲ့ဝန်ထမ်းတွေဖြစ်သွားပြီမလား?
ဝမ်းသာစရာရောက်လာပုံက ဆိုင်းမဆင့်ဗုံမဆင့်။
ထို့ကြောင့် သူဌေးက ချင်းလင်ကုမ္ပဏီမှလူများကိုရုံးခန်းထဲခေါ်သွားသောအခါ ဝန်ထမ်းအားလုံးက ရုံးခန်းထဲမကြည့်ဘဲမနေနိုင်ကြချေ။
ရုံးခန်းထဲတွင် တန့်ကွမ်းက သက်လတ်ပိုင်းအမျိုးသားတစ်ဦးထံမှ စက်ရုံအချက်အလက်နှင့်စာဖိုင်အားလုံးကိုယူလိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစက်ရုံ၏ ဖောက်သည်အချက်အလက်များမှာ ချင်းလင်ကုမ္ပဏီအတွက် လုံးဝအသုံးမဝင်ပါချေ။ သို့သော် စက်ရုံဘယ်လောက်သေးသေး လုပ်ငန်းစဉ်အတွက် လိုအပ်ချက်ရှိသေးသည်။
ဥက္ကဌချင်က စီရင်စု၏ဖျော်ရည်စက်ရုံကိုဝယ်ခိုင်းထားသည်။ ကြည့်ရှုစစ်ဆေးပြီးနောက် သူကဒီစက်ရုံကိုလာကြည့်ခဲ့၏။ ဒီလိုစုဆောင်းမှုမျိုးအတွက် အထွေထွေမန်နေဂျာတစ်ဦးတစ်နေနှင့် လုပ်ပိုင်ခွင့်အရ သူကိုင်တွယ်နိုင်သည်။ ပြီးလျှင် ဘဏ္ဍာရေးတာဝန်ခံဖြစ်သည့်သူဌေးကတော်ဆီ အစီရင်ခံစာတစ်စောင်ရေးပြီး ဆန်းစစ်ခိုင်းလိုက်ရုံပင်။
ဒီစက်ရုံတွင် စုစုပေါင်းမှ ထုတ်လုပ်ရေးလမ်းကြောင်းငယ်သုံးခုသာရှိသည်။ ထိုလမ်းကြောင်းများမှာ လက်ဖက်ရည်ဖျော်ရည်လုပ်ငန်းအတွက်ဖြစ်သော်လည်း ဘရန်းများကိုပုံတူကူးထားသောလက်ဖက်ရည်သောက်စရာများဖြစ်လေသည်။
သူတို့ထုတ်သောသောက်စရာမှာ လက်ဖက်ရည်၊ ပုံတူကူးချထားသောဂရင်းတီးပင်။ အပြင်ပိုင်းထုတ်ပိုးမှုပုံစံတောင် ဂရင်းတီးနှင့်ခပ်ဆင်ဆင်။
ဒီလိုထုတ်ကုန်မျိုးကို ကျေးလက်အနှံ့အပြားရရှိနိုင်ပြီး မြို့ကြီးများထဲတော့ ဝင်မတိုးနိုင်ပေ။ သို့သော် စီရင်စုမြို့ငယ်လေးများနှင့်မြို့အသီးသီးတွင် အလွန်တွေ့ရများသည်။
ဥပမာ Sprite အလားတူ RBB၊ Chariot အလားတူ ချာယွမ်၊ Awesome အလားတူ RBB၊ လောင်ဝမ် အလားတူ ဝမ်ကျီကျန်း၊ သစ်ကြားသီးခြောက်လုံး အလားတူ RBB၊ Durex အလားတူ Durex စသည်ဖြင့်။
အဓိကအကျဆုံးအချက်မှာ ထိုထုတ်ကုန်များအားလုံးအတွက် လုပ်ငန်းစဉ်အမျိုးမျိုးရှိသဖြင့် တရားစွဲလို့မရပေ။
ရုံချန်းစီရင်စုတွင် ဒီလိုဖျော်ရည်ထုတ်ကုန်များစွာရှိသည်။ အားလုံးမှာ မြို့ထဲတွင်အရွယ်အစားသေးသေးသာဖြစ်ပြီး ဒီလက်ဖက်ရည်စက်ရုံလည်းအပါအဝင်။
အစပိုင်း ဒီလိုစက်ရုံဝယ်လိုက်ခြင်းက စက်ရုံအသစ်မှာ ထုတ်လုပ်ရေးလမ်းကြောင်းအသစ်ဝယ်ခြင်းထက်၊ စက်ရုံအသစ်ဆောက်ပြီး ထိုကဲ့သို့လမ်းကြောင်းအချက်အလက်စမ်းသပ်တပ်ဆင်ခြင်းထက် ပိုမြန်ပေလိမ့်မည်။
ထုတ်ကုန်ထုတ်လုပ်သည်နှင့် ပြန်ဆန်းစစ်ဖြည့်စွက်ပြီး ရောင်းချနိုင်သည်။ နောက်တစ်ခါလူသိများလာရင် စီရင်စုမှချေးငွေလျှောက်ပြီး ထုတ်လုပ်ရေးလမ်းကြောင်းချဲ့ထွင်နိုင်မည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနှင့် အစိုးရနှင့်ဘဏ်မှငွေကိုအသုံးမချလျှင် အလဟဿဖြစ်နေလိမ့်မည်။
တန့်ကွမ်းက စက်ရုံကိုလက်ခံလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားအား_ ''ဥက္ကဌရှန်... လက်လွှဲယူတာအထမြောက်သွားပြီ... ဝန်ထမ်းတွေကို အတူတူသွားပြောကြတာပေါ့... နောက်ပြီး စာချုပ်အသစ်ချုပ်ဖို့ ဝန်ထမ်းတွေကိုအသိပေးပြီး လျှို့ဝှက်သဘောတူညီချက်ယူရမယ်''