← Chapters

ချင်းလင်စံအိမ်မှထုတ်ကုန်အသစ်! စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်က ထူးခြားလွန်း! ၃

Vol. 24 Ch. 352

ချင်းလင်စံအိမ်မှထုတ်ကုန်အသစ်! စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်က ထူးခြားလွန်း! ၃

Vol. 24 Ch. 352

တကယ်ခက်တာကလည်း လက်ဖက်​ခြောက်လှော်ဖို့ ထုတ်လုပ်ရေးလိုင်းကိုဘယ်လိုသုံးရမလဲဆိုတာပင်။ ဘာပဲဖြစ်ဖြစ် အပူချိန်သုံးခုထိန်းဖို့၊ ပါဝင်ပစ္စည်းထပ်ပေါင်းထည့်ဖို့၊ လုပ်ငန်းစဉ်အသီးသီးအတွက် အချိုးအစားအချက်အလက်များထားဖို့ တပ်ဆင်ရေးလမ်းကြောင်းပေါ်တွင် အနီးစပ်ဆုံးထိန်းထားရမည်လေ။

သို့သော် ဘယ်လောက်ခက်ခက် စမ်းကြည့်ရဦးမည်။ အကြိမ်ပေါင်းများစွာစမ်းသပ်ကြည့်ရင် အောင်မြင်လိမ့်မည်။

လက်ဖက်ခြောက်လှော်နည်းအဆင့်ဆင့်ကို တပ်ဆင်ရေးလမ်းကြောင်းနှင့်ပြောင်းလဲထုတ်လုပ်ရန် စိတ်ကူးထားသည်ထက်ပိုခက်ခြင်းသာ။ အပူချိန်ကိုထိန်းချုပ်နိုင်ဖို့က အဓိကဖြစ်သည်။

မူလက ဒီလက်ဖက်ရည်ကိုပေါင်းအိုးနှင့်လုပ်ကြသည်။ သူ့အပူချိန်ကို အဆင့်သုံးဆင့်ပြောင်းလဲပြီး ထိန်းထားနိုင်ဖို့ကခက်၏။

သုံးလေးရက်ဆက်တိုက် ထိုပြဿနာကိုဖြေရှင်းရန် အလယ်တွင်အပူချိန်တိုးထားသောဘွိုင်လာအိုးနှစ်အိုးထားလိုက်သည်။ ပထမအိုးကို ထုတ်လုပ်ရေးလိုင်းတွင် လက်ဖက်ခြောက်လှော်ပြီးနောက် လက်ဖက်ရည်ကန်ထဲတွင် စက်ပစ္စည်းသုံး၍နှပ်သည်။

လက်ဖက်ရည်ကန်ကိုကြည့်ရင်း ချင်လင်ကတန့်ကွမ်းအား_ ''မြည်းကြည့်''

''ကောင်းပါပြီ!'' တန့်ကွမ်းက သူ့သူဌေးဆိုလိုသည်ကိုသဘောပေါက်သည်။ သူကခေါင်းနောက်လက်ယှက်၍ ငုတ်တုပ်ထိုင်ချလိုက်ပြီး အားကုန်အောင်ဖားခုန်လိုက်၏။

ခုံးလင်မှာ နည်းနည်းဇဝေဇဝါဖြစ်သွားသည်။ ဥက္ကဌချင်က လက်ဖက်ရည်ကိုပဲမြည်းခိုင်းတာ။ ဥက္ကဌတန့်က ဘာလုပ်နေတာလဲ?

သူကကုမ္ပဏီမှာ ဖျော်ရည်ရတော့မည်ကိုသာသိပြီး အာနိသင်ကိုမသိချေ။

တန့်ကွမ်းမှာ မတ်တပ်မရပ်ခင် ဟောဟဲလိုက်နေသည်။ ထို့နောက် ခွက်တစ်ခွက်ယူ၍ လက်ဖက်ရည်ခပ်လိုက်၏။ ခဏအကြာ သူ့မျက်လုံးများဝင်းလက်သွားပြီး_ ''ဥက္ကဌချင်... အာနိသင်မှန်တယ်... ဒီအာနိသင်ပဲ... အခုတပ်ဆင်ထားတဲ့အတိုင်းသာ ထုတ်လိုက်ပါ''

ခုံးလင်လည်း ပုလင်းတစ်လုံးယူပြီး လက်ဖက်ရည်ဖြည့်ကာ မြည်းကြည့်လိုက်သည်။

သို့သော် သူ့မျက်နှာမှာဝေခွဲမရသည့်ပုံစံဖြစ်သွား၏။ လက်ဖက်ရည်အရသာကောင်းမှန်းတော့သူသိသည်။ အရသာက စျေးကွက်ထဲမှဂရင်းတီးထက်မညံ့သော်လည်း ဥက္ကဌတန့်၏အာနိသင်ဆိုသောစကားကို လုံးဝမခံစားမိပါချေ။

တန့်ကွမ်းလည်း ခုံးလင်ဖြစ်နေပုံကိုနားလည်သဖြင့်_ ''အကြိမ် ၅၀ ဖားခုန်ပြီးမှ သောက်ကြည့်''

ခုံးလင်မှာဇဝေဇဝါဖြစ်သွားသော်လည်း စောစောကဥက္ကဌတန့်လုပ်ပုံကိုတွေးမိသောအခါ ငုတ်တုပ်ထိုင်ချ၍ ဖားခုန်လိုက်သည်။ အကြိမ် ၅၀ ဆက်တိုက်ခုန်ပြီး အသက်ရှူရပ်မတတ်ဖြစ်သွားမှ လက်ဖက်ရည်ယူကာ ထပ်သောက်လိုက်သည်။

အားရပါးရနှစ်ငုံသောက်ပြီးနောက် သူ့မျက်လုံးများအရောင်တောက်သွားကာ_ ''ဥက္ကဌချင် ဥက္ကဌတန့်... ဒီဖျော်ရည်ကပေါက်မှာ... ဒီလိုအာနိသင်ရှိတဲ့ဖျော်ရည်မျိုးမသောက်ဖူးဘူး''

သူ့အားအင်တွေပြန်ပြည့်လာသလိုခံစားရသည်။





ထို့ကြောင့် ချင်လင်လည်းမှာလိုက်သည်_ ''ထုတ်ကုန်နှစ်ပုလင်းဖြည့်ပြီး စံအိမ်ကိုပြန်ယူလာပေးပါ''

''ကောင်းပါပြီ'' တန့်ကွမ်းကခေါင်းညိမ့်ပြီး အပိုပုလင်းနှစ်လုံးယူလိုက်သည်။ သူကပုလင်းထည့်စက်နားသွား၍ အဆို့ဖွင့်လိုက်၏။

ထိုပုလင်းထည့်စက်ကို လက်ဖက်ရည်ကန်နှင့်ဆက်သွယ်ထားသည်။ အဆို့ဖွင့်လိုက်လျှင် လက်ဖက်ရည်ထွက်လာပြီး ချက်ချင်းပုလင်းထဲဖြည့်ပြီးသားပင်။

ပုလင်းပေါ်တွင် 'ချင်းလင်လက်ဖက်ရည်'ဟူသောစာလုံးများနှင့်။

ထိုပုလင်းကို မနေ့ကချင်ရန်လေလံဆွဲပေးသောပုံစံငယ်ထဲမှရွေးထားခြင်းဖြစ်သည်။ ပုလင်းတင်သွင်းသောကုမ္ပဏီမှာ နင်းမြို့တော်မှကုမ္ပဏီတစ်ခုဖြစ်သည်။ သူတို့လိုအပ်သောပုလင်းကိုထုတ်ပေးရန် အပြင်းအထန်ကြိုးစားပေးထားကြသည်။ ပထမဆုံးအသုတ်ကိုမနက်ဖြန်ပို့ပေးနိုင်လိမ့်မည်။

မကြာမီ ချင်လင်က ချင်းလင်လက်ဖက်ရည်နှစ်ပုလင်းရလာသည်။ အပြီးသတ်ထုတ်ကုန်ထွက်ပြီး ပုလင်းတွေကို မနက်ဖြန်ထုတ်နိုင်တော့မည်။

ဒီစက်ရုံ၏ထုတ်လုပ်ရေးလမ်းကြောင်းအားလုံးကသေးသော်လည်း ထုတ်လုပ်ရေးလိုင်းသုံးခုလုံးလည်ပတ်လျှင် တစ်နာရီပုလင်းထောင်ချီထုတ်ဖို့ ပြဿနာမရှိပေ။ ပထမကြော်ငြာကာလအတွင်း ထုတ်လုပ်မှုကလုံလောက်နိုင်သည်။

စံအိမ်ပြန်ရောက်သောအခါ ချင်လင်ကချက်ချင်းဂိမ်းထဲဝင်ပြီး ချင်းလင်လက်ဖက်ရည်၏မှတ်ချက်ကိုကြည့်လိုက်သည်:

(ချင်းလင်လက်ဖက်ရည်: အရည်အသွေး ၁)

(လက်ဖက်ရည်သောက်စရာဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးသောက်လျှင် ထူးခြားသောအာနိသင်ရှိနိုင်သည်: သက်လုံအား +၁၊ ခွန်အား +၁!)

ထိုစာကိုမြင်သောအခါ ချင်လင်လုံးဝစိတ်သက်သာရာရသွားသည်။

နောက်တစ်ဆင့်က ကြော်ငြာဖို့ပဲ။

သူက လင်းလန်ဇီကိုဖုန်းဆက်ခေါ်လိုက်သည်။

''သူဌေး... ဘာလုပ်ပေးရမလဲ?'' လင်းလန်ဇီက သွယ်သွယ်လျလျ သဘာကျကျအဝတ်အစားနှင့် သူ့ရုံးခန်းထဲလျှောက်ဝင်လာ၏။

''ဒီချင်းလင်လက်ဖက်ရည်အတွက် ကြော်ငြာအစီအစဉ်တစ်ခုလုပ်ပေးပါဦး'' ချင်လင်က ချင်းလင်လက်ဖက်ရည်နှစ်ပုလင်းကို လင်းလန်ဇီလက်ထဲကမ်းပေးလိုက်ရင်း_ ''ကြော်ငြာပိုင်းကို အကြမ်းဖျင်းခေါင်းစဉ်နှစ်ခုခွဲထားတယ်... တစ်ခုက ပွဲအစီအစဉ်... ခရီးသည်တွေ စံအိမ်ကပြန်ရင် ချင်းလင်လက်ဖက်ရည်တစ်ပုလင်းရမယ်... နောက်တစ်ခုက တရားဝင်အကောင့်မှာ မဲနှိုက်အစီအစဉ်ချိတ်ပြီး ပရိသတ်တွေကိုအလကားပေးမယ်... အသေးစိတ်ကိုတော့ အစ်မဘာသာပဲကိုင်တွယ်လိုက်ပါ''

ခရီးသည်များပြန်သောအချိန်က အပင်ပန်းဆုံးအချိန်ဖြစ်သည်။ လက်ဖက်ရည်အေး၏အာနိသင်ကို သူတို့သိသွားလိမ့်မည်။ အွန်လိုင်းအခမဲ့မဲနှိုက်အစီအစဉ်ကလည်း ဖျော်ရည်၏အာနိသင်ကို လူတွေပိုသိစေရန်ဖြစ်သည်။

''ကောင်းပါပြီ... ကျွန်မနားလည်ပြီ'' လင်းလန်ဇီကခေါင်းညိမ့်ပြီး ချင်းလင်လက်ဖက်ရည်ပုလင်းနှစ်လုံးနှင့်ထွက်သွား၏။

နောက်တစ်နေ့_

ဖျော်ရည်စက်ရုံမှာ ပထမဆုံးပုလင်းအသုတ်ရပြီး အပြည့်အဝထုတ်လုပ်ရန်စတင်လိုက်သည်။ တစ်ရက်အတွင်း ပုလင်းသောင်းချီထုတ်ပြီးသွား၏။

တစ်ချိန်တည်းမှာ_

လင်းလန်ဇီလည်း တရားဝင်အကောင့်တွင် ကြော်ငြာဗီဒီယိုကိုတင်လိုက်သည်။

ဗီဒီယိုတင်တင်ချင်း ပရိသတ်များစွာ၏ စိတ်ဝင်စားမှုကိုရယူလိုက်နိုင်သည်။ မှတ်ချက်နေရာမှာ ချက်ချင်းအသက်ဝင်သွား၏:

''ချင်းလင်စံအိမ်မှာ အစီအစဉ်အသစ်ရှိတယ်... ဘာလို့ဖျော်ရည်ဝေတာပါလိမ့်?''

''ချင်းလင်စံအိမ်ရဲ့ထုတ်ကုန်အသစ်ဖြစ်မယ်''





''ဖျော်ရည်ကောင်းမကောင်း သိချင်လိုက်တာ''

''တရားဝင် link မဲနှိုက်အစီအစဉ်မှာလည်း ဝေမယ်ထင်တယ်... စမ်းကြည့်မယ်''

“…”

ပရိသတ်တွေက ချင်းလင်လက်ဖက်ရည်အကြောင်း အလွန်စူးစမ်းနေသော်လည်း ဖျော်ရည်သက်သက်သာဖြစ်၍ ဖျော်ရည်အမျိုးစုံကိုအားလုံးသောက်ဖူးကြသဖြင့် သိပ်မတွေးမိပေ။ စိတ်အားထက်သန်မှုနှင့်စိတ်ဝင်စားမှု သိပ်မမြင့်သောကြောင့် ခါတိုင်းရေပန်းစားသလို ဗီဒီယိုကချက်ချင်းပေါက်မသွားချေ။

သို့သော် ခြွင်းချက်များလည်းရှိသည်။ ဥပမာဆိုရသော် ဝမ်ရန်ထိုဗီဒီယိုကိုမြင်သောအချိန်မှာ သဲမြို့တော်တွင် စုကျွမ်နှင့်လည်ပတ်နေချိန်ဖြစ်သည်။ သဲမြို့တော်မှာ သူ့ဟန်းနီးမွန်းခရီးစဉ်၏တတိယမှတ်တိုင်လည်းဖြစ်သည်။

ပထမဆုံးမှတ်တိုင်ငါးခုမှာ စီရင်စုအတွင်းဖြစ်ပြီး နောက်မှစီရင်စုအပြင်ထွက်မည်။

''ကြည့်... ချင်းလင်စံအိမ်မှာ ထုတ်ကုန်အသစ်ရှိတယ်'' ဝမ်ရန်က စုကျွမ်ကိုဗီဒီယိုပြလိုက်သည်။

''ဒီတစ်ခါက ဖျော်ရည်ပဲပေါ့'' စုကျွမ်က လုံးဝစိတ်မဝင်စား။

''ကိုယ်ချင်းလင်စံအိမ်ကိုသိထားတဲ့အတိုင်းဆိုရင် ဒီဖျော်ရည်ကရိုးရိုးမဖြစ်နိုင်ဘူး... ဘာပဲဖြစ်ဖြစ် သူတို့ဆော့ကထူးခြားတယ်လေ'' ချင်းလင်စံအိမ်ပရိသတ်အကြီးစားတစ်ယောက်အနေနှင့် ဝမ်ရန်၏အမြင်ကမတူ။

သူလည်း မဲနှိုက်အစီအစဉ် link ပေါ်နှိပ်လိုက်သည်။ link နှိပ်ပြီးနောက် ID အချက်အလက်ဖြည့်လိုက်၏။ ဖြည့်ပြီးလျှင် လူတိုင်းမဲတစ်ကြိမ်နှိုက်ခွင့်ရှိသည်။

ဝမ်ရန်က သူ့မှတ်ပုံတင်အချက်အလက်ဖြည့်ပြီး နောက်တစ်ခဏအကြာ ရုတ်တရက်စာတစ်စောင်ရလိုက်သည်_ ''မင်္ဂလာပါ လေးစားအပ်သော VIP ဧည့်သည်ခင်ဗျား... လူကြီးမင်းကိုထုတ်ကုန်အသစ်အခမဲ့ပို့ပေးပါမယ်... အရသာမြည်းကြည့်ပြီး လူကြီးမင်းရဲ့အမြင်ကိုပေးဖို့မျှော်လင့်ပါတယ်... လိပ်စာချန်ထားခဲ့နိုင်ပါတယ်... ကျွန်တော်တို့အမြန်ဆုံးထုပ်ပိုးပေးပါမယ်''

ထိုစာမှာ ချင်းလင်စံအိမ် VIP စနစ်အတွက် မွမ်းမံထားခြင်းဖြစ်သည်။

ဝမ်ရန်မှာ ထိုစာရလျှင် အလွန်စိတ်သက်သာသွားသည်။ ဘာပဲဖြစ်ဖြစ် သူကသူများထက်ထူးခြားသည်ဟုခံစားရသည်လေ။

သူရောက်နေသောဟိုတယ်လိပ်စာကို ချက်ချင်းဖြည့်ပေးလိုက်သည်။ ဘယ်လိုဖြစ်ဖြစ် သဲမြို့တော်မှာ နှစ်ရက်နေရဦးမည်။ ချင်းလင်စံအိမ်နှင့် နေ့ဝက်ခရီးသာ။

သေချာသည်။ နောက်တစ်နေ့ည ဝမ်ရန်နှင့်စုကျွမ်ဟိုတယ်ပြန်ရောက်လာပြီး ရေချိုးခန်းထဲဝင်ကာ နာရီဝက်ကျော်ကျော်ရေချိုးပြီးရုံရှိသေး တံခါးဘဲလ်မြည်သံကြားလိုက်ရ၏။ စားပွဲထိုးက ပါဆယ်တစ်ထုပ်လာပို့သည်။ ထိုပါဆယ်မှာ ချင်းလင်စံအိမ်မှစိတ်ငြိမ်လက်ဖက်ရည်ပင်။

ဝမ်ရန်ကပါဆယ်ဖွင့်ပြီး ချင်းလင်လက်ဖက်ရည်ကိုထုတ်နေစဉ် စုကျွမ်ကရေချိုးခန်းထဲမှထွက်လာပြီး_ ''ယောက်ျား... ကျွန်မကြည့်ကောင်းလား?''

စုကျွမ်မှာ အလွန်ပါးလွှာပြီးဆွဲဆောင်မှုရှိသောညအိပ်ဝတ်စုံကိုဝတ်ထားသည်။ သူမ၏စွဲမက်စရာပုံစံကြောင့် လောလောလတ်လတ်နာရီဝက်လောက်ရေချိုးထားသောဝမ်ရန်က ခုန်အုပ်လိုက်တော့သည်။

ထို့နောက် နှစ်ယောက်သား ညပိုင်းနှစ်ပါးသွားကြ၏။

နောက်ထပ်နာရီဝက်နှင့်နာရီဝက် ရေထပ်ချိုးပြီးနောက် ဝမ်ရန်မှာမောဟိုက်ပြီးအားနည်းလာသည်။

သူက ချင်းလင်လက်ဖက်ရည်ပုလင်းကို ကမန်းကတန်းယူသောက်လိုက်၏။ တစ်ကျိုက်တည်း ပုလင်းတစ်ဝက်ကျိုးအောင်သောက်ပစ်လိုက်ပြီး သူမျက်နှာမှာအံ့ဩပုံပေါက်လာသည်။

ထိုလက်ဖက်ရည်အေးကိုသောက်ပြီးသည်နှင့် တစ်နာရီလောက်မောပန်းထားသည်မှာ လျင်လျင်မြန်မြန်ပျောက်ကွယ်သွားသည်။ သူ့အားအင်တွေပြန်ပြည့်လာသလိုခံစားရပြီး ပုံမှန်ခန္ဓာကိုယ်အတိုင်းပြန်ဖြစ်သွား၏။

ဝမ်ရန်က လက်ကျန်ပုလင်းတစ်ဝက်ကို ချက်ချင်းမော့သောက်ပစ်လိုက်သည်။ ခဏအကြာ စုကျွမ်ပေါ်ခုန်အုပ်ပြန်၏_ ''ရှင့်မှာအားရှိသေးတယ်လား? အသာလုပ်ပါ... ကျွန်မမှာကိုယ်ဝန်နဲ့''

နောက်ထပ်နာရီဝက်ကြာပြီးနောက် စုကျွမ်ကဝမ်ရန်ကိုအံ့ဩသလိုကြည့်လိုက်ကာ_ ''ယောက်ျား... ဒီနေ့ဘာလို့ အရမ်းတက်ကြွနေတာလဲ?''

သို့ရာတွင် ဝမ်ရန်က ချင်းလင်လက်ဖက်ရည်ကိုကြည့်လိုက်ကာ_ ''ဘေဘီ... ဒီချင်းလင်လက်ဖက်ရည်အတွက် ကိုယ်စားလှယ်ရှိဦးမယ်မထင်ဘူး ဟုတ်တယ်မလား? ဒီချင်းလင်လက်ဖက်ရည်အတွက် ကိုယ်ကိုယ်စားပြုလုပ်ရင်ရော?''

ထို့နောက် သူ့မျက်လုံးများမှာ စိတ်အားထက်သန်မှုနှင့်အရောင်တောက်သွားသည်။

ဒီချင်းလင်လက်ဖက်ရည်က လုံးဝပစ္စည်းကောင်းမှန်းသူသိသည်။ သေချာပေါက်နာမည်ရလိမ့်မည်။

နောက်ပြီး ဒီပစ္စည်းကိုဘယ်လိုကြော်ငြာရမလဲတောင် သူတွေးထား၏။ သူသာကိုယ်စားလှယ်လုပ်ဖို့အောင်မြင်ရင် ဖျော်ရည်ကိုအမြန်ဆုံးကြော်ငြာပေးနိုင်လိမ့်မည်။





All Chapters