← Chapters

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု!

Vol. 24 Ch. 353

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု!

Vol. 24 Ch. 353

နောက်တစ်နေ့_

ချင်းလင်စံအိမ်၏ချင်းလင်လက်ဖက်ရည်ဗီဒီယိုမှာမပေါက်သေး။

မည်သို့ဆိုစေ အာနိသင်မသိရလျှင် ချင်းလင်လက်ဖက်ရည်ကို သာမန်သောက်စရာအဖြစ်သာသဘောထားကြလိမ့်မည်။ စံအိမ်နာမည်ဘယ်လောက်ကြီးကြီး လောလောလတ်လတ်ခေါင်းစဉ်တစ်ခုသာဖြစ်နေသည်။

သို့သော် ထိုလတ်တလောခေါင်းစဉ်ကလည်း ထုတ်ကုန်အကြောင်း လူအတော်များများကိုသိသွားစေသည်။ အထူးသဖြင့် စံအိမ်သို့အလည်အပတ်လာသောခရီးသည်များပင်။

ခရီးသည်များစံအိမ်မလာခင် အကောင်းဆုံးဧည့်လမ်းညွှန်မှာ စံအိမ်၏ဗီဒီယိုကိုကြည့်ခြင်းဖြစ်သည်။ ချင်းလင်လက်ဖက်ရည်ဗီဒီယိုကို သူတို့လည်းတွေ့သည်ပေါ့။

သို့သော် ချင်းလက်လက်ဖက်ရည်ကို အရင်လိုရေပန်းစားရှာဖွေမှုထဲဝင်စေရန် စနက်တံတစ်ခုလိုနေဆဲ။

ရေပန်းစားရှာဖွေမှုမှာ Dou+ ကြော်ငြာများဝယ်နိုင်သော ရေပန်းစားဗီဒီယိုများနှင့်မတူချေ။

သဲမြို့တော်_

ဝမ်ရန်မှာနေမွန်းတည့်သည်အထိအိပ်ပြီးမှ အိပ်ရာနိုးလာသည်။

မနေ့ညက ချင်းလင်လက်ဖက်ရည်၏အာနိသင်ကိုစမ်းသပ်ရန် နှစ်ပုလင်းဆက်တိုက်သောက်ပြီး သူ့အင်အားပြန်ပြည့်လာသောခံစားချက်ကိုအတွေ့အကြုံယူခဲ့သည်။

သို့သော် ဒီနေ့ရလဒ်က နည်းနည်းခြေကုန်လက်ပမ်းကျနေသည်။ သက်လုံကို လက်ဖက်ရည်နှင့်ပြန်ဖြည့်နိုင်သော်လည်း တချို့အရာများကိုပြန်မဖြည့်နိုင်ချေ။

ထိုလျော့ကျမှုက သွေး ၁၀ စက်ကျသလိုဖြစ်နေသည်။

ဒါခန္ဓာကိုယ်အရမ်းစားတာပဲ!





စုကျွမ်လည်း နည်းနည်းပင်ပန်းနေသည်။

သူမမှာကိုယ်ဝန်နှင့်ဖြစ်၍ ဝမ်ရန်ကသိပ်မလုပ်ရဲသော်လည်း တစ်ညလုံးလုပ်ပေးဖို့တောင်းဆိုနေခဲ့သေးသည်။

ဆိုင်းတီးရတာကလည်း ပင်ပန်းသည်။

ချင်းလင်စံအိမ်ကထုတ်တဲ့ဖျော်ရည်က သူမကိုအားပြန်ပြည့်စေမည်ဟု လုံးဝမထင်မိပေ။

နောက်ကျရင် စုံတွဲတွေက သူတို့အခန်းထဲမှာ နှစ်ပုလင်းလောက်ကြိုပြင်ထားလိမ့်မယ် ဟုတ်တယ်မလား?

ဝမ်ရန်က စုကျွမ်နှင့်ဟိုတယ်မှပြန်ထွက်လာသောအခါ ကျန်ချင်းလင်လက်ဖက်ရည် ၉ ပုလင်းကိုသယ်ခဲ့သည်။ ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ချင်သည်ဆိုသော်လည်း စမ်းသပ်မှုတချို့လုပ်ချင်သေးသည်။

ဟိုတယ်မှထွက်လာသောအခါ စုကျွမ်ကမေးလိုက်၏_ ''ယောက်ျား... တကယ်ပဲ ဒီဖျော်ရည်ရဲ့ကိုယ်စားလှယ်လုပ်မလို့လား?''

ဝမ်ရန်က အလေးအနက်ခေါင်းညိမ့်လိုက်ကာ_ ''အရင်ကဖြစ်ခဲ့တာတွေကြောင့် ပိုက်ဆံရှိတယ်ဆိုပေမဲ့ နည်းနည်းတော့လက်တွေ့မကျဘူး... ဒါကြာကြာခံမှာမဟုတ်ဘူး... မင်းနဲ့ကလေးအတွက် တည်ငြိမ်တဲ့အလုပ်လေးတစ်ခုတော့ရှာသင့်တယ်... ဒီဖျော်ရည်က လုံးဝပေါက်မှာ''

စုကျွမ်က ဝမ်ရန်၏စကားကိုကြားလျှင် စိတ်လှုပ်ရှားပြီး မျက်ရည်များဝဲလာသည်_ ''ယောက်ျား... ကျွန်မရှင့်ကိုအားပေးမယ်''

ဝမ်ရန်က စုကျွမ်အား ဘတ်စကတ်ဘောကွင်းထဲခေါ်သွားသည်။ ဒီဖျော်ရည်က ယောက်ျားမိန်းမနှစ်ပါးသွားတဲ့အချိန်မှာအသုံးတည့်တယ်ဆိုပေမဲ့ စားသုံးသူစျေးကွက်အကြီးအကျယ်ရှိကြောင်းသူသိသည်။

မျက်နှာတွင်ချွေးသီးချွေးပေါက်များနှင့် ဘတ်စကတ်ဘောကစားနေသောလူငယ်များကိုကြည့်ရင်း ဝမ်ရန်ကလက်ဖက်ရည်ပုလင်းနှင့်တစ်ခါသုံးခွက်တစ်ခွက်ကိုင်ကာလျှောက်သွားလိုက်သည်။ သူကချွေးတလုံးလုံးနှင့်လူငယ်အား_ ''ညီလေး... အစ်ကို့မှာဖျော်ရည်ပါတယ်... မြည်းကြည့်ချင်လား?''

''စိတ်မဝင်စားဘူး'' လူငယ်က တုံးတိတိပြောချလိုက်သည်။

''...'' ဝမ်ရန်လည်း ချွေးတွေစီးကျနေသောတခြားလူတစ်ယောက်အား_ ''ညီအစ်ကို... ငါ့မှာဖျော်ရည်ပါတယ်... ဒါ ချင်း...''

ထိုလူကတန်းလက်ကာပြပြီး စိတ်မရှည်ပုံနှင့်_ ''စိတ်မဝင်စားဘူး... ကိုယ့်ဘာသာနေပါရစေ''

ဒီလူတွေက သူတို့ဘတ်စကတ်ဘောကစားနေတာကို သူတို့ထုတ်ကုန်တွေလာကြော်ငြာချင်သေးတယ်။ နောက်ဆုံးကျ ပိုက်ဆံလိုချင်တာများ။ ဘယ်သူကစိတ်ဝင်စားမှာလဲ?

ဝမ်ရန်ကြောင်သွားသည်။

သူအရင်ကဒါမျိုးမလုပ်ဖူး၍ ရှုံးနိမ့်သလိုလိုခံစားလိုက်ရ၏။

''ယောက်ျား... ကျွန်မလုပ်မယ်!'' စုကျွမ်ကရှေ့တိုးပြီး သူ့ဆီမှချင်းလင်လက်ဖက်ရည်နှင့်တစ်ခါသုံးခွက်ကိုယူလိုက်သည်။

စုကျွမ်လို ဆံပင်ကောင်းကောင်း၊ ခြေထောက်ရှည်ရှည်နှင့် ဖက်ရှင်ကျကျဝတ်စားထားသော

မိန်းမလှလေးရောက်လာသောအခါ လူငယ်များ၏အကြည့်ကိုချက်ချင်းဖမ်းစားလိုက်သည်။ သူတို့မျက်လုံးများက သူ့မဆီမှာ။

စုကျွမ်က လူငယ်များအားဝေ့ကြည့်လိုက်ပြီး_ ''တစ်ခုလောက်ကူညီပေးနိုင်မလား? အားလုံး ချင်းလင်စံအိမ်ကိုသိတယ်ဟုတ်? ကျွန်မမှာ ချင်းလင်စံအိမ်ရဲ့ဖျော်ရည်အသစ်ရှိတယ်... ကျွန်မက စျေးကွက်ဆန်းစစ်ချက်လုပ်နေတာပါ... အားလုံးပဲမြည်းကြည့်ပေးလို့ရမလား?''

လူငယ်များက ချက်ချင်းဝိုင်းလာသည်။

ဒီမိန်းမလှလေးက အရောင်းထွက်လာတာတဲ့။ ကူညီပေးရမှာပေါ့။ Wechat မှာ add ထားရင် လိုက်လို့ရပြီလေ။





''အလှလေး... ကျွန်တော့်ကိုတစ်ခွက်''

''ကျွန်တော့်ကိုလည်း တစ်ခွက်''

''သောက်ကြည့်ရအောင်''

“…”

နည်းနည်းလေးအသက်ဝင်သွားသည်။ ကွင်းထဲကစားနေသောအဖွဲ့နှစ်ဖွဲ့တောင် ရပ်တန့်သွား၏။

ဝမ်ရန်ကထိုမြင်ကွင်းကိုမြင်သောအခါ သူ့စိတ်မှာချက်ချင်းမဲမှောင်သွားသည်။ သူ့ကိုလုံးဝစိတ်မဝင်စားဘဲငြင်းလိုက်တဲ့ငနဲသားနှစ်ကောင်ကတောင် လာဝိုင်းနေသည်။

တဏှာရူးအုပ်စုပဲ။

သို့သော် ထိုအုပ်စုကိုကြည့်ရင်း အောင်မြင်သူလိုလိုခံစားလိုက်ရသည်။ အဲဒီဆွဲဆောင်မှုရှိတဲ့မိန်းကလေးက သူ့မိန်းမလေ။

သူနိုက်ကလပ်တက်ခဲ့တုန်းကအချိန်တွေကိုလည်း ပြန်သတိရမိသည်။ သူအခန်းတစ်ခန်းယူလိုက်ပြီဆိုတာနှင့် မိန်းကလေးတွေကလည်း အခုလိုပဲဝိုင်းလာကြသည်။

အဲဒီမိန်းကလေးတွေကလည်း ဒီတဏှာရူးတွေကိုဆွဲဆောင်နိုင်မှာပဲ ဟုတ်တယ်မလား?

ထိုအတွေးနှင့် ဒီစိတ်ငြိမ်လက်ဖက်ရည်ကိုဘယ်လ်ိုကြော်ငြာရမလဲ စဉ်းစားမိသည်။ ချင်းလင်လက်ဖက်ရည်ကိုယ်စားလှယ်အဖြစ် သူပိုလုပ်ချင်လာသည်။

စုကျွမ်ကိုလေးစားသည့်အနေနှင့် သူ့အဆက်အသွယ်စာအုပ်ထဲတွင် သူတို့နာမည်များကိုပြောင်းပြီး သူတို့နှင့်အချိန်တစ်ခုအထိမတွေ့ဘဲနေခဲ့သော်လည်း အရင်သူတို့၏ရင်းနှီးသောဆက်ဆံရေးကို အဆက်ဖြတ်လိုက်ခြင်းတော့မဟုတ်။

ထိုအချိန်တွင် အံ့ဩသွားသောအသံများကြားရသည်။

''အာ.. ဒီလက်ဖက်ရည်... ငါအထင်မှားတာမဟုတ်ပါဘူးနော်?''

''အဲလိုမဟုတ်ဘူး... ငါလည်းကောင်းတယ်လို့ထင်တယ်... အားတွေပြန်ပြည့်လာသလိုပဲ''

''ချင်းလင်စံအိမ်ဆိုတဲ့အတိုင်းပဲ... အဲဒီကုမ္ပဏီကပစ္စည်းတွေ အရမ်းကောင်းတယ်လို့ကြားဖူးတယ်''

''ဒါသွေးကြောအာနိသင်နဲ့ယှဉ်လို့မရဘူးမလား?''

''အလှလေး... ဒီဖျော်ရည်ဘယ်မှာဝယ်ရမလဲ?''

''ဟုတ်ပြီ... ဒီဖျော်ရည်နဲ့ဆို ဘောလုံးကစားလို့ကောင်းပြီ''

“…”

မကြာမီ ထိုလူများ၏အာရုံက ချင်းလင်လက်ဖက်ရည်အပေါ်ရောက်သွားသည်။

အာနိသင်ကို လုံးဝခံစားနိုင်သောကြောင့်ပင်။ ဘောလုံးကစားသူများအတွက် ဒီဖျော်ရည်က အထက်တန်းကျလွန်းသည်။

ခဏအကြာ_

စုကျွမ်ကပြေးလာပြီး ဝမ်ရန်လက်မောင်းကိုချိတ်ကာ ချွဲချွဲနွဲ့နွဲ့မေးလိုက်သည်_ ''ယောက်ျား... ဘယ်လိုလဲ?''

''ကိုယ့်မိန်းမက လုံးဝဆွဲဆောင်မှုရှိတယ်'' ဝမ်ရန်ကပြုံးပြီး စုကျွမ်နှာခေါင်းကိုလက်နှင့်တို့လိုက်သည်။ အမှန်အတိုင်းပြောရရင် စုကျွမ်ကမဆိုးဟု သူခံစားမိတာကြာပြီ။ အနည်းဆုံးတော့ ကလေးကသူ့ကလေးဆိုတာ သေချာသည်။ ခံစားချက်တွေရှိလာမှ သူ့ကလေးမဟုတ်မှန်းသိရသောသူ့အစ်ကိုလို ဆိုးဆိုးရွားရွားခံစားနေရမည်မဟုတ်ပါချေ။





All Chapters