← Chapters

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု! ၂

Vol. 24 Ch. 354

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု! ၂

Vol. 24 Ch. 354

တစ်ခါတလေ သူတွေးမိသည်။ စံအိမ်ကိုသူခေါ်သွားတာ စုကျွမ်မဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် ဘယ်လိုတွေဖြစ်ကုန်မလဲလို့။

တစ်ခါတရံ ကံကြမ္မာကဆန်းကြယ်လွန်းသည်။

ချင်းလင်လက်ဖက်ရည်၏အာနိသင်ကိုအတည်ပြုပြီးနောက် ဝမ်ရန်က စုကျွမ်ကိုဟိုတယ်ပြန်ခေါ်သွားပြီး အခန်းပြန်အပ်လိုက်သည်။ ထို့နောက် ချင်းလင်စံအိမ်ဘက်ခြေဦးလှည့်လိုက်၏။ ညနေပိုင်းတွင် စုကျွမ်ကိုစံအိမ်ခေါ်လာခဲ့သည်။

စံအိမ်ထဲဝင်ဝင်ချင်း လူတွေဝိုင်းအုံနေသောနေရာတစ်ခုကိုတွေ့လိုက်ရသည်။

ခရီးသည်များအားလက်ဆောင်ဝေသောနေရာပင်။

စံအိမ်က မနေ့ကဗီဒီယိုတစ်ပုဒ်တင်ထားသည်။ ခရီးသည်အတော်များများက စံအိမ်တွင်ဒီထုတ်ကုန်အသစ်ဝေမည်မှန်း သိထားကြ၏။

အလည်အပတ်ထွက်လာသောခရီးသည်များက မေတ္တာလက်ဆောင်ယူဖို့အပန်းမကြီးသဖြင့် အတော်များများဝင်ယူကြသည်။

ဝမ်ရန်ဝင်လာသောအခါ ခရီးသည်များ၏အံ့ဩတကြီးအသံများကိုကြားရသည်။

''ဒီဖျော်ရည်အရမ်းကောင်းတယ်... ငါရွက်လွင့်ပြီးတော့ လမ်းလျှောက်ဖို့တောင်အားမရှိဘူး... အခုတော့ နောက်တစ်ခေါက်တောင် ရွက်လွင့်နိုင်ပြီထင်တယ်''

…

''အရင်ဖျော်ရည်ကြော်ငြာတွေက အားပြန်ပြည့်လာတဲ့ပုံနဲ့အဆန်းထွင်ကြတယ်လေ... ဒီချင်းလင်စံအိမ်ရဲ့ဖျော်ရည်ကမှ တကယ်အဲလိုမျိုးခံစားရတာ ဟုတ်တယ်မလား?''





…

''စျေးကွက်ထဲက အားဖြည့်အချိုရည်တွေထက် အများကြီးပိုကောင်းတယ်... အခုဝယ်လို့မရသေးလို့ပေါ့ကွာ... တရားဝင်မရောင်းသေးဘူး''

ဝမ်ရန်ကခြေလှမ်းများပိုသွက်ပြီး စံအိမ်ထဲဝင်လိုက်သည်။

သူ့ကိုယ်ပိုင်အတွေ့အကြုံနှင့် ဘတ်စကတ်ဘောကွင်းမှလူငယ်များ၊ သူ့နားဝန်းကျင်ခရီးသည်များ၏တုံ့ပြန်ပုံများကြောင့် ဒီဖျော်ရည်ပေါက်မှာသေချာသည်။ ချက်ချင်းလက်ငင်းပေါက်သွားတော့မည်။ ဒီမတိုင်ခင် ဒီအခွင့်အရေးကို သူအရယူထားရမည်။

မဟုတ်လို့ ဖျော်ရည်ကိုယ်စားလှယ်တွေလက်ဦးသွားရင် အခွင့်အရေးရလိုက်မှာမဟုတ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်သူ့မှာ ဘာကိုယ်စားလှယ်အဆက်အသွယ်မှမရှိပေ။ ရိုးရိုးရှင်းရှင်းအယူအဆနှင့်အစီအစဉ်တစ်ခုသာရှိသည်။

ဝမ်ရန်ခန်းမထဲဝင်လိုက်သောအခါ ဝန်ဆောင်မှုကြီးကြပ်သူကောင်းယောင်ယောင်ကိုတွေ့သည်။ သူကချက်ချင်းလျှောက်သွားပြီး နှုတ်ဆက်လိုက်၏_ ''ဟိုင်း... မင်းတို့သူဌေးနဲ့တွေ့ချင်လို့ပါ... ကျွန်တော်သူနဲ့အရေးတကြီးဆွေးနွေးစရာရှိတယ်''

ကောင်းယောင်ယောင်က ဝမ်ရန်ကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။ သူ့ကိုမှတ်မိသည်။ ဒါစံအိမ်ရဲ့ပုံမှန်ဖောက်သည်တစ်ယောက်ပဲ။ ထပ်ရောက်လာပြန်ပြီပေါ့။ စံအိမ်၏လူနည်းစု VIP ဧည့်သည်များထဲမှတစ်​ယောက်ဖြစ်၍ သူ့ကိုမှတ်မိနိုင်သည်။

နောင်မှာ VIP လက်ခံတွေ့ဆုံခြင်းကလည်း သူတို့ဝန်ဆောင်မှုဌာန၏အရေးအကြီးဆုံးကိစ္စတစ်ခုဖြစ်လာလိမ့်မည်။ ဒီလူတွေရဲ့အချက်အလက်ကို သူမအာရုံစိုက်ထားရသည်။

ဒီလူကရောက်ရောက်ချင်း သူဌေးကိုတွေ့ချင်တယ်ဆိုတော့ သူ့ကိုလျစ်လျူမရှုရဲသဖြင့်_ ''လူကြီးမင်းဝမ်... ကျွန်မသူဌေးကိုဖုန်းဆက်ပြီး အားမအားမေးပေးပါမယ်''

''ကျေးဇူးအများကြီးတင်ပါတယ်'' ဝမ်ရန်က အလောတကြီးကျေးဇူးတင်စကားဆိုလိုက်သည်။

ရုံးခန်းထဲ၌_

ချင်လင်က မာလဲ့ဝမ်နှင့်လက်ဖက်ရည်ဖျော်နေသည်။

မာလဲ့ဝမ်က ချန်ရှန်းဖေနှင့်လီရှင်းအတွက် လက်ဖက်ရည်ဟန်ပြငှဲ့ပေးလိုက်ရင်း_ ''လောင်ချန် လီရှင်း... မင်းတို့ ချင်လင်နဲ့အတူရှိတာ တကယ်ကံကောင်းတယ်မှတ်...ဒီလက်ဖက်ရွက်က အပြင်မှာတစ်ကတ်တီယွမ် ၆၇၀၀၀၀ ပေးရတယ်... ပိုက်ဆံရှိရင်တောင် ဝယ်လို့မရလောက်ဘူး''

''ဒီလက်ဖက်ရည်က တကယ်ထူးခြားတယ်'' လီရှင်းမှာ ဝိုင်နှစ်သက်သူဖြစ်ပြီး လက်ဖက်ရည်မကြိုက်သော်လည်း ထူးခြားမှုကိုလုံးဝအရသာခံမိသည်။ အလွန်မွှေးပြီးချိုသည်။

ချန်ရှန်းဖေက သဘောတူခေါင်းညိမ့်လိုက်၏_ ''အင်း... အခုတော့ လက်ဖက်ရည်သောက်ရတဲ့အရသာကိုသိပြီ''

ချင်လင်လည်းပြုံးပြီး လက်ဖက်ရည်ခွက်ယူကာသောက်လိုက်သည်။

လက်ဖက်က လက်ဖက်ကောင်း။ ဖြစ်ချင်တော့ ဒီနေ့တောင်တန်းထွက်ကုန်အသစ်မပေါ်၍ အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ကို ထပ်မရပေ။

ထိုအချိန်တွင်_

ချင်လင်၏ဖုန်းအသံမြည်လာသည်။ VIP တစ်ဦးက သူ့ကိုတွေ့ချင်နေကြောင်း ကောင်းယောင်ယောင်ပြောပြသောအခါ သူနည်းနည်းအံ့ဩမိသည်။





ဝမ်ရန်ကို သူမှတ်မိသည်။ စံအိမ်၏ထုတ်ကုန်များကို တစ်ကြိမ်ထက်မကကျော်ကြားအောင်လုပ်ခဲ့သော သွေးပူသမား'လူခုတ်ဓား'ပင်။

ဒါပေမဲ့ သူကဘာလို့လာတွေ့ချင်တာလဲ?

''သူ့ကိုရုံးခန်းထဲခေါ်ခဲ့ပါ'' ချင်လင်ကတွေးကြည့်ပြီး တွေ့ဖို့သဘောတူလိုက်သည်။ သူ့မှာအရေးတကြီးဘာကိစ္စများရှိလဲကြည့်ချင်သည်။

တစ်ဖက်တွင်_

ကောင်းယောင်ယောင်ကဖုန်းချပြီး ဝမ်ရန်အား_ ''လူကြီးမင်းဝမ်... ကျွန်မနဲ့လိုက်ခဲ့ပါ... ကျွန်မတို့သူဌေးက ခေါ်လာခိုင်းပါတယ်''

''ကျေးဇူးပါပဲ'' ဝမ်ရန်ကကျေးဇူးထပ်တင်ပြီး ကောင်းယောင်ယောင်နောက်လိုက်၍ ရုံးခန်းဆီသွားလိုက်သည်။

ကောင်းယောင်ယောင်က ရုံးခန်းတံခါးခေါက်ပြီး အခန်းထဲကတုံ့ပြန်သံကြားမှသာ တံခါးဖွင့်လိုက်သည်။ သူမက ဝမ်ရန်ကိုရုံးခန်းထဲခေါ်သွား၏။

ရုံချန်းတံခါးပွင့်ပွင့်ချင်း ဝမ်ရန်က အထဲမှလူတချို့ကိုတွေ့သွားသည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်သူဌေးကြီးနှစ်ဦးကိုသူမှတ်မိသောကြောင့် စိတ်ဖိအားတက်လာသလိုလိုခံစားလိုက်ရ၏။

သာမန်လူတွေအမြင်မှာ သူကချမ်းသာသည်ဟုဆိုနိုင်သော်လည်း ဒီနှစ်ယောက်နှင့်ယှဉ်လျှင် ငါးမြောက်ငါးခြောက်လေးသာ။

ထို့နောက် တခြားနှစ်ယောက်ကိုကြည့်လိုက်သည်။

သူ့အကြည့်က လူငယ်ဆီရောက်သွား၏။

ထိုလူငယ်မှာ ငယ်လွန်းသောကြောင့်ပင်။ သူ့ထက်တောင်ငယ်သော်လည်း ထိုသူဌေးကြီးနှစ်ဦးနှင့်လက်ဖက်ရည်ဝိုင်းဖွဲ့နေသည်။

ဒီတော့ သူကသာမန်မဟုတ်ဘူးဆိုတဲ့သဘောပေါ့။

ကောင်းယောင်ယောင်က ချင်လင်နားလျှောက်သွားပြီ_ ''သူဌေး... လူကြီးမင်းဝမ်ရောက်ပါပြီ''

ထိုမြင်ကွင်းကြောင့် ဝမ်ရန်အံ့အားသင့်သွားသည်။

ဒီလူငယ်လေးက ချင်းလင်စံအိမ်ရဲ့သူဌေးလား? ချင်းလင်စံအိမ်သူဌေးကို သူမမြင်ဖူးသော်လည်း သူဌေးကဘယ်လိုပုံရှိမလဲ သူခန့်မှန်းထားသည်။ အရင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ဂန္တဝင်ပုလင်းနှင့်သစ်မွှေးဆိုင်းဘုတ်ကိုမြင်သောအခါ စံအိမ်ရဲ့သူဌေးက ဒီလိုရှေးဟောင်းပုံစံမျိုးကြိုက်သောလူကြီးတစ်​ယောက်ဖြစ်မည်ဟုထင်ခဲ့သည်။

ထို့ကြောင့် သူဝင်လာလာချင်း အသက်ပိုကြီးတဲ့သူက စံအိမ်ပိုင်ရှင်ဖြစ်မည်ဟုထင်လိုက်၏။

သို့သော်လည်း ဒီအဖြေကြောင့်သူအံ့အားသင့်မိသည်။ တစ်ခါမှမျက်နှာမပြခဲ့တဲ့ ချင်းလင်စံအိမ်ရဲ့သူဌေးက တကယ်ပဲဒီလောက်တောင်ငယ်လား?

စုကျွမ်လည်း မယုံနိုင်။ ဒီချင်းလင်စံအိမ်သူဌေးကိုသာ နိုက်ကလပ်မှာထားလိုက်ရင် ထိပ်တန်းအရည်အချင်းရှိတဲ့ကောင်လေးဖြစ်သွားလိမ့်မယ် ဟုတ်တယ်မလား?

ချင်လင်လည်းထပြီး ဝမ်ရန်ကိုလက်ဖက်ရည်စားပွဲမှာထိုင်ရန်ဖိတ်လိုက်သည်။

ဝမ်ရန်မှာ နည်းနည်းစိတ်မသက်မသာဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူဌေးကြီးနှစ်ယောက်နှင့်။ သူတို့နှင့်အတူတူထိုင်ပြီး လက်ဖက်ရည်သောက်နိုင်တဲ့ကျန်တစ်ယောက်က သာမန်တော့မဖြစ်နိုင်ဘူးမလား?

စုကျွမ်မှာ ကောင်းယောင်ယောင်ဘေးတွင် အလိုက်တသိရပ်ကျန်နေခဲ့လေသည်။





All Chapters