← Chapters

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု! ၃

Vol. 24 Ch. 355

ဒီဖျော်ရည်အတွက် ကိုယ်စားလှယ်လုပ်ခွင့်ပြု! ၃

Vol. 24 Ch. 355

မာလဲ့ဝမ်က ဝမ်ရန်ကိုမသိသော်လည်း မျက်နှာဘယ်လိုလုပ်ရမလဲသိသည်။ သူကဝမ်ရန်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ကာ_ ''လက်ဖက်ရည်သောက်ပါဦး''

''အမ်... ကျေးဇူးတင်ပါတယ်'' ဝမ်ရန်ကအလျင်စလိုလက်လှမ်းပြီးယူလိုက်သည်။

သူကလက်ဖက်ရည်မကြိုက်သော်လည်း ယဉ်ကျေးသမှုနှင့်နှစ်ငုံသောက်လိုက်၏။ မသောက်လျှင် ရိုင်းရာကျနေမည်။

သို့သော် လက်ဖက်ရည်သောက်လိုက်သောအခါ သူအံ့ဩမိသည်။





လက်ဖက်ရည်ကအရမ်းကောင်းသောကြောင့်ပင်။ ခံစားချက်ကို ပြောပြ၍မရနိုင်။

ချင်လင်က_ ''လူကြီးမင်းဝမ်... ကျွန်တော်က ချင်းလင်စံအိမ်ရဲ့သူဌေးပါ... ကျွန်တော့်ကိုတွေ့ဖို့ အရေးကြီးကိစ္စရှိတယ်ဆို... ဘာများပါလိမ့်?''

ဝမ်ရန်က ချင်လင်၏အမေးကိုကြားလျှင် အချိန်မဆိုင်းရဲသဖြင့် ချက်ချင်းရှင်းပြလိုက်သည်_ ''ဥက္ကဌချင်... ကျွန်တော် ချင်းလင်လက်ဖက်ရည်ရဲ့ကိုယ်စားလှယ်လုပ်ချင်ပါတယ်... ကျွန်တော့်ကိုအခွင့်အရေးပေးပါ''

ချင်လင်မှာထိုစကားကြားလျှင် အံ့ဩသွားသည်။

သူကဒီအတွက်လာတယ်လို့ လုံးဝမထင်မိ။ နောက်ပြီး မြန်လွန်းအားကြီးနေသည်။ တရားဝင်အကောင့်မှာ မနေ့ကမှတင်ထားတာ။ ချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကို လူတွေသိပ်မသိလောက်သေးဘူးမဟုတ်လား?

ဒါကလည်း တစ်ဖက်လူက ပစ္စည်းကောင်းသိပြီး စျေးကွက်အမြင်စူးရှသည့်သဘောပင်။

ချင်လင်ကမေးလိုက်သည်_ ''လူကြီးမင်းဝမ်... ခင်ဗျားကဖျော်ရည်ကိုယ်စားလှယ်လား? အရောင်းအဆက်အသွယ်ရှိလား?''

ဝမ်ရန်ကချက်ချင်းဖြေလိုက်၏_ ''ဥက္ကဌချင်... ကျွန်တော့်မှာ အများနည်းတူအရောင်းအဆက်အသွယ်အပြည့်အစုံတော့မရှိပါဘူး... ဒါပေမဲ့ မင်စီရင်စုရဲ့ဖျော်ဖြေရေးအခင်းအကျင်းတွေမှာ ထုတ်ကုန်ကိုကြော်ငြာရမယ်ဆိုရင် ဂုဏ်ယူမိမှာပါ... နောက်ပြီး အကြီးဆုံးစူပါမားကတ်နဲ့ဟိုတယ်နှစ်ခုရဲ့အသိုင်းအဝိုင်းက မန်နေဂျာတချို့နဲ့သိပါတယ်''

သူညာနေတာမဟုတ်။ နိုက်ကလပ်မှာ သူ့ကောင်မလေးတွေအပြင် ဘယ်လိုအကွက်ရွှေ့ရမလဲသိသော ဒုတိယမျိုးဆက်သူဌေးသားများနှင့် ကုမ္ပဏီတချို့မှအထက်တန်းစားများလည်းရှိသည်။ သူတို့အားလုံးကိုသိတာပေါ့။

ချင်လင်က ဝမ်ရန်၏စကားကြားလျှင် မျက်မှောင်နည်းနည်းကြုတ်သွားသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်စားလှယ်တစ်ယောက်ကိုကြုံရာမရွေးချင်။ ပထမဆုံးသူထည့်စဉ်းစားတာက အရောင်းအဆက်အသွယ်ပင်။

ပြီးတော့ ဝမ်ရန်ပြောတဲ့အရောင်းအဆက်အသွယ်က သမားရိုးကျမဟုတ်။ နည်းနည်းမရေရာပုံပေါက်နေသည်။

သို့သော် ဝမ်ရန်ကလက်မလျှော့ချင်သောကြောင့် ပွင့်ပွင့်လင်းလင်းပြောလိုက်သည်_ ''ဥက္ကဌချင်... အခုဒီစကားတွေက အသုံးမဝင်ဘူးဆိုတာသိပါတယ်... ဒါပေမဲ့ ကျွန်တော့်ကိုစမ်းသပ်တဲ့အနေနဲ့ အခွင့်အရေးတစ်ခု ဒါမှမဟုတ် တာဝန်တစ်ခုတော့ပေးနိုင်မယ်ထင်ပါတယ်... ကျွန်တော်အောင်မြင်ခဲ့ရင် ကိုယ်စားလှယ်လုပ်ခွင့်ပေးနိုင်တယ်... မအောင်မြင်ခဲ့ရင်တော့ ကျွန်တော်ဒီစကားထပ်ပြောဖို့မျက်နှာမရှိတော့ပါဘူး''

ချင်လင်က ဝမ်ရန်၏ရိုးရိုးသားသားပြောပုံကိုကြည့်ရင်း ခဏတွေးလိုက်ကာ_ ''ကောင်းပြီလေ... ခင်ဗျားကိုတစ်ပတ်အချိန်ပေးမယ်... တာဝန်တော့မပေးဘူး... ဒီတစ်ပတ်အတွင်းမှာ ခင်ဗျားအော်ဒါဘယ်လောက်များများပေးနိုင်လဲကြည့်မယ်''





လက်ရှိထုတ်ကုန်က ထွက်ခါစဖြစ်ပြီး စက်ရုံတွင်ထုတ်လုပ်ရေးလမ်းကြောင်းငယ်သုံးခုသာရှိ၍ တစ်နေ့ပုလင်း ၆၀၀၀၀ သာထုတ်နိုင်သေးသည်။ ကိုယ်စားလှယ်ရှာဖို့ သူအလျင်မလိုသေး။ လုပ်ငန်းချဲ့ထွင်ဖို့ စီရင်စုမှချေးငွေမရသေးခင် လက်ဖက်ရည်လူသိများလာစေရန် နှစ်ရက်လောက်စောင့်နေခြင်းသာ။

ဒီရက်ထဲမှာ ဝမ်ရန်ကိုအခွင့်အရေးပေးဖို့ပြဿနာမဟုတ်။ ဘာပဲဖြစ်ဖြစ် သူ့အတွက်နစ်နာမှုသိပ်မရှိပေ။

''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ဝမ်ရန်က ချင်လင်အလျှော့ပေးလိုက်သည်ကိုမြင်လျှင် မျက်နှာဝင်းထိန်သွားပြီး_ ''ဥက္ကဌချင်... အရင်ဆုံးပထမအသုတ်ပစ္စည်းတွေယူပါရစေ... အဲဒါတွေနဲ့ကြော်ငြာလိုက်ပါမယ်''

''ကောင်းပြီ!'' ချင်လင်လည်း တန့်ကွမ်းကိုဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကဘေးနားလျှောက်သွားကာမေးလိုက်၏_ ''လောင်တန့်... စိတ်ငြိမ်လက်ဖက်ရည်ပုလင်းရဲ့ကုန်ကျစရိတ်ကိုတွက်ပြီးပြီလား?''

တန့်ကွမ်းအသံကိုကြားရသည်_ ''ဥက္ကဌချင်... တွက်ပြီးပါပြီ... ပါဝင်ပစ္စည်းဖိုးနဲ့ပုလင်းဖိုးက တစ်ယွမ်ပါ... Red Bull နဲ့အတူတူပါပဲ''

''ဟုတ်ပြီ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒီကုန်ကျစရိတ်က ဆော့ထက်အများကြီးသက်သာသည်။ သူကထပ်မေးလိုက်၏_ ''အခု ပုလင်းဘယ်လောက်များထုတ်ပြီးပြီလဲ?''

တန့်ကွမ်းကပြန်ဖြေလိုက်သည်_ ''မနေ့နဲ့ဒီနေ့ထုတ်တာအပြင် ပုလင်း ၇၀၀၀၀ ရှိပါသေးတယ်''

ချင်လင်က တန်းညွှန်ကြားလိုက်သည်_ ''ပုလင်း ၅၀၀၀၀ ကိုပါကင်ပိတ်လိုက်... အချိန်ကျရင် တစ်ယောက်လာယူလိမ့်မယ်''

''ကောင်းပါပြီ သူဌေး'' တန့်ကွမ်းက ချက်ချင်းပြန်ဖြေလိုက်သည်။

ချင်လင်ကဖုန်းချပြီး လက်ဖက်ရည်စားပွဲဆီပြန်လျှောက်လာကာ ဝမ်ရန်အား_ ''ခင်ဗျားကို ပုလင်း ၅၀၀၀၀ ပေးမယ်... တစ်ပုလင်းကို စက်ရုံထုတ်စျေးက ၄ ယွမ်... လက်လီစျေး ၇ ယွမ်နဲ့ရောင်းမယ်''

ရောင်းစျေးကို Red Bull နှင့်ယှဉ်ပြီးသတ်မှတ်ထားခြင်းဖြစ်သည်။ သူ့ဖျော်ရည်က သူများထက်ကောင်း၍ အဆင့်မချနိုင်။

တကယ်တော့ စျေးပိုတက်ချင်သော်လည်း ဖျော်ရည်စျေးကွက်တွင် နိုင်ငံ၏သက်ဆိုင်ရာစည်းမျဉ်းများရှိနေသည်။

တစ်ယွမ်တန်ဖိုးကိုမြင့်လွန်းလျှင် အစစ်ဆေးခံရမှာမကြောက်ရင်တောင် အစစ်ဆေးခံရလိမ့်မည်။ အလွန်ဆုံး နာမည်ကြီးလာပြီးနောက်ပိုင်းမှ တန်ဖိုးတက်ရလိမ့်မည်။

''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ဝမ်ရန်ချက်ချင်းခေါင်းညိမ့်လိုက်သည်။

သူက သက်ဆိုင်ရာဖျော်ရည်စျေးများကို စစ်ဆေးကြည့်လိုက်သည်။ ၇ ယွမ်မှာ သာမန်ဖျော်ရည်များထဲတွင် Red Bull ထက်စျေးကြီးနေပြီဖြစ်သော်လည်း ချင်းလင်လက်ဖက်ရည်၏ အာနိသင်က Red Bull ကိုအလဲထိုးနိုင်မည်ဟု သူယုံကြည်ထားသည်။

နောက်ပြီး စရိတ်စကနုတ်လိုက်လျှင် Red Bull ထက် အမြတ်သုံးယွမ်ပိုကျန်လေသည်။





All Chapters