← Chapters

နှစ်ရက်အတွင်း ​အော်ဒါပုလင်းသုံးသန်း! တကယ့်အရည်အချင်း!

Vol. 24 Ch. 356

နှစ်ရက်အတွင်း ​အော်ဒါပုလင်းသုံးသန်း! တကယ့်အရည်အချင်း!

Vol. 24 Ch. 356

နောက်တစ်ရက်ကုန်လွန်သွားသည်။

ချင်းလင်လက်ဖက်ရည်ကို နည်းနည်းလူသိများလာသော်လည်း မပေါက်သေး။ သက်ရောက်မှုက ချင်လင်ထင်ထားသည်နှင့်ကွာခြားနေ၏။

ခရီးသည်များက ချင်းလင်လက်ဖက်ရည်ကိုအလကားရပြီး လက်ရသောက်သုံးခြင်းဖြစ်သော်လည်း လက်ဖက်ရည်၏အာနိသင်ကိုရှင်းရှင်းလင်းလင်းသိကြသည်။ အတော်များများက ဗီဒီယိုတင်ပြီး ဒီလက်ဖက်ရည်က စျေးကွက်ထဲက Red Bull လိုအားဖြည့်ဖျော်ရည်မျိုးထက် လုံးဝပိုကောင်း​ကြောင်းပြောထားကြသည်။

သို့သော် ဗီဒီယိုတစ်ပုဒ်က ဗီဒီယိုတစ်ပုဒ်သာ။ နောက်ပြီး လူပါဝင်နှုန်းကနည်းလွန်းသည်။ ဘယ်လောက်ပဲအမွှမ်းတင်တင် လူတွေကယုံကြပါ့မလား?

တခြားလူတွေရဲ့ဖျော်ရည်ကြော်ငြာက ကိုယ့်ထက်အများကြီးပိုပြီး အံ့ဩလောက်စရာဖြစ်နေ၏။ သေခါနီးလူနာတောင် ငေါက်ကနဲထထိုင်လိမ့်မည်တဲ့။

ထိုမဟားတရားဖျော်ရည်ကြော်ငြာများကြောင့် လူတိုင်းကကြော်ငြာဆိုလျှင် နည်းနည်းတော့ရိုးနေကြပြီ။

ချင်းလင်စံအိမ်၌_

ချင်လင်က ဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးနောက် လင်းလန်ဇီ၏တင်ပြချက်ကိုလက်ခံရရှိပြီး ဗီဒီယိုကြော်ငြာကသက်ရောက်မှုသိပ်မရှိကြောင်းသိလိုက်ရသည်။

ဒီဖျော်ရည်က သူများတွေပြောထားသည့်အတိုင်းယုံကြည်ဖို့ အမှန်ပင်ခက်သည်။ သူသာဒီလိုဗီဒီယိုမျိုးတွေ့မည်ဆိုရင်လည်း ကျော်ပစ်လိုက်မည်။

ဘာပဲဖြစ်ဖြစ် သူတို့ဘယ်လောက်ကောင်းတယ်ပြောပြော ကြော်ငြာတွေလောက်မှမကောင်းဘဲ။





တမူထူးခြားသည့်ကြော်ငြာပုံကြော်ငြာနည်းရှိရမည်။

မင်စီရင်စု၌_

ဝမ်ရန်မှာ မနက်စောစောနိုးလာပြီး Wechat အဖွဲ့ထဲဝင်လိုက်သည်။

သူမနေ့ညက အပြေးပြန်လာခဲ့၏။ ဥက္ကဌချင်ဆီက အခွင့်အရေးတစ်ခုရဖို့မလွယ်သောကြောင့် ဒီအခွင့်အရေးကိုအမိအရယူပြီး တစ်ပတ်အတွင်းအော်ဒါရနိုင်သလောက်ရအောင်ကြိုးစားရမည်။

Wechat အဖွဲ့ဖွဲ့ပြီးနောက် သူသိဖူးသောမိန်းကလေးများထဲမှ စရွေးလိုက်သည်။

ရွေးချယ်ထားသောမိန်းကလေးများကို Wechat အဖွဲ့ထဲဆွဲထည့်လိုက်၏။

လူစုတာပဲပေါ့။

ဒီလိုလူစုခြင်းမျိုးမှာ အမျိုးသမီးများအတွက်အခမဲ့ဖြစ်သော်လည်း အမျိုးသားများကမူ လက်မှတ်ဝယ်ရမည်။ လက်မှတ်အရေအတွက်မှာ ကစားပွဲကဘယ်လောက်အထက်တန်းကျလဲအပေါ်မူတည်သည်။

အဖွဲ့၏မင်းသားလေးဝမ်ရန်အနေနှင့် အဖွဲ့ကတော့ အထက်တန်းကျသည်ပင်။

သို့သော် ဒီနေ့ သူနှင့်အဆက်အစပ်ရှိသူများကိုအထူးရွေးချယ်ထားသည်။

အရင်က စုကျွမ်လိုစိတ်လှုပ်ရှားမှုသက်သက်ရှာဖွေသူများကိုအထူးရွေးချယ်၍ ယောက်ျားများနှင့်ပိုပြီးပျော်ပါးနိုင်ရန် အဖွဲ့ထဲထည့်ခဲ့သည်။

ဒီတစ်ကြိမ်က ချင်းလင်လက်ဖက်ရည်အတွက်။ ဒီအမျိုးသမီးတွေကို သူအသုံးချနိုင်သည်။

ဝမ်ရန်က လူစုပြီးနောက် ချက်ချင်းကြေညာချက်ပို့လိုက်သည်: ''ငါ'နတ်သက်ကြွေဆည်းဆာကမ္ဘာ' တစ်ခုလုံးကိုနေရာယူထားတယ်... ညကျရင်ဆုံမယ်''

ပြီးတော့ 'နတ်သက်ကြွေဆည်းဆာကမ္ဘာ'ဆိုတာ မင်စီရင်စုရဲ့ထိပ်တန်းနိုက်ကလပ်သုံးခုထဲက တစ်ခုပင်။

အစက ထိုနိုက်ကလပ်တွင် ဧည့်သည်တစ်ဦးသာဖြစ်သော်လည်း သူကစားသောကြောင့် ရှယ်ယာရှင်ဖြစ်လာသည်။

အချိန်ကုန်လွန်သွားပြီး မကြာမီညပိုင်းရောက်သွားသည်။

ဝမ်ရန်မှာ 'နတ်သက်ကြွေဆည်းဆာကမ္ဘာ'၏စင်နောက်သို့အစောကြီးရောက်သွားပြီး စောင့်နေလိုက်သည်။

ဝင်ပေါက်တွင်လည်း ခါတိုင်းလိုပင် အနက်ရောင်ဝတ်စုံနှင့်မျက်မှန်တပ်ထားသော လုံခြုံရေးအစောင့်များစွာရှိသည်။





ဒါကဟန်ပြပဲပေါ့။ သူတို့လုပ်ရမှာက လူတန်းကိုတားမြစ်ပြီး အထဲဝင်ဖို့ပြည့်မီခြင်းရှိမရှိစစ်ဆေးဖို့ပင်။

မကြာမီ ကိုယ်လုံးကိုယ်ပေါက်လှလှနှင့် ဟော့ဟော့ရမ်းရမ်းဝတ်စားထားသော မိန်းမလှများအပြင်ထွက်လာသည်။

ထိုမိန်းမလှများက မဆိုးလှ။ အများစုက သာမန်လူတွေမျက်စိထဲမှာ နတ်ဘုရားမတွေဖြစ်နေလိမ့်မည်။

အလှအပမရှိဘဲ ဝမ်ရန်တို့၏အထက်တန်းအဖွဲ့ထဲ ဖိတ်ကြားခံရဖို့မဖြစ်နိုင်။

အရင်က လူငယ်အတော်များများမှာ အလှလေးတွေအများကြီးမြင်သောကြောင့် နိုက်ကလပ်ထဲဝင်ချင်ကြသည်။ အလှလေးတွေမြင်ရတာနှင့်တင် မျက်စိအစာကျွေးချင်စရာ။

ဗီဒီယိုရိုက်ပြီး သူတို့ Wechat အခိုက်အတန့်မှာတင်လိုက်ရင် သေချာမသိသူတွေက သူတို့ကိုအဖွဲ့ထင်၍ ထိုအလှလေးတွေနှင့်အဆက်အစပ်ရှိသည်ဟုထင်လိမ့်မည်။

ဖြစ်ချင်တော့ သူတို့ဝင်လို့မရမှန်း ချက်ချင်းသိလိုက်ရသည်။ ဒီလိုလက်မှတ်မျိုးကိုဝယ်တောင်မဝယ်နိုင်ချေ။

အလှလေးတွေကိုဖိတ်ခေါ်သည်ဆိုတာထက် အထက်တန်းစားအမျိုးမျိုးနဲ့ကပ်ပါးရပ်ပါးလုပ်ချင်သော မိန်းမလှတွေလည်းရှိသည်။ သူတို့ကပိုတောင်အဆင်ပြေသေး။

ဒီလိုကပ်ပါးရပ်ပါးလုပ်ချင်တဲ့အမျိုးသမီးမျိုးတွေက တံခါးလာခေါက်တဲ့သင်္ကြန်အမြှောက်တွေပဲပေါ့။ နိုက်ကလပ်ထဲတွင် ဒုတိယမျိုးဆက်သူဌေးသားတွေကြားမှာ သူတို့ကအညှာအလွယ်ဆုံး။

သူတို့ကလည်း လူချမ်းသာတွေနှင့်သာချိတ်ချင်ကြောင်း သိထားသောကြောင့်ပင်။

နောက်ဆုံးကျ ဒီလိုအမျိုးသမီးတွေက အိန္ဒြေရရ ရိုရိုကျိုးကျိုးပုံစံနှင့် ပြန်သွားကြလိမ့်မည်။ လူရိုးလေးတစ်ယောက်ကိုလက်ထပ်ပြီး တချို့က ရိုးသားသူများကိုလက်ဆောင်များတောင်ပေးကြလိမ့်မည်။

ဒီနေ့ ဝမ်ရန်၏အဖွဲ့ထဲဝင်ပါပြီး 'နတ်သက်ကြွေဆည်းဆာကမ္ဘာ'ရောက်လာသောအလှလေးများက တစ်ခုခုပုံမမှန်ကြောင်းသတိထားမိသည်။

အရင်လိုနီယွန်ဆိုင်းဘုတ်များ၊ ဆလိုက်မီးအငွေ့အသက်များ ဒါမှမဟုတ် အရင်တုန်းကလို ဝိုင်တွေများများစားစားပြင်ဆင်ထားခြင်းမျိုးမရှိဘဲ အလယ်တွင် ပိတ်စနီနှင့်ဖုံးပြီးပုံထားသောတစ်စုံတစ်ခုသာရှိသည်။

အထဲမှာရှိတာက ချင်းလင်လက်ဖက်ရည်ပဲပေါ့။ ဝမ်ရန်လူစုရခြင်း၏အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။

မိန်းမလှတွေတစ်ယောက်ပြီးတစ်ယောက်ထပ်ရောက်လာသည်။ သူတို့အားလုံးကစူးစမ်းနေသော်လည်း နေရာရှာပြီးထိုင်လိုက်ကြ၏။ အစ်ကိုရန်အကွက်ရွှေ့ကောင်းတာ သူတို့အသိ။ သူကစားပွဲတွေက ပျော်ဖို့ကောင်းလေ့ရှိသည်။ ဒီညဘယ်လိုအကွက်ရွှေ့ဦးမလဲ ဘယ်သူသိမလဲ?

သို့သော် မကြာမီ တစ်ခုခုမှားနေသလိုလိုတောင် ခံစားလာရ၏။ ညပိုင်း အမျိုးသားအဖော်ကအလွန်နည်းနေသောကြောင့်ပင်။ နည်းနည်းလေးသာရှိသည်။ ဒီအချိုးက တော်တော်မမျှတ။ သူတို့ဘယ်လိုကစားကြမလဲ?

ထိုအမျိုးသားများမှာ မင်စီရင်စုစူပါမားကတ်အသိုင်းအဝိုင်းမှဒုတိယမျိုးဆက်သူဌေးသားများနှင့် ဟိုတယ်အသိုင်းအဝိုင်းမှအထက်တန်းစားတချို့ပင်။ သူတို့မှာဒီလိုအဆင့်အတန်းမရှိရင် ဒီနေ့ဝမ်ရန်၏ဖိတ်ကြားချက်ကိုရမည်မဟုတ်ပေ။

အားလုံးရောက်လာသည်ကိုမြင်လျှင် ဝမ်ရန်လည်း လက်ထဲတွင်မိုက်ကရိုဖုန်းကိုင်ပြီး စင်နောက်မှလမ်းလျှောက်ထွက်လာသည်။ သူကအားလုံးကိုအပြုံးနှင့်မိတ်ဆက်လိုက်၏_ ''လူစုံပြီပဲ... ဒီနေ့မြင်ကွင်းက ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ အားလုံးသိချင်နေပြီလို့ထင်ပါတယ်... ဒီညတော့ ကစားမှာမဟုတ်ပါဘူး''

ထိုစကားများကြောင့် အားလုံးကြောင်သွားပြီး ဝမ်ရန်ကိုအံ့ဩစွာကြည့်လိုက်ကြသည်။

နောက်နေတာလား?

ဒီမင်းသားလေးလိုအစ်ကိုတော်က လူစုပြီး မကစားဘူးတဲ့လား?





All Chapters