← Chapters

ကျူးကျူးကျော်ကျော်! ဝမ်ရန်၏အကွက်လှလှ!

Vol. 24 Ch. 359

ကျူးကျူးကျော်ကျော်! ဝမ်ရန်၏အကွက်လှလှ!

Vol. 24 Ch. 359

''ဝမ်ရန်... မင်စီရင်စုရဲ့ပြည်နယ်မြို့တော်ကိုယ်စားလှယ်လုပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်'' ချင်လင်မှာ ဝမ်ရန်၏လုပ်နိုင်စွမ်းကြောင့်အံ့ဩမိသော်လည်း တစ်ဖက်လူကပုလင်းရေသုံးသန်းအော်ဒါယူလာနိုင်ခဲ့ပြီ။ သူ့စကားသူပြန်ရုတ်သိမ်းလို့မရ။ မင်စီရင်စု၏အကြီးဆုံးမြို့တော်ကိုယ်စားလှယ်လုပ်ခွင့်ပေးဖို့လည်းဆုံးဖြတ်လိုက်သည်။

''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ဝမ်ရန်ကထိုအဖြေကြားသောအခါ သက်ပြင်းရှည်ကြီးချပြီး အားရဝမ်းသာကျေးဇူးတင်လိုက်သည်။

ချင်လင်ကဖုန်းထုတ်၍ တန့်ကွမ်းကိုဖုန်းဆက်ပြီး ပုလင်းသုံးသန်းအော်ဒါယူလာခိုင်းလိုက်သည်။

တန့်ကွမ်းက ဝမ်ရန်နှင့်လက်မှတ်ထိုးရန် ပုလင်းသုံးသန်းအော်ဒါစာချုပ်ယူလာသောအခါ မယုံနိုင်ဖြစ်နေ၏။

သူ့ကုမ္ပဏီကဖျော်ရည်ကောင်းမှန်းသိသော်လည်း ဒီအခြေအနေမှာမကြော်ငြာရသေး။ ဖျော်ရည်ကိုယ်စားလှယ်ဆိုသူတွေတောင် နှစ်ရက်အတွင်း ပုလင်းသုံးသန်းအော်ဒါမထုတ်နိုင်ဘူး ဟုတ်တယ်မလား?

ဝမ်ရန်က စာချုပ်လက်ခံပြီးနောက် ချက်ချင်းအားတက်သရောပြောလိုက်သည်_ ''ဥက္ကဌချင် ဥက္ကဌတန့်... စိတ်မပူပါနဲ့... ကျွန်တော်ဖျော်ရည်ကိုအမြန်ဆုံးကြော်ငြာပြီး တစ်ပတ်အတွင်း နောက်ထပ်သုံးသန်းအော်ဒါယူလာခဲ့ပါမယ်''





ကိုယ်စားလှယ်စာချုပ်ချုပ်ပြီးနောက် သူပိုပြီးယုံကြည်ချက်ရှိလာသည်။ နိုက်ကလပ်မှရောင်းရသောအော်ဒါများနှင့်စာလျှင် ပြည်နယ်မြို့တော်မှသာမန်ပြည်သူ ၈ သန်းနီးပါးက တကယ့်စျေးကွက်ဖြစ်၏။

နိုက်ကလပ်အော်ဒါများက ​ခြေနင်းတုံးမျှသာ။ ထိုလူ ၈ သန်း၏စျေးကွက်ဖွံ့ဖြိုးလာခြင်းက လုပ်ငန်းအစစ်ဖြစ်သည်။

နောက်ပြီး သဲမြို့တော်ဘတ်စကတ်ဘောကွင်းမှစုကျွမ်၏အတွေ့အကြုံအရ သူ့မှာနောက်ထပ်အစီအစဉ်တစ်ခုရှိသည်။ ထိုနိုက်ကလပ်မိန်းကလေးများကိုအသုံးချနိုင်သေးသည်။

အတိုင်းအတာကျယ်ပြန့်လာပြီး ပြည်နယ်မြို့တော်စျေးကွက်ကိုသူချုပ်ကိုင်ထားနိုင်သရွေ့ ဥက္ကဌချင်နှင့်ဆွေးနွေးနိုင်သည့်အခွင့်အရေးရှိနေဆဲဟု သူယုံကြည်ထားသည်။

ဝမ်ရန်၏စကားကိုကြားလျှင် ချင်လင်နှင့်တန့်ကွမ်းမှာ အမှတ်တမဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ဒီလူက အရမ်းယုံကြည်ချက်တွေရှိနေတာ။ ဒါပေမဲ့ သူတို့စက်ရုံရဲ့လက်ရှိထုတ်လုပ်နိုင်စွမ်းကို အထင်ကြီးလွန်းရာမကျဘူးလား?

ဝမ်ရန်က စာချုပ်နှင့်အော်ဒါများယူပြီး မြန်မြန်ဆန်ဆန်ပြန်ထွက်သွားသည်။ လက်ရှိဖျော်ရည်စက်ရုံမှချင်းလင်လက်ဖက်ရည်ပုလင်း ၁၅၀၀၀၀ ကိုလည်း သူနှင့်အတူတပါတည်းယူသွား၏။ ၁၂ ပုလင်း တစ်ပါကင်ဖြစ်၍ ပါကင်စုစုပေါင်း ၁၂၀၀၀ ကျော်သည်။

ဝမ်ရန်ထွက်သွားသွားချင်း တန့်ကွမ်းက_ ''ဥက္ကဌချင်... ဒါတွေချက်ချင်းထုတ်နိုင်ဖို့အတွက် အလုပ်ချိန်နှစ်ဆိုင်းခွဲဆင်းဖို့ လူတွေထပ်ခန့်ရလိမ့်မယ်... နောက်ပြီး စက်ရုံအသစ်တစ်ခုချက်ချင်းရှာရလိမ့်မယ်... သူသာတစ်ပတ်အတွင်း နောက်ထပ်အော်ဒါသုံးသန်းတကယ်ယူလာခဲ့ရင် အချိန်တိုအတွင်းတိုးမြှင့်နိုင်မယ့်နေရာမရှိမှာစိုးမိတယ်''

ချင်လင်ကပြုံးပြီး_ ''ဒါဆိုရင် ငါတို့လည်း အရင်ဆုံးပြည်နယ်မြို့တော်စျေးကွက်ကိုဖြိုချဖို့အာရုံစိုက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် အခုထုတ်နိုင်စွမ်းကမလုံလောက်ဘူး... စက်ရုံမှာအခုချက်ချင်း ခုံးလင်ကိုလူသစ်ခေါ်ခိုင်းရမယ်''

တန့်ကွမ်းကခေါင်းညိမ့်ပြီး ချက်ချင်းဖုန်းထုတ်ကာ ခုံးလင်ကိုဆက်လိုက်သည်။

ဖျော်ရည်စက်ရုံတွင် ခုံးလင်မှာ ထုတ်လုပ်ရေးလမ်းကြောင်းကိုကြည့်ရှုစစ်ဆေးနေသည်။ တက်ကြွသောမန်နေဂျာတစ်ဦးအနေနှင့် သူစီမံလုပ်ကိုင်နေသောလိုင်းတွင် ဘာပြဿနာမှအဖြစ်မခံနိုင်။

တန့်ကွမ်း၏ဖုန်းကိုလက်ခံပြီးလျှင် ချက်ချင်းအလုပ်ခေါ်စာကြော်ငြာရေး၍ စက်ရုံဝင်ပေါက်နှင့် အစားအသောက်ကုမ္ပဏီ၏စက်ရုံအသီးသီးတွင်ကပ်ထားလိုက်သည်။

လူသစ်ခန့်ဖို့ သူစိတ်မပူ။ ချင်းလင်အစားအသောက်ကုမ္ပဏီ၏စက်ရုံတွင် လူသစ်မရမှာစိုးရိမ်စရာမလိုပေ။ ချင်းလင်ကုမ္ပဏီကိုဝင်ဖို့စောင့်နေသူတွေမှာ လက်ချိုး၍မရေနိုင်။

အမှန်ပင်။ အလုပ်ခေါ်စာကြော်ငြာကပ်ပြီးမကြာမီ အလုပ်လာလျှောက်ကြသည်။





လက်ရှိခုံးလင်စိုးရိမ်တာက အလုပ်ချိန်နှစ်ဆိုင်းဆင်းဖို့၊ ဝန်ထမ်းများလေ့ကျင့်ဖို့အတွက် စီမံချက်များဖြစ်သည်။ ဝန်ထမ်းအသစ်တွေခန့်ပြီဆိုတာနှင့် ချက်ချင်းအလုပ်ချိန်နှစ်ဆိုင်းဆင်းရလိမ့်မည်။ သို့ဖြစ်၍ ဝန်ထမ်းအသစ်နှင့်အဟောင်းကိုရောပြီး အသစ်များကိုလမ်းပြပေးရမည်။

ချင်းလင်စံအိမ်၌_

တန့်ကွမ်းက ချင်းလင်အစားအသောက်ကုမ္ပဏီအကြောင်းတချို့ကိစ္စများကို ချင်လင်ထံအစီရင်ခံပြီးနောက်_ ''ဥက္ကဌချင်... ကျွန်တော်ပြန်ပြီး စီရင်စုချေးငွေရယ် စက်ရုံအသစ်ရဲ့ဆောက်လုပ်ရေးနဲ့ပစ္စည်းဥစ္စာအကြောင်း အချက်အလက်တွေပြင်လိုက်ဦးမယ်''

''အင်း!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒါကအစားအသောက်ကုမ္ပဏီအတွက် တကယ်အရေးအကြီးဆုံးကိစ္စ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့လက်ရှိထုတ်လုပ်ရေးက ဝမ်ရန်လိုအကျိုးတော်ဆောင်ရဲ့အော်ဒါတွေကိုတောင် ဖြည့်ဆည်းပေးနိုင်ဦးမည်မဟုတ်။

သို့ရာတွင် တန့်ကွမ်းကထပြီးထွက်သွားမည်အပြု ကောင်းယောင်ယောင်မှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦး၊လူငယ်တစ်ဦးနှင့်အတူ အထဲဝင်လာသည်။

သက်လတ်ပိုင်းအမျိုးသားမှာ လေးထောင့်ကျကျမျက်နှာရှိပြီး လူငယ်ကသူ့နောက်မှလိုက်လာ၏။ သူက အတွင်းရေးမှူး သို့မဟုတ် လက်ထောက်ဖြစ်ပုံရသည်။

ကောင်းယောင်ယောင်က ရုံးခန်းထဲဝင်လာပြီး ချင်လင်အား_ ''သူဌေး... ဒီလူကြီးမင်းက နင်းမြို့တော်ရဲ့စီရင်စုလက်ထောက်ပါတဲ့''

ချင်လင်နှင့်တန့်ကွမ်းက တစ်ဖက်လူ၏လှုပ်ရှားမှုကိုနားမလည်ပုံနှင့် အချင်းချင်းကြည့်ပြီး လျန်ချန်ကိုအံ့ဩစွာကြည့်လိုက်ကြသည်။

သက်လတ်ပိုင်းအမျိုးသားက ချင်လင်ကိုကြည့်ပြီး အံ့ဩပုံနှင့်_ ''ချင်းလင်ကုမ္ပဏီရဲ့သူဌေးက ဒီလောက်ငယ်မယ်မထင်မိဘူး... တကယ်ငယ်ရွယ်ပြီး အလားအလာကောင်းတာပဲ... ကျွန်တော်က လျန်ချန်ပါ... ဒါကျွန်တော့်ရဲ့အလုပ်ခွင်လက်မှတ်ပါ''

သူကပြောပြောဆိုဆို အလုပ်ခွင်လက်မှတ်ထုတ်ပြီး ချင်လင်ဆီကမ်းပေးလိုက်သည်။

အလုပ်ခွင်လက်မှတ်တွင် အမှန်ပင်သူကစီရင်စုလက်ထောက်ဖြစ်ကြောင်းဖော်ပြထားသည်။ ဒါမျိုးက အတုမဖြစ်နိုင်။ အလွယ်တကူသိနိုင်သည်။

ချင်လင်လည်း ထိုလူကိုလက်ဆွဲနှုတ်ဆက်၍_ ''ကျွန်တော့်ကိုချင်လင်လို့ခေါ်နိုင်ပါတယ်... စံအိမ်ကိုဘာကြောင့်ရောက်လာတာလဲ?''

လျန်ချန်လည်း သူ့လှုပ်ရှားမှုကိုရှင်းရှင်းပြောပြလိုက်သည်_ ''တကယ်တော့ ကျွန်တော်တို့နင်းမြို့တော်က ချင်းလင်အစားအသောက်ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ချင်လို့ပါ... ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့ဆော့က ဘယ်လောက်နာမည်ကြီးတဲ့အကြောင်း ဝန်ထမ်းတွေရဲ့လစာကဘယ်လောက်မြင့်ကြောင်း လူတိုင်းအသိပါပဲ... ချင်းလင်အစားအသောက်ကုမ္ပဏီလိုအရည်အသွေးမြင့်တဲ့ကုမ္ပဏီမျိုး ကျွန်တော်တို့နင်းမြို့တော်မှာရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့လည်းမျှော်လင့်ပါတယ်''

ရုံချန်းစီရင်စု၏ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီကို ဘေးပတ်ဝန်းကျင်စီရင်စုများက လုံးဝအားကျနေကြသည်။

ချင်းလင်စံအိမ်မှာ တစ်နေ့ပျမ်းမျှခရီးသည် ၃၅၀၀ နီးပါးရှိသောအချက်ကိုဖယ်ကြည့်လျှင် တစ်နှစ်ခရီးသည်ဦးရေ ၁.၂၈ သန်းမှာ လူဦးရေ ၃၀၀၀၀၀ မှ ၄၀၀၀၀၀ ရှိသောစီရင်စုတစ်ခုအတွက် ကြီးမားသောပုံရိပ်ဖြစ်သည်။

ချင်းလင်အစားအသောက်ကုမ္ပဏီသက်သက်၏အလားအလာကို အားလုံးကသိထားသည်။ အချိန်ယူပြီး သူတို့ထုတ်လုပ်ရေးနှင့်အတိုင်းအတာကိုချဲ့ထွင်နေသရွေ့ နောက်တစ်နှစ်၊နှစ်နှစ်အတွင်း ထိပ်တန်းဆော့ဘရန်း ၁၀ ခုထဲတိုးဝင်နိုင်မှာအသေအချာပင်။

ထိုအချိန်ကျလျှင် ချင်းလင်ဆော့လုပ်နည်းပေါက်ကြားသွားရင်တောင် ချင်းလင်ဆော့စျေးကွက်က တည်ငြိမ်သွားလိမ့်မည်။ ချင်းလင်ဆော့အတွက် ဘယ်ဘရန်းကမှဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ဒီလိုကုမ္ပဏီမျိုးက ဘယ်စီရင်စုထဲမှာပဲရှိရှိ နောက်ပိုင်းဦးဆောင်ကုမ္ပဏီဖြစ်လာလိမ့်မည်။ နောက်ပြီး တခြားကုမ္ပဏီများမကိုင်လှုပ်နိုင်သော ဦးဆောင်ကုမ္ပဏီလည်းဖြစ်ပေလိမ့်မည်။





All Chapters