ကျူးကျူးကျော်ကျော်! ဝမ်ရန်၏အကွက်လှလှ! ၂
Vol. 24 Ch. 360
ချင်းလင်စံအိမ်မှာ ခရီးသည်ဆွဲဆောင်မှုတသမတ်တည်းရှိသည်။ ဒီအတွက်ဝင်လုံးရန်နည်းလမ်းမရှိသော်လည်း ချင်းလင်အစားအသောက်ကုမ္ပဏီမှာမတူ။ ကျုးကျော်ဖို့အခွင့်အရေးရှိသေးသည်။
ချင်းလင်အစားအသောက်ကုမ္ပဏီက ရုံချန်းစီရင်စုမှာအခြေအနေမဆိုး။ ဒါပေမဲ့ နင်းမြို့တော်မှာစက်ရုံမဖွင့်နိုင်ဘူးဆိုတဲ့သဘောတော့မဟုတ်ဘူးမလား?
ဘာပဲဖြစ်ဖြစ် အရည်အသွေးမြင့်ကုမ္ပဏီတွေယှဉ်ပြိုင်မှုက နေရာတကာရှိသည်။ မြို့ကြီးများတောင် အပြင်းအထန်ပြိုင်ဆိုင်နေကြ၏။ ကွမ်ကျိုးမှာဘယ်လောက်ဆိုးဆိုးဝါးဝါးကျူးကျော်ထားလဲ မမြင်ကြရဘူးလား?
တရားဝင်မူဝါဒအမှားတစ်ခုကြောင့် ကုမ္ပဏီကြီးအတော်များများမှာ ရွှေ့ပြောင်းသွားကြသည်။ လူပေါင်း ၁၀၀၀၀၀ ကျော်ရှောင်ရှားရသည်။ တာဝန်ခံပုဂ္ဂိုလ် ရာထူးကဆင်းပေးရင်တောင် အသုံးမဝင်ချေ။
ချင်လင်က လျန်ချန်၏ဖိတ်ကြားချက်ကိုကြားလျှင် အံ့ဩစွာနှင့်_ ''ဒီကိစ္စအတွက် လက်ထောက်လျန်ကိုယ်တိုင်လာမယ်လို့မထင်မိဘူး... ဒါပေမဲ့ ကျွန်တော်တို့ဆော့က ရုံချန်းစီရင်စုရဲ့သက်ဆိုင်ရာအဖွဲ့အစည်းနဲ့လက်မှတ်ထိုးပြီးပါပြီ... စက်ရုံသစ်အစီအစဉ်လည်းပြီးသွားပါပြီ''
လျန်ချန်ကချက်ချင်းပင်_ ''ဒီအကြောင်း အရင်ကစုံစမ်းထားပါတယ်... ကျွန်တော်တို့လာတာ ချင်းလင်ဆော့အတွက်မဟုတ်ပါဘူး... ချင်းလင်အစားအသောက်ကုမ္ပဏီကို နင်းမြို့တော်မှာ ဖျော်ရည်စက်ရုံဖွင့်ဖို့ဖိတ်ခေါ်ချင်တာပါ''


''ကျွန်တော်တို့ရဲ့နင်းမြို့စက်မှုဇုံက ရုံချန်းစီရင်စုထက်တော့ အကျိုးအမြတ်မနည်းပါဘူး... နောက်ပြီး ချင်းလင်ကုမ္ပဏီအတွက် စက်ရုံနေရာလည်း ပေါင်းစပ်ထားပါတယ်... ဆောက်ပြီးသားစက်ရုံအလွတ်တွေရှိတယ်... နောက်ပြီး ချင်းလင်ကုမ္ပဏီကို ဖျော်ရည်စက်ရုံငယ်သုံးခုနဲ့ညှိနှိုင်းဖို့လည်းကူညီပေးမယ်... ချင်းလင်အစားအသောက်ကုမ္ပဏီက ဝယ်ယူမှုလက်မှတ်ထိုးလိုက်တာနဲ့ အခုချက်ချင်းအလုပ်စနိုင်တဲ့ဖျော်ရည်ထုတ်လုပ်ရေးလမ်းကြောင်း ၁၅ ခုရှိပါမယ်... ကျွန်တော်သိပါတယ် ဥက္ကဌချင်... ခင်ဗျားရဲ့ဖျော်ရည်က အားချင်းထုတ်လုပ်နိုင်ဖို့ အရေးပေါ်လိုအပ်နေပြီ''
''အဲဒီအပြင် ကျွန်တော်တို့စီရင်စုက အစည်းအဝေးလည်းလုပ်ထားပါတယ်... ချင်းလင်အစားအသောက်ကုမ္ပဏီသာ ကျွန်တော်တို့နင်းမြို့တော်မှာရင်းနှီးမြှုပ်နှံပြီး စက်ရုံဖွင့်ဖို့ဆန္ဒရှိတယ်ဆိုရင် စီရင်စုထဲမှာအမြင့်ဆုံးနှစ်နှစ်အခွန်ကင်းလွတ်ခွင့်ကိုပေးမှာပါ''
''ဒါပေါ့... အခုချင်းလင်အစားအသောက်ကုမ္ပဏီက အရမ်းလျင်လျင်မြန်မြန်ဖွံ့ဖြိုးလာတယ်ဆိုတာကိုလည်း စုံစမ်းထားတာပေါ့... ဆော့စက်ရုံကိုချဲ့ထွင်နေပြီး ရုံချန်းစီရင်စုရဲ့ချေးငွေကိုပြန်ပေးဖို့ရှိသေးတယ်... စက်ရုံသစ်ဖွင့်ဖို့ ရံပုံငွေအခက်အခဲရှိတာ သေချာတယ်... အဲဒါကြောင့် နင်းမြို့တော်က ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် အဖွဲ့အစည်းကြီးကြပ်ရံပုံငွေလည်းထောင်ပေးနိုင်တယ်''
လျန်ချန်ကပြောရင်းဆိုရင်း သက်ဆိုင်ရာစာဖိုင်များကို ချင်လင်ဆီပေးထားသည်။
ချင်လင်ကစာဖိုင်များကိုယူပြီးကြည့်လိုက်သည်။
နင်းမြို့တော်က အလွန်ပွင့်လင်းသည်ဟုဆိုနိုင်၏။ သီးသန့်စီစဉ်ထားသောစက်ရုံနေရာမှာ မူလကဆောက်ပြီးသားစက်ရုံနှင့် အစိုးပိုင်စက်ရုံဖြစ်သည်။ ချင်းလင်ကုမ္ပဏီအတွက် နင်းမြို့တော်က အားအများကြီးစိုက်ထုတ်ထားတာအသေအချာပင်။
ဖျော်ရည်စက်ရုံသုံးရုံ၏မူလသူဌေးကို နင်းမြို့တော်က မူဝါဒများ၊ အကျိုးအမြတ်များ သေချာပေါက်ပေးထားရလိမ့်မည်။
တစ်ဖက်တွင် ထိုထုတ်လုပ်ရေးလမ်းကြောင်း ၁၅ ခုကို အပြည့်အဝလုပ်ပြီးနှစ်ဆိုင်းခွဲဆင်းလျှင် ထုတ်လုပ်နိုင်စွမ်းက တစ်နေ့ပုလင်းရေ ၇၀၀၀၀၀ အထိရှိလာလိမ့်မည်။
အရေးအပါဆုံးမှာ နှစ်နှစ်အခွန်ကင်းလွတ်ခွင့်နှင့်ထောက်ပံ့ငွေပင်။
နင်းမြို့တော်က လမ်းကြောင်းပေါ်လုံးဝတင်ထားသည်။
နင်းမြို့တော်မှာ အခွန်ကင်းလွတ်ခွင့်၊ချေးငွေရှိပြီး စက်ရုံရှာပေးထားသည်။ စက်ရုံပိုင်ဆိုင်မှုညှိနှိုင်းဖို့အတွက် အခြေအနေများလည်းရှိသည်ပေါ့။ ထိုအချက်မှာ စက်ရုံတွင် နင်းမြို့တော်မှအလုပ်သမားများကိုခန့်ဖို့လိုသည်။
ဒါကလည်း ဘယ်နေရာမှာမဆိုကြုံရမည့်အခြေအနေတစ်ခုပင်။
အဓိကအကျဆုံးမှာ နင်းမြို့တော်က လက်ဖက်ရည်ထုတ်လုပ်သောစီရင်စုကြီးဖြစ်သည်။ ဒီလောက်အများကြီးအားစိုက်ထုတ်ထားတာ အချဉ်မဟုတ်။
ချင်လင်က စာဖိုင်ဖတ်ပြီးသောအခါ တန့်ကွမ်းဆီပေးလိုက်သည်။
တန့်ကွမ်းက စာဖိုင်ကြည့်ပြီးသောအခါ နင်းမြို့တော်၏ပွင့်လင်းမှုကိုရှင်းရှင်းလင်းလင်းမြင်၍ စူးစမ်းလိုက်သည်_ ''လက်ထောက်လျန်... နင်းမြို့တော်က ကျွန်တော်တို့ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့ဖျော်ရည်ကို အရမ်းယုံကြည်မှုရှိတာပဲ''


လျန်ချန်ကပြုံးပြီး_ ''ချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကိုစမ်းကြည့်ပြီးပါပြီ... ဘတ်စကတ်ဘောကစားပြီး သက်လုံသိပ်မရှိတော့တဲ့အချိန်မှာ တစ်ပုလင်းသောက်လိုက်ပါတယ်... အဲဒီအာနိသင်က ကမ္ဘာမှာရှိတဲ့အားဖြည့်ဖျော်ရည်တွေယှဉ်နိုင်တာမျိုး လုံးဝမဟုတ်ပါဘူး... ခင်ဗျားတို့ကုမ္ပဏီရဲ့လုပ်နိုင်စွမ်းနဲ့ဆိုရင် ဒီထုတ်ကုန်က မြန်မြန်ဆန်ဆန်နာမည်ရလာပါလိမ့်မယ်... ကျွန်တော်တို့က အရင်ဆုံးအခွင့်အရေးကိုဆုပ်ကိုင်ထားရမှာပေါ့''
ချင်လင်ကနည်းနည်းစိတ်ဝင်စားသွားသည်။ သို့သော် ချက်ချင်းသဘောမတူသေးဘဲ_ ''လက်ထောက်လျန်... နင်းမြို့တော်ရဲ့ပွင့်ပွင့်လင်းလင်းသဘောထားကိုသိရပါပြီ... ဒါပေမဲ့ ဒီစက်ရုံဖွင့်ရေးဆွေးနွေးဖို့ အစည်းအဝေးလုပ်ရပါဦးမယ်... မနက်ဖြန်မှအဖြေပေးလို့ရမလား?''
လျန်ချန်က ချင်လင်၏စကားကိုကြားလျှင် ခေါင်းညိမ့်ပြီးနှုတ်ဆက်လိုက်သည်။
သူတို့လုပ်နိုင်တာမှန်သမျှ လုပ်ထားပြီးပြီ။ နင်းမြို့တော်မှာစက်ရုံဖွင့်ဖို့ ချင်းလင်အစားအသောက်ကုမ္ပဏီကိုဖိတ်ခေါ်နိုင်မလားဆိုတာကတော့ သူတို့ဆုံးဖြတ်ချက်ကိုစောင့်ရုံသာရှိတော့သည်။
သို့ရာတွင် ပြင်ဆင်မှုအများကြီးလုပ်ထားပြီး တစ်ဖက်လူကသဘောတူလောက်သည်ဟု သူယုံကြည်ထား၏။
လျန်ချန်ထွက်သွားသောအခါ ချင်လင်ကကျောက်မိုချင်းကိုဖုန်းဆက်ခေါ်ပြီး ဖြစ်စဉ်တစ်ခုလုံးကိုပြောပြလိုက်သည်။
သူတို့သုံးယောက်သား ထိုကိစ္စကိုဆွေးနွေးကြ၏။
ချင်လင်ကတန်းမေးလိုက်သည်_ ''တို့သွားသင့်တယ်လို့ထင်လား?''
တန့်ကွမ်းက_ ''ဥက္ကဌချင်... နင်းမြို့တော်က တကယ်ပွင့်လင်းတယ်... နောက်ပြီး သူတို့လုပ်ထားတာနဲ့ဆိုရင် မြန်မြန်ဆန်ဆန်ထုတ်နိုင်တယ်... ဆောက်ပြီးသားစက်ရုံက ထုတ်လုပ်ရေးလမ်းကြောင်းတွေဝယ်ပြီးချဲ့ထွင်တာထက် ပိုအဆင်ပြေလိမ့်မယ်''
ကျောက်မိုချင်းကလည်း_ ''ကျွန်မလည်း သွားနိုင်မယ်လို့ထင်တယ်... ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စုက အရမ်းသေးတယ်... ဒီမှာ ချင်းလင်စံအိမ်ရယ် ဆော့စက်ရုံနဲ့ဓာတ်ခွဲခန်းရှိထားပြီးပြီပဲ... စီရင်စုက ဘယ်လောက်ထောက်ပံ့နိုင်တယ်ဆိုဆို လုပ်ငန်းစဉ်တွေဖြတ်နေရတယ်... အမြဲတမ်းအရင်းအမြစ်တွေစိုက်ထုတ်ရလိမ့်မယ်''
''ဒီလိုဆိုရင် နင်းမြို့တော်မှာဖျော်ရည်စက်ရုံထားတာက ဒီပြဿနာကိုဖြေရှင်းနိုင်ရုံသာမကဘူး... ရုံချန်းစီရင်စုနဲ့နင်းမြို့တော်ကလည်း ကျွန်မတို့ကိုပိုပြီးတန်ဖိုးထားလာလိမ့်မယ်''
ကျောက်မိုချင်းနှင့်တန့်ကွမ်းသဘောတူသောကြောင့် ချင်လင်လည်း တန့်ကွမ်းအား နောက်တစ်နေ့နင်းမြို့တော်သွားပြီးစုံစမ်းလေ့လာရန် လျန်ချန်ကိုဆက်သွယ်ခိုင်းလိုက်သည်။
တစ်ဖက်တွင် ခုံးလင်လည်း နောက်တစ်နေ့နှစ်ဆိုင်းခွဲဆင်းမည့်ဝန်ထမ်းများအားလုံးခန့်ပြီး အလုပ်ချိန်နှစ်ဆိုင်းပုံစံပြောင်းလိုက်သည်။ အစပိုင်းဖြစ်၍ ဝန်ထမ်းသစ်များလည်ပတ်မှုကြောင့် တစ်ရက်ပုလင်းရေ ၁၄၀၀၀၀ မျှော်မှန်းထားသည့်အတိုင်းမထုတ်နိုင်သော်လည်း တစ်ရက်ပုလင်းရေ ၁၀၀၀၀၀ ကျော်ထုတ်နိုင်လျှင် သူတို့အတွက်ပြဿနာမရှိပေ။
နောက်ပြီး ထိုထုတ်ကုန်များကိုစစ်ဆေးမှုအောင်မြင်သည်နှင့် ဝမ်ရန်အတွက်ပြည်နယ်မြို့တော်သို့ပို့ရလိမ့်မည်။
သုံးရက်တိုင်တိုင်_
တန့်ကွမ်းမှာ နင်းမြို့တော်ကိုကြည့်ရှုခြင်း၊ စက်ရုံနေရာနှင့်ဝယ်ယူရန်ညှိနှိုင်းထားသောစက်ရုံများကိုစစ်ဆေးခြင်းများပြီးစီးသောအခါ ပြန်လာခဲ့သည်။
ဒီတစ်ကြိမ် နင်းမြို့တော်မှာ အမှန်ပင်ပွင့်လင်းမြင်သာမှုရှိသည်။ သူတို့လည်း နင်းမြို့တော်မှာစက်ရုံဖွင့်ဖို့စာချုပ်လက်မှတ်ထိုးရန်ဆုံးဖြတ်လိုက်သည်။
ကျောက်မိုချင်းလည်း သူမ၏ဘဏ္ဍာရေးအဖွဲ့ကို စက်ရုံနှင့်ဖျော်ရည်စက်ရုံငယ်သုံးခု၏ဘဏ္ဍာရေးအခြေအနေတင်ပြစေရန် နင်းမြို့တော်ခေါ်သွားလိုက်သည်။ တစ်ချိန်တည်းမှာ အဖွဲ့အစည်းကြီးကြပ်ရံပုံငွေအတွက် နင်းမြို့တော်နှင့်ဆက်သွယ်ခဲ့သည်။