← Chapters

တော်ဝင်စစ်ပွဲ

Vol. 009 Ch. 822

တော်ဝင်စစ်ပွဲ

Vol. 009 Ch. 822

ပြည်နယ်ကိုးခုမှ လူများ၏ မျက်လုံးများက အေးခဲ သွားကြသည်။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က နောက်ကို ဖြည်းညင်းစွာ လှည့်ကာ သူ့မျက်လုံးမှလည်း အလွန်အမင်း ထက်ရှသော အလင်းများ ထွက်လာသည်။ ကြောက်မက်ဖွယ် ဖိအားက ရီဖူရှင်းထံကို ဆင်းသက် လာတော့၏။

“မင်းက ဘယ်သူ့ကို စကားပြောနေတယ် ထင်လို့လဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။ ဒီအကောင်က ပြဿနာ ရှာနေသည်လား။

“တန်ခိုးရှင် လောကမှာ လက်သီးကပဲ အရာအားလုံးကို ဆုံးဖြတ်တယ် ဆိုပေမဲ့ ကျုပ်တို့က အနည်းဆုံးတော့ ကျိုးကြောင်း ဆီလျော်ဖို့ လိုတယ်မလား…” ရီဖူရှင်းက ဘုရင်မင်းမြတ်ကို ကြည့်ကာ ရာရာနှင် အလောင်း နှစ်လောင်းအား လက်ညှိုးထိုးပြလျက် မေးသည်... “သူတို့နှစ်ယောက် သေဆုံးရတဲ့အပေါ် ခင်ဗျားက ဘယ်လို တာဝန်ယူမလဲ…”

သည်ကောင်လေးက ကျောက်မဟာ ပြည်​ထောင် ဘုရင်မင်းမြတ်ကို မည်သို့ တာဝန်ယူစေ လိုသနည်း။

ကြည့်နေသူများ အားလုံးက အံ့အားသင့် သွားကြသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သာမန်လူများကို သတ်ဖြတ်ရာတွင် မည်သို့ တာဝန်ယူ ရမည်နည်း။

“မင်းက ဘယ်လို တာဝန်ယူမှုမျိုး လိုချင်တာလဲ…” ဘုရင်မင်းမြတ်က ရီဖူရှင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။

“စိတ်မကောင်းတာက ကျုပ်က ဘုရင်မင်းမြတ်ကို သတ်လို့ မရဘူး… ဒါပေမဲ့ သွေးကို သွေးနဲ့ပဲ ဆေးကြောလို့ ရမယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ ကြည့်နေသူများ အားလုံးက တုန်ယင် သွားကြသည်။ ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို သတ်လိုသည်ဟု တည့်တိုး ပြောရဲ၏။ ထိုအရာကား တခြားလူများနှင့် မတူသော ရူးသွပ်မှုပင်။ သို့သော်လည်း ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ကလည်း ဖြစ်နိုင်လျှင် ရီဖူရှင်း၏ အသက်ကို လိုချင်သည် ကိုလည်း အားလုံးက သိကြသည်။

“ဒါပေမဲ့ သတ်ဖြတ်သူက သူတို့ အသက်ကို ဒီမှာ ထားခဲ့ရမယ် …” ရီဖူရှင်းက ပြောသည်တွင် ကျောက်မဟာ ပြည်ထောင်မှ​ တန်ခိုးရှင်နှစ်ဦး၏ မျက်လုံးများက စိုးရိမ် ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာသ်။ သူတို့က သတ်ဖြတ်ခြင်း တာဝန်ကို ထမ်းဆောင်ခဲ့ရကာ ယခု ရီဖူရှင်းက သူတို့ အသက်အား လိုချင်နေသည်။

“အတင့်ရဲတယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ဒေါသတကြီး ပြောသည်။

သူ့ရှေ့တွင် ကျောက်မဟာ ပြည်ထောင်မှ လူများအား သတ်ဖြတ်လိုသည်လား။

“ရှန့်ထိုအကြီးအကဲ… တကယ်လို့ ကျုပ်က ဘုရင်မင်းမြတ် လက်ထဲမှာ သေခဲ့ရင် ခင်ဗျားက အခုလက်ရှိ ရောက်နေတဲ့ ကျောက်မဟာ ပြည်ထောင်က လူတွေ အကုန်လုံးကို သတ်နိုင်လား…” ရီဖူရှင်းက မေးသည်။

“သေချာတာပေါ့…” ကျေးရွာ ခေါင်းဆောင် ကလည်း ထူးမခြားနားစွာ ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်... “တော်ဝင်မြေတိုင်းက လူတွေ မျက်မြင်ဖြစ်တဲ့ ဒီကိစ္စမှာ သတ်ဖြတ်တဲ့လူကို ပြန်သတ်ခြင်းနဲ့ပဲ တုံ့ပြန်တယ်…”

“သေစမ်း…” သူ၏အသံ ကျဆင်း လာသည်တွင် ကောင်းကင်မှ ဓားဝင်္ကပါ၌ အလွန်အမင်း လင်းလက်သော အလင်းတန်းတစ်ခု ဖြစ်လာကာ အောက်ကို ကျဆင်းလာ၏။ တန်ခိုးရှင် နှစ်ယောက်ကား တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အပိုင်းအပိုင်း အစစဖြစ်ကာ လေထဲ ပျောက်ကွယ် သွားကြတော့သည်။

မြန်ဆန်လွန်း လှသည်။ ဓားဝင်္ကပါကား တန်ခိုးရှင် နှစ်ယောက်အား စက္ကန့်ပိုင်းအတွင်း အသက်ပျောက်စေသည်။

ဓားဝင်္ကပါက ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် အလင်းများ ဖြာထွက်လျက် လည့်ပတ်နေဆဲ ဖြစ်သည်။

ထိုအခိုက်တွင် သင်္ချိုင်းကုန်း ကျေးရွာကား အလွန်အမင်း တိတ်ဆိတ်နေသည်။

ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင်မှ လူသတ်သမား နှစ်ယောက်အား တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်သူက သူတို့၏အသက်ဖြင့် ပြန်ပေးဆပ်ရမည်။

သူကား ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ ရှေ့တွင်ပင် ထိုသို့ ပြုမူခဲ့၏။

အကယ်၍ ယနေ့ သူသေခဲ့လျှင် ကျေးရွာခေါင်းဆောင်က ကျောက်မဟာ ပြည်ထောင်မှ လူများအားလုံးကို သတ်ဖြတ်မည် ဖြစ်သည်။

သူက ထိုမျှ အတင့်ရဲမည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ကြပေ။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ၏အဆင့်အတန်း အရှိန်အဝါဖြင့် သာမန်လူ နှစ်ယောက်ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ မည်သူက မေးခွန်း ထုတ်ရဲသနည်း။

သို့သော် ယနေ့တွင် ရက်စက် ကြမ်းကြုတ်သော ဘုရင်ကား သူ၏ပြိုင်ဘက်ကို တွေ့ရှိခဲ့ပြီဖြစ်သည်။ တော်ဝင်မြေများ အားလုံး၏ အသက်အငယ်ဆုံး နန်းတော်သခင်ကား ရှန့်ထို၏ အခွင့်အာဏာကို ပြန်လည်၍​ စိန်ခေါ်နေသည်။

မရေမတွက်နိုင်သော လူများက မားမားမတ်မတ် ရပ်နေသော လူငယ်လေးအား ကြည့်ကြသည်။ ပြည်နယ်ကိုးခု ညီလာခံတွင် ယဉ်ကျေး သိမ်မွေ့ဟန်ရသော အသက်အငယ်ဆုံး နန်းတော်သခင်ကား ယခု ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ရဲဝင့်စွာ ရင်ဆိုင်နေသည်။ ပြည်နယ်ကိုးခု ညီလာခံ၌​သူ၏ပြိုင်ဘက်ကင်း ပါရမီကို အားလုံးက မြင်တွေ့ခဲ့ကြ၏။ ယခု သူ၏စိတ်ဓာတ်ကို မြင်ကြရပြီ ဖြစ်သည်။

“ခေါင်းဆောင် တစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးပဲ…” ပြည်နယ်ကိုးခုမှ လူများက တိတ်တခိုး ချီးကျူးကြရသည်။ သူတို့ရှေ့မှ လူငယ်လေးကား ရှန့်ထို မဖြစ်သေးသော်လည်း သူကား ခေါင်းဆောင် တစ်ယောက် ရှိသင့် ရှိထိုက်သော အရည်အသွေးများအား ထုတ်ဖော် ပြသနေသည်။ သူကား အနာဂတ်တွင် ကြီးမားသော အရာများအား လုပ်ဆောင်နိုင်မည့်သူ ဖြစ်သည်။

ရီဖူရှင်းက သူ၏အသက်ဖြင့် လောင်းကြေး ထပ်နေခြင်း ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ အကယ်၍ ကျောက်ပြည်ထောင် ဘုရင်က သူ့အား သတ်လိုပါက မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

အားလုံး၏ အကြည့်က ကျောက်ပြည်ထောင် ဘုရင်ထံကို ရောက်လာကြသည်။ သူ၏မျက်လုံးများက ရီဖူရှင်းအား စားမတတ် ဝါးမတတ် ကြည့်နေ၏။ သူ၏ရှန့်ထို အရှိန်အဝါက ရီဖူရှင်းအပေါ်ကို ကျဆင်း လာသည်တွင် ရီဖူရှင်းအား တောင့်တင်း စေသည်။ သို့သော်လည်း ရီဖူရှင်းကား တစ်ဖက်လူကို မျက်လုံးချင်း တည့်တည့် ရင်ဆိုင်ကြည့်၏။

ယခု မြေရိုင်း ပြည်နယ်ကလည်း ရှန့်ထိုတစ်ပါးအား ပိုင်ဆိုင်ပေသည်။ အကယ်၍​ကျေက်ပြည်ထောင် ဘုရင်က သူတို့၏ လူများကို သတ်ရဲသည် ဆိုပါက သူတို့ကလည်း ကျောက်ပြည်ထောင်မှ လူများကို မသတ်ရဲစရာ အကြောင်းမရှိပေ။

လူသတ်သမားက သူ၏အသက်ဖြင့် ပြန်ပေးဆပ် ရမည်။

ယခု မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး ရှိရာ တခြားပြည်နယ်များက အထင်သေး လျှော့တွက်၍ မရတော့ပေ။ ယနေ့ ပြန်လည် တုံ့ပြန် သတ်ဖြတ်ခြင်းက ရာရာအတွက်သာ လက်စားချေခြင်း မဟုတ်ဘဲ တခြား တော်ဝင်မြေများ အားလုံးကိုလည်း မြေရိုင်းပြည်နယ်က အနိုင်ကျင့်၍ မရသည့် ပြည်နယ် ဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက်က အချိန်အတန်ကြာ အကြည့်ချင်း ရင်ဆိုင်နေကြကာ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား ငယ်ရွယ်စဉ် ကတည်းက ရင့်သီး မောက်မာကာ ကြမ်းကြုတ် ရက်စက်ပေသည်။ ယခု သူက လွန်စွာ ငယ်ရွယ်ကာ ရဲဝံ့ပြတ်သားသော လူငယ်တစ်ယောက်နှင့် ရင်ဆိုင်မိနေသည်။

မတူကွဲပြားသော မျိုးဆက်နှစ်ခုကြားမှ ခေါင်းဆောင် နှစ်ယောက်က ထူးထူးခြားခြား ထိပ်တိုက် တွေ့နေပေသည်။

“အရမ်း ကောင်းတယ်…” ကျောက်ပြည်ထောင် ဘုရင်က နောက်ဆုံးတွင် စကားလုံးအချို့ကို ထုတ်ပြောသည်။ သူက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောသည်… “မြေရိုင်းပြည်နယ်က နောက်ဆုံးမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်… ဒါပေမဲ့ ဒီတစ်ယောက်က အသက်တိုလိမ့်မယ်…”

“မြေရိုင်းပြည်နယ်ကို ပြန်သွား... တော်ဝင်စစ်ပွဲအတွက် ပြင်ဆင်ထား…” ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းကို ပြောသည်။ သူက သာမန်ကိစ္စကို ထုတ်ဖော် ပြောသည့်အလား ပြောနေသော်လည်း လူအများ၏ စိတ်နှလုံးမူကား ကြီးစွာ လှုပ်ရှား တုန်ယင်စေသည်။

တော်ဝင်စစ်ပွဲ…။

ပြည်နယ်ကိုးခု၌ တော်ဝင်စစ်ပွဲ မဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ယနေ့ ကျောက်ပြည်ထောင်က မြေရိုင်းပြည်နယ်ကို တော်ဝင်စစ်ပွဲ တိုက်ခိုက်ရန် စစ်ကြေညာသည်။

“ဒါက မြေရိုင်းပြည်နယ် အတွက် မင်း ယူဆောင်သွားမယ့် ဆုံးဖြတ်ချက်ပဲ…မင်းက ဒီအတွက် နောင်တမရဖို့ ဆုတောင်းထား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြောကာ ရထားလုံးပေါ်ကို တက်သွားကာ ထွက်ခွာရန် ပြင်ဆင်သည်။

ကျောက်ပြည်ထောင်မှ​ လူများအားလုံးက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။ အထူးသဖြင့် ကျောက်စီရီနှင့် ကျောက်ရာတို့ ဖြစ်ကြ၏။ ပထမဆုံးအကြိမ် သူတို့၏ ဘုရင်မင်းမြတ်အား တစ်စုံတစ်ယောက်က ဆန့်ကျင်ရဲသည်။

မြေရိုင်းပြည်နယ်မှ ရီဖူရှင်းက ထိုအတွက် ပေးဆပ်ရပေမည်။

ကျောက်မဟာ ပြည်ထောင်မှ​ လူများအား အလွယ် သတ်ဖြတ်၍ မရပေ။

ပြည်နယ်ကိုးခုမှ လူများက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။ နှစ်ပေါင်းများစွာ ကြာအောင် တော်ဝင်စစ်ပွဲဟူသော စကားလုံးကို သူတို့ မကြားခဲ့ကြပေ။ ထို့အပြင် တော်ဝင်စစ်ပွဲကား ကျောက်မဟာ ပြည်ထောင်နှင့် နှစ်ပေါင်းများစွာ ကြာအောင် ရှန့်ထိုတစ်ပါး မရှိခဲ့သော မြေရိုင်းပြည်နယ်တို့ ဖြစ်ကြသည်။

ယနေ့ သူတို့က မြေရိုင်းပြည်နယ်၏ တိုးတက် ထွန်းကားခြင်းကို စတင် မြင်တွေ့ရသည်လား ဆုတ်ယုတ် ကျဆုံးခြင်း၏ အစကို တွေ့မြင်ရသည်လား မပြောတတ် ကြတော့ပေ။

ပြည်နယ်ကိုးခု၌ တော်ဝင်စစ်ပွဲဟူသော စကားရပ်က တော်ဝင်မြေများ အကြား စစ်ပွဲကို ဆိုလိုပေသည်။

ကျောက်မဟာ ပြည်ထောင်က တော်ဝင်စစ်ပွဲကို အစပျိုးသူ ဖြစ်သည်။

တော်ဝင်စစ်ပွဲက အင်ပါယာရှား၏အာရုံကို အနည်းနှင့်အများ ဆုပ်ကိုင်မိမည် ဖြစ်သည်။

သို့သော်လည်း အခြေအနေအရ ဤသို့ ဖြစ်လာရန်မှအပ တခြားမရှိပေ။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ခေါင်းဆောင် အဖြစ်ဖြင့် ကျောက်မဟာ ပြည်ထောင်မှ တန်ခိုးရှင် နှစ်ယောက်အား ကျောက်ပြည်ထောင် ဘုရင်ရှေ့တွင် သတ်ဖြတ်ခဲ့သည်။ ကျောက်ပြည်ထောင် ဘုရင်၏ စိတ်နေသဘောထားဖြင့် မည်သို့ သည်းခံ နိုင်မည်နည်း။

သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား ထိုနေရာတွင်ပင် သတ်ဖြတ်၍​ မရပေ။ မည်သို့ဆိုစေ ရီဖူရှင်းကား အင်ပါယာရှား ကိုယ်တိုင် အသိအမှတ် ပြုထားသော တော်ဝင်မြေ ခေါင်းဆောင်ဖြစ်သည်။

သို့သော် ကျောက်ပြည်ထောင် ဘုရင်က သည်ကိစ္စကို ဘာမှ မဖြစ်ခဲ့သလို သဘောထား၍ မရပေ။

တခြား လူများက ကျောက်ပြည်ထောင် ဘုရင်ကို မည်သို့ ထင်မြင်ကြမည်နည်း။

လူငယ်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူက ရှုံးနိမ့်ခဲ့ရသည် ဟူသော စကားရပ်ကို ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ကိုယ်တိုင်က လက်မခံနိုင်ပေ။

ထို့ကြောင့် တော်ဝင်စစ်ပွဲကား မလွဲမသွေ ဖြစ်လာသည်။

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ကား ယခုမှ စတင်၍ အင်အား ကြီးမားလာသည့် အရိပ်အယောင် ပြသော်လည်း ယခု သူတို့ အဆင်သင့် မဖြစ်မီတွင်ပင် တော်ဝင်စစ်ပွဲ ရောက်လာသည်။ မြေရိုင်းပြည်နယ်ကား မကြာမီ အမြစ်ဖြုတ် ခံရမည့်ပုံစံ ရှိနေသည်။

မြန်ဆန်စွာပင် ကျောက်ပြည်ထောင်မှ လူများအားလုံးက ဆုတ်ခွာကြသည်။ ရီဖူရှင်းက ရှီဟွာတောင်မှ​ လူများကို ကြည့်သည်။ လျူကျောင်းကလည်း ရီဖူရှင်းကို လှမ်းကြည့်သည်။ မရဏတောင်ထက်၌ သူ၏အကြံပေးမှုနှင့်ပင် ရီဖူရှင်းက စစ်တုရင်ရှန့်ထိုကို သတ်ဖြတ်ရသာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့်ပင် သည်နေ့ သည်အခြေအနေ ဖြစ်လာ၏။

“သွားစို့...” ကျောက်ပြည်ထောင်မှ​ လူများကား ထွက်သွားကြပြီး ဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်က မြေရိုင်းပြည်နယ်အား စစ်ကြေညာလိုက်၏။ ရှီဟွာတောင်ကလည်း သည်နေရာတွင် ဆက်ရှိစရာ အကြောင်း မရှိတော့ပေ။

***

All Chapters