"ပြည့်စုံသောအမှန်တရားတစ်ခု"
Vol. 51 Ch. 786
သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် ဖှေးအားထက်မံ၍ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်မှ အမူယာသည် ရှုပ်ထွေးနေ၏။
မြောက်ပိုင်းဒေသဘုရားကျောင်းများ၏ အရှိန်၀ါကြီးမားသူများထဲမှတစ်ယောက်ဖြစ်သည့် ဤနေအဆင့်သခင်၏ စိတ်ထဲတွင် ခံစားချက်များစွာရှိနေ၏။
သူသည် ဤစစ်ဆင်ရေးအားကိုယ်တိုင်ရေးဆွဲခဲ့ပြီး ချမ်းဘော့ဒ်တိုင်းပြည်သည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ လအဆင့်သိုင်းဆရာအယောက်၂၀ကျော်တို့၏လက်ချက်ဖြင့်ပင်ကျဆုံးသွားလိမ့်မည်ဟုထင်ခဲ့သည်။ ရှီရဲဘုရားကျောင်းမှ နေအဆင့်သခင်နှစ်ပါးကိုပင် ခေါ်ဆောင်ခဲ့သော်လည်း သူတို့ကိုယ်တိုင် ထွက်တိုက်ခိုက်စရာ လိုအပ်လိမ့်မည်ဟုမထင်ခဲ့ပေ။
သို့သော် အခြေအနေသည်ထင်မထားသလိုဖြစ်လာခဲ့သည်။ ယခုအချိန်တွင် သူနှင့် ရှီရဲဘုရားကျောင်းမှ အကြီးကဲနှစ်ယောက်ကိုယ်တိုင် ၀င်ရောက်တိုက်ခိုက်ရနေပြီဖြစ်သော်လည်း အောင်မြင်မည်ဟု ကျိမ်းသေတွက်မရသေးပေ။
ယခုအချိန်တွင် အရာအားလုံးသည် ၅၀-၅၀ဖြစ်နေ၏။
"ငါမင်းကို တကယ်လျှော့တွက်ခဲ့မိတာပဲ..." သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် ဖှေးအားလေးနက်သည့်အမူယာတစ်ခုနှင့်အတူကြည့်လိုက်သည်။ ငွေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် အပြင်သို့စတင်၍ပြန့်နှံ့လာနေပြီး ဆက်ပြောလိုက်သည်။ "ဒါပေမယ့် မင်းကိုယ်တိုင်က စွမ်းအားကြီးမားတဲ့နေအဆင့်သခင်တစ်ပါးဖြစ်ပေမယ့် ချမ်းဘော့ဒ်တိုင်းပြည်ကတော့ ဒီအဖြစ်ဆိုးကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ မင်းကိုငါအချိန်ဆွဲထားနိုင်သ၍တော့ နေအဆင့်အောက်ကတိုက်ပွဲတွေမှာ ငါတို့ဘက်ကအားသာနေတုန်းပဲ။ ငါအမိန့်ပေးလိုက်တာနဲ့ နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှာပါ၀င်တဲ့ လအဆင့်သိုင်းဆရာတွေက မင်းရဲ့တိုင်းပြည်ကို ၁၅မိနစ်အတွင်းမှာဖျက်ဆီးပစ်လိုက်လိမ့်မယ်..."
သူသည် ဖှေးအားစကားလုံးများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်နေခြင်းဖြစ်သည်။
ဖှေး စွမ်းအားကြီးမားသည်ကို အာရုံခံနိုင်သောကြောင့် သူသည် အလျင်စလိုစတင်တိုက်ခိုက်ခြင်းမပြုသေးပေ။ ဖှေးသည် သူ၏တိုင်းပြည်အား များစွာဂရုစိုက်ကြောင်းသိသည့်အတွက်ကြော့င် သူသည် ဤအချက်ကိုအသုံးပြု၍ ဘုရင်အား ဖိအားပေးလိုနေ၏။
သူသည် ဖှေးအား အောင်မြင်စွာရန်စနိုင်ပြီး အာရုံများအောင်ပြုလုပ်နိုင်ပါက တိုက်ပွဲတွင် အသာစီးရမည်ဖြစ်သောကြောင့်ပင်။ ဤကဲ့သို့သေးငယ်သောအပြောင်းလဲသည် တိုက်ပွဲ၏ ရလဒ်ကို ကြီးမားစွာပြောင်းလဲစေနိုင်သည့်အတွက်ပင်။ နေအဆင့်သခင်များသည် များစွာစွမ်းအားကြီးမားသည့်အတွက်ရန်သူ၏ အမှားအားကောင်းမွန်စွာအသုံးချအမြတ်ထုတ်နိုင်၏။
"ဟားဟားဟား" ဖှေးရယ်မောလိုက်သည်။ သူသည် သဲနီဘုရားကျောင်း၏ဘုန်းတော်ကြီးဆီးနစ်ထက်ပင် တိုက်ပွဲများစွာတိုက်ခိုက်ဖူးသောကြောင့် ဆီးနစ်၏အကြံကို လွယ်ကူစွာထိုးဖောက်မြင်နိုင်လိုက်သည်။
သူသည် ရယ်မောလိုက်ရင်းဖြင့် ထပ်ပြောလိုက်သေးသည်။ "ဟာသပဲ...နဂါးသတ်စစ်ဆင်ရေးမဟာမိတ်ဆိုတာလဲဟာသပဲ။ ခင်ဗျားတို့အားလုံးက လူကြောက်တွေကြည့်ပဲ။ ချမ်းဘော့ဒ်တိုင်းပြည် ဘယ်လောက်စွမ်းအားကြီးမားတယ်ဆိုတာကို ခင်ဗျားတို့အားလုံးကို ဒီညသိအောင်ပြပေးလိုက်မယ်.."
ထို့နောက်တွင် ဖှေးသည် ရယ်မောနေခြင်းကို ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည် "င့ါကောင်တို့ ထွက်ခဲ့ကြတော့.."
သူပြောလိုက်သည့်အချိန်တွင် တုန်ခါသံများစွာနှင့်အတူ ရင်ပြင်ပေါ်တွင် အပြာရောင်ပေါ်တယ်များစွာထွက်ပေါ်လာတော့၏။
အလင်းတန်းများတောက်ပလာပြီး ပန်းပွင့်ကဲ့သို့သော တယ်လီပေါ့တ်မှော်အစီရင်များစွာထွက်ပေါ်လာကာ စွမ်းအားမြင့်သည့်လူများသည် ပေါ်တယ်အတွင်းမှထွက်လာပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်တော်များဘေးတွင်ရပ်လိုက်သည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်...
ထိုလူများအားလုံးသည် လအဆင့်သိုင်းဆရာများပင်။
ပထမဆုံးရောက်ရှိလာခဲ့သည့်လူနှစ်ယောက်သည် သူတော်စင်ဂျက်စီနှင့် မြင့်မြတ်သောသူရဲကောင်းအယ်လန်တို့ပင်။ ထို့နောက်တွင် သူတို့၏အနောက်၌သိုင်းဆရာသုံးယောက်ထက်မံ၍ရောက်ရှိလာသည်။ သူတို့သည် ၀တ်ရုံနက်ကျောင်းတော်မှ လူကြီးပိုင်းသူတော်စင်များပင်။ သူတို့သည် ကျောင်းတော်၏ နောက်ဆုံးကျန်ရှိနေသည့် စွမ်းအားများပင်။
တစ်ဖက်တွင်လည်း ပေါ်တယ်တစ်ခုအတွင်းမှ သက်ကြီးပိုင်းသိုင်းဆရာများထက်မံ၍ လမ်းလျှောက်ထွက်လာ၏။ သူတို့၏ အနောက်တွင် အသက်လတ်ပိုင်းအရွယ်စစ်သည်တော်သုံးယောက်ပါရှိသည်။ အသက်ကြီးကြီးသိုင်းဆရာများသည် ဒဏာရီလာနန်းတော်သို့ သွားရောက်ခဲ့စဥ်က ဖှေးကူညီခဲ့သည့် လူများပင်။ သူတို့သည် ဖှေးအားအလွန်မင်းကျေးဇူးတင်ခဲ့သည့်အတွက် သူတို့မိသားစုများမှ တစ်ခြားသောဆရာများနှင့်အတူ ဖှေး၏မင်္ဂလာပွဲသို့ လာရောက်ဂုဏ်ပြုခြင်းဖြစ်ကြသည်။
သူတို့သည် စွမ်းအားမြင့်မားသောရန်သူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း ချမ်းဘော့ဒ်ဘက်မ ရပ်တည်ရန်ဆုံးဖြတ်ချက်ချခဲ့ကြသည်။
အသက်လတ်ပိုင်းအရွယ်စစ်သည်တော်များသည် သူတို့၏ အမျိုးနွယ်များဖြစ်ပြီး ယခုအချိန်တွင် လအဆင့်စစ်သည်တော်များဖြစ်နေကြပြီဖြစ်သည်။
သူပုန်စခန်း၏ စစ်ရေးခေါင်းဆောင်သည်လည်း ပေါ်တယ်အတွင်းမှ တိတ်ဆိတ်စွာဖြင့် လမ်းလျှောက်ထွက်လာခဲ့၏။ ခက်ရှာသည် ပုံမှန်အတိုင်းအညိုရောင်၀တ်ရုံအား၀တ်ဆင်ထားပြီး သူမထံမှ ပြင်းထန်သောသတ်ဖြတ်လိုသည့် ဆန္ဒများကိုခံစားနေရသည်။ သူမသည် ဒိုင်ယာဘလိုကမ္ဘာမှ အယုံကြည်ရဆုံးစစ်သည်တော်များထဲမှတစ်ယောက်ဖြစ်ပြီး လွန်စွာစွမ်းအားမြင့်မားလှ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ အလိုအပ်ဆုံးသောအချိန်တွင် သူမသည် စာချွန်လွှာရုံးမှ တာ၀န်များကို ခနတာရပ်ဆိုင်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဧည့်သည်တော်များထိုင်နေသည့်နေရာတွင်လည်း စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားဂါရာနိုနှင့်၊ ဘိုဒတ်အင်ပါယာမှ မင်းသားဂါကော့ဗ်တို့သည်လည်း မက်တပ်ထကာ သူတို့အင်ပါယာမှ သိုင်းဆရာများနှင့်အတူ ချမ်းဘော့ဒ်တိုင်းပြည်ဘက်မှ ရပ်တည်လိုက်သည်။
ထို့အပြင် ဇီနစ်အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာများဖြစ်ကြသည့် ရီရဲ၊ စင်ဒီ၊ ကာနော့တ်နှင့် ဟူအက်တို့သည်လည်း ရင်ပြင်ပေါ်သို့ ရောက်လာကြသည်။ သူတို့သည် လအဆင့်သိုင်းဆရာများမဖြစ်ကြသေးသော်လည်း ကျွမ်းကျင်သည့် ကြယ်အဆင့်သိုင်းဆရာများပင်။ ထို့ကြောင့် နဂါးသတ်စစ်ဆင်ရေးအဖွဲ့မှအားနည်းသည့်ရန်သူများကို ရင်ဆိုင်ကာ ချမ်းဘော့ဒ်တိုင်းပြည်မှ ပြည်သူများကို ကာကွယ်ပေးနိုင်၏။
"ဖုန်း ဖုန်း ဖုန်း ဖုန်း..."
အခိုက်တန့်တစ်ခုကြာခန့် ရင်ပြင်ပေါ်တွင်ပေါက်ကွဲသံများဖြင့် ဆူညံသွားသည်။
ပြင်းထန်သောတိုက်ပွဲများအပြီးတွင် တိုက်ပွဲသုံးစွမ်းအင်အကာရံများထဲတွင်ရှိနေကြသည့် ပီတာ၊ ပီးရာ့စ်နှင့် ရော်ဘင်တို့သည် သူတို့၏ သက်ဆိုင်ရာရန်သူများကို သတ်ဖြတ်အနိုင်ယူပြီးဖြစ်၏။
စွမ်းအင်အကာရံ၏ အပြာရောင်နံရံများမရှိတော့သည့်အတွက်ကြောင့် လူများသူတို့၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူတို့အားလုံးပြင်းထန်စွာဒဏ်ရာရရှိထားကြသော်လည်း စိတ်ဓာတ်တက်ကြွနေဆဲပင်။ မောပန်းသည့်ပုံမရှိကြ။
ရန်သူများ၏ ဦးခေါင်းများကိုကိုင်ရင်းဖြင့် လမ်းလျှောက်လာကာ သူတို့၏ရဲဘော်များဘေးတွင်ရပ်လိုက်သည်။
အထပ်ပေါင်းကိုးထပ်ရှိသည့် လက်ထပ်ခြင်းအခမ်းနားအဆောက်ဦးပေါ်တွင်ရပ်နေရင်းဖြင့် အလင်းတန်းတစ်ခုတောက်ပသွားသည်နှင့်အတူ မာဗီနာလေးသည် အယ်လီနာ၏လက်ထဲသို့ ရောက်လာခဲ့သည်။
မာဗီနာချပ်၀တ်သည်လည်း သူမအား ကြံ့ခိုင်မာကြောသည့်ပုံပေါက်စေသည်။ မာဗီနာလေးသည် သူမ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများကို အေးစက်သည့်ခံစားချက်တစ်ခုပေးနေလျှက်ရှိသည်။ သူမ၏စွမ်းအင်အရှိန်၀ါသည် များစွာတိုးမြှင့်လာခဲ့ပြီး သူမ၏ စွမ်းအားသည်လည်း နေအဆင့်နှင့်အလွန်မင်းနီးကပ်နေ၏။
စွမ်းအင်မီးတောက်များသည် အလွန်တောက်ပနေသည့်အတွက် သူမသည် ချမ်းဘော့ဒ်စစ်သည်တော်များ၏ ဗဟိုချက်ဖြစ်နေသလိုပင်။
သူမ၏ အနီရောင်ဆံပင်များသည် ညဘက်လေညှင်းနှင့်အတူ လွှင့်ပျှံနေပြီး ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားပြီး လေးတစ်လက်ကို ကိုင်ဆောင်ထားသည့် အယ်လီနာသည် စစ်နတ်သမီးတစ်ပါးလိုပင်။
ရုတ်တရက် အယ်လီနာသည် သူမ၏ ဒုတိယသွေးမျိုးဆက်ဖြစ်သည့် ပါလာဒင်၏အစွမ်းကိုအသုံးပြုလိုက်သည်။
သူမ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ရွှေရောင်အလင်းတန်းများသည် ပီတာ၊ ဒရော့ဂ်ဘာကဲ့သို့သော ဒဏ်ရာရနေကြသည့် ချမ်းဘော့ဒ်စစ်သည်တော်များထံသို့ ပျံသန်းသွားလိုက်ပြီး ၄င်းတို့၏ ဒဏ်ရာများသည်လည်း မြင်နိုင်လောက်သည့်အမြန်နှုန်းဖြင့် လျှင်မြန်စွာပျောက်ကင်းလာကြတော့၏။ ထို့အပြင် သူတို့၏ သက်လုံနှင့် ရှင်သန်နိုင်စွမ်းတို့သည်လည်း အမြင့်ဆုံးအခြေအနေသို့ ပြန်လည်ကာရောက်ရှိလာသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ချမ်းဘော့ဒ်တိုင်းပြည်သည် အစပိုင်းများစွာစွမ်းအားမြင့်တက်လာ၏။
ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်ဘက်တွင် လအဆင့်သိုင်းဆရာအယောက်၂၀ကျော်ခန့်ရှိနေပြီး သူတို့ထဲတွင် အယ်လီနာသည် နေအဆင့်ရောက်ခါနီးဖြစ်သောကြောင့် လအဆင့်စစ်သည်များကြားထဲတွင် ပြိုင်ဘက်ကင်းမဲ့သည်ဟုဆိုနိုင်၏။
ဤမျှသာမဟုတ်သေးပေ။ ရင်ပြင်၏ပတ်ပတ်လည်တွင်ရှိနေသည့် တိတ်ဆိတ်ငြိမ်သက်နေသော သာမန်ခံတပ်များသည်လည်း ရုတ်တရက်အသွင်ပြောင်းလဲသွား၏။
ခံတပ်ပေါ်တွင်ရွှေရောင်မှော်အစီရင်များ တောက်ပလာပြီး ကြောက်မက်ဖွယ်ဒူးလေးများသည် အပေါက်များအတွင်းမ တွန်းထွက်လာကြသည်။ ဒူးလေးများပေါ်တွင်ရှိနေသည် မြှားချွန်များသည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့၏သိုင်းဆရာများထံသို့ချိန်ရွယ်ထား၏။
အခြေအနေသည် ချက်ချင်းလိုလိုပင် ပြောင်းလဲသွား၏။
လူအင်အားနည်းနေသည့် ချမ်းဘော့ဒ်တိုင်းပြည်သည် ယခုအချိန်တွင်လုံး၀ပင် ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
"မင်း..ဒါက..." သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် သူမြင်နေရသည့်အရာအားယုံကြည်နိုင်ခြင်းမရှိပေ။
"ချမ်းဘော့ဒ်တိုင်းပြည်မှာ ဘယ်လိုဖြစ်ပြီးတော့ လအဆင့်သိုင်းဆရာတွေအများကြီးရှိနေရတာလဲ...နောက်ပြီးတော့ စိန့်ဂျာမိန်းအင်ပါယာနဲ့ ဘိုဒတ်အင်ပါယာကရော ချမ်းဘော့ဒ်ဘက်ကရပ်တည်ပြီး မဟာဘုရားကျောင်းကိုတိုက်ခိုက်ရဲတာလား။ ရှီရဲဘုရားကျောင်းတော်လက်တုန့်ပြန်မှာကို မကြောက်ကြဘူးလား..." သူစိုးရိမ်စွာဖြင့်တွေးလိုက်မိသည်။ လက်ရှိအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည်အားသာနေပြီဖြစ်သောကြောင့် ချမ်းဘော့ဒ်ဘုရင်သည် နောက်စံတင်းစရာမလိုပဲတိုက်ခိုက်နိုင်ပြီဖြစ်သည်။
"ဘာလဲ...ခင်ဗျားအံ့သြသွားပြီလား...ခင်ဗျား မသိတာတွေအများကြီးရှိပါတယ်လို့ ကျွန်တော်မပြောခဲ့ဘူးလား။ မျက်လုံးတွေဖွင့်ထားပြီးတော့ ဇာတ်လမ်းကိုသာဆက်ကြည့်နေလိုက်ပါ.." ဖှေးသည် ဆီးနစ်အား ပြင်းထန်စွာစိုက်ကြည့်ရင်း ဆက်လက်၍ လှောင်ပြောင်နေလိုက်သည်။
မြင့်မားသော လက်ထပ်ခြင်းအခမ်းနားအဆောက်ဦးပေါ်တွင်ရပ်နေသည့် အန်ဂျယ်လာသည် ဖှေးအားညင်သာစွာပြုံးပြလိုက်သည်။ ထို့နောက်တွင် သူမလက်နှစ်ဖက်အား စုစည်းကာ ရင်ဘက်နားသို့ကပ်လိုက်ပြီး ဆုတောင်းနေသကဲ့သို့ တစ်စုံတစ်ရာကိုရေရွတ်နေ၏။
ရုတ်တရက်ပင် ထူးခြားကာမြင်နိုင်စွမ်းမရှိသည့်စွမ်းအင်တစ်မျိုးသည် အန်ဂျယ်လာအား ဗဟိုပြု၍ပြန့်နှံ့လာပြီး ဖှေးတစ်ယောက်သာလျှင် ထိုစွမ်းအင်ကိုအာရုံခံနိုင်၏။
နောက်အခိုက်တန့်တွင် စိတ်ကူးမယဥ်နိုင်လောက်သည့်အရာတစ်ခုဖြစ်ပျက်သွားတော့သည်။
ကျယ်လောင်သည့် ကြောက်မက်ဖွယ်ဟိန်းဟောက်သံများကို ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံမှကြားလိုက်ရပြီး ကောင်းကင်ကြီးတစ်ခုလုံးလှုပ်ရှားပြီး မြေပြင်တစ်ခုလုံးတုန်ခါနေသလိုလူများခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်အသံလှိုင်းများသည် ရင်ပြင်သို့ဦးတည်လာနေပြီး ရှားပါးကြမ်းကြုတ်သည့် သားရဲကောင်များရောက်ရှိလာတော့မည့်အတိုင်းပင်။