"လုပ် ကြံ သတ် ဖြတ် သူ"
Vol. 51 Ch. 791
"ဟားဟားဟား အရှုံးပေးလိုက်တော့။ မင်းင့ါရဲ့ နေမူမမှန်ခြင်းထဲကို ဆွဲခေါ်ခံလိုက်ရကတည်းက မင်းရဲ့ကံကြမ္မာက ဆုံးဖြတ်ပေးပြီးသွားပြီ။ မင်းက စင်းတီတုံးပေါ်ရောက်နေတဲ့ အသားတုံးတစ်ခုလိုပဲ။ ငါကတော့ ဓားကိုင်ထားတဲ့ စားဖိုမှူးပဲ။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား အသုံးမ၀င်ပဲ အဓိပ္ပါယ်မဲ့နေလိမ့်မယ်..." ဘုန်းတော်ကြီးဆီးနစ်မှ အော်ဟစ်လိုက်သည်။
သူ၏လက်များကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် အလင်းတန်းများစွာသည် ကောင်းကင်ပေါ်မှကျဆင်းလာပြီး ဖှေးအားတိုက်ခတ်လိုက်သည်။ ဘုရင်သည် ဓားသွားများစွာဖြင့် ထိုးနှက်ခြင်းခံနေရသလိုပင်။
နေအဆင့်သခင်များ၏တိုက်ပွဲသည် အလွန်အန္တရာယ်ကြီးမားပြီး အသက်ရှူမှားလောက်၏။ သူတို့တစ်ယောက်ခြင်းစီတိုင်းသည် ကုန်းမြေအားဖျက်ဆီးနိုင်သည့်စွမ်းအားများပိုင်ဆိုင်ထားပြီး သူတို့၏ သာမန်တိုက်ခိုက်မှုတစ်ခုကပင် သာမန်စစ်သည်များ၏ စစ်ပွဲတစ်ခုအား ပြောင်းလဲစေနိုင်၏။
ထူးခြားသည့်စွမ်းအားတို့အပြင် နေမူမမှန်ခြင်းကိုလည်း ပိုင်ဆိုင်ထား၏။
သို့သော် နေမူမမှန်ခြင်းအားအသုံးပြုရန်အတွက် အချိန်မှန်နေရာမှန်ဖြစ်ရန်လိုအပ်၏။
ဥပမာအားဖြင့် စွမ်းအားလယ်ဗယ်တူညီသည့် နေအဆင့်သခင်နှစ်ပါးတိုက်ခိုက်နေသည့်အချိန်တွင် ရန်သူတစ်ယောက်အတွက် သူသို့မဟုတ် သူမ၏ ရန်သူအားနေမူမမှန်ခြင်းထဲသို့ ဆွဲသွင်းရန်မှာ ခဲယဥ်းလှသည်။
စွမ်းအားအဆင့်တူညီသည့် ရန်သူအား နေမူမမှန်ခြင်းအတွင်းသို့ ခေါ်ဆောင်ဆွဲသွင်းရန်မှာ ရန်သူသည် ဒဏ်ရာပြင်းထန်စွာရှိနေပြီး ပို၍အားနည်းနေသည့်အခြေအနေတွင်သာဖြစ်နိုင်၏။ ဥပမာအားဖြင့် ဘုန်းတော်ကြီးဆီးနစ်သည်လည်း ဖှေးလုပ်ကြံသတ်ဖြတ်သူကြောင့် ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့သည့်အချိန်တွင်သာ ဖှေးကို သူ၏ နေမူမမှန်ခြင်းထဲသို့ ခေါ်ဆောင်သွားခဲ့နိုင်လိုက်သည်။ ပုံမှန်အတိုင်းဆိုပါက ခေါ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် တစ်စုံတစ်ယောက်သည် နေမူမမှန်ခြင်းထဲသို့ ဆွဲသွင်းခံလိုက်ရပါက အလွန်အန္တရာယ်များသွားလိမ့်မည်ဖြစ်သည်။ သူ သို့မဟုတ် သူမသည် ရန်သူအား အနိုင်ယူလိုက်ခြင်းသို့မဟုတ် ရန်သူ၏ နေမူမမှန်ခြင်းအား ဖျက်ဆီးခြင်းမပြုပဲ သူ၏ နေမူမမှန်ခြင်းအား ထက်မံ၍အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် နေမူမမှန်ခြင်းသည် ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး ပိုင်ရှင်သည် ထိုလောကထဲတွင်မည်သည့်အရာကိုမဆို ပြုလုပ်နိုင်မည်ဖြစ်သောကြောင့်ပင်။ တိုက်ပွဲမြေသည် ပိုင်ရှင်အားပို၍အားသာစေမည်ဖြစ်ပြီး ပိုင်ရှင်သည်လည်း သူ့အားအားသာစေမည့် လောကနိယာမများကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။
အစစ်မှန်ကြောက်စရာကောင်းသည့်အရာမှာ နေမူမမှန်ခြင်းထဲသို့ ဆွဲသွင်းခံလိုက်ရသည့်လူသည် စွမ်းအင်များကိုပြန်လည်ဖြည့်တင်းနိုင်မည်မဟုတ်သော်လည်း ရန်သူ၏ စွမ်းအင်များသည်အကန့်သက်မဲ့နေခြင်းပင်။
ဘုန်းတော်ကြီးဆီးနစ်ဖှေးအား နေမူမမှန်ခြင်းထဲသို့ အလွယ်တကူ ဆွဲသွင်းလိုက်နိုင်ခြင်းသည် လုပ်ကြံသတ်ဖြတ်သူကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့သောကြောင့်ဖြစ်သည်။
ဖှေးဒဏ်ရာရရှိသွားသည့်အချိန်တွင် သူဒေါသဖြစ်သွားပြီး စက္ကန့်၀က်ခန့် သတိလွတ်သွားခဲ့သည်။ သူ၏အားနည်းချက်အား အချိန်အနည်းငယ်သာ ပြသခဲ့သော်လည်း ဘုန်းတော်ကြီးဆီးနစ်သည် ထိုအမှားကိုအသုံးချနိုင်သွားခဲ့သည်။
တကယ်တန်းတွင် ဖှေးအား ဘုရားသခင်၏စွန့်ပစ်နယ်မြေထဲသို့ ဆွဲသွင်းလိုက်ခြင်းသည် ဘုန်းတော်ကြီးဆီးနစ်၏အစီစဥ်တစ်စိတ်တစ်ပိုင်းပင်။
ဤသည်မှာ ဖှေးအတွက် ပထမဆုံးနေအဆင့်ရန်သူတစ်ယောက်နှင့်တိုက်ခိုက်ဖူးခြင်းဖြစ်ပြီး သင်ခန်းစာကြီးကြီးတစ်ခုကိုရရှိသွားခဲ့သည်။
ငွေရောင်စွမ်းအင်အလင်းတန်းများသည် ဖှေးအားကောင်းကင်ပေါ်မှ အဆက်မပြတ်တိုက်ခိုက်နေလျှက်ရှိပြီး ဖှေးသည်လည်း နေရာအဆက်မပြတ်ပြောင်းကာ ရှောင်တိမ်းနေရပြီး တန်ပြန်တိုက်ခိုက်ရန်အတွက်အစီစဥ်တစ်ခုဆွဲနေရလျှက်ရှိသည်။ သူသည် ထက်မံ၍ ဒဏ်ရာရခြင်းမရှိသေးသော်လည်း သူ၏အခြေအနသည် ပို၍ပို၍ဆိုး၀ါးလာသည်။
နောက်ဆုံးတွင် သူသည် အချိန်မှီရှောင်ရှားနိုင်ခြင်းမရှိတော့ပဲ ငွေရောင်အလင်းတန်းများအား ထိပ်တိုက်ရင်ဆိုင်နေရ၏။ သွေးများသည်လည်း သူ၏ညာဘက်ပခုံးမှ အဆက်မပြတ်စီးကျလာနေလျှက်ရှိသည်။ ယခုအချိန်တွင် သူ၏အပြာရောင်၀တ်ရုံသည် သွေးများဖြင့်ရွဲနစ်နေတော့သည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ကောင်းကင်ပေါ်တွင်ရှိနေသည့် ဘုန်းတော်ကြီးဆီးနစ်သည် ပို၍ပို၍တုန်လှုပ်လာ၏။
ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားသည် သူထင်ထားသည်ထက်များစွာပို၍သာလွန်နေသောကြော့င်ပင်။ ဘုရင်သည် စွမ်းအင်အလင်းတန်းများ၏ တိုက်ခိုက်ခြင်းကိုခံနေရသော်လည်း ပင်ပန်းနွမ်းနယ်သည့်ပုံမပေါ်ပေ။ သူ၏ စွမ်းအင်များစွာကိုအသုံးပြုပြီးဖြစ်သော်လည်း ဘုရင်သည် အားနည်းလာသည့်ဟန် နှေးကွေးလာသည့်ဟန်မရှိပေ။
ကြမ်းတမ်းသောလူရိုင်းတစ်ကောင်လိုပင် ဘုရင်သည် ဆီးနစ်၏ နေမူမမှန်ခြင်းထဲတွင် သူရဲကောင်းဆန်ဆန်ဖြင့် ရှင်သန်နေလျှက်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ခံနိုင်ရည်စွမ်းပင်။
-ချမ်းဘော့ဒ်မြို့တော် ရင်ပြင်ပေါ်တွင်-
အနီရောင်မီးတောက်များနှင့် ကောင်းကင်ပေါ်တွင်ပေါ်လာသည့် အနီရောင်အက်ကွဲကြောင်းကြီးကိုလူတိုင်းမြင်လိုက်ရသည်။ ထို့နောက်တွင် ကောင်းကင်ပေါ်တွင်တိုက်ခိုက်နေခဲ့ကြသည့် ဘုန်းတော်ကြီးဆီးနစ်နှင့် ချမ်းဘော့ဒ်ဘုရင်တို့သည် ထိုအက်ကွဲကြောင်းထဲသို့ ၀င်ရောက်သွားခဲ့ပြီး ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
"ဒါက...ဘုန်းတော်ကြီးဆီးနစ်ရဲ့ နေမူမမှန်ခြင်းလား..." တစ်စုံတစ်ယောက်ထံမှ အာမေဍိတ်သံတစ်ခုထွက်ပေါ်လာသည်။
လက်ရှိအခြေအနေအရ တစ်ဖက်သည် အလွန်မင်းအားသာနေပြီး ချမ်းဘော့ဒ်သည်အားသာနေသည့်ဘက်က်ဖြစ်သည်။
ကောင်းကင်ပေါ်တွင်ရှိနေသည့် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများ၏အကူညီဖြင့် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် နဂါးသတ်စစ်ဆင်ရေးတပ်ဖွဲ့မှ ရန်သူများအားလုံးနီးနီးကိုပင် သတ်ဖြတ်ပြီးဖြစ်သည်။ ယနေ့ညသည် သွေးချောင်းစီးမည့်ညဖြစ်ပြီး ခရီးသွားကဗျာဆရာများအတွက်ပြောစရာဇာတ်လမ်းတစ်ပုဒ်ပင်။
ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိပါက စွမ်းအားမြင့်မားသည့် လအဆင့်သိုင်းဆရာများသည် သာမန်လူများကဲ့သို့ သတ်ဖြတ်ခြင်းခံနေရသည်ကို မည်သူမှယုံနိုင်ကြလိမ့်မည်မဟုတ်ပေ။
ထူးခြားခန့်ညားသည့် ချပ်၀တ်တစ်စုံဖြင့် စစ်နတ်သမီးအယ်လီနာသည် တိုက်ပွဲတွင်၀င်ရောက်တိုက်ခိုက်ခြင်းမရှိပေ။
သူမသည် ဖှေးပျောက်ကွယ်သွားခဲ့သည့်နေရာသို့ ကြယ်ပွင့်လေးများကဲ့သို့သောလှပသည့် မျက်လုံးအစုံဖြင့်စိုက်ကြည့်နေလျှက်ရှိပြီး သူမသည် အနည်းငယ်စိုးရိမ်နေသည့်ပုံပင်။ သူမသည် နေမူမမှန်ခြင်းကို အရင်ကမြင်တွေ့ဖူးခြင်းမရှိသော်လည်း ထိုစွမ်းအင်အကြောင်းကို ကြားခဲ့ဖူး၏။
"အလတ်ဇန္ဒား နင်အဲ့နေရာကနေ အသက်ရှင်လျှက်ထွက်လာရမယ်..."
အယ်လီနာသည် စိတ်ထဲမှ ဆုတောင်းလိုက်သည်။ သို့သော် သူမသည် အာရုံထွေပြားနေဟန်မရှိပေ။
ဖှေးအား ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်လုပ်ကြံသတ်ဖြတ်သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့သော်လည်း မသေးသေးပေ။ သူသည် ရင်ပြင်၏ တစ်နေရာရာတွင်ပုန်းအောင်နေပြီး နောက်ထပ်အခွ့င်ကောင်းတစ်ခုကို စောင့်ဆိုင်းနေနိုင်၏။
ထိုလုပ်ကြံသတ်ဖြတ်သူသည် နေအဆင့်သို့ရောက်ခါနီးနေသည့် စွမ်းအားမြင့်မားသည့်လူတစ်ယောက်ဖြစ်ကြောင်း အယ်လီနာသိရှိ၏။ ထိုလုပ်ကြံသတ်ဖြတ်သူသာ အလိုရှိပါက ရင်ပြင်ပေါ်တွင်ရှိနေသည့် သိုင်းဆရာများအားလုံးကို တစ်ယောက်ခြင်းချောင်းမြောင်းသတ်ဖြတ်နိုင်၏။
သူမ၏ တာ၀န်သည် ချမ်းဘော့ဒ်သိုင်းဆရာများကို ထိုလုပ်ကြံသတ်ဖြတ်သူ၏ လက်မှကာကွယ်ပေးရန်ဖြစ်ကြောင်းကို အယ်လီနာသိရှိသည်။ ထို့ကြောင့် ဖှေးပြန်မလာခင် ထိုလုပ်ကြံသတ်ဖြတ်သူအား ရှာဖွေကာသတ်ဖြတ်ရန်အတွက် သူမကြိုးစားနေ၏။
ကံကောင်းစွာပင် ဖှေးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့သည့် ထိုလုပ်ကြံသတ်ဖြတ်သူသည် ဒေါသဖြစ်နေ၏၊။
အယ်လီနာသည် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရှုနေပြီး စွမ်းအင်လှိုင်းများကိုအာရုံခံရခြင်းမရှိသည့်အတွက်ကြောင့် အနည်းငယ်စိတ်အေးသွားသည်။
ထိုစိတ်အေးနေစဥ်မှာပင် သူမရုတ်တရက်တစ်စုံတစ်ရာကို အာရုံခံလိုက်မိပြီး သူမ၏ မျက်နှာသည်လည်း အရောင်ပြောင်းလဲသွားတော့၏။ သူမသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။
ကောင်းကင်ပေါ်တွင် အန်ဂျယ်လာသည် ဘလက်ကီ၏ ကြောပေါ်တွင်ရှိသော ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေဆဲဖြစ်ပြီး သူမသည် ရန်သူများကိုသတ်ဖြတ်ရန်အတွက် နတ်ဆိုးသားရဲများကို အမိန့်ပေးနေလျှက်ရှိသည်။
သူမသည် ဖြစ်ပေါ်လာတော့မည့် အန္တရာယ်အားလုံး၀ပင်သိရှိခြင်းမရှိပေ။
မြေပြင်ပေါ်တွင် လူပေါင်းများစွာသေဆုံးနေကြ၏။ သွေးများသည်လည်း သေမင်း၏ ပန်းပွင့်များကဲ့သို့ပင် ပန်းထွက်နေကြသည်။
ထို့ကြောင့် အန်ဂျယ်လာသည် စိတ်ခံစားချက်မကောင်းပေ။ သွေးထွက်သံယိုမြင်ကွင်းများသည် ဤကောင်မလေးကို စိတ်မကောင်းဖြစ်စေသည်။ ထို၀မ်းနည်းမှုသည် သူမ၏ထံမှထွက်ပေါ်နေသည့် သန့်ရှင်းစင်ကြယ်သည့်အရှိန်၀ါအား တစ်နည်းအားဖြင့် ပို၍စူးရှလာစေ၏။
သူမ၏အနက်ရောင်ဆံပင်များသည် လေထဲတွင်လွှင့်ပျံနေရင်းဖြင့် အနက်ရောင်ရေတံခွန်တစ်ခုလိုပင်။ သူမသည် ပုလ္လင်ပေါ်မှ ထရပ်လိုက်၏။ သူမ၏ လှပသောခန္ဓာကိုယ်သည် လှပသောလရောင်အောက်တွင် အချိန်လောကထဲတွင်ရပ်တန့်နေသည့် ပန်းချီကားတစ်ချပ်ကိုဖန်တီးပေးလိုက်၏။
"သတိထား အန်ဂျယ်လာ..." စစ်နတ်သမီး၏ ဒေါသဖြစ်ကာ စိုးရိမ်သည့်အသံကိုအောက်မှကြားလိုက်ရသည်။
"ဟင်..." အန်ဂျယ်လာသည် ဘာဖြစ်နေသည်ကိုမသိပေ။
ဤအခိုက်တန့်တွင် ဘလက်ကီသည် တစ်စုံတစ်ခုကို သတိထားလိုက်မိသည်။ ဟိန်းဟောက်ကာ သူ၏အတောင်ပံများကို ခတ်လိုက်ပြီးကောင်းကင်ပေါ်သို့ ပို၍မြင့်မားစွာပျံသန်းသွားလိုက်ပြီး ကြောက်မက်ဖွယ်လိမ္မော်ရောင်မီးတောက်ကြီးများကို မှုတ်ထုတ်လိုက်သည်။
သို့သော် အရာအားလုံးနောက်ကျသွားသည့်ပုံပင်။
လုပ်ကြံသတ်ဖြတ်သူသည် မီးတောက်များကိုရှောင်ရှား၍ ဘလက်ကီ၏ကြောပေါ်သို့ ရောက်လာခဲ့သည်။
ထိုလူသည် ဖှေးအား ချောင်းမြောင်းတိုက်ခိုက်ခဲ့သည် လုပ်ကြံသတ်ဖြတ်သူပင်။
နှုတ်ခမ်းပေါ်တွင်သွေးများစီးကျနေရင်းဖြင့် သူ၏ ရက်စက်ကြမ်းကြုတ်သောအကြည့်များသည် အန်ဂျယ်လာအပေါ်သို့ ကျရောက်သွား၏။
ခန္ဓာကိုယ်အရွယ်စားနှင့်ယှဥ်ကြည့်ပါက များစွာပို၍ကြီးမားနေသည့် သူ၏လက်မျးသည် အေးစက်သည့်အလင်းရောင်များထုတ်လွှတ်ကာ အန်ဂျယ်လာ၏ ဖြူဖွေးသောလည်ပင်းအား ချိန်ရွယ်၍တိုက်ခိုက်လိုက်၏။