← Chapters

"လုပ် ကြံ သတ် ဖြတ်"

Vol. 51 Ch. 789

"လုပ် ကြံ သတ် ဖြတ်"

Vol. 51 Ch. 789

ဖှေးသည် သူ၏ရန်သူများရှေ့တွင် ဟိတ်ဟန်ထုတ်ရသည်ကို နှစ်သက်သည်။

နတ်ဆိုးသားရဲတပ်ဖွဲ့၏ အစွမ်းသည်မြင့်မားပြီး သူတို့၏ အသွင်ပြင်မှာလည်း ကြောက်မက်ဖွယ်ဖြစ်သည့်အတွက် ဘုရင်ကျေနပ်နေလျှက်ရှိသည်။

ထို့ကြောင့် သူသည် ဘုန်းတော်ကြီးဆီးနစ်အား အညှာတာကင်းမဲ့စွာလှောင်ပြောင်လိုက်သည်။

"ဒါကိုထင်မထားဘူး...ဘယ်သူမှလည်းထင်ထားခဲ့မှာမဟုတ်ဘူး ချမ်းဘော့ဒ်လိုတိုင်းပြည်ငယ်လေးက ငါ့ကိုဒီလောက်ထိဖိအားပေးနိုင်ခဲ့တာပဲ။ ဒီလိုစွမ်းအားက ချမ်းဘော့ဒ်ကို ဒေသအတွင်းစိုးမိုးနိုင်စေဖို့လုံလောက်တယ်။ မင်းဂုဏ်ယူသင့်တယ်..."

ဤအခိုက်တန့်တွင် သူသည် ချမ်းဘော့ဒ်တိုင်းပြည်အား အဆပေါင်းများစွာအထင်ကြီးပြီး တွက်ဆခဲ့သော်လည်းလုံလောက်ခြင်းမရှိသေးကြောင်းကို ဘုန်းတော်ကြီးဆီးနစ်၀န်ခံရလိမ့်မည်ဖြစ်သည်။ သူ၏အကြံစည်သည် ဖျက်ဆီးခံလိုက်ရပြီး သူသည် ဤအခြေအနေတွင်ရှုံးနိမ့်နေ၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားသည် လယ်ဗယ်၅၊ လယ်ဗယ်၆အင်ပါယာတစ်ခု၏ စွမ်းအားနှင့်ညီမျှနေသည့်အတွက်ကြောင့် အဖွဲ့၀င်တိုင်းပြည်ငယ်လေးဟုခေါ်ဆို၍ရနိုင်တော့မည်မဟုတ်ပေ။

သဲနီဘုရားကျောင်း၏ဘုန်းတော်ကြီးဆီးနစ်သည် မြင်နေရသည့်အရာများကိုယုံကြည်နိုင်ခြင်းမရှိပဲ အမြင့်မားဆုံးတုန်လှုပ်နေ၏။

ယခုအချိန်တွင် ဆီးနစ်၏ စိတ်ထဲတွင်ရှိနေသည့်အရာများကို ဖော်ပြရန်စကားလုံးမရှိပေ။

သူအောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှသိုင်းဆရာများသည်လည်း နတ်ဆိုးသားရဲများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုတွေ့လိုက်ရသည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် အားသာနေ၏။ သူတို့သည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှသိုင်းဆရာများကို အပြတ်သက်ချေမှုန်းနေလျှက်ရှိသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ သိုင်းဆရာများသည် အပြင်းထန်ဒဏ်ရာရခြင်း၊ သို့မဟုတ်သတ်ဖြတ်ခြင်းခံနေရ၏။ ခုခံနိုင်ခြင်းမရှိပေ။

သူ့အား ပို၍အံ့သြစေသည့်အရာသည် ချမ်းဘော့ဒ်တိုင်းပြည်အခြေအနေအား ပြောင်းပြန်လှန်နေသည့်အချိန်တွင် ရင်ပြင်ပတ်ပတ်လည်တွင်ရပ်ကြည့်နေခဲ့ကြသည့် ချမ်းဘော့ဒ်ပြည်သူများ မရှိကြတော့ခြင်းပင်။ ချမ်းဘော့ဒ်ရင်ပြင်ပတ်ပတ်လည်တွင် ရင်ပြင်ထဲတွင်တိုက်ခိုက်နေကြသည့်လူများမှလွဲ၍ သာမန်ပြည်သူတစ်စုံတစ်ယောက်မှ မရှိတော့ပေ။

"ပြည်သူတွေအကုန်ဘယ်ရောက်ကုန်တာလဲဟ..." သူတွေလိုက်မိသည်။ "ဒါက ကြိုတင်ပြင်ဆင်ထားတာပဲ။ ချမ်းဘော့ဒ်ပြည်သူတွေက ဒီလိုအချိန်အတွက်ကြိုပြင်ဆင်ထားတယ်..."

သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် ထိုကဲ့သို့ စဥ်းစားလိုက်မိသည့်အချိန်တွင် သူ၏မျက်နှာအကျည်းထန်သွား၏။ ဖြူဖက်ဖြူရော်ပင်ဖြစ်သွားတော့သည်။

သူစနစ်တကျစီစဥ်ထားခဲ့သည့် စစ်ဆင်ရေးအား ဘုရင်ငယ်မှ ထိုးဖောက်မြင်နိုင်သလိုအကုန်သိနေခြင်းပင်။ သူ့ထံတွင်၀ှက်ဖဲများစွာရှိနေသော်လည်း ဤဘုရင်ငယ်သည် ထို၀ှက်ဖဲများကို ကြိုတင်ခန့်မှန်းနိုင်နေသလိုပင်။

ဤကဲ့သို့လဲမဖြစ်နိုင်။ ဖြစ်နိုင်သည့်အရာမှာ ချမ်းဘော့ဒ်ဘုရင်သည် နဂါးသတ်စစ်ဆင်ရေးမစတင်ကပင် စစ်ဆင်ရေးအကြောင်းကို အသေးစိတ်သိနေခဲ့ခြင်းဖြစ်နိုင်၏။

ဆီးနစ်၏ခေါင်းထဲတွင် ဤအချက်ကို တွေးလိုက်မိသည့်အချိန်တွင်သူ၏နှလုံးခုန်သံများမြန်ဆန်လာတော့သည်။

မြောက်ပိုင်းဒေသဘုရားကျောင်းချုပ်၏ ဘုန်းတော်ကြီးပလတ်တီနီသူ့အား နှစ်သက်ရသည့်အကြောင်းရင်းမှာ စွမ်းအားကြီးမားခြင်းအပြင် အစီစဥ်ဗျူဟာကောင်းသောကြောင့်လဲဖြစ်သည်။ သူသည် တွေးခေါ်နိုင်စွမ်းကြီးမားပြီး စစ်ဆင်ရေးတစ်ခုအား ထောင့်စေ့အောင်စီစဥ်နိုင်၏။ သူသည် အကောင်းဆုံးသော ဗျူဟာမှူးတစ်ယောက်ပင်။

သို့သော် ယခုအချိန်တွင် သူကျဆုံးခဲ့သည်။ စွမ်းအားခြင်းယှဥ်လျှင်သာကျရှုံးခြင်းမဟုတ်ပဲ အစီစဥ်ခြင်းယှဥ်ပြိုင်ရာတွင်လည်း ရှုံးနိမ့်ခဲ့သည်။

"ချမ်းဘော့ဒ်ဘုရင်က ငါတို့အစီစဥ်တွေကို ဘယ်လိုဖြစ်ပြီးတော့ ကြိုသိနေတာလဲ။ နဂါးသတ်မဟာမိတ်အဖွဲ့ထဲမှာ သစ္စာဖောက်တွေများရှိနေလို့လား..."

ဘုန်းတော်ကြီးဆီးနစ်ဆွံ့အသွားသည်။ သူသည် စစ်ဆင်ရေးတွင်ပါ၀င်သည့်လူများကို တစ်ယောက်ခြင်းတွေးလိုက်မိပြီး မည်သူသည် သစ္စာဖောက်ဖြစ်နိုင်ကြောင်းကို ပြန်စဥ်းစားကြည့်လိုက်သည်။

ဤအခိုက်တန့်တွင် ရင်ပြင်ပေါ်သို့ ငုံ့ကြည့်လိုက်မိပြီး ဖြစ်ပွားနေသည့်တိုက်ပွဲများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများကျဥ်းမြောင်းသွား၏။

မည်သည့်အချိန်ကတည်းကမသိသော်လည်း ဒေသအတွင်းတွင် နံပါတ်၂ ကြေးစားစစ်သည်တပ်ဖွဲ့ဖြစ်သည့် သွေးမီးတောက်တပ်ဖွဲ့မရှိတော့ပေ။

သွေးမီးတောက်တပ်ဖွဲ့သည် မြင်းလေညှင်းတပ်ဖွဲ့ပြီးပါက စွမ်းအားအမြင့်မားဆုံးကြေးစားစစ်သည်အဖွဲ့ဖြစ်ပြီး သူငှားရမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရွှေမျက်နှာဖုံး၀တ်ဆင်ထားသည့် ဂိုဏ်းချုပ်ကိုလည်းတွေ့ရခြင်းမရှိပဲ သူတို့အဖွဲ့သည် ၀င်ရောက်တိုက်ခိုက်ခြင်းမရှိပဲ လူမသိသူမသိထွက်သွားခဲ့သည့်ပုံပင်။

ဤအချက်ကြောင့် သစ္စာဖောက်အဖွဲ့အား ဘုန်းတော်ကြီးဆီးနစ်သိရှိသွားခဲ့သော်လည်းနောက်ကျသွားခဲ့ပြီဖြစ်သည်။

ယနေ့ည၏ အခြေအနေသည် သူ့ဘက်တွင်မရှိတော့ပေ။

ရင်ပြင်ပေါ်တွင် သေခြင်းတရားများလွှမ်းမိုးနေရင်းဖြင့် ဘုန်းတော်ကြီးဆီးနစ်သည် ခေါင်းထောင်ကာဖှေးအားစိုက်ကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာပြောလိုက်သည်။ "ငါမရှုံးသေးဘူး။ နေအဆင့်ကိုမရောက်သေးတဲ့လူတွေအကုန် ပုရွတ်ဆိတ်တွေပဲ။ ရင်ပြင်ပေါ်မှာရှိနေတဲ့တိုက်ပွဲက ပုရွတ်ဆိတ်တွေရဲ့တိုက်ပွဲပဲ။ ငါမင်းကိုအနိုင်ယူပြီး၊ ရှီရဲကအကြီးကဲနှစ်ယောက်လဲသူတို့ရန်သူတွေကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အခြေအနေကို ငါပြန်ပြီးတော့ ထိန်းချုပ်နိုင်လိမ့်မယ်..."

"ခင်ဗျားကို ကျွန်တော်လဲအဲ့တာပြောချင်နေတာ.." ဖှေး၏မျက်လုံးများ ကျဥ်းမြောင်းကာစတင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အချက်ပေးလိုက်သည်။

"ဟားဟားဟား မင်းက မောက်မာနေတဲ့ကလေးတစ်ယောက်ပဲ။ မင်းနေအဆင့်ကို ရောက်တာက ဘယ်တုန်းကလဲ၊ နေအဆင့်ရောက်တာရော ဘယ်လောက်ကြာပြီလဲ၊ နေအဆင့်သခင်တွေမှာလဲ ကွာခြားချက်ရှိတယ်...အတွေ့ကြုံရှိတဲ့ နေအဆင့်သခင်တစ်ပါးကို မင်းလိုကလေးတစ်ယောက်က စိန်ခေါ်လို့မရဘူး..."

မြေပြင်ပေါ်တွင်ရှိနေသည့် အရာများကို လျစ်လျူရှုလိုက်ပြီး သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်၏။

မီးလောင်ထားသကဲ့သို့သစ်သားချောင်းသည် သူ၏ညာလက်ထဲတွင်ရုတ်တရက် တောက်ပလာပြီး ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။ နတ်ဘုရားတစ်ပါး အိပ်စက်နေရာမှနိုးထလာသလိုခံစားနေရပြီး ထိုလက်နက်သည် ဖှေးအားပစ်မှတ်ထားနေလျှက်ရှိသည်။

"ဟမ်..အဲ့တာက နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ပဲ..." ဖှေးအနည်းငယ်အံ့သြသွားပြီး သူ၏မျက်လုံးများသည်လည်း အနည်းငယ်ကျဥ်းမြောင်းသွား၏။ ဘုန်းတော်ကြီးဆီးနစ်နှင့် ၀ေးရာသို့ချက်ချင်းနောက်ဆုတ်လိုက်သည်။

ဘုရင်သည် လွန်ခဲ့သည့်အခိုက်တန့်က သာမန်မီးလောင်ထားသည့် သစ်သားချောင်းဟုထင်ရသည့် တုတ်ချောင်းထံမှ အေးစက်ပြီး အန္တရာယ်ရှိသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည့်အတွက်ပင်။

"ဟုတ်တယ်။ ဒါက သဲနီကျောင်းတော်ရဲ့ တန်ဖိုးထားရဆုံးရတနာတစ်ခုဖြစ်တဲ့ [မဟူရာတောင်၀ှေး] နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခုပဲ။ ဒီညအတွက် အသုံးပြုစရာမလိုလောက်ဘူးထင်ထားပေမယ့်..." ထိုကဲ့သို့ပြောနေရင်းဖြင့် ဘုန်းတော်ကြီးဆီးနစ်သည် သူ၏တောင်၀ှေးအားရုတ်တရက်ကိုင်မြှောက်လိုက်ပြီး တောင်၀ှေးထံမှ ငွေရောင်မြင့်မြတ်သောစွမ်းအင်များစွာစီးထွက်လာတော့၏။ ကောင်းကင်အား တောက်ပလာစေပြီး ညသန်းခေါင်တွင်နေထွက်လာသလိုပင်။

"၀ုန်း ၀ုန်း ၀ုန်း ၀ုန်း"

အလင်းတန်းများစွာကို ဖှေးထံသို့ မုန်တိုင်းကြားမှ မိုးစက်များကဲ့သို့ ပစ်လွှတ်လိုက်သည်။

ဖှေးသည် သူ၏ စွမ်းအင်များကိုစုစည်းလိုက်ပြီး ရန်သူအား လျှော့တွက်ရဲခြင်းမရှိပေ။

"တလင်းကျောက်နံရံ" သူအော်ဟစ်လိုက်ပြီး သူ၏ညာလက်ကို တွန်းထုတ်လိုက်သည်။ ရွှေရောင်စွမ်းအင်နံရံတစ်ခုသည် သူ၏အရှေ့တွင်ပေါ်လာပြီး ငွေရောင်အလင်းတန်းများကိုကာရံလိုက်သည်။ ထို့နောက်တွင် ထိုအလင်းတန်းများသည် အနောက်သို့ ပို၍မြန်ဆန်သည့်အရှိန်ဖြင့်ပြန်ကန်ထွက်သွားတော့၏။

သို့သော် ယခုအချိန်တွင် ဆီးနစ်သည် မူလနေရာမှပျောက်ကွယ်သွားပြီဖြစ်သည်။

စူးရှသည့်စွမ်းအင်တစ်ခုသည် ဖှေး၏ညာဘက်မှနေ၍တိုက်ခိုက်လိုက်၏။ မည်သည့်အချိန်ကတည်းကလဲမသိချေ ဘုန်းတော်ကြီးဆီးနစ်သည် ရုတ်တရက်ဖှေး၏ညာဘက်သို့ ရောက်ရှိလာပြီး မဟူရာတောင်၀ှေးသည်လည်း အာကာသကိုဖြတ်ကျော်ကာ ဖှေး၏ခန္ဓာကိုယ်အားအနောက်မှနေ၍ လွယ်ကူစွာထိုးဖောက်လိုက်၏။

တစ်ချက်ကံကောင်းသွားသည်လား...

သို့သော် ဘုန်းတော်ကြီးဆီးနစ်သည် ပျော်ရွှင်သည့်ပုံမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် အထိုးဖောက်ခံလိုက်ရသည့် ဖှေး၏ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွားသည့်အတွက်ပင်။

ဘုန်းတော်ကြီးဆီးနစ် တိုက်ခိုက်နိုင်လိုက်သည်မှာ ဖှေးအလွန်လျှင်မြန်စွာလှုပ်ရှားလိုက်ရာမှကျန်ခဲ့သည့် ပုံရိပ်ယောင်တစ်ခုသာဖြစ်သောကြောင့်ပင်။

တူညီသောနည်းလမ်းဖြင့် ဖှေးသည် ဆီးနစ်၏အနောက်သို့ ရုတ်တရက်ရောက်လာဖြင့် လက်သီးဖြင့်ထိုးလိုက်သည်။

"ဖုန်း ဖုန်း ဖုန်း ဖုန်း"

ကောင်းကင်ပေါ်တွင် စွမ်းအင်မုန်တိုင်းများစွာထွက်ပေါ်လာပြီး အပြင်သို့ကျယ်ပြန့်လာ၏။

နေအဆင့်သခင်နှစ်ပါးသည် ပျံသန်းနေရင်းဖြင့် စက္ကန့်တိုင်းလိုလိုမတူညီသောနေရာများတွင် ပုံရိပ်ယောင်များကဲ့သို့ ထွက်ပေါ်လာနေသည်။ သူတို့သည် စမ်းသပ်သည့်အနေဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်မည်မျှစွမ်းအားကြီးမားသည်ကိုအကဲခက်နေကြခြင်းဖြစ်သည်။ မျက်စိတစ်မိတ်အတွင်းမှာပင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက်အကြိမ်ပေါင်း၁၀၀ခန့်တိုက်ခိုက်ပြီးပြီဖြစ်ပြီး လက်ရည်တူနေသလို မည်သူမှအသာစီးမရကြပေ။

သူတို့တစ်ယောက်နှင့်တစ်ယောက်ထက်မံတိုက်ခိုက်လိုက်သည့်အချိန်တွင် ပြင်းထန်သည့်စွမ်းအင်များသည် ကောင်းကင်ကိုပင်ပင်ခွဲခြမ်းစေလိုက်ပြီး အမဲရောင်အက်ကွဲကြောင်းများထွက်ပေါ်လာကာ နတ္တိလောကကို ဖော်ပြနေ၏။

ဖှေးနှင့် ဆီးနစ်တို့နှစ်ယောက်လုံးတုန်ခါသွားပြီး နှစ်ယောက်လုံးအနောက်သို့ ဆုတ်လိုက်ကြသည်။

ဖှေး၏လက်နှစ်ဖက်လုံးထုံကျင်သွားသလိုခံစားလိုက်ရ၏။ ဆီးနစ်သည် စွမ်းအားမြင့်မားသည့်နေအဆင့်သခင်တစ်ပါးဖြစ်သည့်အတွက်ကြောင့် ရင်ဆိုင်ရလွယ်ကူလိမ့်မည်မဟုတ်ပေ။

သူ၏စွမ်းအားများကို နောက်တစ်ကြိမ်ထုတ်လွှတ်ကာ မတူညီသည့်သိုင်းကွက်တစ်ခုအားအသုံးပြုရန်ကြိုးစားလိုက်သည့်အချိန်တွင် တစ်ခါမှမခံစားခဲ့ဖူးသည့်အန္တရာယ်အရိပ်ယောင်တစ်ခုကို ဖှေးခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော အမွှေးမျှင်များအားလုံးထောင်မက်သွားသည်။

သူသည် စက္ကန့်၀က်အတွင်းတွင် အနောက်သို့သာဆုတ်လိုက်နိုင်ပြီး ကြောက်မက်ဖွယ်အေးစက်သည့်အလင်းတန်းတစ်ခုတောက်ပသွားသည်။

သူ၏ပုခုံးပေါ်တွင်နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုပေါ်လာပြီး သွေးများစီးကျလာတော့၏။

သူ၏ပုခုံးရိုးများကိုပင် မြင်နေရ၏။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်။

ဤနေရာတွင် စွမ်းအားမြင့်မားသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပုန်းအောင်းနေသည့်အတွက်ပင်။

All Chapters