"နေမူမမှန်ခြင်း-ဘုရားသခင်၏စွန့်ပစ်နယ်မြေ"
Vol. 51 Ch. 790
"ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းက အတွက်ချက်သမား ဉာဏ်များတဲ့ကောင်တစ်ယောက်ဆိုပေမယ့် မင်းဒီတစ်ခါမှာတော့ ထောင်ခြောက်မိသွားတာပဲ။ ငါဒါအတွက်ပြင်ဆင်နေခဲ့တာကြာပြီ။ ဟားဟား [အရိပ်မဲကျောင်းတော်]က လုပ်ကြံသတ်ဖြတ်သူတွေက တကယ်ပဲစွမ်းအားမြင့်မားပြီးတော့ နေရာတိုင်းမှာ ပုန်းအောင်းနေနိုင်တာပဲ။ သူတို့ရဲ့လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းတွေက မင်းကိုတောင် ဒဏ်ရာအပြင်းထန်ရစေနိုင်တယ်..." သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူသည် ဂုဏ်ယူ၀င့်ကြွားနေသည့်ဟန်ပင်။
ဤရုတ်တရက် လုပ်ကြံသတ်ဖြတ်ခြင်းသည် သူစီစဥ်ထားခဲ့သည့် ၀ှက်ဖဲများထဲမှတစ်ခုဖြစ်၏။
ယခင်က တိုက်ပွဲသည်ဖှေးအားအာရုံလွှဲ ဆီးနစ်ထံတွင်သာ အာရုံစူးစိုက်ထားရန်ဖြစ်ပြီး အမှောင်ထဲတွင်ပုန်းအောင်းနေသည့် လုပ်ကြံသတ်ဖြတ်သူအား ဖှေးကိုအလစ်ငိုက်ဖမ်း၍ ၀င်ရောက်တိုက်ခိုက်ရန်အခွင့်ရေးပေးလိုက်သည်။
ကံမကောင်းစွာပင် လပြည့်နောက်ဆုံးအဆင့်သို့ရောက်နေသည့် လုပ်ကြံသတ်ဖြတ်သူသည် နေအဆင့်သို့ ရောက်ရန်လိုသေးသည်။ သူ၏ ကိုယ်ဖျောက်စွမ်းရည်နှင့် လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းတို့သည် အထင်ကြီးလောက်ဖွယ်ဖြစ်သော်လည်း ချမ်းဘော့ဒ်ဘုရင်အား သတ်ဖြတ်ရန်လုံလောက်မှုမရှိသေးပေ။ ဖှေးသည် အန္တရာယ်အား ကြိုတင်အာရုံခံလိုက်မိကာ ရှောင်ရှားနိုင်လိုက်သည့်အတွက်ကြောင့် လုပ်ကြံသတ်ဖြတ်သူ၏ ဓားမြောင်သည် ဖှေး၏သေစေနိုင်သောနေရာအားလွဲချော်သွား၏။
"သေစမ်း..ခင်ဗျားမှာ စောက်ရှက်ကင်းမဲ့လှချည်လား။ မဟာဘုရားကျောင်းရဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်နေပြီး နေအဆင့်သခင်တစ်ပါးက ကျွန်တော့ကို တစ်ယောက်ခြင်းဂုဏ်သရေရှိရှိမတိုက်ခိုက်ရဲဘူးပေါ့..." ဖှေးသည် ဒေါသဖြစ်သွားသည့်အတွက်ကြောင့် တုန့်ဆိုင်းနေခြင်းမရှိပဲလက်သီးဖြင့် ထိုးလိုက်သည်။
ရွှေရောင်စွမ်းအင်လက်သီးသည်အရှေ့သို့ ပျံသန်းသွားပြီး ပတ်ပတ်လည်တွင်ရှိနေသည့် ကောင်းကင်ကိုကွဲအက်စေသည်။ ကမ္ဘာကြီး၏အဆုံးသက်လိုပင်။
ထို့နောက်တွင် ကွဲအက်သွားသောကောင်းကင်ပမှ လူတစ်ယောက်ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် လူပုတစ်ယောက်လိုပုတိုတိုဖြစ်ပြီး သွေးများစွာအန်ထွက်နေ၏။ ထိုလူသည် ဖှေးအားဒဏ်ရာရရှိစေခဲ့သည် လုပ်ကြံသတ်ဖြတ်သူပင်။
ဖှေးသည် ထိုလုပ်ကြံသတ်ဖြတ်သူအား အပြင်းထန်ဒဏ်ရာရရှိစေလိုက်သော်လည်း တစ်ချက်တည်းဖြင့် သတ်နိုင်လိုက်ခြင်းမရှိပေ။
ရုတ်တရက် ထိုလူသည် တောက်ပသွားပြီး သွေးများအန်ထွက်နေသည့်လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်သည် တုန်ခါလာကာ ကောင်းကင်ထဲသို့ ၀င်ရောက်ကာထက်မံ၍ ပျောက်ကွယ်သွားပြန်၏။ သူသည် မြေထဲသို့ ၀င်သွားသည့် တီကောင်တစ်ကောင်လိုပင်။
ဖှေးသူ့အနောက်သို့ ပြေးလိုက်ရန်ပြင်လိုက်သည့်အချိန်တွင် ထူးခြားဆန်းပြားသည့်အရာတစ်ခုဖြစ်ပျက်သွားသည်။
ရုတ်တရက် ငွေရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး ကျယ်ပြန့်ကာခုခံနိုင်ခြင်းမရှိသည့်စွမ်းအင်များသည် သူ့အားစွဲစုပ်သွား၏။
မကြာမှီတွင် ဖှေး၏အရှေ့တွင်ရှိနေသည့် မြင်ကွင်းများသည်လည်း ပြောင်းလဲသွားတော့သည်။ မှောင်မိုက်သည့်ကောင်းကင်၊ တောက်ပနေသည့်ကြယ်ပွင့်များ၊ သွေးထွက်သံယိုတိုက်ပွဲများ၊ ကျယ်လောင်သည့်အော်ဟစ်သံများ၊ နတ်ဆိုးသားရဲတို့၏ ဟိန်းဟောက်သံများနှင့် ချမ်းဘော့ဒ်မြို့တော်သည်လည်း ဤအခိုက်တန့်တွင်ပျောက်ကွယ်သွား၏။
သူတို့နေရာတွင်ရှိနေသည်မှာ ကျယ်ပြန့်ကာအကန့်သက်မဲ့သည့် အနီရောင်အာကာသဟင်းလင်းပြင်တစ်ခုပင်။
ဖှေးသည် ကြီးမားသည့် သဲကန္တာရတစ်ခုထဲသို့ရောက်နေသလိုခံစားနေရပြီး သဲပွင့်များသည်လည်း သွေးစက်များကဲ့သို့ နီရဲနေသောကျောက်ပွင့်များပင်။ သဲများသည် နီရဲနေပြီး ကောင်းကင်သည်လည်း နီရဲနေသည်၊ အလင်းရောင်သည်လည်း နီရဲနေပြီး လေထုပင်နီရဲနေ၏။ ဤနေရာတွင်ရှိနေသည့်အရာအားလုံးသည် အနီရောင်ဖြစ်နေပြီး တစ်ခြားအရောင်တစ်ရောင်မှမရှိပေ။
ဖှေးမျက်မှောင်ကြုံ့ကာ သူ၏လက်ကို မြှောက်လိုက်သည်။
"ဖုန်း..." သူလက်သီးဖြင့် ထိုးလိုက်ရာ ထူထဲသည့် ရွှေရောင်စွမ်းအင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏။
သို့သော် ထိုအလင်းတန်းသည် ကောင်းကင်ပေါ်သို့ အချိန်တန်ကြာပျံသန်းသွားသော်လည်း အတားဆီးတစ်ခုကိုမျှတိုက်ခတ်မိခြင်းမရှိပဲ ဖှေး၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ချမ်းဘော့ဒ်ဘုရင် မင်းက နတ်ဘုရားတွေရဲ့ဂုဏ်သရေကို ညိုးနွမ်းအောင်ကြိုးစားခဲ့တဲ့ အပြစ်သားတစ်ယောက်ပဲ။ မင်းက [ဘုရားသခင်၏စွန့်ပစ်နယ်မြေ]ထဲကိုရောက်နေပြီ။ မောက်မာနေရဲတုန်းပဲလား။ နတ်ဘုရားတွေရှေ့မှာအမြန်ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်စမ်း..." ရုတ်တရက် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်၀ါသည့် အသံတစ်ခုသည် ကောင်းကင်ပေါ်တွင်ဟိန်းရံလာ၏။ မိုးချုန်းသံကဲ့သို့ အလွန်ကျယ်လောင်လှ၏။
ဖှေးသည် အပေါ်သို့မော့ကြည့်လိုက်ကာ နတ်ဘုရားတစ်ပါးကောင်းကင်ပေါ်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုနတ်ဘုရားသည် မည်သည့်အချိန်ကတည်းကရှိနေသည်ကို သူမသေချောပေ။ သို့သော် ထိုနတ်ဘုရားသည် မီတာ၁၀၀၀ခန့်မြင့်မားပြီး ငွေရောင်မြင့်မြတ်သာစွမ်းအင်မီးတောက်များလွှမ်းခြုံထားသည်။ သူ့ထံတွင် နတ်ဘုရားများ၊ နတ်ဆိုးများထံမှသာရလေ့ရှိသည့် စွမ်းအင်အရှိန်၀ါတို့ကိုခံစားနေရပြီး ဖှေးအားငုံ့ကြည်နေလျှက်ရှိသည်။ မျက်လုံးများထဲမှ အလင်းတန်းနှစ်ခုတောက်ပနေပြီး ထိုအလင်းတန်းတန်းများသည် မကောင်းဆိုး၀ါးများအားလုံးကို လောင်ကျွမ်းစေနိုင်သလိုပင်။
ထိုအရာသည် သက်ရှိထင်ရှားမြင်တွေ့နေရသည့် နတ်ဘုရားတစ်ပါးပင်။
ဖှေးသည် နတ်ဘုရားများနေထိုင်သည့်နေရာသို့ အမှန်တကယ်ပင်ရောက်ရှိသွားခြင်းပေလား။
"မင်းဘာလို့ တုံ့ဆိုင်းနေသေးတာလဲ အလတ်ဇန္ဒား။ မင်းက နတ်ဘုရားတွေကို မေးခွန်းထုတ်ချင်နေတာလား..." ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြီးမားသည့်နတ်ဘုရားပုံရိပ်သည် သူ၏ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်လိုက်၏။
"နတ်ဘုရားတွေကို မေးခွန်းထုတ်တယ်ဟုတ်လား..." လှောင်ပြောင်သည့်အပြုံးတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင်ထွက်ပေါ်လာ၏။ "ဘုန်းတော်ကြီးဆီးနစ် ဒီလိုရယ်စရာကောင်းတဲ့လှည့်ကွက်တွေက ကျွန်တော့အပေါ်မှာ အလုပ်ဖြစ်မယ်ထင်လို့ား။ ခင်ဗျားကိုယ်ခင်ဗျား လူပျက်တစ်ယောက်ဖြစ်အောင်လုပ်နေတာပဲ အသုံးမ၀င်ဘူး..."
"အမှိုက်သရိုက်သေမျိုးကောင်...မင်းက နတ်ဘုရားတစ်ပါးရှေ့မှာတောင် ရမ်းကားရဲတယ်ပေါ့..."
အဆိုပါနတ်ဘုရားသည် ဒေါသဖြစ်သွား၏။ သူအော်ဟစ်လိုက်သည့်အချိန်တွင် ကောင်းကင်ပေါ်တွင် မဲမှောင်နေသည့်တိမ်တိုက်များထွက်ပေါ်လာပြီး လျှပ်စီးအလင်းတန်းများ မိုးခြိမ်းသံများထွက်ပေါ်လာတော့သည်။ ထို့နောက်တွင် ရူးလောက်ဖွယ်လေမုန်တိုင်းများတိုက်ခတ်လာတော့သည်။ နတ်ဘုရားတစ်ပါး၏ ဒေါသသည် ရာသီဥတုသဘာ၀ကို ပြောင်းလဲစေနိုင်သည့်အတွက်ပင်။
"ကောင်းပြီလေ ဘုန်းတော်ကြီးဆီးနစ် ခင်ဗျားကစားနေတာကို ရပ်လိုက်ပါ။ ကျွန်တော့ကို ဘာမှမသိတဲ့ကောင်ထင်နေတာလား။ ဒါက ခင်ဗျားရဲ့ နေမူမမှန်ခြင်းပဲ...ဒီလိုပုံရိပ်ယောင်တွေက ကျွန်တော့အပေါ်မှာအသုံး၀င်မှာမဟုတ်ဘူး..."
ဖှေးသည် ရုတ်တရက် လေပေါ်သို့ပျံတက်သွားပြီး ရွှေရောင်စွမ်းအင်မီးတောက်များသည်လည်း တောက်ပလာတော့သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး မီတာ၁၀၀၀ခန့်မြင့်မားသည့် နတ်ဘုရား၏ခန္ဓာကိုယ်အား ထိုးဖောက်သွား၏။
နောက်အခိုက်တန့်တွင် ဟိတ်ကြီးဟန်ကြီးပြုမူနေသည့် နတ်ဘုရားပုံရိပ်သည် စတင်၍ မှေးမှိန်လာပြီး ဖြေးညှင်းစွာပျောက်ကွယ်သွား၏။
"ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းကင့ါကိုအံ့သြစေတာပဲ။ မင်းပုံရိပ်ယောင်ကို မြင်နိုင်ပေမယ့်လဲ ဘာတတ်နိုင်လို့လား။ ဒါက င့ါကမ္ဘာပဲ။ င့ါလောက။ မင်းကံကြမ္မာအပါ၀င် ဒီထဲမှာရှိနေတဲ့အရာအားလုံးကို ငါထိန်းချုပ်ထားတယ်" ဆီးနစ်၏အသံကိုဖှေး၏အနောက်မှကြားလိုက်ရသည်။
ယခုအချိန်တွင် ဖှေး၏အခြေအနေမှာမကောင်းလှပေ။
သူသည် အပြင်တွင်ရှိနေစဥ်က လုပ်ကြံသတ်ဖြတ်သူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။ သူ၏ညာဘက်ပုခုံးသည် နက်ရှိုင်းစွာပိုင်းဖြတ်ခြင်းခံထားရပြီး အရိုးများပင်ပေါ်နေ၏။ သွေးများသည်လည်း အပြာရောင်၀တ်ရုံအား စွန်းထင်းစေလျှက်ရှိသည်။ လက်မောင်းများပေါ်မှစီးဆင်း၍ မြေပြင်ပေါ်သို့ တစက်စက်ကျနေလျှက်ရှိ၏။
ယခုအချိန်တွင် သူ၏ဒဏ်ရာသည် မဲနက်နေ၏၊ ကြောက်မက်ဖွယ်အဆိပ်တစ်မျိုးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားသည်မှာထင်ရှားလှသည်။ သူသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးသောက်ထားသော်လည်း ရှေးကျသည့် မှော်ဆေးပုလင်းကပင် ထိုအဆိပ်တောက်အား အပြည့်၀ဖယ်ထုတ်နိုင်ခြင်းမရှိသေးပဲ သူ၏ခန္ဓာကိုယ်ထဲသို့ ဒဏ်ရာမှတဆင့်အဆိပ်များပြန့်နှံနေလျှက်ရှိသည်။
နောက်ဆုံးတွင် ဖှေးသည် သူ၏စွမ်းအင်အနည်းငယ်ကို အသုံးပြု၍သာခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆိပ်ကိုမပြန့်နှံ့စေရန်ယာယီထိန်းချုပ်ထား၏။
တစ်ခြားအချိန်ဆိုပါက ဖှေးသည် ဤဒဏ်ရာနှင့်အဆိပ်တို့ကို အမှုထားလိမ့်မည်မဟုတ်ပေ။
သို့သော် ဘုန်းတော်ကြီးဆီးနစ်ကဲ့သို့သော စွမ်းအားမြင့်မားသည့် ရန်သူတစ်ယောက်နှင့်ရင်ဆိုင်နေရသည့်အချိန်တွင်မူ ဒဏ်ရာအသေးဖွဲကပင် သူ၏ တိုက်ခိုက်နိုင်စွမ်းအားကြီးမားစွာပြောင်းလဲစေနိုင်သည့်အတွက်ပင်။
ဘုန်းတော်ကြီးဆီးနစ်သည်လည်း ဤအချက်ကို သိရှိသည့်အတွက် အပြည့်၀အသုံးချလိုက်သည်။
"ဖုန်း..."
သူကောင်းကင်အား လက်ညိုးဖြင့်ထိုးလိုက်သည့်အချိန်တွင် ကြီးမားသည့်အဖြူရောင်အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ပေါ်မှကျဆင်းလာပြီး ဖှေး၏ညာဘက်ပခုံးပေါ်တွင်ရှိနေသည့် ဒဏ်ရာအားဦးတည်လာ၏။
ကြောက်မက်ဖွယ်အလင်းတန်းသည် နတ်ဘုရားများ၏အပြစ်ပေးခြင်းဓားသွားလိုပင် ခုခံ၍မရနိုင်သည့်အရှိန်၀ါတစ်ခုဖြင့် ထိုးဆင်းလာ၏။
အနီရောင်သဲကန္တာရနှင့်အကန့်သက်မရှိသောနေရာသည် ဘုန်းတော်ကြီးဆီးနစ်၏ နေမူမမှန်ခြင်းဖြစ်သည့် [ဘုရားသခင်၏စွန့်ပစ်နယ်မြေ]ပင်။ အပြင်ကမ္ဘာထဲတွင် ထက်မံတည်ဆောက်ထားသည့် လောကတစ်ခုဖြစ်ပြီး ဘုန်းတော်ကြီးဆီးနစ်၏စွမ်းအားများ၊ လောကနိယာမတို့အပေါ်နားလည်မှုတို့ကိုအသုံးချကာ တည်ဆောက်ထားခြင်းဖြစ်သည်။
သူတည်ဆောက်ထားသည့် ဤလောကထဲတွင် သူသည် နတ်ဘုရားတစ်ပါးဖြစ်သည်။ ကြိုက်နှစ်သက်ရာကို လုပ်နိုင်ပြီး သူ၏စွမ်းအားများသည်လည်း အကန့်သက်မဲ့နေ၏။ အပြင်ကမ္ဘာထက် အဆထောင်ပေါင်းများစွာပို၍စွမ်းအားမြင့်မားသည့်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်ပြီး သူသည် ပြိုင်ဘက်ကင်းမဲ့နေမည်ဖြစ်သည်။
မျက်နှာပေါ်တွင်အေးစက်သည့်အပြုံးတစ်ခုဖြင့် ဖှေးသည် ရှောင်ရှားရန်ကြိုးစားခြင်းမရှိပဲ လက်သီးဆုပ်ကာထိုးလိုက်သည်။
"ဖုန်း ဖုန်း ဖုန်း..."
ရွှေရောင်ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နှင့် ငွေရောင်မြင့်မြတ်သောစွမ်းအင်တို့ ထိတွေ့လိုက်မိကြသည်။
စွမ်းအင်နှစ်ခုထိတွေ့လိုက်သည့်နေရာတွင် အနုမြူဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ အလင်းတန်းများစွာထွက်ပေါ်လာ၏။ ထို့နောက်တွင် နေရာတွင်ရှိနေသည့် အနီရောင်သဲပွင့်များအားလုံးလေပေါ်သို့ ပျံတက်ကုန်ပြီး လေမုန်တိုင်းများစွာကိုဖြစ်ပေါ်စေလျှက်ရှိသည်။
သို့သော် တိုက်ခတ်ခြင်းမှ ပြန်ထွက်လာသည့်အရှိန်ကြောင့် ဖှေး၏ခန္ဓာကိုယ်အားတုန်ခါသွားစေသည်။ ရလဒ်အနေဖြင့် သွေးများသည် သူ၏ညာဘက်ပခုံးမှ ပို၍ပင် စိမ့်ထွက်လာတော့သည်။