"ကြီးမားစွာပြောင်းလဲခြင်း"
Vol. 51 Ch. 792
ဂျပုလုပ်ကြံသတ်ဖြတ်သူသည် အန်ဂျယ်လာ၏ဘေးသို့ ရုတ်တရက်ရောက်ရှိလာပြီး ဘုရင်မသည် တိုက်ပွဲအတွေ့ကြုံသို့မဟုတ် သိုင်းပညာတတ်မြောက်ခြင်းမရှိပေ။ တကယ်တန်းတွင် သူမ၏မျက်နှာအမူယာပင် အချိန်မှီပြောင်းလဲသွားခြင်းမရှိပေ။
"သေစမ်း...ရပ်လိုက်...အား.." ဘလက်ကီထံသို့ ပျံသန်းလာနေသည့် အယ်လီနာသည် ကြောက်လန့်သွားပြီး သူမသည် ဤကဲ့သို့မည်သည့်အခါတုန်းကမှ စိုးရိမ်ခဲ့ဖူးခြင်းမရှိပေ။ ဤအရာကို ရပ်တန့်ရန်အတွက် သူမအတွက်အချိန်မလုံလောက်တော့သလိုပင်။
သူမသည် မာဗီနာလေးကိုလျှင်မြန်စွာထုတ်ယူလိုက်ပြီး သူမ၏ လေးကြိုးသည်လည်း သာမန်မျက်လုံးဖြင့် မြင်နိုင်ရန်မဖြစ်နိုင်လောက်တော့သည်အထိတုန်ခါသွားပြီး မြှားပေါင်းများစွာပျံသန်းထွက်ခွာလာ၏။
မြှားများသည် လေထုကိုခွင်းကာ ပုံရိပ်ယောင်များစွာကိုချန်ထားခဲ့လိုက်သည်။ မြှားများထဲတွင်ပါ၀င်သည့်စွမ်းအားသည် ကြောက်မက်ဖွယ်ပင်။
သို့သော် မြှားများ၏အမြန်နှုန်းသည် လိုအပ်သည်ထက်ပို၍နှေးကွေးနေ၏။
လုပ်ကြံသတ်ဖြတ်သူ၏လက်ထဲတွင် ကိုင်ထားသည့် ဓားမြောင်သည် အန်ဂျယ်လာနှင့် နီးကပ်နေပြီး ဓားမြောင်ပေါ်မှ အလင်းပြန်နေသည့် အလင်းရောင်သည် အန်ဂျယ်လာ၏ လည်ပင်းပေါ်သို့ပင်ကျရောက်နေပြီဖြစ်သည်။
-နေမူမမှန်ခြင်း [ဘုရားသခင်၏ စွန့်ပစ်ရာနယ်မြေ]-
ဤလောကထဲတွင်အရာအားလုံးအနီရောင်ဖြစ်နေပြီး အနီရောင်အလင်းတန်းများသည်လည်း နတ်ဘုရားများဒေါသဖြစ်နေသကဲ့သို့ ကောင်းကင်ပေါ်မှကျဆင်းနေလျှက်ရှိသည်။
မြေပြင်ပေါ်တွင်ပြေးလွှားနေသည့် လူတစ်ယောက်၏ပုံရိပ်ကိုမြင်နေရပြီး သူ၏ပုံရိပ်သည်မြင့်မားသည့်အမြန်နှုန်းကြောင့် ၀ေ၀ါးနေ၏။ သူသည် ပြန်လည်တိုက်ခိုက်နေသော်လည်း အခြေအနေသည် သူ့ဘက်တွင်မရှိပေ။
"ဟားဟားဟား အရှုံးပေးလိုက်တော့ ချမ်းဘော့ဒ်ဘုရင် မင်းင့ါရဲ့နေမူမမှန်ခြင်းထဲကိုရောက်နေကတည်းက မင်းရဲ့ရှုံးနိမ့်မှုကသေချာနေပြီ။ မင်းပြန်တိုက်ခိုက်ဖို့ကြိုးစားနေမယ်ဆိုရင် စွမ်းအားကုန်တာပဲအဖက်တင်မယ်။ ဘာလို့ ငါတို့နှစ်ယောက်လုံးရဲ့အချိန်တွေကို ဖြုန်းတီးနေတော့မှာလဲ။" ဘုန်းတော်ကြီးဆီးနစ်သည် လေပေါ်တွင်ရပ်နေရင်းဖြင့် ဂုဏ်ယူ၀င့်ကြွားသည့်အမူယာတစ်ခုနှင့်အတူပြောလိုက်သည်။
သူသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် နတ်ဘုရားတစ်ပါးလိုခံစားနေရသည်။ သူသည် မြေပြင်ပေါ်တွင်ပြေးလွှားနေသည့်လူအားကြည့်ရင်းဖြင့် ဆက်ကပ်ပွဲတစ်ခုကိုကြည့်နေရသလိုခံစားနေရ၏။
တိတ်ဆိတ်မှု။
ထိုလူသည် လျှပ်စီးအလင်းတန်းများကို စက္ကန့်တိုင်းတွင်ရှောင်ရှားနေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ တကယ်တန်းတွင် ထိုလူသည် ဆီးနစ်ကိုပင်ကြည့်ခြင်းမရှိပေ။
"ဟားဟား ကောင်းပြီလေ မင်းစွမ်းအားတွေကို ပြန်ဖြည့်လို့မရပဲနဲ့ မင်းဘယ်လောက်လောက်ကြာကြာအသက်ရှင်နိုင်လဲဆိုတာကို စောင့်ကြည့်ရသေးတာပေါ့။ ဟားဟား ကြယ်အဆင့်ကောင်းကင်ဘုံ လျှပ်စီးမိုးကြိုး၊ အနီရောင်အလင်းတန်းလျှပ်စီး.."
ဘုန်းတော်ကြီးဆီးနစ်သည် ကောင်းကင်ပေါ်တွင်ကြုံး၀ါးကာ သူ၏မဟူရာတောင်၀ှေးအား၀ှေ့ရမ်းလိုက်သည်။
ချက်ချင်းလိုလိုပင် ကောင်းကင်ပေါ်မှကျဆင်းနေသည့်လျှပ်စီးအလင်းတန်းများ၏ အရေတွက်နှင့် ပြင်းအားတို့မှာ မြင့်မားလာတော့၏။
ထိုလျှပ်စီးအလင်းတန်းများသည် စွမ်းအားမြင့်မားကာ ပို၍သိပ်သည်းလာသည်နှင့်အမျှ မြေပြင်ပေါ်တွင်ပင်အက်ကွဲကြောင်းများစွာထွက်ပေါ်လာတော့၏။ သဲနီများသည်လည်း မြင့်မားသည့်အပူရှိန်အောက်တွင် အရည်ပျော်ကာ အနီရောင်ချော်ရည်များဖြစ်လာပြီး အနီရောင်သဲကန္တာရကြီးသည် အနီရောင်ပင်လယ်ပြင်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲလာတော့သည်။
"ဖုန်း"
နောက်ဆုံးတွင် တစ်မီတာကျော်ခန့်ထူထပ်သည့်အနီရောင်လျှပ်စီးအလင်းတန်းတစ်ခုသည် ဖှေး၏ဦးခေါင်းပေါ်သို့ တည့်တည့်ကျလာတော့၏။
လျှပ်စီးစွမ်းအားသည် သူ၏ကြွက်သားများကို ထုံကျင်သွားစေပြီး ဖှေး၏အမြန်နှုန်းသည်လည်း သိသိသာသာကျဆင်းသွားပြီး ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
ထို့နောက်တွင် သူသည်နောက်ထပ်လျှပ်စီးအလင်းတန်းများစွာ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး များစွာသောအနီရောင်လျှပ်စီးအလင်းတန်းများလွှမ်းခြုံသွားတော့သည်။
"ဟားဟားဟား မင်းတော့သေပြီလေ..."
ဤမြင်ကွင်းကြောင့် ကောင်းကင်ပေါ်တွင်ရှိနေသည့် သဲနီဘုရားကျောင်း၏ဘုန်းတော်ကြီးဆီးနစ်စိတ်အေးသွားတော့၏။
သူသည် ချမ်းဘော့ဒ်ဘုရင်တစ်ခုပြီးတစ်ခုထုတ်လာခဲ့သည့် ၀ှက်ဖဲများစွာကြော့င် ကြောက်လန့်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဖှေးအား နေမူမမှန်ခြင်းထဲသို့ ဆွဲသွင်းခံလိုက်ရသော်လည်း သူသည် ယုံကြည်ချက်ရှိသလိုမခံစားရသေးပေ။ ဖှေးသည် သူနားမလည်နိုင်သည့်အရာတစ်စုံတစ်ခုကိုပြုလုပ်၍ အခြေအနေအား ထက်မံ၍ ပြောင်းပြန်လှန်ပစ်လိုက်မည်ကိုစိုးရိမ်နေခဲ့၏။
ဤမြင်ကွင်းကို မြင်သည့်အချိန်တွင် အနီရောင်လျှပ်စီးအလင်းတန်းများ မည်မျှစွမ်းအားမြင့်မားသည်ကို သူကိုယ်တိုင်သိရှိသည့်အတွက်ကြောင့် စိတ်အေးသွားခြင်းပင်။
ထိုအလင်းတန်းများကို သူကိုယ်တိုင်နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ဖြစ်သည့် မဟူရာတောင်၀ှေးကိုအသုံးပြုကာပစ်လွှတ်လိုက်ခြင်းဖြစ်သည့်အတွက်ကြောင့် အတွေ့ကြုံမရှိသေးသည့် နေအဆင့်သခင်တစ်ပါးအား ဆယ်စက္ကန့်ကျော်ခန့် ထုံကျင်စေနိုင်၏။
ချမ်းဘော့ဒ်ဘုရင်သည် ရှုံးနိမ့်သွားသည့်ဟန်ရှိသော်လည်း ဘုန်းတော်ကြီးဆီးနစ်သည် သူ၏ရန်သူအား အထင်သေးရဲခြင်းမရှိသေးပေ။
မဟူရာတောင်၀ှေးအားအသုံးပြု၍ ဖှေးအားလျှပ်စီးအလင်းတန်းများဖြင့် ထက်မံ၍ပစ်ခတ်လိုက်သည်။
လျှပ်စီးတန်းများသည် နတ်ဘုရားများအပြစ်ပေးနေသကဲ့သို့ ဖှေး၏ခန္ဓာကိုယ်အား အဆက်မပြတ်ဖျက်ဆီးနေလျှက်ရှိပြီး အနီရောင်တိမ်တိုက်များသည် သူ၏ခန္ဓာကိုယ်အား မကြာမှီတွင်လွှမ်းခြုံသွားတော့၏။ သူ၏သွေးများနှင့် အနီရောင်လျှပ်စီးအလင်းတန်းများသည်လည်း ရောထွေးနေလျှက်ရှိသည်။
မကြာမှီတွင် မြေပြင်ပေါ်၌ကြီးမားသည့်တွင်းကြီးတစ်ခုပေါ်လာပြီး ဖှေး၏ခန္ဓာကိုယ်သည် ကျဥ်းကြီး၏ အောက်ခြေသို့ရောက်ရှိနေလေကာမြင်နိုင်ခြင်းမရှိတော့ပေ။
လျှပ်စီးအလင်းတန်းများသည်လည်း ကျဥ်းထဲသို့ အဆက်မပြတ်ထိုးဆင်းကာတိုက်ခိုက်နေလျှက်ရှိသည်။
ဘုန်းတော်ကြီးဆီးနစ်သည် ဆယ်မိနစ်ခန့်ကြာသည့်အချိန်မှသာလျှင် သူ၏တိုက်ခိုက်မှုများကိုရပ်တန့်လိုက်သည်။ ယခုအချိန်တွင် မြေပြင်ပေါ်တွင်ရှိနေသည့် ကျဥ်းနက်ကြီးသည် ၁၀၀မီတာခန့်အကျယ်ရှိပြီး အလွန်နက်ရှိုင်းလှသဖြင့် အောက်ခြေကိုပင် မြင်နိုင်စွမ်းမရှိတော့ပေ။
ကျဥ်းထဲမှအမဲရောင်မီးခိုးငွေ့များလည်းထွက်လာနေလျှက်ရှိပြီး အသံသို့မဟုတ်အလင်းရောင်တစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပေ။
"ဟမ်..ဘာမှမခံစားရပါလား။ ချမ်းဘော့ဒ်ဘုရင်က တကယ်ပဲသေသွားပြီလား..." ဘုန်းတော်ကြီးဆီးနစ်သည် သူ၏လုံခြုံရေးအတွက် မဟူရာတောင်၀ှေးကိုတင်းကြပ်စွာဆုပ်ကိုင်ထားရင်း ကျင်း၀သို့ လမ်းလျှောက်သွားကာတွေးလိုက်မိသည်။
ထို့နောက်တွင် သတိကြီးကြီးထား၍ မြေတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။
ထိုအခိုက်တန့်တွင် ရွှေရောင်အလင်းစက်တစ်ခုသည် မြေတွင်း၏အောက်ခြေမှ ရုတ်တရက်တောက်ပလာလေ၏။ ထိုအလင်းစက်သည် အမဲရောင်မြစ်ထဲတွင် ရွှေပွင့်လေးတစ်ခုသလို့ လှပနေသည်။
ဘုန်းတော်ကြီးဆီးနစ်သည် ထိတ်လန့်သွားပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။
ရွှေရောင်အလင်းတန်းသည် ရူးလောက်ဖွယ်စွမ်းအားဖြင့် မြေတွင်း၏အောက်ခြေမှ ပျံသန်းလာကာ ဆီးနစ်၏ ရင်ဘက်သို့ ရိုက်ခတ်လိုက်သည်။
ဆီးနစ်အတွက်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည် သူသည် မဟူရာတောင်၀ှေးအား ရင်ဘက်တွင်ကပ်ထားသည့်အတွက်ကြောင့် ထိုနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် ရွှေရောင်အလင်းတန်းကိုကာကွယ်ရန်အတွက်စွမ်းအင်အကာရံတစ်ခုကိုအလိုလျှောက်ထုတ်လွှတ်လိုက်ပြီး ဆီးနစ်အားတုန့်ပြန်ချိန်ပေးလိုက်သည်။
ထိုကဲ့သို့ဖြစ်သော်လည်း ဆီးနစ်သည် သဲအိတ်တစ်ခုကဲ့သို့ လေထဲသို့လွှင့်ထွက်သွား၏။
"မင်း...မင်းအခုထိမသေသေးဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." နှုတ်ခမ်းပေါ်တွင် သွေးများစီးကျနေရင်းဖြင့် ဆီးနစ်သည် ထိတ်လန့်အံ့သြစွာအော်ဟစ်လိုက်သည်။ "ဘယ်လိုဖြစ်ပြီးတော့ မင်းကငါ့နေမူမမှန်ခြင်းထဲမှာနေနေတာတောင် အခုချိန်ထိစွမ်းအားမကုန်သေးတာလဲ..."
ဆီးနစ်သည် မီတာရာပေါင်းများစွာခန့် လွှင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာပြီး တုန်လှုပ်သွား၏။
ချမ်းဘော့ဒ်ဘုရင်သည် လျှပ်စီးအလင်းတန်းများစွာ၏ တိုက်ခိုက်ခြင်းခံရပြီးသည့်နောက်တွင် ဤကဲ့သို့ ပြန်လည်တိုက်ခိုက်နိုင်သည့်စွမ်းအားမျိုး ကျန်ရှိနေဦးလိမ့်မည်ဟုထင်မထားခဲ့သည့်အတွက်ပင်။
မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အချိန်တွင် ဘုန်းတော်ကြီးဆီးနစ်သည် တစ်စုံတစ်ခုမှားယွန်းနေသည်ကို ရုတ်တရက်သတိထားလိုက်မိသည်။
ခနတာခန့်ရပ်တန့်သွားပြီးသည့်နောက်တွင် ကတုန့်ကဆိုင်းဖြင့် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ကြောက်မက်ဖွယ်အကောင်းဆုံး၊ မယုံနိုင်ဖွယ်အကောင်းဆုံးအရာတစ်ခုအား မြင်တွေ့လိုက်ရသလိုပင် မိမိကိုယ်မိမိထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲ သားသတ်ရုံထဲသို့ရောက်နေသည့် ၀က်တစ်ကောင်လိုအော်ဟစ်လိုက်မိတော့သည်။
သူမြင်နေရသည့် ပတ်၀န်းကျင်သည်ပြောင်းလဲသွားသည့်အတွက်ပင်။
သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် တစ်ခြားနေရာတစ်ခုသို့ရောက်နေသည်ကို ရုတ်တရက်သတိထားလိုက်မိသည်။ သူအတိုက်ခိုက်ခံလိုက်ရသည့်အချိန်မှစ၍ သူသည် [ဘုရားသခင်၏ စွန့်ပစ်နယ်မြေ]ထဲတွင်ရှိမနေတော့ပေ။ ထိုအစား သူသည် မှောင်မိုက်အေးစက်သည့် လိုဏ်ဂူတစ်ခုထဲသို့ရောက်ရှိနေပြီး ထိုလိုဏ်ဂူထဲတွင် အေးစက်သည့် မကောင်းဆိုး၀ါးစွမ်းအင်များစွာဖြင့် ပြည့်နှက်နေ၏။
"ဘာတွေဖြစ်ကုန်တာလဲ..." ဆီးနစ်သည် ဖြစ်ပျက်နေသည့်အရာများကို နားမလည်နိုင်သည့်အတွက် ဆွံ့အနေလျှက်ရှိသည်။
သူသည် မဟာဘုရားကျောင်း၏ ကျောင်းတော်တစ်ခုမှ ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့်အတွက်ကြောင့် ဆီးနစ်သည် တော်ရုံဖြင့် ပုံပျက်ပန်းပျက်ဖြစ်တတ်သည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် အခြေနေများစွာကိုလည်းကြုံတွေ့ဖူးပြီး ရှေးကျသည့်လျို့၀ှက်ချက်များစွာကိုလည်းသိရှိထားသည်။
သို့သော် သူ၏နေမူမမှန်ခြင်းလောကထဲတွင် ဤကဲ့သို့ဖြစ်ပျက်သွားခြင်းကိုမူ တစ်ခါမှမကြားဖူးသေးပေ။