"ထူးဆန်းသည့်လိုဏ်ဂူ"
Vol. 51 Ch. 793
နေမူမမှန်ခြင်း၏ပိုင်ရှင်တစ်ယောက်သည် သူ၏ဒိုင်မေးရှင်း(လောက)ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်မှာလူတိုင်းသိသည့် အချက်တစ်ခုပင်။ သူတို့သည် နေမူမမှန်ခြင်းများထဲတွင်ရှိသည့် အရာအားလုံးကို ထိန်းချုပ်နိုင်ကြပြီး သူတို့ထက်အဆပေါင်းများစွာပို၍စွမ်းအားမြင့်မားသည့် ရန်သူများသည် အရုပ်ကဲ့သို့ ထိန်းချုပ်ကစားကာ သတ်ဖြတ်ပစ်နိုင်၏။
သူတို့၏ရန်သူများသည် အလွန်စွမ်းအားကြီးမားပြီး နေရာအာကာသကိုပင် ဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးပိုင်ဆိုင်ထားခြင်းမရှိပါက အခြေအနေကိုပြောင်းပြန်လှန်နိုင်လိမ့်မည်ဟုတ်ပေ။ တစ်နည်းအားဖြင့် နေအဆင့်သခင်များသည် တစ်ခြားနေအဆင့်သခင်တစ်ယောက်၏ နေမူမမှန်ခြင်းထဲတွင် သူတို့၏ ကိုယ်ပိုင်နေမူမမှန်ခြင်းကို ဖွင့်နိုင်ကြလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ အေဇာရုတိုက်၏ သံမဏိဥပဒေတစ်ခုပင်။
သို့သော် ဆီးနစ်၏အရှေ့တွင်ဖြစ်ပျက်နေသည့်အရာများသည် တစ်စုံတစ်ခုမှားယွန်းနေကြောင်းကို သူ့အားပြောနေ၏။ သူသည် မှောင်မိုက်သည့် လိုဏ်ဂူတစ်ခုထဲတွင်ရောက်နေပြီး နတ်ဆိုးများ၊ မကောင်းဆိုး၀ါးများ၏အော်ဟစ်သံကိုကြားနေရသည်။ ထို့အပြင် အေးစက်သည့်လေ၊ မကောင်းဆိုး၀ါးစွမ်းအင်များနှင့် မကောင်းသည့်ခံစားချက်တို့မှာလည်းထင်ရှားနေသည်။ ဘုန်းတော်ကြီးဆီးနစ်သည် အပြင်ကမ္ဘာတွင်ရှိနေခြင်းလည်းမဟုတ်၊ ဘုရားသခင်၏ စွန့်ပစ်နယ်မြေထဲတွင်လည်းမဟုတ်ချေ။ သီအိုရီအားဖြင့် သူသည် တစ်စုံတစ်ယောက်၏ နေမူမမှန်ခြင်းထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။ တကယ်တန်းတွင် သူသည် ချမ်းဘော့ဒ်ဘုရင်၏ နေမူမမှန်ခြင်းထဲသို့ ရောက်ရှိနေသည်ဟုဆိုနိုင်၏။
ဘုန်းတော်ကြီးဆီးနစ်သည် ဤအချက်ကြောင့် တုန်လှုပ်သွားသည်။ ပုပ်ဟန်းမင်းကြီးဘလတ်တာသည် တကယ်တန်းတွင် အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်ဟူ၍ သတင်းကြားလိုက်ရပါက တုန်လှုပ်ရမည်ထက်ပင် ပို၍တုန်လှုပ်နေ၏။
"ချမ်းဘော့ဒ်ဘုရင်က အေဇာရုတိုက်ရဲ့သဘာ၀နိယာမကို ချိုးဖြတ်လိုက်တာလား သူက ငါ့ရဲ့နေမူမမှန်ခြင်းထဲမှာ သူ့ရဲ့နေမူမမှန်ခြင်းကို ထုတ်သုံးလိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ..." ဘုန်းတော်ကြီးဆီးနစ် စဥ်းစားလိုက်မိသည်။ သူသည် တည်ငြိမ်စွာနေနိုင်ခြင်းမရှိပဲ ကြောက်လန့်နေ၏။
အခိုက်တန့်တစ်ခုကြာသည့်အချိန်တွင် သူ၏စိတ်ကို ထိန်းလိုက်ပြီး မဟူရာတောင်၀ှေးထဲသို့ စွမ်းအင်များစီး၀င်စေလိုက်သည့်အတွက် တောက်ပလာ၏။ မှောင်မိုက်နေသည့် လိုဏ်ဂူသည် လင်းထိန်လာပြီး ဆီးနစ်သည် သူ၏ပတ်၀န်းကျင်ကိုကောင်းမွန်စွာမြင်နိုင်နေပြီဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် အနက်ရောင်ကျောက်တုံးများစွာရှိနေပြီး ရေခဲတုံးများကဲ့သို့ အေးခဲနေလေသည်။ ပုပ်သိုးနေသည့် သွေးနှံ့များသည်လည်း လေထုထဲတွင်ပြန့်နှံ့နေ၏။ ချမ်းဘော့ဒ်ဘုရင်မည်သည့်နေရာတွင်ရှိနေသည်ကို ဆီးနစ်မမြင်နိုင်သေးပေ။
ရုတ်တရက်ပင် နှေးကွေးသော်လည်း ဖြေးညှင်းသည့် ခြေသံများကို လိုဏ်ဂူလမ်းများအတွင်းမှကြားလိုက်ရသည်။
ဆီးနစ်အနည်းငယ်ကြောက်လန့်နေသည့်အတွက်ကြောင့် သူ၏ မြင့်မြတ်သောစွမ်းအင်များအားလုံးကို ထုတ်လွှတ်ကာ အာရုံစူးစိုက်နိုင်ရန်ကြိုးစားလိုက်ပြီးဖြစ်လာနိုင်သည့် အန္တရာယ်အတွက်အသင့်ပြင်ထားလိုက်သည်။
ရုတ်တရက်ပင် လိုဏ်ဂူထဲမှ လူတစ်ယောက်ထွက်လာသည်ကိုမြင်လိုက်ရ၏။ ထိုလူသည် ယိုင်တိယိုင်တိုင်ဖြစ်သည့်အတွက် လမ်းလျှောက်ရခက်ခဲနေ၏။ သူထံမှ အသက်၀ိဉာဥ်အရှိန်၀ါကို ခံစားရခြင်းမရှိပဲ ထူထပ်သည့်မကောင်းဆိုး၀ါးစွမ်းအင်များစွာကိုသာလွှမ်းခြုံထား၏။ သူ၏လက်နှစ်ဖက်လုံးကို ရှေ့သို့တည့်တည့်ဆန့်တန်းထားလေရာ ကြည့်ရသည်မှာ ကြောင်တောင်တောင်နိုင်လှသည်။
"ဇွန်...ဇွန်ဘီတစ်ကောင်ပဲ....နေအဆင့်နီးနီးလောက်စွမ်းအားမြင့်တဲ့ ဇွန်ဘီတစ်ကောင်လား..."
ထိုလူနီးကပ်လာသည့်အချိန်တွင် ဆီးနစ်ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
လိုဏ်ဂူအတွင်းမှထွက်လာသည့်အရိပ်မဲသည် တကယ်တန်းတွင် ဇွန်ဘီတစ်ကောင်ဖြစ်ပြီး အ၀တ်စားတစ်စုံတစ်ရာ၀တ်ဆင်ထားခြင်းမရှိပေ။ သူ၏အသားရေသည် မဲနက်သောအစိမ်းပုပ်ရောင်ရှိသည်။ အသားရေများသည် ပုပ်သိုးနေပြီး မျက်လုံးသည်လည်း မျက်နှာပေါ်မှ အောက်သို့ ပြုတ်ကျလုနီးနီးဖြစ်နေ၏။
အံ့သြစွာပင် ထိုလူသည် ချမ်းဘော့ဒ်ဘုရင်မဟုတ်ပေ။
"မကောင်းဆိုး၀ါးဖြစ်တည်မှုတစ်ခုပဲ။ ဘုရားသခင်က ဒီလိုဖြစ်တည်မှုမျိုးကို ဘယ်နည်းနဲ့မှခွင့်ပြုမှာမဟုတ်ဘူး မြင့်မြတ်သောစွမ်းအင်တော်အောက်မှာ အရည်ပျော်စမ်း..."
မဟာဘုရားကျောင်း၏ မြင့်မြတ်သောစွမ်းအင်သည် မကောင်းဆိုး၀ါးများအားသတ်ဖြတ်ရာတွင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး ဘုန်းတော်ကြီးဆီးနစ်သည်လည်း မြင့်မြတ်သောစွမ်းအင်အား ကျွမ်းကျွမ်းကျင်ကျင်ကျင့်ကြံထားသည့်လူတစ်ယောက်ပင်။ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် အဖြူရောင်မီးတောက်များထွက်ပေါ်လာပြီး ထိုဖုတ်ကောင်ကို လွှမ်းခြုံသွား၏။ ထို့နောက်တွင် နံစော်သည့်အနံ့တစ်ခုသည် လေထုထဲသို့ ပြန့်နှံ့သွားတော့သည်။ ပြန်လည်ခုခံနိုင်လိုက်ခြင်းမရှိပဲ ဖုတ်ကောင်သည် အဖြူရောင်မီးတောက်များ၏လောင်ကျွမ်းမှုကြောင့် အနံ့ဆိုးများထွက်ပေါ်လာပြီး အရည်ပျော်ကျသွားတော့၏။
"ဘာတွေဖြစ်ကုန်တာလဲ။ ဒါကချမ်းဘော့ဒ်ဘုရင်ရဲ့ နေမူမမှန်ခြင်းမဟုတ်ဘူးလား..." ဘုန်းတော်ကြီးဆီးနစ်အနည်းငယ်ရှုပ်ထွေးသွားသည်။
ဖုတ်ကောင်အား သတ်ဖြတ်ပြီးသည့်နောက်တွင် သူသည် ယခင်ကထက်ပင်ပို၍နားမလည်နိုင်ဖြစ်သွားတော့သည် ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားများအပေါ်သူသိရသလောက်အရ ဘုရင်ငယ်သည် နေအဆင့်သို့ရောက်ခါစသာဖြစ်သည်။
တကယ်တန်းတွင် ချမ်းဘော့ဒ်ဘုရင်သည် သူ့ထက်ပင်အနည်းငယ်ပို၍အားနည်းနေသေးသည် အများဆုံးလယ်ဗယ်၄၊ ၅လောက်သာရှိသေးသည့် အဆင့်နိမ့်မနက်ခင်းနေမင်း အဆင့်သာရှိသေးသည်။
ဤအဆင့်တွင်ရှိသည့် နေအဆင့်သခင်များ၏ စွမ်းအားအရ ကိုယ်ပိုင်နေမူမမှန်ခြင်းများကို ဖန်တီးနိုင်စေကာမူ လောကအစစ်မှန်နှင့်တူသည့် နေရာတစ်ခုကို ဖန်တီးနိုင်လိုက်မည်မဟုတ်ပေ။ ဤလိုဏ်ဂူထဲတွင် နေအဆင့်သို့ရောက်ခါနီးသိုင်းဆရာတစ်ယောက်နှင့် စွမ်းအားခြင်းညီမျှသည့် ဖုတ်ကောင်တစ်ကောင်ပါရှိနေ၏။
သီအိုရီအရ တောက်လောင်နေသောနေမင်းအဆင့်တွင်ရှိနေသည့် သခင်များသာလျှင် သူတို့၏ နေမူမမှန်ခြင်းများထဲတွင် လှုပ်ရှားနိုင်သောသက်ရှိများကိုဖန်ဆင်းနိုင်ကြ၏။
ဖြစ်ပျက်သွားသည့်အရာကြောင့် ဘုန်းတော်ကြီးဆီးနစ်အရာအားလုံးကို နားမလည်နိုင်ဖြစ်နေ၏။
သူ၏ပတ်၀န်းကျင်အား အနည်းငယ်လေ့လာပြီးသည့်နောက်တွင် နောက်ပြန်ဆုတ်၍မရကြောင်းကိုသိလိုက်ရသည်။ ဖြစ်ပျက်နေသည်များ၏အဖြေကိုသိရန်အတွက် ဘုန်းတော်ကြီးဆီးနစ်သည် သူ၏စိတ်အားထိန်းလိုက်၏။ ထို့နောက်တွင် စိတ်တင်းကာ လိုဏ်ဂူထဲသို့ ဆက်လက်၍ ၀င်ရောက်လာခဲ့လိုက်သည်။
သူသည် လိုဏ်ဂူအတွင်းသို့ ပို၍နက်နက်ရှိုင်းရှိုင်းရောက်လာလေလေ သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် မကောင်းဆိုး၀ါးစွမ်းအင်များသည် ပို၍များလာလေလေဖြစ်သည်။
ဘုန်းတော်ကြီးဆီးနစ်သည် ထိတ်လန့်လာ၏။ အေဇာရုတိုက်ပေါ်တွင် ဤကဲ့သို့ များပြားလှသည့် မကောင်းဆိုး၀ါးစွမ်းအင်များဖြင့်ပြည့်နှက်နေသည့်နေရာအား သူတွေးမရသည့်အတွက်ပင်။ သူသည် မဟာဘုရားကျောင်းမှ စာရွက်စာတမ်းများစွာဖတ်ရှုဖူးသည့်အတွက်ကြောင့် လျို့၀ှက်နေရာများနှင့် လျို့၀ှက်ဖြစ်စဥ်များစွာအကြောင်းကို သိရှိထားသည်။
ထက်မံ၍ အာရုံခံလေ့လာကြည့်ပြီးသည့်အချိန်တွင် ဤမကောင်းဆိုး၀ါးစွမ်းရင်များသည် ဒဏာရီများထဲမှ နတ်ဘုရားများကိုပင် ကြောက်လန့်စေနိုင်သည့် ငရဲစွမ်းအင်များနှင့်ဆင်တူသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
"နတ်ဘုရားတွေအကုန် သေစမ်း..."
သူ၏အရှေ့တွင်ရှိနေသည့် အမှောင်ထုထဲမှ ၀ိုးတိုး၀ါးတားအသံများစွာကိုကြားလိုက်ရသည်။
ရုတ်တရက် အရေခွံမပါရှိသည့်ပုံနှင့်တူသော အနီရောင်မကောင်းဆိုး၀ါးများစွာသည် အမှောင်ထုထဲမှပြေးထွက်လာကြတော့၏။ လက်တစ်ဖက်တွင် လိမ္မော်ရောင်မီးတောက်များနှင့် တစ်ဖက်တွင် ဓားများကိုကိုင်ဆောင်ထားကြပြီး သူတို့ကိုယ်စီ၏အစွမ်းများသည်လည်း နေအဆင့်နှင့်နီးကပ်နေလျှက်ရှိသည်။
"ဘာကောင်တွေလဲဟ..." ဆီးနစ်တုန်လှုပ်သွားသည်။ သူ၏ မဟူရာတောင်၀ှေးကို အမြန်၀ှေ့ရမ်းလိုက်ပြီး မြင့်မြတ်သန့်စင်သောစွမ်းအင်များကို ထုတ်လွှတ်ကာ ငွေရောင်မြင့်မြတ်သောစွမ်းအင်ဓားသွားများစွာကိုပစ်လွှတ်လိုက်သည်။
လိုဏ်ဂူသည် ချက်ချင်းပင် လင်းထိန်သွားပြီး စွမ်းအင်ဓားသွားများသည် မကောင်းဆိုး၀ါးမားကို ဖျက်ဆီးပစ်လိုက်သည်။ မကောင်းဆိုး၀ါးခြောက်ကောင်ရှိသည့်အနက်မှ လေးကောင်သေဆုံးသွားကြပြီး သူတို့၏ သွေးနံ့များသည် လေထဲသို့ ပြန့်နှံ့ကုန်ပြီး ကျန်ရှိနေသည့်မကောင်းဆိုး၀ါးနှစ်ကောင်မှ အနောက်သို့လှည့်၍ ပြန်ပြေးသွားကြတော့သည်။
"နေအဆင့်သခင်တွေလောက်နီးနီးအစွမ်းရှိတယ် ဒါပေမယ့်အတော်လေးကြောက်တတ်တယ်။ ပြီးကျတော့ မီးတုတ်တွေနဲ့ ဓားတွေကိုကိုင်ထားကြတယ်..."
ဆီးနစ်သည် ရုတ်တရက်မဟာဘုရားကျောင်းစာကြည့်တိုက်ထဲတွင် ဖတ်ရှုခဲ့ဖူးသည့် စာတမ်းတစ်ခုအကြောင်းကို သတိရလိုက်ပြီး ဒဏာရီလာမကောင်းဆိုး၀ါးတစ်ကောင်အကြောင်းကိုတွေးလိုက်မိသည်။ "မဟုတ်မှလွဲရော ငါကငရဲပြည်ကိုများရောက်နေတာလား။ ဘာလို့ဒီနေရာမှာ မကောင်းဆိုး၀ါးတွေအများကြီးရှိနေရတာလဲ..."
ယခုအချိန်တွင် သူရောက်ရှိနေသည့် နေရာအား ချမ်းဘော့ဒ်ဘုရင်၏ နေမူမမှန်ခြင်းဟုမထင်တော့ပေ။
ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားဖြင့် ဤကဲ့သို့သော လောကတစ်ခုအား ဖန်တီးနိုင်ရန်မှာမဖြစ်နိုင်ချေ။ ထို့အပြင် ဤလောကထဲတွင် မကောင်းဆိုး၀ါးများစွာရှိနေပြီး ထိုမကောင်းဆိုး၀ါးများအားလုံးသည်လည်း နေအဆင့်ရောက်ခါနီးသိုင်းဆရာတို့နှင့်စွမ်းအားခြင်းညီမျှနေသည်။ တောက်လောင်နေသောနေမင်း အမြင့်ဆုံးအဆင့်တွင်ရှိနေကြသည့် နေမင်းသခင်များပင် ဤကဲ့သို့သောအရာကို ဖန်ဆင်းနိုင်ခြင်းမရှိပေ။ နတ်ဘုရားများ၏ အဆင့်သို့ပင်ရောက်နေ၏။
"နေအဆင့်သို့ရောက်ခါစလူတစ်ယောက်က ဒါမျိုးလုပ်နိုင်မှာမဟုတ်ဘူး..." ဘုန်းတော်ကြီးဆီးနစ်တွေးလိုက်မိသည်။
မကောင်းဆိုး၀ါးအလောင်းများအနီးသို့ လေ့လာရန်အတွက် ဆီးနစ်ကပ်လာသည့်အချိန်တွင် ရုတ်တရက်အလောင်းများထံမှ လိမ္မော်ရောင်မီးတောက်များတောက်လောင်လာ၏။
"ဒွီ..."
ရုတ်တရက်ပင် သေဆုံးနေသည့်မကောင်းဆိုး၀ါးများသည် ပြန်လည်ကာအသက်၀င်လာကြတော့၏။ သူတို့သည် ပို၍အားနည်းသွားသည့်ဟန်မရှိပေ။ အရင်ကအတိုင်း နေအဆင့်နှင့်နီးကပ်သည့်စွမ်းအားများဖြင့် ပြန်လည်ကာအသက်ရှင်လာကြ၏။
ယခုအချိန်တွင် ဆီးနစ်အလွန်မင်းထိတ်လန့်နေပြီဖြစ်သည်။
ကမူးရှူးထိုးဖြင့် သူ၏ မဟူရာတောင်၀ှေးအား အဆက်မပြတ်၀ှေ့ရမ်းလျှက် အနောက်သို့ဆုတ်နေလျှက်ရှိသည်။ ငွေရောင်မြင့်မြတ်သောစွမ်းအင်များသည် လိုဏ်ဂူအားလင်းထိန်သွားစေပြီး ထိုမကောင်းဆိုး၀ါးများသည်လည်း လောင်ကျွမ်းကာ ထက်မံ၍အော်ဟစ်သေဆုံးသွားကြပြန်သည်။
သို့သော် တစ်မိနစ်မပြည့်သေးခင်မှာပင် လိမ္မော်ရောင်မီးတောက်များတောက်လောင်လာပြီး အနီရောင်မကောင်းဆိုး၀ါးများထက်မံ၍အသက်၀င်လာပြန်တော့သည်။
ဆီးနစ်သည်လည်း သူ၏စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကိုအသုံးပြု၍ သူတို့အားထက်မံသတ်ဖြတ်လိုက်ရသည်။
ဤကဲ့သို့ အကြိမ်ပေါင်းများစွာသံသရာလည်ပြီးသည့်အချိန်တွင် ဆီးနစ်သည်ဖြစ်ပျက်နေသည်များကိုနားလည်သွား၏။
အနည်းငယ်၀ေးသည့်အမှောင်ထုထဲတွင် အောက်လမ်းဆရာတစ်ယောက်နှင့်တူသည့်မကောင်းဆိုး၀ါးတစ်ကောင်ရှိနေပြီး ထိုလူသည် ကောက်ရိုးများအရိုးစုများဖြင့်ပြုလုပ်ထားသည့် ၀တ်ရုံကို၀တ်ဆင်ထားသည်။ ထိုလူသည် မကောင်းဆိုး၀ါးများကို ပြန်လည်အသက်သွင်းရန်အတွက် မန္တန်များရွတ်ဆိုနေသည့်လူပင်။
မကောင်းဆိုး၀ါးအောက်လမ်းဆရာ၏စွမ်းအားသည် လယ်ဗယ်၁အဆင့်နိမ့်မနက်ခင်းနေမင်းအဆင့်ခန့်ရှိ၏။
ကံကောင်းစွာပင် ဆီးနစ်သည် ထိုအောက်လမ်းဆရာမကောင်းဆိုး၀ါးထက်များစွာပို၍စွမ်းအားမြင့်မားပြီး နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကိုလည်းပိုင်ဆိုင်ထား၏။ ထို့ကြောင့်သူသည် ထိုမကောင်းဆိုး၀ါးအား လျှင်မြန်စွာသတ်ဖြတ်နိုင်လိုက်သည်။
သူထင်ထားသလိုပင် ထိုမကောင်းဆိုး၀ါးကိုသတ်ဖြတ်ပြီးချိန်တွင် အနီရောင်မကောင်းဆိုး၀ါးများပြန်လည်အသက်ရှင်လာခြင်းမရှိတော့ပေ။
ယခုအချိန်တွင် ဆီးနစ်သည် သူဖတ်ဖူးခဲ့သည့်စာတမ်းအကြောင်းကို ပြန်တွေးလိုက်မိပြီးပို၍ပင်ကြောက်လန့်လာတော့သည်။ သို့သော် ရှေ့သို့ဆက်သွားရန်မှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိပေ။
ခနတာတုန့်ဆိုင်းနေပြီးသည့်နောက်တွင် သူသည် အံကြိတ်ကာအရှေ့သို့ ခရီးဆက်လာလိုက်၏။
သူသည်လမ်းတစ်လျှောက်တွင် မကောင်းဆိုး၀ါးများစွာကိုတွေ့ကြုံခဲ့ရသော်လည်းလျှင်မြန်စွာသတ်ဖြတ်နိုင်ခဲ့ပြီး အန္တရာယ်တစ်စုံတစ်ရာမရှိခဲ့ပေ။
သို့သော် ဆီးနစ်သည် ဤအရာများအားလုံးနှင့်ပတ်သက်၍ မကောင်းသည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။ မျက်လုံးတစ်စုံသည် အမှောင်ထုထဲတွင်ပုန်းအောင်းနေကာ သူမကောင်းဆိုး၀ါးများနှင့်တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေသလိုပင်။ ကြောင်တစ်ကောင်၏ သူ၏သားကောင်ဖြစ်သည့် ကြွက်တစ်ကောင်နှင့်ဆော့ကစားနေသလိုပင်။