← Chapters

"ချမ်းဘော့ဒ်ဘုရင်၏ နေမူမမှန်ခြင်း"

Vol. 51 Ch. 794

"ချမ်းဘော့ဒ်ဘုရင်၏ နေမူမမှန်ခြင်း"

Vol. 51 Ch. 794

ဘုန်းတော်ကြီးဆီးနစ် ၀င်္ကဘာကဲသို့သော် လိုဏ်ဂူထဲတွင် ခရီးဆက်လာခဲ့ပြီးမကောင်းဆိုး၀ါးအကောင်၂၀ခန့်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် ပို၍ကျယ်၀န်းသည့်အခန်းတစ်ခုထဲသို့ရောက်လာခဲ့သည်။

ဤနေရာတွင် ဖုတ်ကောင်ခြောက်ကောင်ခန့်ရှိနေပြီး ဟိုလျှောက်ဒီလျှောက်လျှောက်သွားနေကြသည်။

ဘုန်းတော်ကြီးဆီးနစ်သည် ထူးခြားသည့်အစိမ်းရောင်အသားရေရှိသောဖုတ်ကောင်တစ်ကောင်အားစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများကျဥ်းမြောင်းသွား၏။

ထိုအစိမ်းရောင် ဖုတ်ကောင်သည် ကျန်ရှိနေသည့် ဖုတ်ကောင်များထက်ပို၍စွမ်းအားမြင့်မားသည့်အတွက်ပင်။ ထို့ကြောင့် ဘုန်းတော်ကြီးဆီးနစ်သည် သူ့ထံမှ အန္တရာယ်အရိပ်ယောင်များကိုအာရုံခံလိုက်ရသည်။

အကယ်၍ ဆီးနစ်ထံတွင်နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ဖြစ်သည့် မဟူရာတောင်၀ှေးသာမရှိပါက ထိုဖုတ်ကောင်အားအနိုင်ယူနိုင်သော်လည်း အချိန်နှင့်စွမ်းအင်များစွာကုန်ဆုံးလိမ့်မည်ဖြစ်သည်။

စိုးရိမ်စိတ်ကြီးစွာဖြင့် သူသည် မဟူရာတောင်၀ှေးအားစွမ်းအားကုန်ထုတ်သုံးလိုက်ပြီး မိနှစ်၂၀ကြာခန့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးသည့်အချိန်တွင် ထိုမကောင်းဆိုး၀ါးကိုသတ်ဖြတ်လိုက်နိုင်၏။

အစိမ်းရောင်ဖုတ်ကောင်သေသွားသည့်အချိန်တွင် လိုဏ်ဂူအခန်း၏မျက်နှာကျက်များပေါ်မှ အလင်းရောင်များကျဆင်းလာကာ အမှောင်ထုကိုဖြိုခွင်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခန်းထဲတွင်ရှိနေသည့် မကောင်းဆိုး၀ါးစွမ်းအင်များစွာလည်း ဖျက်ဆီးခံလိုက်ရ၏။

"ဒါက..." ဘုန်းတော်ကြီးဆီးနစ်အနည်းငယ်စိတ်အေးသွား၏။

"အလင်းရောင်တွေပေါ်လာတာဆိုတော့ အခြေအနေကောင်းတယ်ဆိုတဲ့ပုံပဲ။ ဒီမကောင်းဆိုး၀ါးဂူထဲကနေ ထွက်ဖို့အတွက် လမ်းကြောင်းတစ်ခုတော့ပေါ်လာမှာပါ..." သူသက်ပြင်းချကာတွေးလိုက်မိသည်။

သူလှည့်ပတ်ကြည်ရှုနေရင်းဖြင့် ရုတ်တရက်တစ်စုံတစ်ခုကိုမြင်တွေ့လိုက်ရပြီး အေးစက်သွားသည်။

မည်သည့်အချိန်ကတည်းလမသိချေ။ ခန့်ညားထည်၀ါကာ ရှေးကျသည့်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားသည့် လူတစ်ယောက်အား သူ၏အရှေ့တွင်တွေ့လိုက်ရသည်။

ထိုလူ၏အရပ်သည်မြင့်မားပြီး အနက်ရောင်ဆံပင်များသည် လေထဲတွင်ရေတံခွန်လိုလွှင့်ပျံနေလျှက်ရှိသည်။ သူသည် မားမားမက်မက်ရပ်တည်နေပြီး ဆီးနစ်အားကျောပေးထား၏။

ဆီးနစ်အတွက် ထိုလူအား သေချာသိသလိုခံစားနေရသည်။ ထိုလူ၏အမဲရောင်ချပ်၀တ်သည် ရှေးကျပြီး လူရိုင်းဆန်သလိုခံစားနေရသည်။ ကြမ်းတမ်းသတ်ဖြတ်လိုသည့်အရှိန်၀ါနှင့်လျို့၀ှက်ပြီး ဘုရင်ကဲ့သို့သောထည်ပါသည့် အရှိန်၀ါတို့သည်လည်း ရောထွေးနေ၏။

-အပြင်ကမ္ဘာကောင်းကင်ပေါ်တွင်-

"ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းကများ င့ါကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့။ မင်းမိန်းမကို ငါသတ်ပြမယ်။ ဒါလက်စားချေတာပဲ..." အရပ်ပုပျက်ပျက်နှင့် လုပ်ကြံသတ်ဖြတ်သူသည် နှာခေါင်းရှုံ့လိုက်ပြီး သတ်ဖြတ်လိုသည့်အရိပ်ယောင်များသည် သူ၏မျက်လုံးများထဲတွင် အတိုင်းသားပေါ်လွင်နေ၏။

အန်ဂျယ်လာဟုအမည်ရသည့်အမျိုးသမီးသည် မဟာဘုရားကျောင်းအလိုရှိနေသည့် အရေးကြီးသောစစ်တုရင်ရုပ်တစ်ခုဖြစ်ပြီး ရှီရဲဘုရားကျောင်းနှင့် မြောက်ပိုင်းဒေသဘုရားကျောင်းချုပ်၏ ဘုန်းတော်ကြီးပလတ်တီနီတို့နှစ်ခုလုံးအလိုရှိနေသည်ဆိုသည်ကိုသိသော်လည်း သူသည် ချမ်းဘော့ဒ်ဘုရင်ကြောင့် ဒဏ်ရာရရှိသွားခဲ့သည့်အတွက် သွေးရူးသွေးတန်းဖြင့် ဒေါသတကြီးဖြစ်နေ၏။ ထို့ကြောင့် သူသည်ဖြစ်လာနိုင်သည့် အကျိုးဆက်များအားလုံးကို လျစ်လျူရှုလိုက်ပြီး လက်စားချေလိုသည့် စိတ်များသာလျှင်ကြီးစိုးနေလျှက်ရှိသည်။

သူ၏လက်ထဲတွင်ကိုင်ထားသည့် ဓားမြောင်သည် တောက်ပလာပြီး ဓားသွားသည် သူ၏အရှေ့တွင်ရှိနေသည့် အမျိုးသမီး၏ ချောမွေ့သောလည်ပင်းနှင့်နီးကပ်လာနေပြီဖြစ်သည်။

ပုပျက်ပျက်နှင့်လုပ်ကြံသတ်ဖြတ်သူသည် သွေးနံ့ရသလိုပင်ခံစားလိုက်ရသည်။

သတ်ဖြတ်ခြင်း... ထူးသဖြင့် သူ၏အရှေ့တွင်ရှိနေသလို အမျိုးသမီးငယ်လေးတစ်ယောက်အား သတ်ဖြတ်ရခြင်းသည်သူ့အား အလွန်ထူးခြားသောစိတ်ကျေနပ်မှုတစ်ခုကို ပေးလေ့ရှိသည်။

"၀ှစ် ၀ှစ် ၀ှစ်"

စူးရှသည့်အသံများကိုသူ၏အနောက်မှကြားလိုက်ရသည်။

လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာအမူယာပြောင်းလဲသွားသည်။ သို့သော် သူသိပ်ပြီးစိုးရိမ်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်အား တိမ်းစောင်းလိုက်ပြီး အယ်လီနာ၏မြှားများကို ရှောင်ရှားလိုက်သည်။ ရှောင်ရှားလိုက်သော်လည်း သူ၏လက်များသည် အန်ဂျယ်လာ၏လည်ပင်းအားပိုင်းဖြတ်ရန်ပြုနေဆဲပင်။

ဤအခိုက်တန့်တွင် အချိန်တစ်ခုလုံးရပ်တန့်သွားသလို ချမ်းဘော့ဒ်ဘက်မှစစ်သည်တော်များခံစားလိုက်ရသည်။ အယ်လီနာနှင့် မြေပြင်ပေါ်တွင်တိုက်ခိုက်နေသည့် လမ်းပါ့ဒ်ကဲ့သို့သောလူများ၏ နှလုံးခုန်သံများရပ်တန့်သွားသည်။ ဘလက်ကီသည်လည်း သူ၏အတောက်ပံများကိုလျှင်မြန်စွာခပ်နေသော်လည်း ပုပျက်ပျက်နှင့်လုပ်ကြံသတ်ဖြတ်သူအား ခါချနိုင်ခြင်းမရှိပေ။ နဂါးပေါက်များကဲ့သို့သော် ကျန်ရှိနေသည့် နတ်ဆိုးသားရဲများသည်လည်း အန်ဂျယ်လာအား ကာကွယ်ရန်အတွက်လျှင်မြန်စွာပျံသန်းလာနေသော်လည်း နောက်ကျသွားပြီဖြစ်သည်။

"မလုပ်နဲ့..." ချမ်းဘော့ဒ်ဘက်မှလူများအားလုံးအော်ဟစ်လိုက်ကြသည်။

"ဟားဟား" ပုပျက်ပျက်နှင့် လုပ်ကြံသတ်ဖြတ်သူသည် ရက်စက်ကြမ်းကြုတ်စွာရယ်မောလိုက်သည်။

ဤအရာများအားလုံးသည် စက္ကန့်၀က်အတွင်းမှာဖြစ်ပျက်သွားခြင်းပင်။

လူတိုင်း စိတ်ဓာတ်ကျဆင်းသွားသည့်အချိန်တွင် ရှေးကျမှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။

ကောင်းကင်ပေါ်တွင် တောက်ပသည့် ငွေရောင်စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာပြီး ခုခံ၍မရနိုင်သောစွမ်းအားတစ်မျိုးဖြင့် အပြင်သို့ ကျယ်ပြန့်လာသည်။ နတ်ဘုရားများ ဒေါသဖြစ်သွားသလိုပင်။ ထိုစွမ်းအင်ကျယ်ပြန့်လာသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးနေ့ခင်းအချိန်ခါကဲ့သို့ လင်းထိန်သွား၏။

ပုပျက်ပျက်နှင့်လုပ်ကြံသတ်ဖြတ်သူသည် ကမ္ဘာပေါ်တွင်ကြောက်စရာအကောင်းဆုံးအရာတစ်ခုအား မြင်လိုက်ရသလို အော်ဟစ်လိုက်ပြီး ကြီးမားသည့်စွမ်းအားကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်အားတိုက်ခိုက်လိုက်၏။ ချိုးချိုးချွတ်ချွတ်အသံများထွက်ပေါ်လာပြီး သွေးများသည် သူ၏ခန္ဓာကိုယ်မှပန်းထွက်လာကာ ပို၍ပင်ဒဏ်ရာပြင်းထန်သွားတော့၏။ သူသည် လေပေါ်တွင်ပျံသန်းနိုင်ခြင်းမရှိတော့ပဲ ကောင်းကင်ပေါ်မှစွမ်းအားကင်းမဲ့စွာပြုတ်ကျလာတော့သည်။

"အခွင့်ကောင်းပဲ အဲ့ကောင်ကို သတ်ကြ"

စစ်နတ်သမီးအယ်လီနာသည် အော်ဟစ်လိုက်ရင်းဖြင့် သူမ၏မာဗီနာလေးကြိုးသည်လည်း လျှင်မြန်စွာတုန်ခါသွားပြီး မြှားပေါင်းများစွာကိုပစ်လွှတ်လိုက်ကာ အကာရံကင်းမဲ့နေသည့် လုပ်ကြံသတ်ဖြတ်သူအား ဆူးလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။

"အား...မဟုတ်ဘူး..." ထိုလုပ်ကြံသတ်ဖြတ်သူသည် အလွန်အသက်ပြင်းလှ၏။ အယ်လီနာ၏ မြှားပေါင်းများစွာသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် စိုက်၀င်နေသော်လည်း အသက်ရှင်နေဆဲပင်။ သူသည် ရုန်းကန်ပြီး လပေါ်သို့ ပျံသန်းကာ ကိုယ်ယောင်ဖျောက်နိုင်ရန်ကြိုးစားနေလျှက်ရှိသည်။

"၀ေါင်း..." ဒေါသဖြစ်နေကြသည့် နတ်ဆိုးသားရဲများ၏ အော်ဟစ်သံများကို သူ၏ဘေးပတ်ပတ်လည်မှကြားလိုက်ရသည်။

နောက်ဆုံးကျန်ရှိနေသေးသောအသိစိတ်တို့ဖြင့် ပုပျက်ပျက်လုပ်ကြံသတ်ဖြတ်သူသည် ကြီးမားသည့်အရိပ်မဲကြီးများသူ့ထံသို့ ပျံသန်းလာသည်ကိုသာမြင်တွေ့လိုက်ရ၏။

ချွန်ထက်သည့် သွားများ၊ လက်သည်းများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိုက်၀င်သွားပြီး သွေးမိုးများသည် ကောင်းကင်ပေါ်မှချက်ချင်းရွာကျလာတော့သည်။ သူ၏ခန္ဓာကိုယ်သည်လည်း ဒေါသဖြစ်နေသည့်နတ်ဆိုးသားရဲများလက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်ကုန်တော့ပြီး သားရဲကောင်များသည် သူ၏အသားများကို စားသောက်လိုက်ကြ၏။

သူ၏ဖြစ်တည်မှုသည် လုံး၀ပင်အစနရှာမရတော့ပေ။

သူသေသွားသည့်အချိန်ထိ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ချေ။

"ငါ့ဓားမြောင်က အဲ့မိန်းကလည်ပင်းကို ထိတော့မယ့်အချိန်လေးမှာတင် သူထိုင်နေတဲ့ ငွေရောင်ပုလ္လင်က ရုတ်တရက်စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ပြီးတော့ င့ါကိုတိုက်ခိုက်လိုက်တာပဲ...င့ါခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ပြီး င့ါအသက်စွမ်းအင်တွေကို ယူဆောင်သွားတယ်..." ဤသည်မှာ ပုပျက်ပျက်လုပ်ကြံသတ်ဖြတ်သူ၏စိတ်ထဲတွင်နောက်ဆုံးတွေးလိုက်မိသည့်အရာပင်။

"နင်အဆင်ပြေရဲ့လား အန်ဂျယ်လာ..." အယ်လီနာသည် ဘလက်ကီ၏ ကြောပေါ်သို့ ပျံသန်းသွားလိုက်ပြီး အန်ဂျယ်လာအား စိုးရိမ်စွာဖြင့် မေးလိုက်သည်။ သူမသည် အန်ဂျယ်လာ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာတွေ့ရမည်ကို စိုးရိမ်နေ၏။

......

"ချမ်းဘော့ဒ်ဘုရင်လား..."

သူ၏အရှေ့တွင်ရှိနေသည့်လူအား မှတ်မိရန်မှာ ဆီးနစ်အတွက်မခက်ခဲလှပေ။ သူ၏စိတ်ထဲတွင် ဖှေး၏ ပုံရိပ်အား ထင်ရှားစွာမှတ်သားထားသည့်အတွက်ဖြစ်သည်။

"ဟားဟား ဟုတ်တယ် ကျွန်တော်ပဲပေါ့..." ဖှေးသည်ရယ်မောရင်းဖြင့် တစ်ဖက်သို့လှည့်လာလိုက်သည်။

မသေမျိုးဘုရင်စုံလိုက်ပစ္စည်းများအား အစုံလင်မရသေးသော်လည်း သူ့တွင်ရှိနေပြီးဖြစ်သည့် ပစ္စည်းများသည် မသေမျိုးဘုရင် ဘူးလ်-ခရေးတို့စ်၏ အရှိန်၀ါကိုပြသနေပြီဖြစ်သည်။ လူရိုင်းဆန်သည့်အရှိန်၀ါသည် ဖှေး၏ခန္ဓာကိုယ်ထဲတွင်ရှိသည့်လူရိုင်းသွေးမျိုးဆက်နှင့်ပေါင်းစည်းသွားသည့်အတွက် ဘုရင်အား ဘူးလ်-ခရေးတို့စ်ပြန်လည်၀င်စားသည်ဟုထင်မှတ်ရစေသည်။ သူသည် အလွန်စွမ်းအားမြင့်မားသည့်အတွက် ကမ္ဘာပေါ်တွင်ရှိနေသည့် သိုင်းဆရာများအားလုံးကို လျစ်လျူရှုနိုင်နေသလိုပင်။

"ဟမ် မင်းရဲ့ပြဇာတ်ကအသုံးမ၀င်ဘူး။ မင်းရဲ့ အားနည်းပြီးတော့ စွမ်းအားကင်းမဲ့တဲ့မကောင်းဆိုး၀ါးတွေအသုံးချပြီးတော့ င့ါကိုအနိုင်ယူနိုင်မယ်ထင်လို့လား။ ကလေးဆန်လိုက်တာ။ ဒီနေရာက ဘာလဲဆိုတာ င့ါကိုပြောစမ်း..." ဆီးနစ်သည် သူ၏မြင့်မြတ်သောစွမ်းအင်များကိုထုတ်လွှတ်လိုက်ပြီး မဟူရာတောင်၀ှေးကိုအသက်သွင်းလိုက်သည်။ သူသည် ဖှေးအားမြင်လိုက်ရပြီး လက်ထဲတွင်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ရှိနေသည့်အတွက် ယုံကြည်ချက်မြင့်မားနေသည်။ သူသည် တိုက်ရိုက်တိုက်ခိုက်ရမည်ကို ကြောက်လန့်တတ်သည့်လူမဟုတ်ပေ။

"ဟားဟားဟား ခင်ဗျားဒီနေရာကိုရောက်နေတာ အတော်တောင်ကြာပြီကို မသိသေးဘူးလား။ ဒါက ကျွန်တော့ရဲ့နေမူမမှန်ခြင်းပဲ..." ဖှေးသည် ဆီးနစ်အား လှောင်ပြောင်သည့်အပြုံးတစ်ခုဖြင့်ကြည့်ကာပြောလိုက်သည်။ "ခင်ဗျားမှာ စွမ်းအားဘယ်လောက်ကျန်သေးလဲဆိုတာကို ကြည့်လိုက်ပါဦး..."

All Chapters