← Chapters

"အဆုံးမဲ့သော နေမူမမှန်ခြင်းလောကများ"

Vol. 51 Ch. 796

"အဆုံးမဲ့သော နေမူမမှန်ခြင်းလောကများ"

Vol. 51 Ch. 796

လိုဏ်ဂူထဲတွင် ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး တိတ်ဆိတ်သွားသည်။

သွေးများစီးကျလာပြီး လိုဏ်ဂူနံရံကိုချယ်သလိုက်သည်။ သဘာ၀ကျောက်တုံးများ၊ နံရံများသည်လည်း သွေးစက်များဖြင့် စွန်းထင်းကုန်၏။

ဘုန်းတော်ကြီး ဆီးနစ်သည် လိုဏ်ဂူနံရံမှ စွမ်းအားကင်းမဲ့စွာလျှောကျလာပြီး သူ၏ခန္ဓာကိုယ်သည် နံရံပေါ်တွင်ကြောက်မက်ဖွယ် သွေးရာကြီးတစ်ခုကို ချန်ထားလိုက်ခဲ့သည်။

ဖှေး၏သိုင်းကွက်သည် သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏အရေပြားပေါ်တွင် အက်ကွဲကြောင်းများကိုမြင်နေရ၏။ သူသည် အခြေနေမကောင်းလှပေ။ ထို့အပြင် နံရံပေါ်တွင်လည်း သူ၏ခန္ဓာကိုယ်ပုံသဏန်အချိုင့်ကြီးတစ်ခုရှိနေပြီး ကြောက်မက်ဖွယ်ပင်။

သို့သော် နေအဆင့်သခင်များသည် အသက်ပြင်းလှ၏။

သူသည် ဤကဲ့သို့ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားသော်လည်း သဲနီဘုရားကျောင်း၏ဘုန်းတော်ကြီးဆီးနစ်သည် သေဆုံးခြင်းမရှိသေးပေ။ သတိလစ်မေ့မျောခြင်းပင်မရှိသေးပဲ ပင်ပန်းနေသည့်ဟန်ပေါ်သော်လည်း စိတ်အေးလက်အေးဖြစ်နေ၏။ သူသည် ချမ်းဘော့ဒ်ဘုရင်၏ သိုင်းကွက်တစ်ခုကြောင့် သေဆုံးသွားခဲ့ခြင်းမရှိသည့်အတွက်ကြောင့် ကတိအတိုင်းချမ်းဘော့ဒ်ဘုရင်သည်သူ့အားအသက်ချမ်းသာပေးရမည်ဖြစ်သည်။ ဒဏ်ရာပြင်းထန်သော်လည်း မဟာဘုရားကျောင်း၏ မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် ကုသရာတွင်အကောင်းဆုံးစွမ်းအင်များထဲမှတစ်ခုဖြစ်သည်။ သူသည် ချက်ချင်းသေဆုံးသွားခြင်းမရှိပါက အသက်ရှင်နိုင်မည်ဖြစ်သည်။

"ဖွီး....အား..ချမ်းဘော့ဒ်ဘုရင် ဒီစစ်ပွဲသုံးတူက...မင်းရဲ့စွမ်းအား..သေစမ်း..မင်းနိုင်ပါတယ်.."

သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် ဆန္ဒမရှိသော်လည်း အံ့ကြိတ်ကာ အရှုံးကို၀န်ခံလိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်အရိုးများအားလုံး ကျိုးကြေကုန်ပြီဖြစ်ပြီး သူ၏မြင့်မြတ်သန့်စင်သောစွမ်းအားများသည်လည်းကုန်ခမ်းသွားပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် မြေပြင်ပေါ်တွင်သေဆုံးနေသည့် တိရိစ္ဆာန်တစ်ကောင်ကိုလဲလျောင်းနေရသည်။ အတတ်နိုင်ဆုံးအားတင်း၍ လိုဏ်ဂူအတွင်းထဲသို့ နောက်တစ်ကြိမ်လှည့်ပတ်ကြည့်ရှုလိုက်ပြီး အားအင်ချိနဲ့စွာမေးလိုက်သည်။ "မင်းလို့ အရည်ချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ကို ရှုံးနိမ့်ရတာတော့ ရှက်စရာမဟုတ်ပါဘူး။ ဒါပေမယ့် ငါ့မှာ မေးခွန်းတစ်ခုရှိသေးတယ်။ အရှင်မင်းကြီးဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ်.."

ဖှေးသည် မသေမျိုးဘုရင်၏တူကို ပြန်သိမ်းကာ ဆီးနစ်အားကြည့်လိုက်သည်။

"မေးလေ.." သူပြောကာ ခေါင်းငြိမ့်လိုက်သည်။

"မင်းရဲ့ နေမူမမှန်ခြင်းလောကကဘာလဲ။ ဒီထဲမှာဘာဖြစ်လို့ သက်ရှိတွေရာရှိနေရတာလဲ။ အဲ့သက်ရှိတွေကရော ဘာလို့ ငါတို့လောက်နီးနီးစွမ်းအားကြီးမားနေရတာလဲ။ မင်းက င့ါနေမူမမှန်ခြင်းလောက[ဘုရားသခင်၏စွန့်ပစ်နယ်မြေ]ထဲမှာ မင်းရဲ့နေမူမမှန်ခြင်းကိုထပ်သုံးခဲ့တယ်။ မင်းအဲ့တာတွေအကုန်လုံးကို ဘယ်လိုလုပ်လိုက်တာလဲ..." သူသည် အလွန်သိချင်နေလွန်းသောကြောင့်ဖြစ်ပေလိမ့်မည်။ ဆီးနစ်သည် လဲလျောင်းနေရာမှ ဖြူဖက်ဖြူယော်မျက်နှာနှင့်ကောက်ထိုင်လိုက်၏။

ဖှေးနှာခေါင်းရှုံ့၍ ဖြေညှင်းစွာပြောလိုက်သည်။ "ကျွန်တော့ရဲ့နေမူမမှန်ခြင်းကို [နတ်ဆိုးသားရဲတွင်း]လို့ခေါ်တယ်။ ဒီထဲမှာ ဘာလို့ သက်ရှိမကောင်းဆိုး၀ါးသတ္တ၀ါတွေရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်လဲမသိဘူး။ နေအဆင့်ရောက်ပြီးတော့ အခုမှ ပထမဆုံးသုံးဖူးတာပဲ။ ခင်ဗျားရဲ့နောက်ဆုံးမေးခွန်းကိုတော့ ဟားဟားဟား ကျွန်တော်မဖြေနိုင်ဘူး။ ဒီလိုလျို့၀ှက်သိုင်းကွက်တွေကို ဘယ်မှာနေနေဖုံးကွယ်ထားတတ်ကြတာပဲ..."

ဘုန်းတော်ကြီးဆီးနစ်သည် အနည်းငယ်တုန်လှုပ်သွားသည်။ သူသည် ဒေါသဖြစ်ကာရှက်ရွံ့နေသည့်ဟန်ရှိသော်လည်း ဘာမှမတတ်နိုင်ပေ။

တကယ်တန်းတွင် သူသည် အနည်းငယ်ရှုပ်ထွေးနေပြီး ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်နေ၏။

"ချမ်းဘော့ဒ်ဘုရင်က အေဇာရုတိုက်ရဲ့ကျင့်ကြံခြင်းနိယာမတွေကိုတစ်ခုပြီးတစ်ခုဖောက်ဖျက်နေတာပဲ။ သူက ပါရမီရှင်တွေထဲကမှ ပါရမီရှင်တစ်ယောက်လား။ ဒါမှမဟုတ် နတ်ဘုရားတစ်ပါးပြန်လည်၀င်စားတာလား။ ဘုန်းတော်ကြီး ပလတ်တီနီရော ငါရောသူ့ကို လျှော့တွက်ခဲ့လိုက်မိတယ်။ သူ့ကို အရည်ချင်းရှိတဲ့လူတစ်ယောက်ရှိနေတော့ ၀တ်ရုံနက်ကျောင်းတော်အတွက် အရင်လိုပြန်လည်တောက်ပဖို့အလားလာအများကြီးရှိနေပြီ..." သူတွေးလိုက်မိသည်။

သို့သော် ဖှေး၏စွမ်းအားများသည် ဒိုင်ယာဘလိုကမ္ဘာမှရရှိသည်ကိုလည်း သူမသိချေ။ ဖှေးလိမ်နေသည်ကိုလည်း သူမသိချေ။

ဖှေး၏နေမူမမှန်ခြင်းသည် ဒိုင်ယာဘလိုဂိမ်းကမ္ဘာမှ ပထမဆုံးမြေပုံဖြစ်သော [သူပုန်စခန်း]၏ [သွေးမြေရိုင်းလွင်ပြင်]မှ နေရာများထဲမှတစ်ခုဖြစ်သည့် [နတ်ဆိုးသားရဲတွင်း]ပင်။

ဖှေးသည် မရဏငရဲခက်ခဲမှုအဆင့်၏ ပထမဆုံးအလုပ်ဖြစ်သော [နတ်ဆိုးသားရဲတွင်း]မှ မကောင်းဆိုး၀ါးများအားလုံးကိုသတ်ဖြတ်ပြီးသည့်အချိန်တွင် စနစ်၏လျို့၀ှက်သည့် အေးစက်စက်အသံအား ဖှေး၏နားထဲတွင်ကြားလိုက်ရပြီး [နတ်ဆိုးသားရဲတွင်း]နေရာအား ဖှေး၏နေရာအဖြစ်ပေးခဲ့သည်။

တစ်နည်းအားဖြင့် ဖှေးသည် အပြင်ကမ္ဘာတွင်တိုက်ခိုက်နေသည့်အချိန်တွင် နတ်ဆိုးသားရဲတွင်းအား သူ၏တိုက်ပွဲကွင်းအဖြစ်ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထိုအရာသည် တစ်ခြားသောနေအဆင့်သခင်များ၏ နေမူမမှန်ခြင်းလောကလိုဖြစ်ပြီး ဖှေးသည် ဤနေရာတွင်ရှိနေသည့်အရာရာကိုထိန်းချုပ်နိုင်မည်ဖြစ်သည်။

နတ်ဆိုးသားရဲတွင်းထဲတွင် ဖှေးသည် သူ၏ စွမ်းအင်ကိုစိတ်တိုင်းကျပြန်လည်ဖြည့်တင်းနိုင်ပြီး ရန်သူများ၏ စွမ်းအားသည်အသုံးပြုပြီးပါက ပြန်လည်ဖြည့်တင်းရနိုင်မည်မဟုတ်ပေ။ တကယ်တန်းတွင် ဖှေးသည် မြို့ပြောင်းမှော်စာလိပ်ကိုပင်အသုံးပြု၍ သူပုန်စခန်းကိုပင်ပြန်ကာ ဆေးပုလင်းများ၊ မှော်ပစ္စည်းများ၀ယ်ယူနိုင်သေးသည်။

ပို၍အံ့သြစရာကောင်းသည်မှာ ဤနေရာသို့ရောက်လာကြသည့် ရန်သူများသည် ဒိုင်ယာဘလိုကမ္ဘာမှ လူဆိုးခေါင်းဆောင်ကြီးများကဲ့သို့ဖြစ်နေပြီး သူတို့ဤနေရာတွင်သေဆုံးသွားခဲ့ပါက သူတို့တွင်ရှိနေသည့်ပစ္စည်းများကိုလည်း ကောက်ယူနိုင်၏။

မည်သူပင်မဆို တောက်လောင်သောနေမင်းအဆင့်သို့မရောက်သေးပါက သူတို့သည် နတ်ဆိုးသားရဲတွင်းထဲတွင်ထာ၀ရပိတ်လှောင်ခံရမည်ဖြစ်သည်။ အဆက်မပြတ်ပြန်လည်မွေးဖွားလာမည်ဖြစ်သည့် မကောင်းဆိုး၀ါးများနှ့င်တိုက်ခိုက်နေရမည်ဖြစ်ပြီး ဖှေးခွင့်မပြုမခြင်း ပြန်ထွက်နိုင်တော့မည်မဟုတ်ပေ။

ဖှေး၏ [နတ်ဆိုးသားရဲတွင်း]သည် နေမူမမှန်ခြင်းလောကများနှင့်တူညီသည်။ သို့သော်လည်း ပို၍စွမ်းအားမြင့်မားသည်။

ဖှေး၏ စွမ်းအားများသည် ဒိုင်ယာဘလိုကမ္ဘာမှလာရောက်ခြင်းဖြစ်သည့်အတွက်ကြောင့် အပြင်ကမ္ဘာမှကျင့်ကြံခြင်းလမ်းစဥ်နှင့်မတူပေ။ သူသည် လောကနိယာမများကိုအသုံးပြု၍ ကိုယ်ပိုင်နေမူမမှန်ခြင်းလောကများကိုမတည်ဆောက်နိုင်သော်လည်း သူသည် နတ်ဆိုးသားရဲတွင်းကို ဆင့်ခေါ်၍ လောကနိယာမများကို ချိုးဖောက်နိုင်သည်။ ဥပမာအားဖြင့် သူသည် ဆီးနစ်၏ နေမူမမှန်ခြင်းလောကထဲတွင် နတ်ဆိုးသားရဲတွင်းကိုဆင့်ခေါ်ကာ အခြေအနေကိုလျှင်မြန်စွာပြောင်းပြန်လှန်ပစ်ခဲ့သည်။

အကယ်၍ ဆီးနစ်နှင့်စွမ်းအားခြင်းသိပ်မကွာသည့်လူဆိုပါက ဘုရားသခင်၏စွန့်ပစ်နယ်မြေထဲတွင် သေချာပေါက်သေဆုံးလိမ့်မည်ဖြစ်သည်။

ဖှေးသည် ဘုရားသခင်၏စွန့်ပစ်နယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရပြီးချက်ချင်း သူ၏၀ှက်ဖဲကိုထုတ်မသုံးခဲ့သည်မှာလည်း အကြောင်းပြချက်ရှိသည်။ သူသည် ရှောင်ရှားရန်သာကြိုးစားနေခဲ့ပြီးမြင့်မြတ်သန့်စင်သောစွမ်းအားများပါရှိသည့် အနီရောင်လျှပ်စီးအလင်းတန်းများအား ခံခဲ့ခြင်းသည် ဆီးနစ်၏စွမ်းအားကိုအသုံးပြု၍ အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှအနည်းငယ်ကျန်ရှိနေသေးသည့် သူ၏စွမ်းအားများကို ဖျက်ဆီးလိုသောကြော့င်ပင်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူ၏တိုက်ခိုက်မှုမှရရှိခဲ့သည့် အဆိပ်သည်လည်း သူ၏ခန္ဓာကိုယ်ထဲတွင်ပြန့်နှံ့နေခဲ့သည်။ ဖှေးတွင်လည်း [ဒိုင်ယာဘလိုကမ္ဘာ] အဆိပ်ဖြေဆေးပုလင်း ၀ယ်ယူထားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လျှပ်စီးအလင်းတန်းများမှ စွမ်းအားကိုအသုံးပြု၍ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆိပ်များကိုလည်း ဖျက်ဆီးလိုသည့်အတွက်ပင်။

တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သည်။

သို့သော် သူ၏အရှေ့တွင်ရှိနေသည့်လူအား လက်ရှိတွင်သတ်လို့မရသေးကြောင်းကို ဖှေးသိသည်။

ဖှေး၏ လက်ရှိစွမ်းအားအရှိန်၀ါဖြင့် သူသည် မဟာဘုရားကျောင်းမှ လအဆင့်သိုင်းဆရာတစ်ချို့ကိုသတ်ဖြတ်နိုင်သော်လည်း မြောက်ပိုင်းဒေသတွင်အထင်ရှားဆုံးဘုရားကျောင်းငါးခုထဲမှ တစ်ခု၏ ဘုန်းတော်ကြီးကို သတ်ဖြတ်လိုက်ခြင်းသည် မဟာဘုရားကျောင်းအားကြီးမားစွာရန်စလိုက်ခြင်းသည်။ ဖှေးသည် ၀တ်ရုံနက်ကျောင်းတော်၏ ဘုန်းတော်ကြီးအဖြစ် ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်မတင်မြှောင်ရသေးသည့်အတွက်ကြောင့် တရားမ၀င်သေးပေ။ ထို့ကြောင့်သူသည် လက်ရှိတွင် ဘုန်းတော်ကြီးဆီးနစ်အားသတ်ဖြတ်လိုက်ပါက ချမ်းဘော့ဒ်တိုင်းပြည်အတွက် ဒုက္ခများစွာဖြစ်ပေါ်လာမည်ဖြစ်သည်။

ဖှေးသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး မြေပြင်ပေါ်တွင်ရှိနေသည့် မဟူရာတောင်၀ှေးအား လှမ်းယူလိုက်သည်။

မြင့်မြတ်သောစွမ်းအင်များစီး၀င်နေခြင်းမရှိတော့သည့်အတွက်ကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည့် မူလပုံသဏန်ဖြစ်သည့် မီးလောင်ထားသည့်သစ်သားချောင်းပုံရှိနေ၏။

ဖှေး၏လက်ထဲသို့ရောက်လာသည့်အချိန်တွင် တောင်၀ှေးသည် ကိုယ်ပိုင်စိတ်ရှိနေသည့်အတိုင်းစတင်၍ ရုန်းကန်တော့သည်။

ဖှေးသည် တောင်၀ှေးအားသူ၏လက်ချောင်းဖြင့် ပွတ်သပ်ကာ စွမ်းအင်တစ်ခုစီး၀င်စေလိုက်သည်။ ထိုမှသာ မဟူရာတောင်၀ှေးသည် ရုန်းကန်နေခြင်းငြိမ်သက်သွား၏။

"ဒီနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ဒီနေ့ကစပြီးတော့ ၀တ်ရုံနက်ကျောင်းတော်မှာ သိမ်းထားလိုက်မယ်။ သဲနီဘုရားကျောင်းက ဒီလိုလက်နက်မျိုးကိုပိုင်ဆိုင်ဖို့အဆင့်မမှီဘူး။ တနေ့ကျ သဲနီဘုရားကျောင်းမှာ ရှီရဲဘုရားကျောင်းရဲ့အိမ်စောင့်ခွေးမဟုတ်တဲ့၊ ရဲရင့်တည်ကြည်ပြီး ဘုရားသခင်၏လမ်းစဥ်ကို လိုက်နာတဲ့ ဘုန်းတော်ကြီးတစ်ပါးရှိလာမယ်ဆိုရင် မဟူရာတောင်၀ှေးကို ဓားငါးလက်တောင်တန်းမှာ ပြန်လာယူနိုင်တယ်..."

All Chapters