"မြင့်တက်လာနေသည့် တိုင်းပြည်"
Vol. 51 Ch. 797
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဖှေးသည် မဟူရာတောင်၀ှေးအား သူ၏ထားသိုရာနေရာထဲသို့ထည့်လိုက်သည်။
ဘုန်းတော်ကြီးဆီးနစ်၏ ပါးစပ်မှသွေးများထက်မံ၍စီးကျလာသည်။ တောင်၀ှေးထဲတွင်ရှိနေသည့် သူ၏၀ိဉာဥ်စွမ်းအားတစ်စိတ်တစ်ပိုင်းကိုဖှေးမှ ဖျက်ဆီးပစ်လိုက်သည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် သူသည် ဆဲဆိုနိုင်ခြင်းပြန်လည်ကာ တိုက်ခိုက်နိုင်ခြင်းမရှိပေ။ လောလောဆယ်တွင် အသုံး၀င်တော့မည်မဟုတ်သောကြောင့်ပင်။ နောက်မှသာ အစီစဥ်တစ်ခုခုဆွဲ၍ သူ၏နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်အားပြန်ယူရမည်ဖြစ်သည်။
"ဒိုင်ယာဘလိုကမ္ဘာထဲက တစ်ခြားနေရာတွေကိုရော ငါ့ရဲ့နေမူမမှန်ခြင်းလောကအဖြစ်ရနိုင်လားမသိဘူး။ [နတ်ဆိုးသားရဲတွင်း]ကနဲနဲသေးသေတယ်လေ။ [အာကိန်းရှုခင်းမြေ][မီးတောက်မြစ်][အေးရိတောင်၀ထိပ်][ကမ္ဘာကျောက်တုံးအခန်း][ဖျက်ဆီးခြင်းပုလ္လင်]အဲ့လိုနေရာတွေကိုသာရလိုက်ရင်တော့ ရှယ်ပဲ..." ဖှေးတွေးကြည့်ကာ သွားရေကျလာခဲ့သည်။
ထို့နောက်တွင် သူ၏လက်ကို၀ှေ့ရမ်းကာ ဆင့်ခေါ်နေခြင်းကိုရပ်တန့်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အဆုံးစမဲ့သောလိုဏ်ဂူမှာလဲ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားတော့၏။
ညဘက်နေညှင်းတစ်ခုတိုက်ခတ်နေသည်နှင့်အတူ ဖှေးနှင့် ဆီးနစ်တို့သည် ချမ်းဘော့ဒ်မြို့တော်၏ ကောင်းကင်ပေါ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ဒဏ်ရာပြင်းထန်စွာရရှိထားသည့်အတွက်ကြောင့် ဘုန်းတော်ကြီးဆီးနစ်သည် ကောင်းကင်ပေါ်တွင်ဆက်လက်ပျံသန်းနေနိုင်ခြင်းမရှိတော့ပဲ အော်ဟစ်ကာပြုတ်ကျလာတော့သည်။
အကယ်၍ သူသည် လက်ရှိအခြေအနေတွင် မြေပြင်ပေါ်သို့ ပြုတ်ကျပါက အစိတ်စိတ်အမွှာမွှာဖြစ်သွားမည်ဖြစ်သည်။
ယခုအချိန်တွင် ရင်ပြင်ပေါ်မှတိုက်ပွဲများသည်လည်း အဆုံးသက်သွားပြီဖြစ်သည်။
အနိုင်ရရှိသူများအားလုံးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။
ဤအခိုက်တန့်တွင် လေညှင်းတစ်ခုတိုက်ခတ်သွားပြီး လူတစ်ယောက်ပျံသန်းလာကာ အောက်သို့ ပြုတ်ကျလာနေသည့် ဆီးနစ်ကိုဖမ်းကာ ကယ်တင်လိုက်သည်။
ထိုလူသည် အမဲရောင်၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ထားပြီး အတော်တန်တောင့်တင်းသည့်ခန္ဓာကိုယ်ရှိသည်။
ယခုအချိန်တွင် သူ၏ နှုတ်ခမ်းမှသွေးများစီးကျနေပြီး သူ၏ခါးပေါ်တွင်လည်း အပေါက်ကြီးတစ်ခုရှိနေသည်။ ထိုအပေါက်သည် လက်မောင်းတစ်ခုစာခန့်ကျယ်၀န်းပြီး ထိုးဖောက်မြင်နေရသည့်အတွက်ကြောင့် ကြောက်မက်ဖွယ်ပင်။
သာမန်လူများဆိုပါက ဤကဲ့သို့ ပြင်းထန်လှသည့်ဒဏ်ရာကြောင့် တန်း၍သေဆုံးသွားမည်ဖြစ်သည်။ သို့သော် ထိုလူသည် လှုပ်ရှားသွားလာနိုင်၊ ကောင်းကင်ပေါ်တွင်ပျံသန်းနေနိုင်ဆဲပင်။
သူသည် ယနေ့ရောက်ရှိလာခဲ့သည့် ရှီရဲကျောင်းတော်မှ အကြီးကဲနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လီမော့ပင်။
ပျံသန်းကာ အောက်သို့ပြုတ်ကျလာနေသည့် ဆီးနစ်အား ကယ်တင်လိုက်ပြီး နောက်သို့ အမြန်ပြန်ဆုတ်လိုက်သည်။
ထို့နောက်တွင် နောက်ထပ်လူတစ်ယောက်ပျံသန်းလာနေပြီး လီမော့၏ ဘေးတွင်ရပ်လိုက်သည်။ ထိုလူသည်လည်း အခြေနေမကောင်းလှပေ။ သူ၏အမဲရောင်၀တ်ရုံအား ခန္ဓာကိုယ်ပေါ်တွင်မတွေ့ရတော့ပဲ တစ်နေရာရာမှ တွေ့လာခဲ့သည့်၀တ်ရုံတစ်ထည်ကို၀တ်ဆင်ထားသည်။ ထို၀တ်ရုံသည် သူ၏ခန္ဓာကိုယ်နှင့်မကိုက်ညီလှပေ။ သူသည်ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် နှာခေါင်းများ၊ ပါးစပ်များထံမှသွေးများစီးကျလာနေလျှက်ရှိသည်။ သူသည်လည်း ရှီရဲဘုရားကျောင်းမှအကြီးကဲတစ်ယောက်ဖြစ်သည့် ဒီအော်ပင်။
ဖှေးသူတို့အားမြင်လိုက်ရသည့်အတွက်အနည်းငယ်အံ့သြသွားသည့်ဟန်ရှိသော်လည်း နှစ်ယောက်လုံးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိနေသည်ကို တွေ့လိုက်ရသည့်အတွက်စိတ်အေးသွားသည်။
ကြည့်ရသည့်ပုံအရ သူတို့နှစ်ယောက်သည်လည်း ၀တ်ရုံနက်ကျောင်းတော်၏ ညာလက်ရုံးဘုန်းတော်ကြီး ဘတ်စတီနှင့် အောက်လမ်းဆရာတို့ကို နိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ကြသည့်ပုံပင်။
ဖှေးလှည့်ပတ်ကြည့်ရှုလိုက်သည့်အချိန်တွင် ထိုနေအဆင့်သခင်နှစ်ယောက်သည် လူအုပ်နှင့်အတူ ရင်ပြင်ပေါ်တွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ဘတ်စတီသည် သူ၏မြင့်မြတ်သန့်စင်သောစွမ်းအင်များစွာကုန်ခမ်းနေသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများများစားစားမရှိပေ။ တစ်ဖက်တွင် အောက်လမ်းဆရာဟေဇယ်-ဘန့်ခ်သည် ဘာမှမမဖြစ်ခဲ့သလိုပင် ထိုနေရာ၌ပင်ရပ်နေလျှက်ရှိသည်။ ကြည်ရသည့်ပုံအရ သူသည် မတိုက်ခိုက်ခဲ့သလိုပင် ထင်ရ၏။
သူတို့နှစ်ယောက်သည်လည်း အနိုင်ရရှိခဲ့သည်။
တိုက်ပွဲသည် ချမ်းဘော့ဒ်ဘုရင်လက်အောက်မှ နေအဆင့်သခင်နှစ်ပါး၏ စွမ်းအားကိုလည်း တစ်ဖက်လှည့်ဖြင့် နှိုင်းယှဥ် ပြသခဲ့သည်။ဒီအော်နှင့် လီမော့တို့သည် စွမ်းအားအဆင့်ခြင်းတူညီသည့် နေအဆင့်သခင်များပင်။ သို့သော် ဟေဇယ်-ဘန့်ခ်သည် ဘတ်စတီကဲ့သို့ စွမ်းအားများစွာအသုံးပြုခဲ့ရခြင်းမရှိပေ။ ထို့ကြောင့် ဟေဇယ်-ဘန့်ခ်သည် ပို၍စွမ်းအားမြင့်မားသည်မှာထင်ရှား၏။
တီအာမန်ရင်ပြင်ပေါ်မှတိုက်ပွဲများသည်လည်း ပုပျက်ပျက်လုပ်ကြံသတ်ဖြတ်သူ နတ်ဆိုးသားရဲများ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ပြီးလေးမိနှစ်ခန့်အကြာတွင်ပီးဆုံးသွားခဲ့သည်။
ချောင်းမြောင်းလုပ်ကြံခြင်းကြောင့် အန်ဂျယ်လာကိုယ်ပိုင်ပင် သေခါနီးဖြစ်သွားခဲ့သည့်အတွက်ကြောင့် ဒေါသဖြစ်သွားခဲ့သည့် စစ်နတ်သမီးအယ်လီနာသည် ဘလက်ကီ၏ ကြောပေါ်တွင်ရပ်နေရင်းဖြင့် သူမ၏ဒေါသကို နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ သိုင်းဆရာများအပေါ်သို့ ဖွင့်ချခဲ့သည်။
သူမ၏ လေးကြိုးများသည် လျှင်မြန်စွာတုန်ခါသွားခဲ့ပြီး မြှားများသည် မိုးပေါက်များကဲ့သို့ ရွာကျလာ၏။ မြှားများအားလုံးသည် သေစေနိုင်ပြီး အမှောင်ထုအားဖြတ်သန်းကာ ပြန်လည်တိုက်ခိုက်နိုင်ရန်ကြိုးစားနေခဲ့ကြသည့် လအဆင့်သိုင်းဆရာများအား သတ်ဖြတ်ခဲ့သည်။ မြေပြင်ပေါ်တွင် ထိုးစိုက်စေခဲ့သည်။ သူတို့၏ခြေလက်များကို ရေခဲစွမ်းအင်တို့ဖြင့် အေးခဲစေခဲ့၏။ ထိုသိုင်းဆရာများသည် အယ်လီနာအား ပြန်လည်တိုက်ခိုက်လိုကြသော်လည်း ယှဥ်နိုင်ခြင်းမရှိပေ။
စစ်နတ်သမီး၏ အမျက်ဒေါသသည် ကြောက်မက်ဖွယ်ပင်။ သူမ၏ နေအဆင့်ရောက်ခါနီးစွမ်းအားများကို အပြည့်၀ဖော်ထုတ်ပြသခဲ့သည်။
ထိုအရာကိုမြင်လိုက်သည့်အချိန်တွင် သံတမန်အဖွဲ့များနှင့်၊ တစ်ခြားတိုင်းပြည်များ၊ အင်ပါယာများမှ ဧည့်သည်များသည်လည်း တုန်လှုပ်ခဲ့ရသည်။ သူတို့သည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်ထဲတွင် ပါ၀င်ခြင်းမရှိသော်လည်း ကြီးမားသည့်စွမ်းအားကိုမူ အကြောင်းရင်းမသိပဲ ကြောက်လန့်နေခဲ့မိသည်။
သားနားသည့် ချပ်၀တ်တစ်ထည်၀တ်ဆင်ထားသည့် လှပသောအယ်လီနာနှင့် အန်ဂျယ်လာ၏အမိန့်အောက်တွင် စစ်သည်တပ်ဖွဲ့တစ်ဖွဲ့လိုစနစ်ကျနေသည့် နတ်ဆိုးသားရဲကောင်များကိုကြည့်ရင်းဖြင့် တိုင်းတစ်ပါးသားများသည် အသဲခိုက်သည်အထိပင်တုန်လှုပ်နေခဲ့မိသည်။
မင်သက်ဖွယ်မြင်ကွင်းများ၊ စွမ်းအားမြင့်မားကာ အရိုင်းဆန်သည့် အရှိန်၀ါများသည် သူတို့အား အိမ်မက်မက်နေသလိုခံစားရစေသည်။
"ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်မနှစ်ပါးကလည်း ချမ်းဘော့ဒ်ဘုရင်လောက်နီးနီးကိုစွမ်းအားကြီးတာပဲ။ ဒီနေကစပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ကီလိုမီတာ၅၀၀၀၀၀ပတ်ပတ်လည်မှာ သူတို့နဲ့ ဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်တော့ဘူး" သူတို့တွေးလိုက်မိကြသည်။ "ဒီနေ့စပြီးတော့ သူတို့သုံးယောက်က တိုက်ပေါ်ကကြိုက်တဲ့နေရာကိုတောင်သွားနိုင်နေပြီ..."
[ကောင်းကင်လက်သီးချမ်းဘော့ဒ်ဘုရင်]နှင့် [အနီရောင်နှင့်အဖြူရောင်မိန်းမလှလေးများ]
ဧည့်သည်များအားလုံးတွေးခဲ့လိုက်ကြသည် "ငါတို့ဒီအခွင့်ရေးကိုအသုံးချပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်းနှီးမှုခိုင်မာအောင်တည်ဆောက်ရမယ်...ချမ်းဘော့ဒ်တိုင်းပြည်ရဲ့အရှိန်၀ါကို ဘယ်သူကမှ ထိန်းချုပ်ထားနိုင်တော့မှာမဟုတ်ဘူး"
ဤအခိုက်တန့်တွင် ကောင်းကင်ပေါ်၌ မိုးကြိုးကဲ့သို့သော အော်ဟစ်သံများကိုကြားလိုက်ရသည်။
လူနှစ်ယောက်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေပြီး သူတို့သည် ရှီရဲကျောင်းတော်မှ အကြီးကဲနှစ်ယောက်ပင်။ သူတို့ထဲမှတစ်ယောက်သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရနေခဲ့ပြီး ကျန်တစ်ယောက်သည် ခါးမှစ၍ နှစ်ပိုင်းပြတ်လုနီးနီးဖြစ်နေ၏။ သူတို့နှစ်ယောက်သည် အဖြူရောင်နှင့် အနက်ရောင်စွမ်းအင်မီးတောက်များ လွှမ်းခြုံထားသည့်လူနှစ်ယောက်၏ လိုက်လံတိုက်ခိုက်ခြင်းခံနေရသည်။
အခြေအနေသည် ရှင်းလင်းလှ၏။ ရှီရဲကျောင်းတော်မှ အကြီးကဲများရှုံးနိမ့်သွားပြီဖြစ်သည်။
ဘတ်စတီနှင့် ဟေဇယ်-ဘန့်ခ်တို့သည် ဖှေး၏မှာကြားထားသည့်အတိုင်း သူတို့၏ ရန်သူများကို သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ ကောင်းကင်ပေါ်မှဆင်းသက်လာပြီးနောက်တွင် မြေပြင်ပေါ်တွင်ရပ်ကာ သတိကြီးကြီးထား၍ မြေပြင်ပေါ်တွင်ရှိနေသည့်လူများကိုကာကွယ်ရန်အသင့်ပြင်ထားလိုက်ကြသည်။ ရှီရဲဘုရားကျောင်းမှ အကြီးကဲနှစ်ယောက်သည်လည်း လက်ရှိတွင် ဘာမှမတတ်နိုင်တော့သည့်အတွက်ကြောင့် သူတို့၏အရှက်တရားများကိုမြိုသိပ်ကာ မြင့်မြတ်သောစွမ်းအင်များကိုအသုံးပြု၍ သူတို့၏ ဒဏ်ရာများကိုပြန်လည်ကုသနေကြရ၏။
ကုသနေရင်းဖြင့် မြေပြင်ပေါ်သို့ငုံ့ကြည့်လိုက်ရာ နဂါးသတ်စစ်ဆင်းရေးမဟာမိတ်အဖွဲ့လဲရှုံးနိမ့်သွားသည်ကိုတွေ့လိုက်ရသည့်အတွက်ကြောင့် တုန်လှုပ်သွား၏။
ယခုအချိန်တွင် လူတိုင်းသည် ချမ်းဘော့ဒ်ဘုရင်နှင့် ဘုန်းတော်ကြီးဆီးနစ်တို့၏ တိုက်ပွဲရလဒ်ကိုသာစောင့်ဆိုင်းနေခဲ့ကြသည်။
နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့နှင့် ရှီရဲဘုရားကျောင်းမှအကြီးကဲနှစ်ယောက်သည် သူတို့၏မျှော်လင့်ချက်များကို ဆီးနစ်အပေါ်တွင်ထားလိုက်ခဲ့ကြသည်။ သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် အတွေ့ကြုံမြင့်မားသည့်နေအဆင့်သခင်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်မဟူရာတောင်၀ှေးကိုလည်းပိုင်ဆိုင်ထားသည်။ အကယ်၍ သူသည်သာချမ်းဘော့ဒ်ဘုရင်ကို အနိုင်ယူနိုင်ပါက အခြေအနေကိုပြောင်းလဲရန်အခွင့်ရေးရှိနေသေးသည်။
ရလဒ်အား ဆယ်မိနစ်မပြည့်ခင်မှာပင်သိလိုက်ရ၏။
ကွဲအက်သံများထွက်ပေါ်လာပြီး သွေးစက်များသည် အာကာသဟင်းလင်းနေရာမှ ကျဆင်းလာသည်။ ထို့နောက်တွင် လူနှစ်ယောက်ထွက်ပေါ်လာပြီး သူတို့ထဲမှတစ်ယောက်သည် အော်ဟစ်ကာကောင်းကင်ပေါ်မှပြုတ်ကျလာတော့သည်။ ပြုတ်ကျလာသည့်လူမှာ ဆီးနစ်ဖြစ်သည်ကို ဒီအော်ရှင်းလင်းစွာမြင်လိုက်ရသည်။ ချမ်းဘော့ဒ်ဘုရင်ကြောင့် ဒဏ်ရာအလွန်ပြင်းပြင်းထန်ထန်ရရှိသွားခဲ့သည့်အတွက် လေပေါ်တွင်ဆက်လက်ပျံသန်းနိုင်ခြင်းပင်မရှိတော့ပေ။
ဆီးနစ်အားကယ်တင်ပြီးသည့်နောက်တွင် ရှီရဲဘုရားကျောင်းမှ အကြီးကဲနှစ်ယောက်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်အထိတ်တလန့်ကြည်လိုက်မိကြသည်။ ဆီးနစ်သည် သူတို့ထက်ပင် ပို၍ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိနေသည်ကို မြင်နေရသည့်အတွက်ပင်။ သို့သော် ချမ်းဘော့ဒ်ဘုရင်ကမူ ဘာမှမဖြစ်သလိုပင်။
ရုတ်တရက်ပင် ချမ်းဘော့ဒ်တိုင်းပြည်မှလူများဖြစ်ကြသည့် သိုင်းဆရာများ၊ ကျောင်းသားကျောင်းသူများနှင့် စစ်သည်များသည် ဖြစ်ခဲ့သည်ကိုနားလည်သွားကြပြီး သူတို့၏ စိတ်လှုပ်ရှားပျော်ရွှင်မှုများကို မထိန်းထားနိုင်သည့်အတွက်ကြောင့် ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြသည်။ ဆူနာမီရေလှိုင်းများလိုပင် အော်ဟစ်အားပေးသံများသည် ပတ်၀န်းကျင်တွင်ရှိနေသည့် အသံများအားလုံးကိုလွှမ်းခြုံသွဦး၏။
အရပ်ရှည်ရှည်နှင့် ခန့်ညားသည့် ပြိုင်ဘက်ကင်းမဲ့သည့်လူအား ကြည့်ရင်းဖြင့် ချမ်းဘော့ဒ်သားများသည် သူတို့၏သွေးများဆူပွက်နေသလိုခံစားနေရ၏။
ဘုရင်အလတ်ဇန္ဒားကြောင့်သာမဟုတ်ပါက ဒီည၏အဆုံးသက်သည်များစွာပြောင်းလဲသွားနိုင်၏။
ဤဖြစ်ရပ်သည် တစ်ခြားအင်ပါယာကြီးများတွင်ဖြစ်ခဲ့ပါက အင်ပါယာအရှင်သခင်များသည် သူတို့၏အရှက်ကိုမျိုသိပ်၍ သူတို့၏မိဘုရားများကို မဟာဘုရားကျောင်းလက်သို့ အပ်နှင်းကြမည်ဖြစ်ပြီး မဟာဘုရားကျောင်းသည်လည်းပို၍အရှိန်၀ါကြီးမားလာမည်ဖြစ်သည်။
ချမ်းဘော့ဒ်မှလွဲ၍ မဟာဘုရားကျောင်းကို လွန်ဆန်နိုင်သည့်လူရှိသေးသလား။
ဂုဏ်ယူ၀င့်ကြွားခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း စသည့်ခံစားချက်များရောထွေးနေကြ၏။
ဤအခိုက်တန့်တွင် တီနာမန်ရင်ပြင်ပေါ်တွင် မီးတောင်ပေါက်ကွဲသလိုပင်ဖြစ်နေ၏။ ချမ်းဘော့ဒ်တိုင်းပြည်သည် အိပ်စက်နေရာမှ နိုးထလာပြီး ဟိန်းဟောက်လိုက်ကာ တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည့်နဂါးတစ်ကောင်လိုပင်။
"ချမ်းဘော့ဒ်ဘုရင် မင်းရက်စက်လှချည်လား။ ဘုန်းတော်ကြီးဆီးနစ်ကို ဒီလောက်ထိဒဏ်ရာရအောင်မင်းလုပ်ရဲတယ်ပေါ့။ မင်းစောင့်နေလိုက်ပါက မင်းအပြစ်ပေးခံရလိမ့်မယ်..." လီမော့ အရှက်တရားများဖြင့် အော်ဟစ်လိုက်သည်။ "မင်းဒါအတွက်ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်။ ရှီရဲဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးပလတ်တီနီက မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"
"ဒီတစ်ခါလောက်နဲ့ မင်းကိုယ်မင်းနိုင်ပြီမထင်နဲ့ ငါချမ်းဘော့ဒ်သားတွေတစ်ယောက်ကိုမှ အလွတ်ပေးမှာမဟုတ်ဘူး" ဒီအော်သည်လည်း ရက်စက်ကြမ်းကြုတ်စွာခြိမ်းခြောက်လိုက်သည်။
"လစ်ကြစမ်းကွာ..." သတ်ဖြတ်လိုသည့် ဆန္ဒများကို ဖှေး၏မျက်လုံးထဲမှ အတိုင်းသားမြင်တွေ့လိုက်ရသည်။ "ခင်ဗျားတို့နှစ်ကောင်လုံး မိုက်မဲတဲ့ခွေးတွေလိုပဲ။ နန်းတော်ထဲမှာနေပြီး စည်းစိမ်ခံတာကြတော့ ကျပ်မပြည့်ကြတော့ဘူးလား။ ရှီရဲကျောင်းတော်ကို လူတိုင်းကကြောက်ရွံ့နေတာမဟုတ်ဘူး။ ခင်ဗျားတို့ကို မသတ်ရဲဘူးထင်နေရင်း စမ်းကြည့်လိုက်လေ..."
ဖှေးအသံထွက်ပေါ်လာသည်နင့်အတူ ရွှေရောင်လက်သီးရာနှစ်ခုထွက်ပေါ်လာပြီး သူတို့နှစ်ယောက်အား အနောက်သို့ မီတာ၁၀၀ခန့်တွန်းထုတ်လိုက်သည်။ ထို့နောက်တွင် မဟာဘုရားကျောင်းမှ သိုင်းဆရာသုံးယောက်သည်လည်း အော်ဟစ်ကာအနောက်သို့ ဆုတ်ခွာပျံသန်းကာ ပြေးထွက်သွားကြတော့သည်။ ဖှေး၏အသံသည် ကောင်းကင်ရံတွင် ဟိန်းနေဆဲဖြစ်သော်လည်း အနောက်သို့ လှည့်ကြည့်ရဲခြင်းပင် မရှိကြတော့ပေ။