← Chapters

"အကျဥ်းသားများကိုစီရင်ခြင်း"

Vol. 51 Ch. 798

"အကျဥ်းသားများကိုစီရင်ခြင်း"

Vol. 51 Ch. 798

မဟာဘုရားကျောင်းမှ သိုင်းဆရာသုံးယောက် ကြောက်လန့်တကြားထွက်ပြေးကြသည်ကို ကြည့်ရင်းဖြင့် ရက်စက်ကြမ်းကြုတ်သည့် အမူယာတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင်ပေါ်လာသည်။ သို့သော် သူပြုံးကာ လိုက်ဖမ်းခြင်းမပြုခဲ့ပေ။

"ခင်ဗျားတို့ နှစ်ယောက်ကျေးဇူးကြောင့်ပါလေ..." ဖှေးသည် မြေပြင်ပေါ်သို့ ဖြေးညှင်းစွာဆင်းသက်လိုက်ပြီး ဘတ်စတီနှင့် ဟေဇယ်ဘန့်ခ်တို့ကို ချက်ချင်းပင်ကျေးဇူးတင်စကားဆိုလိုက်သည်။

အကယ်၍ ရှီရဲကျောင်းတော်မှ အကြီးနှစ်ယောက်နှင့်ရင်ဆိုင်ရန် သူတို့နှစ်ယောက်မရှိပါက ချမ်းဘော့ဒ်တိုင်းပြည်အတွက် အခြေအနေများသည် ခက်ခဲနေလိမ့်မည်ဖြစ်သည်။

"အရှင်မင်းကြီးစီမှာ အမှုထမ်းရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါ..." ဟေဇယ်-ဘန့်ခ်ခေါင်းငြိမ့်လိုက်သည်။ သူအား ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် သိပ်တွေ့ရလေ့မရှိပေ။ ဖှေးသည် လည်းသူ့အား ချမ်းဘော့ဒ်တိုင်းပြည်မှ အရာရှိများ၊ စစ်သည်များနှင့် မိတ်ဆက်ပေးခြင်းမရှိပေ။ ထို့ကြောင့် လူအများစုသည် သူ့အား သိရှိခြင်းမရှိသည့်အတွက်ကြောင့် စိတ်၀င်စားစွာဖြင့် ကြည့်နေကြ၏။

အောက်လမ်းဆရာသည် စကားဆက်မပြောတော့ပေ။ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံသို့ ပျံသန်းကာပျောက်ကွယ်သွားတော့သည်။

အောက်လမ်းဆရာသည် အလွန်တည်ငြိမ်နေသည်ကိုတွေ့ရသည့်အတွက်ကြောင့် ဖှေးပို၍ပင်စိတ်အေးသွားလိုက်သည်။ ကြည့်ရသည့်ပုံအရ သူ၏ ရန်သူသည် ရှီရဲကျောင်းတော်၏ စွမ်းအားအမြင့်မားဆုံးသိုင်းဆရာများထဲမှ တစ်ယောက်ဖြစ်သည်ပုံပင်။ သို့သော် ထိုလူအား ဟေဇယ်-ဘန့်ခ်မှ အောက်လမ်းဆရာဟူသည် သရုပ်မှန်ကိုဖော်ပြစရာမလိုပဲပင် အနိုင်ယူနိုင်ခဲ့သည်။

ဟေဇယ်-ဘန့်ခ်အား ဆင့်ခေါ်ခြင်းသည် ဖှေးအတွက်အန္တရာယ်ကြီးမားသည့်အလောင်းစားတစ်ခုပင်။

၀တ်ရုံနက်ကျောင်းတော်၏ စွမ်းအားသည့် အတော်တန်မြင့်မားနေဆဲဖြစ်ပြီး ဘတ်စတီအပြင် ဘယ်လက်ရုံးဘုန်းတော်ကြီး လပ်ဆပ်သည်လည်း နေအဆင့်သခင်တစ်ပါးဖြစ်သော်လည်း သူသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ အချိန်မှီရောက်လာနိုင်ခြင်းမရှိသည့်အတွက်ကြောင့် အောက်လမ်းဆရာဟေဇယ်-ဘန့်ခ်အား သူနေရာမှ အစားထည့်၍သုံးလိုက်ရခြင်းပင်။

"ဟားဟားဟား ဒီညတိုက်ပွဲက စိတ်လှုပ်ရှားစရာပဲ။ ပလတ်တီနီရဲ့ အိမ်စောင့်ခွေးသုံးကောင်အမြီးကုပ်ပြေးတာကို တွေ့ရတာ ကျွန်တော့စိတ်ထဲ နှစ်ပေါင်းများစွာကိန်းအောင်းနေခဲ့တဲ့ ဒေါသစိတ်တွေကို ပြေပျောက်စေတယ်..ဟားဟား" ဘတ်စတီရယ်မောလိုက်သည်။ ဤနှစ်များထဲတွင် ၀တ်ရုံနက်ကျောင်းတော်အား တစ်ခြားကျောင်းတော်များစွာမှ အချိန်ပြည့်အနိုင်ကျင့် ဖိအားပေးနေခဲ့ကြသည်။ ၀တ်ရုံနက်ကျောင်းတော်မှ ဤကဲ့သို့ တစ်ခါမှ ဒဲ့တိုးတိုက်ခိုက်၍ တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

သူထပ်ပြောလိုက်သည်။ "အရှင်မင်းကြီး ဒီနေရာက အလုပ်ကိစ္စတွေပြီးသွားပြီဆိုတော့ ကျောင်းတော်တည်ဆောက်နေတာကို ဆက်လက်ကွပ်ကဲဖို့အတွက် သွားလိုက်ဦးမယ်..."

ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် အဖြူရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ဓားငါးလက်တောင်တန်းတည်ရှိရာအရပ်ထံသို့ ပျံသန်းသွားလိုက်တော့၏။

နေအဆင့်သခင်နှစ်ပါးထွက်ခွာသွားပြီးနောက်တွင် ရင်ပြင်ပေါ်မှလူများသည် သူတို့၏ စိတ်ထဲတွင်ဖိအားသည့် တောင်ကြီးနှစ်လုံးမရှိတော့သလိုခံစားလိုက်ရပြီး ပုံမှန်ပြန်လည်ကာ အသက်ရှူနိုင်လာ၏။

ဟေဇယ်-ဘန့်ခ်နှင့် ဘတ်စတီတို့သည် သူတို့၏ စွမ်းအားများကို ထုတ်လွှင့်ထားခြင်းမရှိသော်လည်း သာမန်အားနည်းသည့်သိုင်းဆရာများအတွက် ဖိအားများခံစားနေရလျှက်ရှိကြသည်။ ဤသည်မှာလည်း အေဇာရုတိုက်၏ နိယာမတစ်ခုပင်။

"အလတ်ဇန္ဒား" ဖှေးအန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာသည်ကိုတွေ့လိုက်ရသည့်အတွက် အန်ဂျယ်လာနှင့် အယ်လီနာတို့သည် ပြေးလာကာ ဖှေး၏ဘေးတွင်ပျော်ရွှင်စွာရပ်လိုက်ကြသည်။

ယခုအချိန်တွင် ဘုရင်မနှစ်ပါးသည် စွမ်းအားမြင့်မား၍ ခြိမ်းခြောက်နိုင်သည့်ပုံမရှိကြတော့ပေ။ သူမတို့သည် နူးညံ့သိမ်မွေ့၍ လှပသည့် ဟန်ရှိ၏။ ပုံပန်းသဏာန်ပြောင်းလဲသွားသည်ကိုလည်း လူတိုင်းအံ့သြနေရသည်။ ဧည့်သည်တော်များသည်လည်း ဖှေး၏ ကံကောင်းမှုအပေါ်တွင်အားကျနေရ၏။

အန်ဂျယ်လာသည် နတ်ဆိုးသားရဲတပ်ဖွဲ့ကို ပြန်လွှတ်လိုက်ရာ ဘလက်ကီနှင့် နဂါးပေါက်သုံးကောင်သည်လည်း သားရဲကောင်များကိုဦးဆောင်၍ ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက် အကန့်သက်မဲ့သည့် တောင်တန်းများ၊ တောအုပ်များထံသို့ ပျံသန်းသွားကြတော့သည်။

တီနာမန်ရင်ပြင်သည် ပုံပျက်ပန်းပျက်ဖြစ်နေသော်လည်း ချမ်းဘော့ဒ်သားများ၏ ပျော်ရွှင်မှုကို သက်ရောက်မှုမရှိပေ။

"အရှင်မင်ကြီးနဲ့ အရှင်မတို့"

ချမ်းဘော့ဒ်တိုင်းပြည်မှသိုင်းဆရာများအားလုံး ဒူးထောက်ကာ အရိုသေပေးလိုက်ကြသည်။

နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ သိုင်းဆရာများနှင့် ဇီးနစ်အင်ပါယာသံတမန်အဖွဲ့မှ လွှဲ၍ ကျန်ရှိနေသည့် ဧည့်သည်များအားလုံးသည်လည်း ဒူးထောက်လိုက်ကြသည်။

ဤကြီးမားသည့်တိုက်ပွဲကြီးကို မြင်ပြီးသည့်အချိန်တွင် သူတို့အားလုံးနီးပါးတုန်လှုပ်သွားခဲ့ကြ၏။

လူပေါင်းများစွာသည် ၀န်ခံလိုခြင်းမရှိသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားသည် မြင့်မားလာနေပြီးမည်သူမှရပ်တန့်နိုင်ခြင်းမရှိတော့ပေ။

လူတိုင်းတွေးနေခဲ့ကြသည်။ သူတို့၏ စိတ်ထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် သေချာပေါက်အင်ပါယာတစ်ခုဖြစ်လာတော့မည်ဖြစ်သည်။ ကြောက်မက်ဖွယ်စွမ်းအားမျိုးရှိနေသည့်အတွက်ကြောင့် ဇီးနစ်အင်ပါယာသည် ချမ်းဘော့ဒ်တိုင်းပြည်အား အဖွဲ့၀င်တိုင်းပြည်တစ်ခုအနေဖြင့် ဆက်လက်စီမံကွပ်ကဲကာ ထိန်းချုပ်အမိန့်ပေးနိုင်တော့မည်မဟုတ်ပေ။ အကယ်၍ ချမ်းဘော့ဒ်ဘုရင်သာအလိုရှိပါက ဇီးနစ်အင်ပါယာကြီးတစ်ခုလုံးကိုပင် ပုန်ကန်ကာ အင်ပါယာအသစ်တစ်ခုတည်ထောင်နိုင်သည်ဟုလူပေါင်းများစွာယုံကြည်နေကြသည်။

လူအုပ်ထဲတွင် ဒုတိယမင်းသားဒိုမင်းဂူ၏မျက်လုံးများကျဥ်းမြောင်းနေပြီး သူဘာတွေးနေသည်ကို မည်သူမှမသိနိုင်ပေ။

သူ၏ဘေးတွင် [နတ်ဆိုးအမျိုးသမီး]ပဲရစ်သည်လည်း အနည်းငယ်စိတ်ခံစားချက်ပြင်းထန်နေသည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ချမ်းဘော့ဒ်ဘုရင်သည် မထင်မရှားဘုရင်ငယ်တစ်ပါးသာဖြစ်သည်။ ၀ရုန်းသုဥ်းကားဖြစ်ရပ်များကြားတွင် အသက်ရှင်နိင်ရန်အတွက် အရှေ့ဘက်တောင်ထိပ် သူ၏ ထီးနန်းတင်ပွဲမှာပင် သေချင်ဟန်ဆောင်ခဲ့ရသည်။

သို့သော် ယခုအချိန်တွင်မူ ချမ်းဘော့ဒ်ဘုရင်သည် ဇီးနစ်အင်ပါယာထဲမှ လူအားလုံးနီးပါးကိုပင်လွှမ်းမိုးနိုင်သည့် လူတစ်ယောက်ဖြစ်လာနေပြီဖြစ်သည်။ သူ၏အတွေးသည် အင်ပါယာများ၊ သိုင်းဆရာများ၏ ကံကြမ္မာကို အဆုံးဖြတ်ပေးနိုင်၏။

[မုတ်ဆိတ်နီ] ဂရန်နယ်လိုသည် အတတ်နိုင်ဆုံးထိန်း၍ တည်ငြိမ်အောင်နေနေသော်လည်း စကားပြောနိုင်ခြင်းပင်မရှိပေ။

လွန်ခဲ့သည့် နှစ်၀က်ခန့်က ချမ်းဘော့ဒ်ဘုရင်သည် မျိုးဆက်သစ်လူငယ်များထဲတွင် အရည်ချင်းရှိသည့် လူငယ်တစ်ယောက်ဟုသာဆိုနိုင်၏။ သွေးစွန်းကြေးစားစစ်သည်တပ်ဖွဲ့ သတ်ဖြတ်ခံခဲ့ရသည့်ညတွင် ဂရန်နယ်လိုသည် မင်းသားဒိုမင်းဂူအား ကိုယ်စားပြု၍ ချမ်းဘော့ဒ်မှလူများနှင့် ပထမဆုံးတွေ့ဆုံခဲ့ဖူးသည်။ ထိုစဥ်က ချမ်းဘော့ဒ်ဘုရင်သည် အနည်းငယ်အရှိန်၀ါမြင့်မားနေပြီဖြစ်သော်လည်း အင်ပါယာမင်းသားများနှင့် နှိုင်းယှဥ်နိုင်ခြင်းမရှိသေးပေ။ သို့သော်ယခုတွင်မူ...

ဂရန်နယ်လိုသည် မေးခွန်းတစ်ခုအား တွေးကြည့်လိုက်မိသည်။ "ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ဇီးနစ်အင်ပါယာတို့ကြားမှာ စစ်ရေးတင်းမာလာခဲ့မယ်ဆိုရင် ဘယ်သူနိုင်နိုင်လဲ..."

ထိုမေးခွန်း၏ အဖြေသည်သူ့အား အကြီးကျယ်တုန်လှုပ်စေခဲ့သည်။

ချမ်းဘော့ဒ်သားများသည် အမှန်တကယ်ပင် လျှင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ကြသည်။

နာရီ၀က်အတွင်းမှပင် တိုက်ပွဲကြောင့်ပျက်ဆီးသွားခဲ့သည့် တီနာမန်ရင်ပြင်အားပြန်လည်ပြုပြင်ထားပြီးပြီဖြစ်သည်။ ကျင်းများ၊ ချိုင့်များအားလုံးကို အလုပ်သမားများမှ မြေပြန်ဖို့ထားလိုက်သည်။ မြေပြင်ပေါ်တွင်ရှိနေသည့် အလောင်းများ၊ သွေးများ၊ အသားစများကိုလည်း လျှင်မြန်စွာသန့်ရှင်းလိုက်သည်။

မှော်မီးအိမ်များ ထက်မံ၍ ထွန်းလင်းလာပြီး ညဘက်ကောင်းကင်အောက်တွင်ရှိနေသည့် တီနာမန်ရင်ပြင်ကိုပြန်လည်ထွန်းလင်းစေလိုက်သည်။

သံတမန်အဖွဲ့များနှင့် ဧည့်သည်များသည် သူတို့သက်ဆိုင်ရာထိုင်ခုံများပေါ်တွင်ပြန်ထိုင်လိုက်ကြသည်။ ဥပဒေပြုအရာရှိများသည် ဖမ်းဆီးရမိသည့်အကျဥ်းသားများကို ရင်ပြင်၏ မြောက်ဘက်အခြမ်းသို့ ခေါ်ဆောင်လာကြသည်။ ဖမ်းဆီးရမိသူများသည် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ အသက်ရှင်ကျန်ခဲ့သည်လူများပင်။

"အကျဥ်းသားတွေကို ဘယ်လိုစီရင်လိုက်ရမလဲ အရှင်"

ဖှေးသည် ထိုအကျဥ်းသားများကို တစ်ချက်ကြည့်လိုက်သည်။

နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့တွင် လအဆင့်သိုင်းဆရာအယောက်သုံးဆယ်ခန့်ပါ၀င်သော်လည်း ၁၅ယောက်ခန့်သာအသက်ရှင်ကျန်ခဲ့သည်။ ဖှေးသူတို့ကိုမသိသော်လည်း သူတိုအားလုံးသည် ဒေသတွင်းစွမ်းအားမြင့်အင်ပါယာကြီးများမှ သိုင်းဆရာများပင်။

သူတို့ထဲတွင် ဒစ်ဇော့နှင့် ကျန်လူနှစ်ယောက်သည် ဘုရားကျောင်း၀တ်ရုံများ၀တ်ဆင်ထားသည့်အတွက် ထူးခြားနေ၏။

"ငါတို့ကို လွှတ်ပေးလိုက်ပါ အလတ်ဇန္ဒား။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဘုန်းတော်ကြီး ပလတ်တီနီက မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။" ဖှေး၏ အကြည့်ကိုတွေ့လိုက်ရသည့်အတွက်ကြောင့် ဒစ်ဇော့သည် ကိုယ့်နေရာကိုယ်မသိပဲခြိမ်းခြောက်လိုက်သည်။

"မဟာဘုရားကျောင်းက သိုင်းဆရာတွေကိုသတ်ဖြတ်လို့ ဖြစ်လာမယ့်အကျိုးဆက်တွေကို ချမ်းဘော့ဒ်တိုင်းပြည်ခံစားနိုင်မှာမဟုတ်ဘူး..." ရာကန်းနစ်၏မျက်နှာပေါ်တွင်လည်းအေးစက်သည့်အပြုံးတစ်ခုရှိနေသည်။ သူ၏အဖော်နှစ်ယောက်လိုပင် ချမ်းဘော့ဒ်ဘုရင်သည် သူတို့အား ဘာမှမလုပ်ရဲလောက်ဟုထင်နေ၏။ ထို့ကြောင့် သူတို့ကြောက်လန့်ခြင်းမရှိကြပေ။

All Chapters