← Chapters

အခန်း (၁၁၇၉)

Vol. 85 Ch. 1179

အခန်း (၁၁၇၉)

Vol. 85 Ch. 1179

မူလကမ္ဘာ၏ ကောင်းကင်တာအိုသည် မိုးကြိုးကပ်ဘေးကို သယ်ဆောင်မထားပေ။

“သူက ဘာလုပ်နေတာလဲ”

ခေးအော့က မျက်မှောင်ကြုတ်လိုက်သည်။

ဟန်မူယဲ့က ခွန်းဝူသို့ ရောက်သွားသောအချိန်တွင် သူက ဟန်မူယဲ့၏ အပြုအမူကို နားမလည်နိုင်တော့ပေ။

သူက တိုက်ပွဲတွင် သတ်ဖြတ်ခံလိုက်ရပြီး တီကောင်တစ်ကောင် ဖြစ်သွားသည်။

မူလကမ္ဘာတွင် သူက ပုရွက်ဆိတ်တစ်ကောင်နှင့် ဆင်တူသည်။

ထို့နောက် သူက ဖြည်းဖြည်းချင်း သန်မာလာပြီး ကံကောင်းစွာဖြင့် သေဆုံးမသွားခဲ့ပေ။

ခေးအော့နှင့် ရွှေကျီးကန်း၏ တွက်ချက်မှုအရ ဟန်မူယဲ့က ခွန်းဝူသို့ ဝင်ရောက်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို ပြန်လည်နိုးထစေလျှင် အကောင်းဆုံးဖြစ်သည်။

ဟန်မူယဲ့၏ ရွှေကျီးကန်းသွေးမျိုးဆက်နှင့်ဆိုလျှင် တီကောင်ကဲ့သို့ ဒုက္ခခံနေရန် မလိုအပ်ပေ။ သူက လျင်မြန်စွာ တိုးတက်လာလိမ့်မည်။

သူက တစ်နှစ်အတွင်း အစစ်အမှန်ဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

သို့သော် ကိုယ်ပိုင်သွေးမျိုးဆက်ကို အသုံးပြုပြီး ခွန်းဝူတွင် သောင်းကျန်းနေသော တခြားလက်ရွေးစင်များနှင့် ယှဉ်လိုက်လျှင် သူက နောက်ကျနေသည်။

“သူ့မှာ ကိုယ်ပိုင်အကြံ ရှိတယ်”

ရွှေရောင်ငှက်က ရယ်လိုက်ပြီး တောင်ပံခတ်သည်။

“သူက မင်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်မယ်ထင်နေတာလား”

ခေးအော့က တိတ်ဆိတ်နေသည်။ သူက ဖြည်းဖြည်းချင်း စုစည်းလာသော လျှပ်စီးကြောင်းများကို ကြည့်သည်။

ထိုအရာသည် ခွန်းဝူ၏ ပထမဆုံးမိုးကြိုးကပ်ဘေး ဖြစ်သည်။

ခွန်းဝူ၏ ပြောင်းလဲသွားသော ကောင်းကင်တာအိုစွမ်းအားကို အလင်းလွှာမှတစ်ဆင့် မြင်နိုင်သည်။

ကောင်းကင်ကပ်ဘေးသည် မြေကြီးထဲမှ ထွက်လာသော သစ်ပင်ပေါက်လေးနှင့် တူနေသည်။

“ဘုန်း”

လျှပ်စီးကြောင်းသည် နောက်ဆုံးတွင် ကျဆင်းလာသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင်ရှိသော သွေးချပ်ဝတ်က ပျက်စီးသွားသည်။

နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်၏ အစိမ်းပုပ်ရောင်အရေပြားကို ထိုးခွဲသည်။

ဦးချိုတစ်ချောင်းသည် ဧရာမတီကောင်ကြီး၏ ဦးခေါင်းတွင် ပေါ်ထွက်လာသည်။

တီကောင်က ပေငါးရာရှည်လျားသော ချိုတစ်ချောင်းမြွေနဂါးအဖြစ် ပြောင်းလဲသွားသည်။

“နဂါးအသွင်ပြောင်းခြင်း”

အလင်းလွှာကို စောင့်ကြည့်နေသောလူများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

တီကောင်သည် လက်သည်းမရှိသော ချိုတစ်ချောင်းမြွေနဂါးအဖြစ် ပြောင်းလဲသွားသည်။

ကျင့်ကြံခြင်းလောကတွင် ထိုနည်းလမ်းမျိုးကို မကြုံဖူးပေ။

“အဲဒါက ပျောက်ကွယ်သွားခဲ့တဲ့ မဟာတောရိုင်းကမ္ဘာရဲ့ အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းနည်းလမ်းပဲ”

“ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကိုးကြိမ်ပြောင်းလဲရတယ်။ နောက်ဆုံးမှာတော့ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေကြားမှာ ခေါင်း‌မော့ပြီး ရယ်မောနိုင်လိမ့်မယ်”

နတ်ဘုရားကမ္ဘာ၏ အလင်းလွှာတစ်ခုတွင် အကြီးအကဲတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“မဟာတောရိုင်းကမ္ဘာလား”

“ရှေးခေတ်ကျွမ်းကျင်သူတစ်ယောက်က ဟန်မူယဲ့ကို ထောက်ပံ့ပေးထားတာလား”

လူတစ်ယောက်၏ မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည်။

“ကောင်းကင်စက်ဝန်းစစ်မြေပြင်”

ဟန်မူယဲ့၏ နောက်ကွယ်တွင် ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ အားကောင်းသောအဖွဲ့အစည်းတစ်ခု ရှိနေလိမ့်မည်။

မရေမတွက်နိုင်သော ကပ်ဘေးများကို ကျော်ဖြတ်လာသည့် ထိုအဖွဲ့အစည်းမျိုးကသာ မဟာတောရိုင်းကမ္ဘာခေတ်၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်လိမ့်မည်။

“အဓိပ္ပာယ်ရှိတယ် ....”

လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး မြေကြီးထဲသို့ ပြန်ဝင်သွားသော ချိုတစ်ချောင်းမြွေနဂါးကို ကြည့်သည်။

သူက နတ်ဘုရားကမ္ဘာကို တိုက်ရိုက်ရန်စရဲသောကြောင့် အလွန်ထူးဆန်းနေသည်။

သူ့နောက်ကွယ်တွင် ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ အင်အားစုတစ်ခု ရှိနေခဲ့သည်။

“ကောင်းကင်စက်ဝန်းစစ်မြေပြင်က ပြန်စတော့မှာလား။ ကပ်ဘေးတစ်ခု ဖြစ်လာတော့မှာလား”

နတ်ဘုရားလောကတွင် လူတချို့က တိတ်ဆိတ်ပြီး တချို့က တီးတိုးပြောနေကြသည်။

သူတို့က လောက၏ လျှို့ဝှက်ချက်များကို သိထားကြသည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ ကျွမ်းကျင်သူများသည် ကပ်ဘေးကို လွှမ်းမိုးနိုင်ကြသည်။ အကယ်၍ သူတို့က မလွတ်မြောက်နိုင်လျှင် တခြားလူများအတွက် အာဟာရတစ်ခုသာ ဖြစ်သွားနိုင်သည်။

အင်‌မော်တယ်ဘုရင်များ ဖြစ်နေလျှင်ပင် အသက်ရှင်ရန်အတွက် ရုန်းကန်ရလိမ့်မည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်သို့ ဝင်ရောက်ပြီး ကပ်ဘေးအားကျော်လွန်နေသော တည်ရှိမှုတစ်ခု ဖြစ်လာမှသာ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်လိမ့်မည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်သည် အလွန်ရက်စက်ပြီး သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရန် ခက်ခဲသော်လည်း လူတိုင်းက ကပ်ဘေးကို ကျော်လွန်ပြီး ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ချင်ကြသည်။

“သူက အသက်ရှင်လျက် ထွက်လာနိုင်ရင် ဆက်သွယ်ကြည့်ဖို့ လိုအပ်လိမ့်မယ်”

နတ်ဘုရားလောကတွင် အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

ဟန်မူယဲ့က တစ်ယောက်တည်းမဟုတ်ပေ။ သူ့နောက်ကွယ်တွင် ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အင်အားစုတစ်ခု ရှိနေသည်။

“ဟန်သန်းတစ်ရာ၊ အဲဒီ လောင်းကြေးသန်းတစ်ရာက စမ်းသပ်မှုတစ်ခုပဲ မဟုတ်လား”

လူတချို့က အဝေးတစ်နေရာတွင်ရှိသော နတ်ဘုရားရင်းမြစ်နန်းတော်ကို ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် အချိန်အတော်ကြာအောင် ပျောက်ကွယ်နေသော နန်းတော်သခင်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အလင်းလွှာ၏ရှေ့တွင် ရပ်နေသည်။

သူ့မျက်နှာထားက လေးနက်နေပြီး မျက်မှောင်ကြုတ်ထားသည်။

“ကောင်းကင်စက်ဝန်းစစ်မြေပြင်က ဒီလောက်အစောကြီး စတင်မှာမဟုတ်ဘူး။ ငါတို့က သတင်းမရသေးဘူး ....”

သူက နောက်တွင်ရှိသော အကြီးအကဲများကို လှည့်ကြည့်သည်။

“ဆရာဦးလေးနဲ့ တခြားလူတွေက ကောင်းကင်စက်ဝန်းစစ်မြေပြင်ရဲ့ သတင်းကို ဘယ်အချိန်မှာ နောက်ဆုံးရခဲ့တာလဲ”

သူ့စကားကို ကြားလိုက်ရသောအခါ အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က ဦးညွတ်လိုက်ပြီး ပြောသည်။

“နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်သန်းမှာပါ။ ကောင်းကင်စက်ဝန်းစစ်မြေပြင်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုက ဝိညာဉ်သတ်ဖြတ်သူကို ရှင်းပစ်ဖို့ ကျရှုံးခဲ့တယ်။ နတ်ဘုရားသားရဲဖြစ်တဲ့ အစိမ်းရောင်ချီလင်က သေဆုံးပြီး မူလကမ္ဘာအစိတ်အပိုင်းတွေအဖြစ် ပြောင်းလဲသွားတယ်”

နန်းတော်သခင်က အလင်းလွှာတွင် တိတ်ဆိတ်သွားသော မိုးကြိုးကပ်ဘေးကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

“ဝိညာဉ်သတ်ဖြတ်သူ နတ်ဘုရားဘုရင် ....”

“မဟာတောရိုင်းကမ္ဘာခေတ်ရဲ့ ကျွမ်းကျင်သူ”

အလင်းလွှာထဲတွင် မူလကမ္ဘာ၏ သားရဲများက ကပ်ဘေးကို လှုံ့ဆော်ခဲ့သော တောင်တန်းဆီသို့ တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြသည်။

သားရဲများ ဆုံတွေ့သောအခါ သတ်ဖြတ်ပွဲတစ်ခု ဖြစ်လာသည်။

သွေးစက်များသည် မြေပြင်တွင် စွန်းထင်းနေသည်။

တောင်တန်းနှင့် မြစ်များက ပျက်စီးသွားကြသည်။

မိစ္ဆာအလင်းနှင့် သွေးအလင်းသည် မိုင်တစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

တစ်လအကြာတွင် တိုက်ပွဲက အဆုံးသတ်သွားသည်။ ပေတစ်ထောင်ကြီးမားသော ဝံပုလွေတစ်ကောင်က ဖြည်းဖြည်းချင်း ထွက်သွားသည်။

ထိုဝံပုလွေက အလွန်အားကောင်းပြီး လျင်မြန်သည်။ ကောင်းကင်အား ဝါးမြိုနိုင်သော နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ပြီး လနှင့် ဆက်သွယ်နိုင်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုလည်း ထိန်းချုပ်ထားသည်။

ဝံပုလွေက ကောင်းကင်ကို ဝါးမြိုပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို လွှမ်းခြုံနိုင်သည်။

ထိုသားရဲက အသက်ရှူသံတစ်ချက်ဖြင့် ပတ်ဝန်းကျင်ကို အေးခဲပစ်နိုင်သည်။

ထိုနယ်မြေအတွင်း၌ ရှိနေသော သားရဲများ၏ အသက်ကို တိုက်ရိုက် ထိန်းချုပ်ပစ်လိမ့်မည်။

အားကောင်းသော တခြားသားရဲများက ထိုစွမ်းအားကို ခုခံနိုင်ကြသည်။

ဝံပုလွေက လကို ဟိန်းဟောက်လိုက်ပြီး လဓားသွားကို ဖန်တီးနိုင်သည်။

ထိုဓားသွားသည် အလွန်အဆင့်မြင့်သော အင်မော်တယ်ရတနာနှင့် နှိုင်းယှဉ်နိုင်ပြီး နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်ကို တစ်ချက်တည်း ဖြတ်တောက်နိုင်သည်။

ရှေးခေတ်၏ ခုခံနိုင်စွမ်းကောင်းသော နတ်ဘုရားသားရဲများကပင် လဓားသွားနှင့် ရင်မဆိုင်ရဲကြပေ။

ကောင်းကင်ဝါးမြိုလဝံပုလွေ ထွက်သွားပြီး သုံးရက်အကြာတွင် မြက်ပင်တစ်ပင်သည် တောင်တန်းတွင် ပေါက်လာသည်။

ထိုအရာသည် မြက်ပင်မဟုတ်ပေ။ ပေသုံးဆယ်ရှည်လျားသော ဦးချိုတစ်ခု ဖြစ်သည်။

“သူက တကယ်ဇွဲကောင်းတာပဲ ....”

အလင်းလွှာကို စောင့်ကြည့်နေသော လူများက သက်ပြင်းချလိုက်ကြသည်။

နေ့တစ်ဝက်အကြာတွင် ဆယ်ပေရှည်လျားသော ငှက်တစ်ကောင်က ဦးချိုပေါ်တွင် အနားယူလိုက်သည်။ ထို့နောက် တစ်ကုန်လုံးတုန်ခါပြီး ပြုတ်ကျသွားသည်။

မြေထုသည် ငှက်ကို ရစ်ပတ်ပြီး မြိုချလိုက်သည်။

ဦးချိုဆီသို့ ရောက်လာသော သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားသည်။

ဦးချိုက ပေသုံးဆယ်မှ ပေငါးဆယ်အထိ ကြီးထွားလာသည်။

ထို့နောက် ပေတစ်ရာ ....

ပေနှစ်ရာ ....

အလင်းလွှာကို စောင့်ကြည့်နေသောလူများ နည်းပါးလာသည်။

သူတို့က နေ့စဉ်ကုန်ကျစရိတ်ကို မတတ်နိုင်တော့ပေ။

တစ်နှစ်စာအတွက် နတ်စွမ်းအားသလင်းကျောက် သန်းချီ၍ ကုန်ကျလိမ့်မည်။

ထို့အပြင် ဦးချို၏ အမဲလိုက်နည်းက ပျင်းစရာကောင်းသည်။

“ဘုန်း”

တစ်နှစ်အကြာတွင် မိုးကြိုးကပ်ဘေး ဖြစ်ပေါ်လာပြန်သည်။

ထိုအချိန်တွင် ရွှေတောင်ထွတ်၏ လက်ရွေးစင် ၁၀%ခန့်ကသာ ခွန်းဝူထဲတွင် ကျန်ရစ်တော့သည်။

ထိုထဲတွင် လူအများက ပါရမီကို ထုတ်ပြထားသည်။ သူတို့က သွေးမျိုးဆက်နှင့် နတ်ဘုရားစွမ်းရည်များကို ရရှိထားကြသည်။

ဟန်မူယဲ့ကတော့ ဒုတိယမြောက် မိုးကြိုးကပ်ဘေးကို လှုံ့ဆော်နေသည်။

ချိုတစ်ချောင်းမြွေနဂါးက ပေနှစ်ထောင်ရှည်လျားနေသည်။ ဦးချိုက ပေနှစ်ရာရှည်ပြီး တစ်ကိုယ်လုံးက ခမ်းနားသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

လျှပ်စီးကြောင်းသည် လောကတစ်ခုလုံးကို ဖျက်ဆီးတော့မည့်အလား ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ခုနစ်ရောင်ခြယ်အလင်းသည် လှုပ်ရှားနေသော တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း”

လျှပ်စီးကြောင်းသည် ကျဆင်းလာသည်။ ဟန်မူယဲ့အသွင်ပြောင်းထားသော ချိုတစ်ချောင်းမြွေနဂါး၏ ခန္ဓာကိုယ်က ထိုးခွဲခံလိုက်ရပြီး သွေးများ ပန်းထွက်လာသည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော ဒဏ်ရာများမှတစ်ဆင့် ထက်မြိသော လက်သည်းများနှင့် ခြေလက်လေးခု ပေါ်ထွက်လာသည်။

“ဘုန်း”

နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာပြီး ဦးချိုကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ချိုနှစ်ချောင်း ပြန်ပေါ်လာသည်။

“ဘုန်း”

ခန္ဓာကိုယ်တွင် ပေါ်လာသော အစိမ်းရောင်ကြေးခွံများသည် တလက်လက် တောက်ပနေသည်။

“အဲဒါက သွေးမိစ္ဆာနဂါးပဲ”

“မူလကမ္ဘာရဲ့ အစိမ်းရောင်နဂါး”

“သူ့ရဲ့ သွေးမျိုးဆက်က သန်မာလာတယ်”

အလင်းလွှာကို စောင့်ကြည့်နေသော လူများက ထိတ်လန့်စွာ ပြောလိုက်ကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့်၏ ဒုတိယအသွင်ပြောင်းခြင်းကို ပြီးပြည့်စုံစေခဲ့သည်။

ချိုတစ်ချောင်းမြွေနဂါးအဖြစ်မှ မူလကမ္ဘာ၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားသော အားကောင်းသည့် သွေးမိစ္ဆာနဂါးအဖြစ် ပြောင်းလဲသွားသည်။

“ဒီသွေးမျိုးဆက်စွမ်းအားနဲ့ဆိုရင် မူလကမ္ဘာကိုဝင်ရောက်လာတဲ့ လက်ရွေးစင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပြီ”

“သူက အချိန်အတော်ကြာအောင် နှိမ့်ချနေပြီးပြီ။ အခု ပေါ်ထွက်လာရမယ့်အချိန်ပဲ”

အလင်းလွှာကို စောင့်ကြည့်နေသော လူအများအပြားက ရယ်လိုက်ကြသည်။

ဟန်မူယဲ့က ပုန်းအောင်းနေရာတွင် ကျွမ်းကျင်သည်။ သူက တီကောင်အဖြစ်မှ မိစ္ဆာနဂါးအဖြစ်သို့ အသွင်ပြောင်းခဲ့သည်။

“ဒါက အစစ်အမှန်ဝိညာဉ် အသွင်ပြောင်းခြင်းလား”

အလင်းလွှာတစ်ခု၏ရှေ့တွင် လူအိုကြီးများက ကျောက်စိမ်းပေလွှာကို ကိုင်ထားကြသည်။

ကျောက်စိမ်းပေလွှာသည် အလွန်ရှေးကျပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများကို သယ်ဆောင်ထားသည်။ နတ်ဘုရားအလင်းကလည်း အလွန်မှိန်ဖျော့နေပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည်ဟု ထင်ရသည်။

“အစစ်အမှန်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၊ အဲဒီလို နည်းစနစ်မျိုးမှာ အားသာချက်တွေ ရှိတယ်”

“သွေးမျိုးဆက်အမွေအနှစ်က လုံလောက်အောင် အားကောင်းတယ်”

ဆံပင်ဖြူနေသော လူအိုကြီးက အလင်းလွှာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ ကျောက်စိမ်းပေလွှာရဲ့ မပြည့်စုံတဲ့ နည်းစနစ်မှာ မိုးကြိုးကပ်ဘေးအကြောင်းကို ပြောမထားဘူး”

အလင်းလွှာတွင် မိုးကြိုးကပ်ဘေး၏ ခမ်းနားသောစွမ်းအားကြောင့် မိုင်ငါးရာပတ်ဝန်းကျင်တွင်ရှိသော သားရဲများသည် တုန်ခါနေကြသည်။

ခြေလေးချောင်းနှင့် ချိုနှစ်ချောင်းရှိသော မိစ္ဆာနဂါးက ဟိန်းဟောက်လိုက်ပြီး ခွန်အားပြနေသည်။

ခမ်းနားသော ရွှေအလင်းသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ထို့နောက် လူတိုင်း၏ ကြောင်အနေသော အကြည့်အောက်တွင် မိစ္ဆာနဂါးက မြေအောက်သို့ တိုးဝင်သွားသည်။

သူက ပုန်းနေပြန်သည်။

All Chapters