အခန်း (၁၁၈၀)
Vol. 85 Ch. 1180
“ဘုန်း”
ပေငါးရာကြီးမားသော အဝါရောင်ခြင်္သေ့တစ်ကောင်သည် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ခြင်္သေ့၏ ခန္ဓာကိုယ်က ကျောက်ဆောင်များနှင့် ရိုက်ခတ်ပြီး ဒဏ်ရာရသွားသည်။
အနည်းဆုံး ပေနှစ်ထောင်ရှည်လျားသော အစိမ်းရောင်စပါးကြီးမြွေတစ်ကောင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ခြင်္သေ့က ဒဏ်ရာရနေသော်လည်း ကြိုးစား၍ မတ်တပ်ရပ်လိုက်ပြီး ပါးစပ်ထဲမှ ရွှေအလင်းတန်းဖြင့် မြွေကို တိုက်ခိုက်သည်။
“ရှေးခေတ်ရဲ့ ထူးခြားသားရဲ မျက်လုံးစိမ်းရွှေခြင်္သေ့ပဲ။ အဲဒီခြင်္သေ့က သေခြင်းရှင်ခြင်းကို ဖြတ်တောက်နိုင်တဲ့ ယင်နဲ့ယန်စွမ်းအင်ကို ရှူထုတ်နိုင်တယ်လို့ ပြောကြတယ်”
အလင်းလွှာ၏ရှေ့တွင် လူတစ်ယောက်က ညင်သာစွာပြောသည်။
“ဘန်း”
အလင်းတန်းကြောင့် နောက်ဆုတ်ပေးလိုက်ရသော စပါကြီးမြွေက ဒေါသထွက်သွားသည်။ ပါးစပ်ဖွင့်လိုက်ပြီး နားအူလောက်သောအသံကို ထုတ်လွှတ်သည်။ အနီရင့်ရောင်ဦးချိုနှစ်ချောင်းသည် စပါးကြီးမြွေ၏ ဦးခေါင်းတွင် ပေါ်လာသည်။
“နွားသိုးစိမ်းစပါးကြီးမြွေပဲ”
“နွားသိုးမိစ္ဆာကလန်ရဲ့ ဘိုးဘေးတွေထဲက တစ်ကောင်ပဲ”
“မူလကမ္ဘာရဲ့ နွားသိုးအမွေအနှစ် အများစုက အဲဒီစပါးကြီးမြွေလိုမျိုး မသွက်လက်ကြဘူး”
အလင်းလွှာကို စောင့်ကြည့်နေသော လူများက ပြောလိုက်ကြသည်။
ထိုနေရာသည် မူလကမ္ဘာ ဖြစ်သည်။
ထိုနေရာမှတစ်ဆင့် ရှေးခေတ်မှတ်တမ်းများတွင်သာ ရှိနေသော သားရဲများကို မြင်နိုင်သည်။ သူတို့၏ သွေးမျိုးဆက်စွမ်းအားနှင့် နတ်ဘုရားစွမ်းရည်များကို လေ့လာကြည့်နိုင်သည်။
“နွားသိုးစိမ်းစပါးကြီးမြွေက နွားသိုးစိမ်းအဖြစ် ပြောင်းလဲနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အမြီးရှည်ကို ထိန်းချုပ်ဖို့ခက်တာကြောင့် နောက်ဆုံးမှာတော့ မြွေပုံစံ ဖြစ်သွားခဲ့တယ်”
အနီရောင်ဦးချိုများသည် နွားသိုးတစ်ကောင်၏ပုံရိပ်ကို စုစည်းလိုက်သည်။
ရှည်လျားသော မြွေအမြီးသည် ရှေ့တွင်ရှိသော အဝါရောင်ခြင်္သေ့ကို ရိုက်ချသည်။
“ဘန်း”
ခြင်္သေ့က လွင့်ထွက်သွားပြန်သည်။
သားရဲနှစ်ကောင်က ဆက်လက်တိုက်ခိုက်နေပြီး မရေမတွက်နိုင်သော အလင်းတန်းများကို ထုတ်ပေးသည်။
အလင်းလွှာတွင် မြင်နေရသော ကောင်းကင်နှင့်မြေကြီးက ပျက်စီးသွားတော့မည်ဟု ထင်ရသည်။
“ရှေးခေတ်မှာ မတူညီတဲ့ ခွန်အားနဲ့ မရေမတွက်နိုင်တဲ့ သားရဲတွေ ရှိနေကြတယ်”
“အနာဂတ်မှာ သားရဲတွေကို အဆင့်သတ်မှတ်ထားပေမဲ့ သိပ်ပြီး မတိကျဘူး”
မုတ်ဆိတ်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်က အလင်းလွှာကို ညွှန်ပြလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ကုန်းမြေ၊ ကောင်းကင်၊ မူလ၊ စကြဝဠာ ....”
“အဲဒီသားရဲတွေက ကုန်းမြေအဆင့်မှာ သန်မာပေမဲ့ ကောင်းကင်အဆင့်မှာ အားနည်းတယ်”
“ရှေးခေတ်က အရမ်းဝေးကွာပြီး အမှတ်အသားတွေက သိပ်ပြီး မထင်ရှားတော့ဘူး။ သားရဲတွေရဲ့ ပုံစံနဲ့ အဆင့်ကန့်သတ်ချက်တွေကိုလည်း မသိနိုင်တော့ဘူး”
“ဒါပေမဲ့ စကြဝဠာအဆင့်မှာ အုပ်ချုပ်သူအဆင့် သားရဲတွေ အနည်းငယ်ပဲ ရှိတယ်”
“ရှေးခေတ်ချီလင်၊ ကောင်းကင်သတ်ဖြတ်သူနဂါးမိကျောင်း၊ အနန္တဝိညာဉ်ကောင်းကင်ကြိုးကြာ၊ ဖန်တီးရှင်ရွှေဂဏန်း ....”
အလင်းလွှာသည် တိုက်ပွဲကို ဆက်လက်ပြသနေသည်။
သားရဲနှစ်ကောင်သည် ရက်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည်။
အဆုံးတွင် နွားသိုးစိမ်းစပါးအုံးမြွေကြောင့် အဝါရောင်ခြင်္သေ့က သေဆုံးသွားသည်။
ခြင်္သေ့၏ သွေးများသည် တောင်တန်းတွင် စမ်းချောင်းတစ်ခုသဖွယ် စီးဆင်းနေသည်။
အနက်ရောင်သန်းနေသော သစ်ပင်နှစ်ပင်က သွေးစွန်းသွားပြီး အသက်ဝင်လာသည်ဟု ထင်ရသည်။
နွားသိုးစိမ်းစပါးအုံးမြွေက သစ်ပင်နှစ်ပင်အောက်တွင်ရှိနေသော ခြင်္သေ့၏အလောင်းကို ရစ်ပတ်လိုက်သောအချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားသည်။
သစ်ပင်နှစ်ပင်က ရုတ်တရက် မြင့်တက်လာပြီး နွားသိုးစိမ်းစပါးအုံးမြွေ၏ အမြီးမှတစ်ဆင့် ဦးခေါင်းကို ထိုးဖောက်လိုက်သည်။
စပါးအုံးမြွေက မျက်လုံးပြူးနေပြီး ဟိန်းဟောက်ချင်သော်လည်း အသံမထွက်နိုင်တော့ပေ။
သွေးမိစ္ဆာနဂါးသည် မှော်စွမ်းရည်ကို အသုံးပြုပြီး နွားသိုးစိမ်းစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ဖျက်ဆီးခဲ့သည်။
“သွေးမိစ္ဆာနဂါးက ကုန်းမြေအဆင့်မှာပဲ ရှိပေမဲ့ မှော်စွမ်းရည်က ထူးခြားပြီး အဆိပ်ပြင်းတယ်။ အဲဒါကြောင့် ကုန်းမြေအဆင့်မှာ အားကောင်းတဲ့သားရဲအဖြစ် သတ်မှတ်နိုင်တယ်”
“နွားသိုးစိမ်းစပါးအုံးမြွေနဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်တောင် သွေးမိစ္ဆာနဂါးက အနိုင်ရလိမ့်မယ်”
နတ်ဘုရားလောကတွင် အလင်းလွှာကို ကြည့်နေသော လူတစ်ယောက်က တီးတိုးပြောလိုက်သည်။
သို့သော် သွေးမိစ္ဆာနဂါးဖြစ်နေသော ဟန်မူယဲ့က ထိပ်တိုက်ရင်ဆိုင်ရန် မတွေးခဲ့ပေ။
သူက အလစ်တိုက်ခဲ့သည်။
အလွန်ကြီးမားသော နွားသိုးစိမ်းစပါးအုံးမြွေသည် သစ်ပင်နှစ်ပင်ကို ရစ်ပတ်လျက် တစ်လလုံး ရှိနေခဲ့သည်။
တစ်လအကြာတွင် စပါးအုံးမြွေ၏ ခန္ဓာကိုယ်က ကျယ်လောင်သောအသံနှင့်အတူ ပြုတ်ကျလာသည်။
နွားသိုးစိမ်းစပါးအုံးမြွေက ဝါးမြိုခံလိုက်ရသည်။ အပေါ်ယံအရေခွံသာ ကျန်တော့သည်။
ခဏအကြာတွင် မြွေအရေခွံသည် တောင်ခြေတွင် ပေါ်လာသည်။
ထိုအရေခွံက ထူးဆန်းစွာ တွန့်လိမ်နေသည်။
“တကယ်ကို ဉာဏ်များတာပဲ .....”
အလင်းလွှာကို စောင့်ကြည့်နေသောလူများက ရေရွတ်လိုက်သည်။
သွေးမိစ္ဆာနဂါးက နွားသိုးစိမ်းစပါးအုံးမြွေနှင့် ယှဉ်နိုင်သော်လည်း သတ်ဖြတ်ရန် အလွယ်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့သည်။
သွေးမိစ္ဆာနဂါးက စပါးအုံးမြွေကို ဝါးမြိုလိုက်ပြီး ကုန်းမြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေလိမ့်မည်။
သို့သော် ထိုနဂါးက နွားသိုးစိမ်းစပါးအုံးမြွေအဖြစ် ဟန်ဆောင်လိုက်သည်။
“ဟူး ....”
နွားသိုးစိမ်းစပါးအုံးမြွေက ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော တောအုပ်ဆီသို့ ဦးတည်လိုက်သည်။
“နောက်ဆုံးတော့ သူလှုပ်ရှားလာပြီ”
လူတစ်ယောက်က ပြုံးလိုက်ပြီး အလင်းလွှာကို ကြည့်နေသည်။
“ဟမ့်၊ ဟွမ်ကျန်းရှုံးကိုရှာပြီး ဟန်မူယဲ့ကို သတ်ခိုင်းလိုက်”
နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က အေးစက်စွာ ပြောသည်။
ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်က ခေါင်းညိတ်သည်။ အလင်းစက်ကွင်းသည် သူ့လက်ထဲတွင် လှည့်ပတ်နေပြီး အလင်းလွှာကို ဖိချလိုက်သည်။
အလင်းလွှာက နှစ်ပိုင်းကွဲသွားသည်။ တစ်ပိုင်းသည် ဆက်တိုက်ပြောင်းလဲနေပြီး ပုံရိပ်ယောင်ဖြစ်သွားသည်။
“နန်းတော်သခင်၊ ခေးအော့က ဟွမ်ကျန်းရှုံးကို ရှာပေးဖို့အတွက် နတ်စွမ်းအားသလင်းကျောက် သန်းသုံးဆယ်နဲ့ သွေးမျိုးဆက်ပုတီးစေ့ ငါးသောင်း လိုချင်နေပါတယ်”
တာအိုတန်ခိုးရှင်က ညင်သာစွာ ပြောသည်။
“သူ့ကို ပေးလိုက်ပါ”
နန်းတော်သခင်က တည်ငြိမ်နေသည်။
သူ့စကားအဆုံးတွင် ရွှေအလင်းတန်းတစ်ခု ပေါ်လာသည်။ နတ်စွမ်းအားသလင်းကျောက်နှင့် သွေးမျိုးဆက်ပုတီးစေ့များသည် အလင်းတန်းထဲသို့ ဝင်ရောက်သွားကြသည်။
“ငါတို့က တစ်ဝက်အရင်ပေးထားမယ်။ အလုပ်ပြီးရင် နောက်တစ်ဝက်ပေးမယ်”
နန်းတော်သခင်က ပြောလိုက်သည်။
အလင်းတန်းက တီးတိုးစကားသံကို ထုတ်လွှတ်သည်။ အလင်းလွှာက ပြောင်းလဲသွားပြီး ကျယ်ပြန့်သော ကျွန်းစုကို ဖော်ပြသည်။
ဧရာမနဂါးများသည် ကျွန်းများပေါ်တွင် ရှိနေကြသည်။
အစိမ်းရောင်နဂါး မဟုတ်ပေ။ အနက်ရောင်ကြေးခွံနှင့် ရှည်လျားသောဦးချိုကို ပိုင်ဆိုင်ထားသည့် နဂါးနက်များ ဖြစ်ကြသည်။
“အဲဒီကလေးက ရှေးခေတ်ရဲ့ ကပ်ဘေးနဂါးနက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ။ သူက ရာစုနှစ်ပေါင်း အနည်းငယ်အတွင်း နတ်ဘုရားလောကရဲ့ အသန်မာဆုံးမျိုးဆက်သစ် ဖြစ်လာခဲ့တာ မထူးဆန်းတော့ပါဘူး”
နန်းတော်သခင်၏ ဘေးတွင်ရှိနေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက အလင်းလွှာကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဟန်မူယဲ့ကို သတ်ဖြတ်ဖို့ သတင်းပို့လိုက်”
နန်းတော်သခင်က ပြောသည်။
ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်က ခေါင်းညိတ်သည်။ သူက နတ်ဘုရားအင်းကွက်များကို ဖန်တီးပြီး အလင်းလွှာထဲသို့ ထည့်သွင်းသည်။
ခဏအကြာတွင် တာအိုတန်ခိုးရှင်၏ မျက်နှာက တောင့်တင်းသွားသည်။
“နန်းတော်သခင်၊ ခေးအော့က သတင်းပို့ပေးဖို့အတွက် နတ်စွမ်းအားသလင်းကျောက် ငါးသန်းနဲ့ သွေးမျိုးဆက်ပုတီးစေ့ တစ်ထောင်ကို တောင်းနေပါတယ်”
“ပေးလိုက်”
နန်းတော်သခင်က စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းသည်။
ခဏအကြာတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အခကြေးငွေကို သိမ်းယူသွားသည်။
အလင်းလွှာတွင် အင်းကွက်များသည် နှင်းပွင့်အဖြစ် ပြောင်းလဲပြီး ကျဆင်းသွားသည်။ ပေတစ်သောင်းရှည်လျားသော နဂါးတစ်ကောင်က လက်ကို ဆန့်ထုတ်သည်။
မူလကမ္ဘာတွင် ကပ်ဘေးနဂါးနက်များသည် ထိပ်တန်းအဆင့်တွင် ရှိနေသည်။
နဂါးက အင်းကွက်ကို လက်ခံလိုက်ပြီး ပြုံးသည်။
“ဟန်မူယဲ့ကို သတ်ရမှာလား”
“ပိုပေးရလိမ့်မယ်”
ကပ်ဘေးနဂါးနက်က ခန္ဓာကိုယ်ကို ရစ်ခွေလိုက်သည်။ အလင်းလွှာတွင် ထိုသားရဲက အလွန်ကြမ်းတမ်းသည်ဟု ထင်ရသည်။
အနက်ရောင်ဒိုင်းကာနှင့် ဆင်တူသော ကြေးခွံများသည် ဝင်းလက်နေသည်။
နဂါးနက်၏ စကားသံသည် အလင်းလွှာတွင် ပဲ့တင်ထပ်သွားသည်။
နတ်ဘုရားရင်းမြစ်နန်းတော်၏ အကြီးအကဲများက အပြုံးတစ်ခုနှင့်အတူ ခေါင်းခါလိုက်ကြသည်။
ဟွမ်ကျန်းရှုံး၏ စိတ်သဘောကို နတ်ဘုရားလောကတွင်ရှိသော ဂိုဏ်းကြီးများအားလုံးက သိထားကြသည်။
သို့သော် အကြီးအကဲများက သူ့ကို မျှော်လင့်ထားသည်။
သူ၏ ဂိုဏ်းသည် ကောင်းကင်စက်ဝန်းစစ်မြေပြင်တွင်ရှိသော ကျွမ်းကျင်သူများနှင့် အဆက်အသွယ်ရှိသည်။
နတ်ဘုရားရင်းမြစ်နန်းတော်ကပင် သူ့ကို မျက်နှာသာပေးရသည်။
နန်းတော်သခင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“နတ်စွမ်းအားသလင်းကျောက် သန်းတစ်ထောင်နဲ့ နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ ရေကန်မှာ တစ်ကြိမ်ကျင့်ကြံခွင့်ရမယ်”
နတ်ဘုရားမျိုးနွယ်၏ ကျင့်ကြံခြင်းနည်းစနစ်သည် လျင်မြန်စွာ တိုးတက်လာနိုင်သောကြောင့် ကောင်းကင်တာအို၏ ချေဖျက်မှုကို လွယ်ကူစွာ ခံရသည်။ အဆုံးတွင် အသိစိတ်ပျောက်သွားနိုင်သည်။
နတ်ဘုရားရင်းမြစ်နန်းတော်သည် နတ်စွမ်းအားကို သန့်စင်ပေးနိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်သူများက ဝိညာဉ်ကို သန့်စင်ပြီး အသိစိတ်ကို ထိန်းသိမ်းထားနိုင်လိမ့်မည်။
ထိုအကြောင်းပြချက်ကြောင့် နတ်ဘုရားရင်းမြစ်နန်းတော်သည် နတ်ဘုရားလောကကို လွှမ်းမိုးပြီး ထိပ်တန်းဂိုဏ်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံခြင်းကမ္ဘာမှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် သန့်စင်ခြင်းရေကန်သို့ ဝင်ရောက်ချင်ကြသည်။ ထိုသို့ဖြင့် သူတို့က အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်နိုင်လိမ့်မည်။
နန်းတော်သခင်၏အသံက အလင်းလွှာတွင် ပဲ့တင်ထပ်သွားသည်။ နဂါးနက်က ပြုံးလိုက်သည်။
“ဂါး ....”
နဂါးက ဟိန်းဟောက်လိုက်သောအခါ များပြားသော နဂါးများသည် ကောင်းကင်ထက်တွင် ပျံဝဲနေကြသည်။
လောကသည် အနက်ရောင်သန်းသွားသည်။
ထိုမြင်ကွင်းကြောင့် နန်းတော်သခင်က ပြုံးလိုက်သည်။
“ဟွမ်ကျန်းရှုံးက အကျိုးအမြတ်မရှိဘဲ အလုပ်မလုပ်ဘူးဆိုပေမဲ့ စိတ်ချရတယ်”
ကောင်းကင်ကို လွှမ်းခြုံထားသော နဂါးနက်များသည် အထင်ကြီးစရာကောင်းသည်။
သူတို့က ဟန်မူယဲ့ကို ဖျက်ဆီးရန် လုံလောက်သည်။
ထိုစွမ်းအားသည် နတ်ဘုရားရင်းမြစ်နန်းတော်ကို ဂုဏ်တက်စေလိမ့်မည်။
“ဟန်မူယဲ့က ဘယ်မှာလဲ”
အလင်းလွှာ၏ရှေ့တွင် အကြီးအကဲတစ်ယောက်က မေးလိုက်သည်။
လူတိုင်းက အလင်းလွှာကို ကြည့်လိုက်ပြီး ကြောင်အသွားသည်။
တောအုပ်ထဲသို့ ဝင်သွားသော နွားသိုးစိမ်းစပါးအုံးမြွေက ရုတ်တရက် ပြန်ရောက်လာခဲ့သည်။ ထို့နောက် တွင်းတူပြီး မြက်ပင်အဖြစ် အမြီးရှည်ကိုသာ ချန်ရစ်၍ အထဲသို့ ဝင်သွားသည်။
“ဟမ့်၊ ဒီလိုအပြုအမူမျိုးက ဘာမှ မှတ်သားစရာမရှိဘူး”
“ဟွမ်ကျန်းရှုံးရဲ့ နဂါးစစ်တပ် ရောက်လာရင် သူနဲ့ တောင်တန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရမယ်”
ဟန်မူယဲ့က အလွန်ဉာဏ်များပြီး မူလကမ္ဘာတွင် ရှင်သန်နိုင်ခဲ့သည်ဟု တခြားလူများက ထင်နေကြသည်။
သူက အမှန်တကယ်ပင် ရှင်သန်နေသည်။
သို့သော် ယခုအချိန်တွင် သူက ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်ကို သုံးသပ်ပြီး တတိယမြောက် ဝိညာဉ်အသွင်ပြောင်းခြင်းအတွက် ပြင်ဆင်နေသည်။
မြေအောက်တွင်ရှိသော ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။
သွေးနှင့်ချီသည် နွားသိုးစိမ်းစပါးအုံးမြွေ၏ အရေခွံအောက်တွင် လည်ပတ်နေသည်။
သူက တီကောင်မှ ချိုတစ်ချောင်းမြွေနဂါး၊ ထို့နောက် အားကောင်းသော သွေးမိစ္ဆာနဂါးအဖြစ် ပြောင်းလဲလာခဲ့သည်။
သူ၏ အစစ်အမှန်ဝိညာဉ် ပြောင်းလဲခြင်း ဖြစ်သည်။ သူက ဝိညာဉ်စွမ်းအားနှင့် သွေးမျိုးဆက်ကို ခွန်းဝူ၏ ကောင်းကင်တာအိုဆီသို့ ပေးအပ်ထားသည်။
ပြန်လည်မွေးဖွားလာသော ကောင်းကင်တာအိုက သူ့ကို အားဖြည့်ပေးနေသည်။
ဟန်မူယဲ့က ခွန်းဝူတွင်ရှိသော ကောင်းကင်တာအို၏ ပျော်ရွှင်မှုကို ခံစားကြည့်နိုင်သည်။
ဤနေရာသည် မူလကမ္ဘာ၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်ပြီး ဤလောကတွင်ရှိသော အသန်မာဆုံး ကောင်းကင်တာအိုစွမ်းအား ဖြစ်သည်။
ဤနေရာတွင်ရှိသော စည်းမျဉ်းများသည် အကြမ်းတမ်းဆုံး၊ ရှေးအကျဆုံး၊ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး ဖြစ်သည်။
“ဘုန်း”
တောင်တန်းတွင် တုန်ခါသံကို ကြားနိုင်သည်။
အပြင်ဘက်တွင်ရှိနေသော အမြီးက တိုက်ပွဲကို ခံစားနိုင်သည်။
ဟန်မူယဲ့က အမြီးကို ဆွဲသွင်းလိုက်ပြီး မြေကြီးထဲသို့ ဝင်သွားသည်။
“သူက ဘာဖြစ်လို့ အရမ်းသတိထားနေတာလဲ”
အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က ဖျော့တော့စွာပြုံးလိုက်ပြီး မနေနိုင်တော့ဘဲ ပြောသည်။
တိုက်ခိုက်နေသော သားရဲနှစ်ကောင်သည် ကုန်းမြေအဆင့်သာ ဖြစ်သည်။ ဟန်မူယဲ့၏ လက်ရှိခွန်အားနှင့် လွယ်ကူစွာ ဖိချေပစ်နိုင်သည်။ အလွန်သတိထားနေရန် မလိုအပ်ပေ။