← Chapters

အခန်း (၁၁၈၁)

Vol. 85 Ch. 1181

အခန်း (၁၁၈၁)

Vol. 85 Ch. 1181

“ရွှပ်”

အလင်းဓားသွားတစ်ခုသည် အဝေးတစ်နေရာမှ ပျံသန်းလာပြီး တိုက်ခိုက်နေသော သားရဲနှစ်ကောင်ကို ပြတ်တောက်သွားအောင် ခုတ်ပိုင်းလိုက်သည်။

အလင်းလွှာကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက ခေါင်းခါလိုက်ကြသည်။

“အဲဒီချူကွမ်းကျားသစ်က အလင်းဓားသွားကို ထုတ်သုံးနိုင်နေပြီ။ အရမ်းအားကောင်းတယ်”

“အဲဒီလိုသားရဲမျိုးက ကောင်းကင်အဆင့်ပဲ”

မူလကမ္ဘာတွင် ရှင်သန်ရန် ဟန်မူယဲ့၏ ရွေးချယ်မှုသည် အကောင်းဆုံးဖြစ်သည်။

ပေတစ်ရာခန့်သာရှိသော ကျားတစ်ကောင်သည် ရှေ့တက်လာပြီး ပေတစ်ထောင်ကြီးမားသော သားရဲနှစ်ကောင်ကို ကိုက်ချီ၍ ထွက်သွားသည်။

စီးဆင်းနေသော သွေးများက မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။

နေ့တစ်ဝက်အကြာတွင် သားရဲများ ရောက်လာပြီး သွေးရောနေသော မြေကြီးအတွက် တိုက်ခိုက်လိုက်ကြသည်။

ထို့နောက် သူတို့၏ ပုံရိပ်များက ချက်ချင်း ပျောက်ကွယ်သွားသည်။

“ဝေါင်း ....”

ဟိန်းဟောက်သံနှင့်အတူ အဖြူရောင်အစင်းကြောင်းများကို ပိုင်ဆိုင်သော ကျားသစ်နက်တစ်ကောင်က ပြေးထွက်လာသည်။

အချိန်မီဆွဲမသွင်းနိုင်ခဲ့သော နွားသိုးစိမ်းစပါးအုံးမြွေ၏ အမြီးပိုင်းက ကျားသစ်နက်၏ လက်သည်းချက်ကြောင့် စုတ်ပြဲသွားသည်။

ထိုအမြီးပိုင်းမှ အစိမ်းရောင်နဂါးအမြီး ပေါ်ထွက်လာပြီး ကျားသစ်နက်၏ဦးခေါင်းကို ဘန်းခနဲ ရိုက်ချသည်။

အလင်းလွှာကို ကြည့်နေသော လူတိုင်းက ကျားသစ်နက်၏ စိတ်ရှုပ်ထွေးမှုကို ခံစားနိုင်သည်။

‘နွားသိုးစိမ်းစပါးအုံးမြွေရဲ့ အမြီးက ဘာဖြစ်လို့ နဂါးအမြီး ဖြစ်သွားတာလဲ’

သို့သော် ကျားသစ်က မတုံ့ပြန်နိုင်ခင် ထက်မြိသော လက်သည်းတစ်စုံသည် မြေကြီးထဲမှ ထွက်လာပြီး ကျားသစ်၏ နောက်ခြေထောက်ကို ကုတ်ဆွဲလိုက်သည်။

“ရွှပ်”

သွေးများ ပန်းထွက်လာသည်။

ကျားသစ်က နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ရန်သူကို ရှာဖွေလိုက်သောအချိန်တွင် မည်သည့်အရာကိုမှ မတွေ့ရတော့ပေ။

ထိုသားရဲက အရှုံးမပေးချင်ဘဲ မြေကြီးကို တူးထုတ်သည်။

ကျားသစ်က သွေးစွန်းနေသော မြေထုကို တောင်တစ်ဝက်ခန့်အထိ တူးထုတ်ခဲ့သော်လည်း အကျိုးမရှိပေ။

အဆုံးတွင် ကျားသစ်က ‌တောအုပ်ဆီသို့ ထွက်သွားခဲ့သည်။

သားရဲအုပ်စုက ဒဏ်ရာရနေသော ကျားသစ်၏နောက်မှ တိတ်ဆိတ်စွာ လိုက်လာကြသည်။

ထိုသားရဲများက နောက်တွင် ဖြည်းဖြည်းချင်းပေါ်လာ‌သော ဦးချိုနှင့်တူသည့် မြက်ပင်နှစ်ပင်ကို သတိမထားမိကြပေ။

နေ့တစ်ဝက်အကြာတွင် တောအုပ်ဆီမှ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။

နောက်ထပ် နေ့တစ်ဝက်အကြာတွင် ကျားသစ်နက်၏ ခန္ဓာကိုယ်ကို မြက်ပင်နှစ်ပင်က ထိုးစိုက်ထားသည်။ ထို့နောက် မြေကြီးထဲသို့ တိုးဝင်သွားပြီး ကျားသစ်နက်၏အလောင်းက တောင်တန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

အစမှအဆုံးအထိ ကျားသစ်နက်အား သတ်သွားသော သားရဲကို မမြင်လိုက်ရပေ။

ကျားသစ်နက်၏အလောင်းအား ယူလာသော မြက်ပင်နှစ်ပင်၏ နည်းလမ်းကိုလည်း မမြင်ခဲ့ရပေ။

ရက်တစ်ရာအကြာတွင် တိမ်မည်းများသည် ကောင်းကင်တွင် စုစည်းလာသည်။

“သူက တတိယမြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်တော့မယ်”

လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

“အစစ်အမှန်ဝိညာဉ်ရဲ့ တတိယမြောက် အသွင်ပြောင်းလဲခြင်းလား”

မြေပြင်မှ ထွက်ပေါ်လာသော နွားသိုးစိမ်းစပါးအုံးမြွေကို ကြည့်လိုက်ပြီး နတ်ဘုရားလောက၏ အကြီးအကဲတစ်ယောက်က နက်ရှိုင်းသောအသံဖြင့် ပြောသည်။

နတ်ဘုရားလောကတွင်ရှိသော အင်အားစုများက မဟာတောရိုင်းခေတ်မှ ဆင်းသက်လာသော ဟန်မူယဲ့၏ အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းနည်းစနစ်ကို သိသွားကြသည်။

ထိုနည်းစနစ်သည် အစပိုင်းတွင် မခက်သော်လည်း နောက်ပိုင်းအဆင့်များတွင် စိန်ခေါ်မှုများသည်။

ယနေ့ခေတ်တွင် အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းသည် ပျောက်ဆုံးသွားပြီး စွန့်ပစ်ခံထားရသည်။

ဟန်မူယဲ့၏ နည်းလမ်းကို လေ့လာပြီး အဓိကဂိုဏ်းကြီးများက ရှေးခေတ်မှတ်တမ်းများကို ပြန်ထုတ်လာခဲ့ကြသည်။

သူတို့က တချို့အရာများကို အတည်ပြုကြည့်လိုက်ပြီး အကျိုးအမြတ်ရခဲ့သည်။

“ဘုန်း”

လျှပ်စီးကြောင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ဟန်မူယဲ့ အသွင်ပြောင်းထားသော သွေးမိစ္ဆာနဂါးက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ထိုအချိန်တွင် သူက မောက်မာမှုကို ထုတ်လွှတ်ပြီး လောကကြီးတစ်ခုလုံးကို အပေါ်စီးမှ ကြည့်နေသည်။

သူ၏ ဦးချိုနှစ်ချောင်းသည် ရွှေရောင်သန်းလာသည်။

“ဘုန်း”

လျှပ်စီးကြောင်းက နဂါး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသည်။

နွားသိုးစိမ်းစပါးကြီးမြွေ၏ အရေခွံက တစ်ပိုင်းတစ်စစီဖြစ်ပြီး ပြာကျသွားသည်။

သွေးမိစ္ဆာနဂါး၏ ခန္ဓာကိုယ်က ရွှေအလင်းဖြင့် တောက်ပနေသည်။

“ဝေါင်း ....”

အဝေးတစ်နေရာတွင် ကျားနက်တစ်ကောင်က ပြေးထွက်လာသည်။

သို့သော် ကျားနက်က နဂါး၏ပတ်ဝန်းကျင်တွင်ရှိသော လျှပ်စီးကြောင်းများကြောင့် တစ်ကိုယ်လုံး တုန်ခါနေပြီး ပြုတ်ကျသွားသည်။

မိုးကြိုးကပ်ဘေးသည် သွေးမိစ္ဆာနဂါးအတွက် စမ်းသပ်မှုဖြစ်သလို အကာအကွယ်လည်း ဖြစ်သည်။

ကောင်းကင်တာအိုက မိုးကြိုးကပ်ဘေးကို စေလွှတ်ခဲ့သည်။ ခွန်းဝူမှ ကောင်းကင်တာအို၏စွမ်းအားကို တွေးကြည့်နိုင်သည်။

“ဘုန်း”

နောက်ထပ် လျှပ်စီးကြောင်းတစ်ခုသည် အစိမ်းရောင်မီးတောက်များနှင့်အတူ ဆင်းသက်လာသည်။

သွေးမိစ္ဆာနဂါးက ဟိန်းဟောက်လိုက်ပြီး ပျံသန်းလိုက်သည်။

နဂါးကြေးခွံများက လျှပ်စီးကြောင့် ပျက်စီးသွားပြီး သွေးစက်များသည် နေရာတိုင်းတွင် ပြန့်ကျဲနေသည်။

ပတ်ဝန်းကျင်တွင်ရှိသော သားရဲများက ထိတ်လန့်နေကြသည်။

လျှပ်စီးကြောင်းများသည် သူတို့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးတော့မည်ဟု ထင်ရသည်။

သူတို့က ကောင်းကင်တာအို၏စွမ်းအားကို ကြောက်ရွံ့ပြီး ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

ကျားနက်ကဲ့သို့ သေဆုံးခြင်းကိုမကြောက်သော သားရဲများလည်း ရှိကြသည်။ သူတို့က မိုးကြိုးကပ်ဘေးအတွင်းသို့ ပြေးဝင်လာသည်။

ထို့ကြောင့် လျှပ်စီးကြောင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။

“ဂါး ....”

နဂါးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်ပြီး အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်သည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော ကြေးခွံများသည် ရွှေ‌ရောင်သန်းလာသည်။ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။ မိုးကြိုးကပ်ဘေး၏ လက်အောက်တွင် ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်ကျင့်ကြံခြင်း၏ တတိယမြောက် အသွင်ပြောင်းလဲခြင်းကို ကျော်ဖြတ်ပြီး အဝါရောင်ကောင်းကင်နဂါးအဖြစ် ပြောင်းလဲသွားသည်။

ထိုသားရဲသည် မူလကမ္ဘာ၏ အားကောင်းသော နတ်ဘုရားသားရဲ ဖြစ်သည်။

သူက ကောင်းကင်အဆင့်သို့ ရောက်သွားသည်။ ပတ်ဝန်းကျင်တွင်ရှိသော သားရဲများက တုန်ခါနေကြသည်။

အဝါရောင်ကောင်းကင်နဂါးက လေထုထဲတွင် ရစ်ဝဲနေပြီး မီးတောက်များကို မှုတ်ထုတ်သည်။

ထိုမီးတောက်များက သူ့အားသတ်ဖြတ်ချင်သော ထူးခြားသားရဲများကို မီးကင်ပစ်လိုက်သည်။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မြေပြင်သို့ ဆင်းသက်လာသည်။ ထို့နောက် ပေနှစ်ထောင်ရှည်လျားသော အဝါရောင်နဂါးသည် ယဉ်ကျေးမနေဘဲ မီးကင်ထားသော သားရဲများအားလုံးကို မြေအောက်သို့ ဆွဲသွင်းလိုက်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ဆွံ့အသွားသည်။

‘မင်းက အရမ်းအားကောင်းတဲ့ ကောင်းကင်အဆင့်သားရဲ ဖြစ်နေပြီလေ။ ဘာဖြစ်လို့ ဒီလောက် ကြောက်နေတာလဲ’

“ဟမ့်၊ မင်းက ဘယ်အချိန်အထိ ပုန်းနိုင်မလဲ ကြည့်ရတာပေါ့”

နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က နှာမှုတ်လိုက်ပြီး မြေကြီးထဲသို့ ဝင်ရောက်သွားသော ဟန်မူယဲ့ကို ကြည့်နေသည်။

တခြားလူများက တည်ငြိမ်နေကြသည်။

အကယ်၍ ဟန်မူယဲ့၏ဝိညာဉ်က ဝိညာဉ်အမျိုးအစား သားရဲများ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားလျှင်ပင် ဟွမ်ကျန်းရှုံး၏ လက်အောက်တွင် သေဆုံးရလိမ့်မည်။

ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ် တတိယအသွင်ပြောင်းခြင်းအဆင့်တွင် ရှိနေသောကြောင့် အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်သည်။

သူ၏ ဝိညာဉ်ကသာ ခွန်းဝူတွင် ရှိနေသော်လည်း အလွန်နက်ရှိုင်းသော ဉာဏ်အလင်းကို ရနိုင်သည်။

ထိုခွန်အားနှင့်ဆိုလျှင် အင်မော်တယ်ဘုရင်များကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်။

သူက ရှန်းလျူယွင်ကို အင်မော်တယ်သခင်များနှင့်အတူ ဝိုင်းရံတိုက်ခိုက်ရဲသောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

သူက ခွန်အားကောင်းပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုလည်း နားလည်ထားသည်။

“ဝီ”

အဝါရောင်ကောင်းကင်နဂါး၏ ရွှေရောင်ကြေးခွံများသည် အစိမ်းပုပ်ရောင်အဖြစ် ပြန်ပြောင်းသွားသည်။ သွေးမျိုးဆက်စွမ်းအားသည် ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသည်။

ဟန်မူယဲ့က မြေအောက်တွင်ပုန်းပြီး အစစ်အမှန်ဝိညာဉ်ကျင့်ကြံခြင်း၏ နောက်တစ်ဆင့်ကို တွက်ချက်နေသည်။

သူက အစစ်အမှန်ဝိညာဉ် တတိယအဆင့်သို့ ဝင်ရောက်လာပြီး သွေးမျိုးဆက်စွမ်းအားနှင့် ပတ်သတ်၍ မတူညီသော ဉာဏ်အလင်းကို ရခဲ့သည်။

သူက သွေးမိစ္ဆာနဂါး၏ သွေးမျိုးဆက်ကို အဆုံးအထိ ကျင့်ကြံခဲ့သည်။

သို့သော် တခြားနဂါးများ၏စွမ်းအားကို ပြောင်းလဲချင်လျှင် အချိန်ကြာမြင့်စွာ ကျင့်ကြံရလိမ့်မည်။

‘အစစ်အမှန်ဝိညာဉ်ကျင့်ကြံခြင်းရဲ့ စတုတ္ထမြောက်အဆင့်က သွေးမျိုးဆက်စွမ်းအား စုစည်းခြင်းပဲ ဖြစ်ရမယ်’

တစ်လအကြာတွင် ကျောက်တုံးတစ်တုံး ပေါ်ထွက်လာသည်။

ထိုကျောက်တုံးက တွန့်လိမ်နေသော သစ်မြစ်တစ်ခုနှင့် ဆင်တူသည်။

သို့သော် ထိုကျောက်တုံး၏ထိပ်တွင် မျက်လုံးကြီးနှစ်လုံး ရှိနေသည်။

ကျောက်တုံးက ပတ်ဝန်းကျင်တွင်ရှိသော သားရဲများ၏တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

ဒဏ်ရာရထားသော သားရဲများက ဧရာမကျောက်တုံးကြီး၏ဘေးတွင် အနားယူရန် ရောက်လာသောအခါ ပျောက်ကွယ်သွားသည်။

တိုက်ပွဲတွင် အနိုင်ရလာသော သားရဲများက သားကောင်ကို ဆွဲယူပြီး စားသောက်ရန်အတွက် ကျောက်တုံး၏ဘေးသို့ ရောက်လာသောအခါ ထူးဆန်းစွာ ပျောက်ကွယ်သွားရသည်။

ထိုကျောက်တုံး၏အရိပ်အောက်တွင် အနားယူချင်သော သားရဲများကလည်း ပျောက်ကွယ်သွားပြန်သည်။

အလင်းလွှာကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက သည်းမခံနိုင်ကြတော့ပေ။

“မြန်မြန်အဆုံးသတ်လိုက်ကြရအောင်။ ဒီနှစ် ရွှေတောင်ထွတ်ပြိုင်ပွဲရဲ့ တတိယအဆင့်က ပျင်းစရာအကောင်းဆုံးပဲ ဖြစ်လိမ့်မယ်”

“ပြီးတော့ စိတ်ဝင်စားစရာအကောင်းဆုံးလည်း ဟုတ်တယ်”

အဆုံးမရှိသော တောင်တန်းများကြားတွင် ဟန်မူယဲ့အသွင်ပြောင်းထားသော ဧရာမကျောက်တုံးကြီးက တည်ငြိမ်စွာ ရှိနေသည်။

ထိုအချိန်တွင် ကြည်လင်နေသော ကောင်းကင်က ရုတ်တရက် မှောင်ရိပ်သန်းလာသည်။

နဂါးဟိန်းသံကို ကြားရသည်။

အဝေးတစ်နေရာတွင် ပေထောင်ချီရှည်လျားသော နဂါးကြီးများက ပျံသန်းလာကြသည်။

ခမ်းနားသော အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြိးကို ဖိနှိပ်ထားသည်။

ပတ်ဝန်းကျင်တွင်ရှိသော သားရဲနှင့် သစ်ပင်များက ကောင်းကင်ကို လွှမ်းခြုံထားသော နဂါးများကြောင့် တုန်ခါနေကြသည်။

“သူတို့ ရောက်လာပြီ”

နတ်ဘုရားရင်းမြစ်နန်းတော်တွင် စောင့်ကြည့်နေသော လူတစ်ယောက်က အံကြိတ်ပြီး လက်သီးဆုပ်ထားသည်။

“သူတို့ရောက်လာပြီ”

အလင်းလွှာကို ပိတ်တော့မည့်လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ဟန်မူယဲ့အသွင်ပြောင်းထားသော ကျောက်တုံးက ခေါင်းမော့ကြည့်သည်။ အစိမ်းပုပ်ရောင်ကျောက်တုံးက ရွှေနဂါးတစ်ကောင် ဖြစ်သွားသည်။

ဧရာမနဂါးနက်တစ်ကောင်က ဟန်မူယဲ့၏ရှေ့တွင် ပေတစ်သောင်းရှည်လျားသော တောင်တန်းတစ်ခုသဖွယ် ဆင်းသက်လာသည်။

“မင်းက ဟန်မူယဲ့လား”

နဂါးနက်က လူသားစကားဖြင့် ပြောသည်။

ထိုအသံကြောင့် အလင်းလွှာကို စောင့်ကြည့်နေသော လူတိုင်းက အံ့အားသင့်သွားသည်။

ထို့နောက် သူတို့က မျက်လုံးပြူးနေသည်။

အားကောင်းသော အင်မော်တယ်ဘုရင်တစ်ပါး၏ ဝိညာဉ် ဖြစ်သည်။

အင်မော်တယ်ဘုရင်၏ ဝိညာဉ်ကသာ မူလကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်ပြီး စကားပြောနိုင်သည်။

“နတ်ဘုရားရင်းမြစ်နန်းတော်က တကယ်သိက္ခာမရှိတာပဲ”

လူတစ်ယောက်က အေးစက်သောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

အစပိုင်းတွင် သူတို့က ဟန်မူယဲ့ကို တီကောင်ဖြစ်အောင် ပြောင်းလဲလိုက်ပြီး ယခုအချိန်တွင် အားကောင်းသော အင်မော်တယ်ဘုရင်နှင့် တိုက်ခိုက်စေသည်။

All Chapters