အခန်း (၁၁၈၂)
Vol. 85 Ch. 1182
‘ဒါက အနိုင်ကျင့်နေတာပဲ’
‘အင်မော်တယ်ကျင့်ကြံသူတွေက နတ်ဘုရားလောကကို မလာရတော့ဘူးလား’
‘သူက ကိုယ်ပိုင်ခွန်အားကို ထုတ်ပြနေတာမဟုတ်ဘူးလား’
‘အဲဒါက ဘာမှားနေလို့လဲ’
အင်မော်တယ်လောက၏ အင်အားစုများအားလုံးသည် နတ်ဘုရားရင်းမြစ်နန်းတော်ကို ဒေါသထွက်နေကြသည်။
“ဂါး ....”
ဟန်မူယဲ့အသွင်ပြောင်းထားသော အဝါရောင်ကောင်းကင်နဂါးက ဟိန်းဟောက်လိုက်သည်။
တစ်ဖက်တွင်ရှိသော နဂါးနက်များကလည်း ဟိန်းဟောက်လိုက်သည်။
ပေသုံးထောင်ရှည်လျားသော နဂါးနက်တစ်ကောင်က ဟန်မူယဲ့ကို ဝင်တိုက်သည်။
သို့သော် ထိုနဂါးက ဟန်မူယဲ့နှင့် မထိခင် ခေါင်းဆောင်နဂါးက အမြီးကို ဝှေ့ယမ်းလိုက်သည်။
“မင်းက ကန်းနေတာလား”
“ဟန်မူယဲ့က သွေးမိစ္ဆာနဂါးလို့ နတ်ဘုရားရင်းမြစ်နန်းတော်က ပြောလိုက်တယ်။ ဒီနဂါးက အဝါရောင်ကောင်းကင်နဂါးပဲ”
ပေတစ်သောင်းရှည်လျားသော နဂါးနက်က လက်ကိုဆန့်ထုတ်ပြီး အဝါရောင်ကောင်းကင်နဂါးကို ပုတ်ပေးသည်။
“စိတ်မပူပါနဲ့။ ငါ ဟွမ်ကျန်းရှုံးက အနာဂတ်မှာ မင်းကို ကာကွယ်ပေးမယ်”
အလင်းလွှာကိုကြည့်နေသော လူတိုင်းက ကြောင်အသွားသည်။
‘ဒီအင်မော်တယ်ဘုရင်က ရူးနေတာလား’
နတ်ဘုရားရင်းမြစ်နန်းတော်တွင် တန်ခိုးရှင်တချို့က စိတ်ရှုပ်ထွေးနေပြီး နန်းတော်သခင်ကို ကြည့်လိုက်ကြသည်။ ကံကောင်းစွာဖြင့် နန်းတော်သခင်၏ မျက်နှာထားက ပုံမှန်အတိုင်း ဖြစ်နေသည်။
“ဘုန်း ....”
အဝေးတစ်နေရာတွင် ပေတစ်ထောင်ကြီးမားသော သွေးရောင်ဝံပုလွေတစ်ကောင်က တောင်ပံဖြန့်လိုက်ပြီး နဂါးနက်များဆီသို့ ပြေးဝင်လာသည်။
“သွေးတောင်ပံဝံပုလွေလား”
ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသော နဂါးနက်က ပြုံးလိုက်သည်။
“မဟာတောရိုင်းကမ္ဘာခေတ်ရဲ့ အားကောင်းတဲ့ သားရဲတစ်ကောင်ပဲ။ အာဟာရရှိတယ် ....”
နဂါးနက်က ဟိန်းဟောက်လိုက်ပြီး ပျံထွက်သွားသည်။
နဂါးလက်သည်းနှင့် အမြီးများက လှုပ်ရှားသွားသည်။ ထိုနဂါးက တခြားလူများအား ထိတ်လန့်သွားစေနိုင်သော ခွန်အားကို ဖော်ပြနေသည်။
နဂါး၏ တိုက်ခိုက်မှုတိုင်းသည် ပတ်ဝန်းကျင်ကို ပျက်စီးသွားစေသည်။
နဂါးနက်က တစ်နာရီအချိန်ယူပြီး သွေးတောင်ပံဝံပုလွေကို သတ်ဖြတ်ခဲ့သည်။
သွေးစက်များက ပြန့်ကျဲနေပြီး နဂါးနက်က ဝံပုလွေ၏ တစ်စိတ်တစ်ပိုင်းကို အဝါရောင်ကောင်းကင်နဂါးဆီသို့ ပစ်ပေးလိုက်သည်။
“စားလိုက်။ မင်းရဲ့ ပဲပင်ပေါက်ခန္ဓာကိုယ်လေးကို ကြည့်ပါအုံး”
နတ်ဘုရားရင်းမြစ်နန်းတော်တွင် အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်သည်။
“အဲဒီအဝါရောင်နဂါးက ဟန်မူယဲ့ဆိုတာကို ပြောပြလိုက်”
“အဲဒီဟန်မူယဲ့က တကယ်ထူးဆန်းတာပဲ။ သူက မတူညီတဲ့ သွေးမျိုးဆက်စွမ်းအားတွေကို ပြောင်းလဲနိုင်တယ်”
သူတို့က ဟန်မူယဲ့၏ ပြောင်းလဲမှုကို မမြင်ခဲ့လျှင် တီကောင်တစ်ကောင်က အဝါရောင်ကောင်းကင်နဂါး ဖြစ်လာသည်ဟု ယုံနိုင်မည်မဟုတ်ပေ။
“အကြီးအကဲ၊ သတင်းပို့လိုက်ရမှာလား”
ရှေ့တွင်ထိုင်နေသော တာအိုတန်ခိုးရှင်တစ်ယောက်က နောက်လှည့်ကြည့်သည်။
“အခုအချိန်မှာ သတင်းပို့လိုက်ရင် လူတိုင်းက သတိထားမိသွားလိမ့်မယ်။ ပြီးတော့ တစ်ခါသတင်းပို့ရင် နတ်စွမ်းအားသလင်းကျောက် သန်းချီပြီး ကုန်ကျတယ်။ အကြီးအကဲက ပေးမှာလား”
ထိုအကြီးအကဲက ကြောင်အသွားပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကြည့်လွှဲသည်။
နတ်စွမ်းအားသလင်းကျောက်များကို မည်သူမှ ထုတ်မပေးချင်ပေ။
အလင်းလွှာတွင် အားကောင်းသောသားရဲများက နဂါးနက်ကို ဆက်လက်စိန်ခေါ်နေသည်။
ပျက်စီးခြင်းခြင်္သေ့၊ သံမဏိမီးတောက်ကျား၊ ကောင်းကင်မြိုလဝံပုလွေ ....
အမျိုးမျိုးသော သားရဲများသည် သတ်ဖြတ်ခံလိုက်ရသည်။ နဂါးနက်က သားရဲများကို စိတ်အားထက်သန်စွာ ဟန်မူယဲ့နှင့် ဝေမျှနေသည်။
အဝါရောင်နဂါး၏ ခန္ဓာကိုယ်တွင်ရှိသော သွေးအလင်းစက်ကွင်းက တောက်ပနေသည်။
“သူက စစ်အမှန်ဝိညာဉ် တတိယအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီ”
ရွှေရောင်ငှက်က နဂါးကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဟုတ်တယ်”
ခေးအော့က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“သူက မဟာတောရိုင်းကမ္ဘာခေတ်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အစစ်အမှန်ဝိညာဉ် စတုတ္ထအဆင့်ကို ရောက်သွားရင် ကျွမ်းကျင်သူတွေကို ဆွဲဆောင်မိလိမ့်မယ်”
သူက စဉ်းစားကြည့်လိုက်ပြီး ရယ်သည်။
“အထဲမှာ လူသုံးသောင်းလောက် ရှိနေသေးတယ်။ သူတို့ကို မြန်မြန်ထွက်လာခိုင်းလိုက်တာပေါ့”
သူ့စကားအဆုံးတွင် အလင်းလွှာတွင်ရှိသော ကမ္ဘာက သားရဲဟိန်းသံများကို ထုတ်လွှတ်သည်။
“သားရဲလှိုင်းပဲ”
“မူလကမ္ဘာရဲ့ ကောင်းကင်နဲ့မြေကြီးစွမ်းအားက ပြောင်းလဲသွားပြီ”
မကြာခင်မှာပင် ပိုမိုများပြားသော ဝိညာဉ်များက ပျက်စီးသွားသည်။ တချို့က အပြင်သို့ ပြန်ရောက်လာသော်လည်း တချို့က ထာဝရ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ဟန်မူယဲ့က စတုတ္ထအဆင့်သို့ တက်ရောက်တော့မည်ဖြစ်သည်။
“ဘုန်း”
လျှပ်စီးကြောင်းများသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။
“မိုးကြိုးကပ်ဘေးလား”
နဂါးနက်က ပြုံးသည်။
“မင်းရဲ့ကပ်ဘေးကို ကျော်ဖြတ်လိုက်ပါ။ ငါက အနှောင့်အယှက်တွေကို တားထားမယ်”
အဝေးတစ်နေရာတွင် အားကောင်းသောသားရဲများသည် လျှပ်စီး၏ ဆွဲဆောင်မှုကြောင့် ရောက်လာကြသည်။
ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော လျှပ်စီးကြောင်းများကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
“ဂါး ....”
ဟန်မူယဲ့က ပျံသန်းသွားသည်။ သူက ရပ်တန့်မနေဘဲ လျှပ်စီးကြောင်းများကြားသို့ တိုးဝင်သွားခဲ့သည်။
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် အဝါရောင်နဂါးကို ရစ်ပတ်လိုက်ကြသည်။
ထိုလျှပ်စီးကြောင်းများက ပတ်ဝန်းကျင်မှာလည်း ပျံ့နှံ့သွားသည်။
ခွန်းဝူတွင် တစ်ခါမှ ပေါ်မလာဖူးသော မိုးကြိုးကပ်ဘေးကြောင့် နတ်ဘုရားသားရဲများက စိတ်ဝင်စားနေကြသည်။
သို့သော် ထိုသားရဲများကို နဂါးနက်က တားဆီးလိုက်သည်။
နဂါးနက်က ကလန်သားများကို ဦးဆောင်ပြီး နတ်ဘုရားသားရဲများကို ဖိနှိပ်လိုက်သည်။
ဟွမ်ကျန်းရှုံး၏ ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာပြီး တိုက်ပွဲနှင့်အတူ သန်မာလာသည်ဟု ထင်ရသည်။
သွေးအလင်းများသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းနေသည်။ ရွှေအလင်းစက်ကွင်းငါးခုသည် သူ့ခေါင်းပေါ်တွင် ရှိနေသည်။
“အဲဒီနဂါးနက်က အစစ်အမှန်ဝိညာဉ် ပဥ္စမအဆင့် ကျွမ်းကျင်သူနဲ့ ယှဉ်နိုင်တယ်”
အလင်းလွှာကို စောင့်ကြည့်နေသော ရွှေရောင်ငှက်က တောင်ပံခတ်လိုက်သည်။
“သူက အရမ်းသန်မာတယ်။ ဟန်မူယဲ့က သူ့ကို မယှဉ်နိုင်လောက်ဘူး”
“သူ့ဝိညာဉ်ကို ယူထားလို့ရလား”
ရွှေရောင်ငှက်၏စကားကို ကြားရသောအခါ ခေးအော့က တုံ့ဆိုင်းနေပြီး ခေါင်းခါသည်။
“သူက ဒီအတိုင်း ကျဆုံးသွားရင်တော့ သူ့ဝိညာဉ်ကို ယူထားနိုင်တယ်။ မဟုတ်ရင်တော့ ငါလည်း မတတ်နိုင်ဘူး”
“ငါက ဒီဝင်္ကပါရဲ့ ဝိညာဉ်လေးတစ်ခုပဲ”
ခေးအော့က အတိတ်ကို သတိရနေပုံပေါ်သည်။
သူက တီးတိုးပြောသည်။
“ငါက အရင်ကလို မဟုတ်တော့ဘူး ....”
“ဘုန်း”
လျှပ်စီးကြောင်းများသည် အလင်းလွှာတွင် ပျောက်ကွယ်သွားသည်။
ပေငါးထောင်ရှည်လျားသော အစိမ်းရောင်နဂါးသည် လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။
“နတ်ဘုရားသားရဲ၊ အစိမ်းရောင်နဂါး”
“သူက ဘယ်လိုလုပ်ပြီး အစိမ်းရောင်နဂါး ဖြစ်သွားတာလဲ”
အစိမ်းရောင်နဂါးသည် ထိပ်တန်းအဆင့် နတ်ဘုရားသားရဲတစ်ပါး ဖြစ်သည်။
“ဟားဟား၊ မဆိုးဘူး။ မဆိုးဘူး။ မင်းရဲ့ သွေးမျိုးဆက်က အရမ်းသန့်စင်တယ်”
နဂါးနက်၏အသံကို ကြားရသည်။
အစိမ်းရောင်နဂါးဖြစ်နေသော ဟန်မူယဲ့က ပါးစပ်ဖွင့်ပြီး အစိမ်းရောင်မီးတောက်များကို မှုတ်ထုတ်သည်။
မီးတောက်များသည် နဂါးနက်ကို လွှမ်းခြုံလိုက်သည်။
ထိုမီးတောက်များက တခြားသားရဲများနှင့် တိုက်ခိုက်နေသော နဂါးနက်ကို မထိခိုက်စေဘဲ သိသိသာသာ ခွန်အားတိုးလာစေသည်။
မူလကမ္ဘာ၏ နတ်ဘုရားသားရဲလေးကောင်တွင် ပါဝင်သော အစိမ်းရောင်နဂါးသည် သန့်စင်ပြီး မကောင်းမှုကို ဖိနှိပ်နိုင်သည်။
အနက်ရောင်နဂါး၏ သွေးမျိုးဆက်တွင်ပါဝင်သော နတ်ဆိုးစွမ်းအင်များကို အစိမ်းရောင်မီးတောက်က ဖိနှိပ်လိုက်သောကြောင့် ခွန်အားတိုးလာသည်။
“ဂါး ....”
ဟွမ်ကျန်းရှုံး၏ အနက်ရောင်နဂါးက ဟိန်းဟောက်လိုက်သည်။
အဆုံးမရှိသော ရွှေအလင်းများသည် နဂါးနက်၏ ဦးခေါင်းတွင် အလင်းစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“အစစ်အမှန်ဝိညာဉ် ဆဌမအဆင့်”
အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။
“သူက တကယ်ပါရမီကောင်းတာပဲ”
နတ်ဘုရားကမ္ဘာ၏ နန်းတော်တစ်ခုတွင် လူတစ်ယောက်က ညင်သာစွာ ရေရွတ်လိုက်သည်။
“အဲဒီလိုဆိုရင် ခေါင်းဆောင်က သူ့ကို ပိုပြီး တန်ဖိုးထားလိမ့်မယ်”
အလင်းလွှာတွင် ခွန်အားတိုးလာသော နဂါးနက်က တောင်ပံဖြန့်လိုက်သည်။
နဂါးနက်က ခေါင်းမော့၍ ဟိန်းဟောက်ပြီး ရှေ့တွင်ရှိသော နတ်ဘုရားသားရဲကို လက်သည်းတစ်ချက်ဖြင့် သတ်ဖြတ်သည်။
“ဘုန်း”
အစိမ်းရောင်နဂါးက နဂါးနက်၏ဘေးသို့ ရောက်လာပြီး ပူးပေါင်း၍ နတ်ဘုရားသားရဲများကို တိုက်ခိုက်လိုက်သည်။
ဟန်မူယဲ့၏ မိုးကြိုးကပ်ဘေးပြောင်းလဲမှုသည် ခွန်းဝူ၏ အားကောင်းသော သက်ရှိများကို လှုံ့ဆော်ခဲ့သည်။
ထိုတိုက်ပွဲသည် အဆုံးမရှိပေ။
နတ်ဘုရားသားရဲနှင့် ထူးခြားသားရဲများသည် ဤကမ္ဘာကို လွှမ်းမိုးထားသည်။
ဟန်မူယဲ့၏ အစိမ်းရောင်နဂါးခန္ဓာကိုယ်သည် ဆက်တိုက် ကြီးထွားလာသည်။
သို့သော် ဘေးတွင်ရှိသော နဂါးနက်နှင့် ယှဉ်လိုက်လျှင် လိုအပ်နေသေးသည်။
အစိမ်းရောင်နဂါးနှင့် နဂါးနက်သည် ပတ်ဝန်းကျင်တွင်ရှိသော အားကောင်းသည့် သက်ရှိများအားလုံးကို စိန်ခေါ်နေသည်။
နတ်ဘုရားသားရဲဖြစ်စေ၊ တစ်ခါမှမမြင်ဖူးသော သားရဲများဖြစ်စေ ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်လာကြသည်။
အလင်းလွှာတွင် ပေသောင်းချီကြီးမားပြီး လက်သည်းတစ်ချက်ဖြင့် ကောင်းကင်အား ထိုးခွဲနိုင်သော နတ်ဘုရားသားရဲများ ပေါ်လာကြသည်။ နဂါးနှစ်ကောင်က ပူးပေါင်းထားသော်လည်း အရေးနိမ့်နေသည်။
သေးငယ်သော်လည်း အလွန်အားကောင်းသော လူဝံတစ်ကောင် ရှိနေသည်။ ထိုလူဝံက နဂါးနက်ကို လွင့်ထွက်သွားစေသည်။
ကောင်းကင်ထက်တွင် ပျံဝဲနေသော ဧရာမငှက်ကြီးတစ်ကောင်လည်း ရှိသည်။
နဂါးနှစ်ကောင်၏ သွေးမျိုးဆက်ကို ဖိနှိပ်ထားနိုင်သော ရှေးခေတ် အစိမ်းရောင်နဂါးတစ်ကောင်လည်း ပေါ်ထွက်လာသည်။ သို့သော် နဂါးနှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုအစိမ်းရောင်နဂါးက သေဆုံးသွားခဲ့သည်။
ဟန်မူယဲ့၏ အစိမ်းရောင်နဂါးက မိုးကြိုးကပ်ဘေးကို ငါးကြိမ်မြောက် ဆွဲဆောင်လိုက်သောအခါ လောကကြီးတစ်ခုလုံးက တုန်ခါသွားသည်။ အလင်းလွှာများကလည်း လှုပ်ခါနေသည်။
မရေမတွက်နိုင်သော ခွန်းဝူ၏ သက်ရှိများက မိုးကြိုးကပ်ဘေးကို အာရုံစိုက်ထားလိုက်ကြသည်။
ခွန်းဝူတွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် စတင်ပြောင်းလဲလာသည်။
ထိုပြောင်းလဲမှုသည် ဤလောကကို ဖြည်းဖြည်းချင်း သက်ရောက်ပြီး အသွင်ပြောင်းသွားစေမည်။
နဂါးနက်က ဟိန်းဟောက်လိုက်ပြီး မိုးကြိုးကပ်ဘေးကို လက်သည်းများဖြင့် ကုတ်ဆွဲသည်။ ထို့နောက် ဘေးတွင်ရှိသော အစိမ်းရောင်နဂါးကို ပြုံးပြသည်။
“သူက အရမ်းသန်မာတယ်”
“သွားပြီ။ အဲဒီနဂါးနက်နဲ့ဆိုရင် ဟန်မူယဲ့က သေတော့မယ်”
တီးတိုးစကားသံနှင့်အတူ အလင်းလွှာများက ပျောက်ကွယ်သွားသည်။
“တတိယအဆင့် ပြီးဆုံးသွားပြီ”
အဆုံးတွင် အကောင်းအတိုင်းရှိနေသော ဝိညာဉ်နှင့်အတူ ပြန်ရောက်လာသည့် လက်ရွေးစင်တစ်သောင်းက ထိတ်လန့်သွားသည်။
မူလကမ္ဘာ၏ အတွေ့အကြုံများသည် အလွန်ပြင်းထန်သည်။
“အဲဒါက မူလကမ္ဘာလား”
“အဲဒီနတ်ဘုရားသားရဲတွေက အရမ်းသန်မာလွန်းတယ်”
သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် နောင်တကို မြင်နိုင်သည်။
မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုလည်း ရှိနေသည်။
သူတို့က မူလကမ္ဘာတွင် လျှောက်သွားခဲ့ကြသည်။
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး ခံစားချက်များ ရှုပ်ထွေးနေပုံပေါ်သည်။
“အဲဒါက ခွန်းဝူပဲ”
ထိုနေရာသည် ခွန်းဝူဖြစ်ကြောင်း သူတစ်ယောက်တည်းကသာ နားလည်သည်။
“ခွန်းဝူရဲ့ နတ်ဘုရားသားရဲတွေက မင်းရဲ့ ဝိညာဉ်အငွေ့အသက်ကို အာရုံံမိသွားပြီ။ အထူးသဖြင့် ခွန်းဝူမှာ ကျဆုံးသွားတဲ့ ဝိညာဉ်တွေပဲ။ သူတို့ရဲ့ ဝိညာဉ်အမှတ်အသားက ထင်ရှားနေလိမ့်မယ်”
ခေးအော့၊ ဟွမ်သွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ခွန်းဝူရဲ့ ကျွမ်းကျင်သူတွေက အင်မော်တယ်ကမ္ဘာကို ရောက်လာနိုင်တယ်”
‘အင်မော်တယ်ကမ္ဘာကို ရောက်လာမှာလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
“အများကြီးမတွေးနဲ့။ ရွှေတောင်ထွတ်ရဲ့ စတုတ္ထအဆင့် စတော့မယ်”
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာသည်။ ထို့နောက် လေးနက်စွာပြောသည်။
“ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တော့။ အဲဒီ ဟွမ်ကျန်းရှုံးက သန်မာလွန်းတယ်”
ဟွမ်ကျန်းရှုံး၏ ခွန်အားကို လူတိုင်းက ရှင်းလင်းစွာ မြင်နိုင်သည်။
မူလကမ္ဘာတွင် သူက တစ်ယောက်တည်းခွန်အားဖြင့် အားကောင်းသော နတ်ဘုရားသားရဲများကို ဖိနှိပ်ခဲ့သည်။
ထိုလူမျိုးသည် နတ်ဘုရားလောကတွင်လည်း အလွန်သန်မာလိမ့်မည်။
ရွှေရောင်ငှက်၏ တွက်ချက်မှုအရ ဟန်မူယဲ့သည် ဟွမ်ကျန်းရှုံးနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။