← Chapters

အခန်း (၁၁၈၅)

Vol. 85 Ch. 1185

အခန်း (၁၁၈၅)

Vol. 85 Ch. 1185

ဟန်မူယဲ့၏ ပြိုင်ဘက်ကင်းဓားစွမ်းရည်နှင့် ဟွမ်ကျန်းရှုံး၏ အားကောင်းသော ရုပ်ခန္ဓာစွမ်းအားသည် သူတို့အားလုံးကို အထင်ကြီးသွားစေသည်။

ထိုနှစ်ယောက်လုံးက အလွန်ပါရမီကောင်းသည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ပုံရိပ်များကပင် သူတို့နှစ်ယောက်၏တိုက်ပွဲကို မျှော်လင့်နေသည်။

သို့သော် လက်ရှိမြင်ကွင်းကြောင့် သူတို့က မကျေမနပ် ဖြစ်သွားကြသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ လှည့်ကွက်များကြောင့်သာ မဟုတ်လျှင် သူတို့က ဤပြိုင်ပွဲတွင် အခမ်းနားဆုံးဖြစ်သော ဟွမ်ကျန်းရှုံးနှင့် ဟန်မူယဲ့၏တိုက်ပွဲကို မြင်ရလိမ့်မည်။

“ကျွန်တော်အရှုံးပေးလိုက်ရင်ရော ဘယ်လိုလဲ”

ဟန်မူယဲ့က ဟွမ်ကျန်းရှုံးကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

‘အရှုံးပေးမှာလား’

အကယ်၍ ဟန်မူယဲ့က အရှုံးပေးလိုက်လျှင် လောင်းကြေးများ ဆုံးသွားလိမ့်မည်။ လျော်ကြေးလည်း မရနိုင်တော့ပေ။

နတ်ဘုရားရင်းမြစ်နန်းတော်တွင် အလင်းလွှာကို စောင့်ကြည့်နေသော လူများ၏ခံစားချက်က ရှုပ်ထွေးနေသည်။

တစ်ဖက်တွင် ဟန်မူယဲ့က ပြိုင်ပွဲမှထွက်သွားရန် မျှော်လင့်မိသည်။ ထိုမှသာ နတ်ဘုရားရင်းမြစ်နန်းတော်၏ ကြွယ်ဝမှုကို ထိန်းသိမ်းထားနိုင်မည်။

တစ်ဖက်တွင် သူတို့၏အမုန်းတရားကို ဖြေဖျောက်ရန် ဟွမ်ကျန်းရှုံးက လှုပ်ရှားလိုက်ပြီး ဟန်မူယဲ့ကို သတ်ဖြတ်မည်ဟု ပိုမိုမျှော်လင့်မိသည်။

“အရှုံးပေးတာလား”

ဟွမ်ကျန်းရှုံးက သူ့ကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ငါက အရှုံးပေးဖို့ မတတ်နိုင်ဘူးလို့ မင်းထင်နေတာလား”

ဟွမ်ကျန်းရှုံးက အရှုံးပေးရန် လုပ်နိုင်သည်။ သို့သော် နတ်ဘုရားရင်းမြစ်နန်းတော်ကတော့ လုပ်နိုင်မည်မဟုတ်ပေ။

လူအများအပြားက ထူးဆန်းစွာ ခံစားလိုက်ရသည်။

‘တကယ်လို့ ဟွမ်ကျန်းရှုံးက အရှုံးပေးလိုက်ရင် ဘယ်လိုဖြစ်သွားမှာလဲ’

‘နတ်ဘုရားရင်းမြစ်နန်းတော်က မရေမတွက်နိုင်တဲ့ လျော်ကြေးကို ပေးရတော့မှာလား’

‘သူတို့က အရှုံးပေးဖို့ တတ်နိုင်ရဲ့လား’

“အဲဒီလိုဆိုရင် အနိုင်အရှုံးကို တိုက်ပွဲတစ်ပွဲနဲ့ ဆုံးဖြတ်ကြမယ်”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။ ဓားရှည်တစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

တောက်ပသော ဓားအလင်းက ပြေးထွက်သွားသည်။

ဟွမ်ကျန်းရှုံး မတိုက်ခိုက်နိုင်ခင် ပုံရိပ်များက ဆင်းသက်လာပြီး ဟန်မူယဲ့နှင့် ရင်ဆိုင်လိုက်သည်။

အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ငါးယောက် ဖြစ်သည်။

သူတို့ငါးယောက်က ဟန်မူယဲ့၏ ဓားအလင်းကို တားဆီးခဲ့သည်။

“ခလွမ် ....”

ဓားရှည်က နောက်ဆုတ်သွားသည်။

သို့သော် ထိုအချိန်တွင် ဓားအလင်းများသည် ဟန်မူယဲ့၏ နောက်ကျောတွင်ရှိသော ဓားအိမ်ထဲမှ ပျံသန်းထွက်လာကြသည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် ရွှေရောင်ဓားတစ်လက်အဖြစ် စုစည်းလိုက်ပြီး ကျဆင်းလာသည်။

“ဘုန်း”

ဓားချက်သည် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော တောင်တန်းနှင့်မြစ်များကို ဖျက်ဆီးပစ်လိုက်သည်။

ဓားအလင်းသည် အရာအားလုံးကို အလင်းပေးနေသည်။

ထိုဓားချက်ကြောင့် အလင်းလွှာကို စောင့်ကြည့်နေသော လူအများအပြား၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူတို့က ထိုဓားချက်ကို နားမလည်နိုင်ပေ။

ဟွမ်ကျန်းရှုံးက ရယ်လိုက်ပြီး လက်မြှောက်၍ ထိုးချသည်။

“ဘန်း”

လက်သီးပုံရိပ်က ဓားအလင်းကို ဖျက်ဆီးလိုက်သည်။

သူတို့နှစ်ယောက်က ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ဧရာမပုံရိပ်နှစ်ခုသည် သူတို့၏နောက်တွင် ပေါ်လာသည်။

ရွှေရောင်ချပ်ဝတ် စစ်သူကြီးသည် ဟန်မူယဲ့၏နောက်တွင် ရှိနေပြီး လက်လေးဖက်မိစ္ဆာပုံရိပ်သည် ဟွမ်ကျန်းရှုံး၏နောက်တွင် ရှိနေသည်။

ဟန်မူယဲ့က ဓားကိုင်ထားပြီး ဟွမ်ကျန်းရှုံးက လှံကိုင်ထားသည်။

“ညီလေး၊ မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို ကြည့်ရအောင်”

ဟွမ်ကျန်းရှုံးက ကျယ်လောင်စွာ အော်ဟစ်သည်။

“အစ်ကိုကြီးက စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”

ဟန်မူယဲ့က တီးတိုးပြောသည်။ ဓားအလင်းသည် မီးကြာပွတ်အဖြစ် ပြောင်းလဲသွားပြီး ဟွမ်ကျန်းရှုံးကို ရိုက်ချသည်။

ဟွမ်ကျန်းရှုံး၏ လှံရှည်က လှုပ်ရှားနေပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးတော့မည်ဟု ထင်ရသည်။

သူတို့၏ ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်သခင်များက ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ပေးလိုက်ရသည်။

သူတို့က ထိုတိုက်ပွဲတွင် ဝင်ပါရန် အရည်အချင်းမရှိပေ။

သို့သော် နှစ်ဖက်လုံး၏ အင်မော်တယ်သခင်များက စတင်လှုပ်ရှားပြီး တိုက်ခိုက်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် တောက်ပလာနိုင်လျှင် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများက စောင့်ကြိုနေလိမ့်မည်။

ထိုအခွင့်အရေးမျိုးကို မည်သူမှ လက်မလွှတ်ချင်ပေ။

သို့သော် ယခုအချိန်တွင် အလင်းလွှာက ဟွမ်ကျန်းရှုံးနှင့် ဟန်မူယဲ့ကို အာရုံစိုက်ထားသည်။

သူတို့၏ ဓားနှင့်လှံက ထိတွေ့သွားသည်။ ဧရာမပုံရိပ်နှစ်ခုကလည်း တိုက်ခိုက်လိုက်ကြသည်။

ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။

“အဲဒီလက်သီးချက်က ကောင်းကင်နဲ့မြေကြီးရဲ့ အမှန်တရားကို သယ်ဆောင်ထားတယ်”

“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ။ သဘာဝစွမ်းအားကို အသုံးချနိုင်တယ်”

“လှံက တကယ်လွှမ်းမိုးနိုင်တာပဲ။ မတားဆီးနိုင်ရင် သေသွားလိမ့်မယ်”

အလင်းလွှာတွင် ညှို့ယူနိုင်သောတိုက်ပွဲကို မြင်ရသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ ကျွမ်းကျင်သူများက လက်သီးဆုပ်ထားသည်။

ဟွမ်ကျန်းရှုံးက ရှုံးနိမ့်သွားလျှင် မဖြစ်ပေ။

“ငါက ကောင်းကင်နဲ့မြေကြီးရဲ့ ပုံရိပ်ယောင်ကိုဖျက်ဆီးနိုင်မယ့် လှံနည်းစနစ်ကို ကျင့်ကြံထားတယ်”

ဟွမ်ကျန်းရှုံးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ဟန်မူယဲ့က စကားမပြောဘဲ လက်ထဲတွင်ရှိသော ဓားကို မြှောက်လိုက်သည်။

“မင်းက အဲဒီလှံချက်ကို တားဆီးနိုင်မှာမဟုတ်ဘူး”

ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။

“အဲဒီလှံချက်က မင်းရဲ့သေဆုံးခြင်းပဲ ဖြစ်လိမ့်မယ်”

အလင်းလွှာကို ကြည့်နေသော နန်းတော်သခင်က ဟွမ်ကျန်းရှုံးတွင် စုစည်းနေသော စွမ်းအားကို ကြည့်လိုက်ပြီး ပြုံးသည်။

ဟန်မူယဲ့က ထိုလှံချက်ကို တားဆီးချင်လျှင်ပင် အလွန်ခက်ခဲလိမ့်မည်။

လေဟာနယ်ထဲတွင် ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ပုံရိပ်များက လှုပ်ရှားသွားသည်။

လူတိုင်းက ဟန်မူယဲ့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။

“ကောင်းပြီ။ အဲဒါဆိုရင် ကျွန်တော်လည်း ဝှက်ဖဲကို ထုတ်ပြရတာပေါ့”

ဟန်မူယဲ့က တီးတိုးပြောသည်။

သူက ဓားရှည်ကို သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ အော်ဟစ်လိုက်သည်။

“ကျစ်ဟူ၊ မြန်မြန်လာခဲ့”

“ငါ့မွေးစားအဖေကို မထိနဲ့”

ပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ဆင်းသက်လိုက်သည်။

‘ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်လား’

အနီရောင်ချပ်ဝတ်နှင့် ဟွမ်ကျစ်ဟူက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသည်။

သို့သော် သူမ၏ လက်ထဲတွင်ရှိသော လှံရှည်၊ ချပ်ဝတ်နှင့် သူမကို ရစ်ပတ်ထားသော ရွှေအလင်းသည် အဆင့်မြင့်အင်မော်တယ်ရတနာများ ဖြစ်ကြသည်။ သူမက ဟွမ်ကျန်းရှုံးကို မောက်မာသောမျက်နှာထားဖြင့် ကြည့်သည်။

ဟွမ်ကျန်းရှုံး၏ မျက်လုံးများက ပျော်ရွှင်မှုနှင့် နူးညံ့ညင်သာမှုကို ထုတ်ပြသည်။

သို့သော် ထိုခံစားချက်များက ချက်ချင်းပျောက်ကွယ်သွားသည်။ ဟွမ်ကျစ်ဟူမှလွဲ၍ တခြားလူများက မမြင်ခဲ့ရပေ။

“ဒီကောင်မလေးလား။ သူမက ဓားဝင်္ကပါကို အမိန့်ပေးတဲ့နေရာမှာ ထူးချွန်တာဟုတ်ပါတယ်။ ဟန်မူယဲ့ရဲ့ ဝှက်ဖဲက ဓားဝင်္ကပါလား။ ဒါက အဓိပ္ပာယ်မရှိဘူး”

နတ်ဘုရားရင်းမြစ်နန်းတော်တွင် အကြီးအကဲတစ်ယောက်က ‌ခေါင်းခါလိုက်သည်။

တခြားလူများကလည်း ပြုံးနေကြသည်။

ကျွမ်းကျင်သူများကြားတွင် ခွန်အားကသာ အရေးကြီးသည်။ ယခုအချိန်တွင် ဟွမ်ကျန်းရှုံးက အသားစီးရနေသည်။ ဟန်မူယဲ့က မည်သို့ပင် အကူအညီယူပါစေ မလုံလောက်ပေ။

ကျင့်ကြံခြင်းလောကတွင် အရာအားလုံးသည် ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မူတည်နေသည်။

“ဟန်မူယဲ့က ဝင်္ကပါစွမ်းအားကို မှီခိုဖို့ တွေးနေတာလား”

အင်မော်တယ်ကမ္ဘာတစ်ခုတွင် အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က ခေါင်းခါလိုက်ပြီး ရေရွတ်သည်။

သူက ဟွမ်ကျန်းရှုံးကို ကိုယ်ပိုင်ခွန်အားနှင့် ရင်ဆိုင်နိုင်သည်။

သို့သော် ဝင်္ကပါကို အသုံးပြုရန် တွေးနေသည်။

ထိုအရာသည် စိတ်ဓာတ်ပျက်ပြားခြင်းဖြစ်ပြီး တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။

သူက သေဆုံးသွားလိမ့်မည်။

လေဟာနယ်ထဲတွင်ရှိသော ပုံရိပ်များကလည်း ခေါင်းခါလိုက်ကြသည်။

“ဟွမ်ကျန်းရှုံး၊ သူတို့ကို သတ်ပစ်လိုက်တော့”

နတ်ဘုရားရင်းမြစ်နန်းတော်မှ နန်းတော်သခင်၏စကားသံကို ကြားရသည်။ ယခုအချိန်တွင် သူက မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။

ဟွမ်ကျန်းရှုံးက လုံလောက်သောခွန်အားကို ပြသခဲ့သည်။

ထိုလူမျိုးက နံပတ်တစ်ဖြစ်လာလျှင် မည်သူမှ ငြင်းဆန်မည်မဟုတ်ပေ။

ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများကလည်း ကျေနပ်နေသည်။

သူတို့က စိတ်အတွေးဖြင့် ဟွမ်ကျန်းရှုံးကို ခေါ်သွားရန် ဆန္ဒရှိကြောင်း ပြောလိုက်ကြသည်။

လူတစ်ယောက်က ဟန်မူယဲ့ကိုလည်း ခေါ်သွားရန် ပြောခဲ့သည်။ သို့သော် နန်းတော်သခင်က ငြင်းပယ်လိုက်သည်။

ဟွမ်ကျန်းရှုံးက ဟန်မူယဲ့ကို သတ်လိုက်လျှင် အရာအားလုံးသည် နတ်ဘုရားရင်းမြစ်နန်းတော်၏ အစီအစဉ်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။

ထို့အပြင် ယခုတစ်ကြိမ် ပြိုင်ပွဲသည် တခြားအကြိမ်များထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ နောက်ကွယ်တွင်ရှိသော အင်အားစုကလည်း ဆုချီးမြှင့်လိမ့်မည်။

“အရှက်မရှိလိုက်တာ”

အလင်းလွှာကို စောင့်ကြည့်နေသောလူများက ရေရွတ်လိုက်ကြသည်။

သို့သော် အရေးမပါတော့ပေ။

နောက်ဆုံးအနိုင်ရသူသည် နတ်ဘုရားရင်းမြစ်နန်းတော်သာ ဖြစ်လိမ့်မည်။

“သူတို့ကို သတ်ရမှာလား”

ဟွမ်ကျန်းရှုံးက ခေါင်းမော့ကြည့်သည်။ သူက အခက်တွေ့နေပုံပေါ်သည်။ ထို့နောက် မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည်။

“သူတို့က ငါ့မိတ်ဆွေတွေဆိုတာ သိတယ်မဟုတ်လား”

“ငါက ဈေးတိုးပေးမယ်။ နတ်ဘုရားရင်းမြစ်နန်းတော်မှာ ခန္ဓာကိုယ်သန့်စင်ဖို့ အခွင့်အရေးနှစ်ခု ပေးမယ်”

“မင်းက နှစ်ကြိမ်သန့်စင်နိုင်ရင် ပိုသန်မာတဲ့စည်းမျဉ်းကို စုစည်းနိုင်လိမ့်မယ်”

နန်းတော်သခင်၏ လေသံက ပေါ့ပါးနေသည်။

ထိုကမ်းလှမ်းချက်ကို မည်သူမှ ငြင်းဆန်မည်မဟုတ်ပေ။

တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော နှစ်ဖက်အဖွဲ့၏ လက်ရွေးစင်များက အားကျနေကြသည်။

နတ်ဘုရားရင်းမြစ်နန်းတော်တွင် ခန္ဓာကိုယ်သန့်စင်ရန် အလိုရှိတိုင်း မရနိုင်ပေ။

“ကျန်းထိုက်ယွမ်”

ဟွမ်ကျစ်ဟူ၏ လေသံကြောင့် ပတ်ဝန်းကျင်က အေးခဲသွားသည်။

ကျန်းထိုက်ယွမ်သည် နတ်ဘုရားရင်းမြစ် နန်းတော်သခင်၏ နာမည် ဖြစ်သည်။

သူ့ကို မည်သူမှ တိုက်ရိုက် နာမည်မခေါ်ရဲကြပေ။

အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားပြီး ဤလောက၏ အထွတ်အထိပ်တွင် ရှိနေသော လူများကပင် သူ့ကို နန်းတော်သခင်ထိုက်ယွမ်ဟု ခေါ်ကြသည်။

သို့သော် ယခုအချိန်တွင် မရေမတွက်နိုင်သော လူများ၏ရှေ့တွင် ဟွမ်ကျန်းရှုံးက သူ့နာမည်ကို ခေါ်လိုက်သည်။

“မောက်မာလိုက်တာ”

“မသိတတ်ဘူးပဲ”

“သူက ဘာလုပ်ချင်နေတာလဲ ....”

မရေမတွက်နိုင်သော လူများက ဟွမ်ကျန်းရှုံးကို ကြည့်လိုက်ကြသည်။

ဟွမ်ကျန်းရှုံးက ရှေ့တွင်ရှိသော ဟန်မူယဲ့နှင့် ဟွမ်ကျစ်ဟူကို ညွှန်ပြသည်။၊ ထို့နောက် သူ့ကိုယ်သူ ညွှန်ပြသည်။

“ငါက အကျိုးအမြတ်အနည်းငယ်ကြောင့် ငါ့ညီအစ်ကိုတွေကို ထိခိုက်ရမှာလား”

သူက အောက်တွင်ရှိနေသော အင်မော်တယ်သခင်များကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“မင်းတို့ရဲ့ နှလုံးသားထဲမှာ ငါက အဲဒီလိုလူမျိုးလား”

All Chapters