ငွေညှစ်ခြင်း
Vol. 64 Ch. 890
ယုချန်သည် နောက်ထပ်ရတနာများကို ထုတ်ယူလိုက်ပြီး မျက်စိဖမ်းစားနိုင်သော အဖိုးတန်များချည်း ဖြစ်နေသည်။ ယဲ့ချန်သည် သူမက ထူးဆန်းသော ရတနာမျိုးစုံကို စုဆောင်းရသော ဝါသနာမျိုး ရှိနိုင်သည်ဟု ခန့်မှန်းလိုက်ပြီး သူမ၏စုဆောင်းမှုအတွင်းရှိ အနည်းငယ်ကို ထုတ်ယူလာခြင်း ဖြစ်ပေလိမ့်မည်။
"အမြီးဆယ်ချောင်းနတ်မြေခွေး သန့်စင်လိုက်တဲ့ သွေးမျိုးဆက် မင်းက ငါနဲ့ဆုံနေမှတော့ လက်ဆောင်တစ်ခု ပေးမယ်"
ယုချန်က အမည်မသိသတ္တုဖြင့် သွန်းလုပ်ထားကာ ငွေဖြူရောင်ရှိသော လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်၏။ ၎င်းတွင် အစိမ်းရောင်ကျောက်တစ်လုံး တပ်ဆင်ထားပြီး ကျောက်အတွင်း၌ သေးငယ်သော သက်ရှိတစ်ကောင် ရှိနေပုံပေါ်ကာ အနီးကပ်ကြည့်လိုက်လျှင် နွားချေးပိုးတစ်ကောင်နှင့် ဆင်တူနေသည်။
"အိပ်မက်ပိုးကောင်"
နင်အာက ထိုပိုးကောင်လေးကြောင့် အံ့သြသွားပုံပေါ်သည်။
"မင်းက ဒီသားရဲရဲ့ အမည်ကို သိနေတာလား။ မှန်တယ်"
ယုချန်သည် သူမကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုအဖိုးတန်ရတနာမျိုးကို လက်မခံပါရစေနဲ့"
နင်အာက အားတုံ့အားနာဖြစ်နေသောကြောင့် ယဲ့ချန်က သာမန်ဆန်သော လက်စွပ်ကို စပ်စုလိုက်သည်။ ထို့နောက် လက်မောင်းကာအတွင်းရှိ မှတ်တမ်းများတွင် ဖတ်ဖူးသော အိပ်မက်ပိုးကောင်အကြောင်း တွေးမိလိုက်သည်။ ၎င်းက သေးငယ်သော်လည်း အဆင့်တစ်မျိုးနွယ်ဖြစ်ကာ အခြားသက်ရှိများ၏ အိပ်မက်ကို စွမ်းအင်အဖြစ် စားသုံးကြသည်။ ၎င်းတို့ကို ဖမ်းယူရန် အလွန်ခက်ခဲပြီး အသက်ငယ်လေလေ အရွယ်အစား ကြီးမားလေလေဖြစ်ပြီး အရွယ်ရောက်လာလျှင် သေးငယ်သွားကြသည်။ လက်စွပ်အတွင်းရှိ ပိုးကောင်က ဆန်စေ့အရွယ် ရှိနေသောကြောင့် အရွယ်မရောက်သေးပေ။ အကယ်၍ အရွယ်ရောက်ပြီး အိပ်မက်ပိုးကောင်ဆိုလျှင် သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။
"ဒီလက်စွပ်က ငါ့အတွက် အသုံးမဝင်ပါဘူး။ ဒါက ပုံရိပ်ယောင်စွမ်းအင်ကို အဆများစွာ တိုးမြှင့်ပေးနိုင်ပေမယ့် ဂရုတစိုက် အသုံးပြုပါ။ ပုံရိပ်ယောင်စွမ်းအင်ကို ဒီလက်စွပ်နဲ့ အသုံးပြုလွန်းရင် ထာဝရ အိပ်မောကျသွားနိုင်တယ်"
ယုချန်သည် နင်အာထံ အိပ်မက်လက်စွပ်ကို ကမ်းပေးလိုက်ရင်း စိုးရိမ်စွာ သတိပေးလိုက်သည်။ သူမက အမှန်တကယ်ရက်ရောပြီး ၎င်းလက်စွပ်သည် နတ်ဆိုးတိုက်လှေထက် ပို၍အဖိုးတန်နေသောကြောင့် ယဲ့ချန်က အားနာနေသည်။ နတ်ဆိုးတိုက်လှေများ စျေးကြီးနေရသော အကြောင်းအရင်းမှာ သွေးပြည်ထောင်က ကန့်သတ်ထားခြင်းဖြစ်ကာ နယ်စပ်မှ ဝင်ရောက်လာသည်များကိုလည်း ကောင်းကင်သူတော်မျိုးနွယ်က လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။ သို့သော် ၎င်း၏ အမှန်တကယ်တန်ဖိုးက ယုချန်၏ အဖိုးတန်ရတနာများနှင့် မယှဥ်နိုင်ပေ။
"ခေါင်းဆောင်ယု ဒီမိုးကြိုးလက်စွပ်ထဲမှာ နတ်ဆိုးတိုက်လှေတစ်စီး ရှိပါတယ်"
ယဲ့ချန်သည် သူမထံမှ ငွေညှစ်ရန် ရှက်ရွံ့သွားသောကြောင့် နတ်ဆိုးတိုက်လှေအား လက်လွှဲပေးလိုက်သည်။
"မင်းအပေါ်မှ ငါ အကြွေးတင်သွားပြီ"
ယုချန်က သိမ်မွေ့စွာပြုံး၍ မိုးကြိုးလက်စွပ်ကို လက်ခံလိုက်သည်။
"တကယ်တော့ ခေါင်းဆောင်ယုကိုသာ ကျုပ်က အကြွေးတင်ရမှာပါ"
သွေးကြာနီ၊ အိပ်မက်လက်စွပ်နှင့် အခြားရတနာခုနစ်ခုကို ရလိုက်ပြီး တစ်ခုချင်းစီက အလွန်အဖိုးတန်သောကြောင့် ယဲ့ချန်သည် သူမထံမှ ကြယ်အဆီအနှစ်များကို မတောင်းဆိုတော့ပေ။ ထိုအချိန်၌ သူမက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။
"လောင်ရင် ဒီနေရာကို ရောက်နေမှတော့ ထွက်လာပါဦး"
သူမက တစ်ချက်ပြုံး၍ ဖိတ်ခေါ်လိုက်သောအခါ မည်းနက်သော မျက်နှာထားဖြင့် လောင်ရင် ထွက်ပေါ်လာ၏။
"ယဲ့ချန် မင်းမှာ နောက်ထပ်နတ်ဆိုးတိုက်လှေတွေ ရှိသေးလား။ ငါတို့ကို ရောင်းပေးပါဦး"
"ကျုပ်လည်း လက်ထဲမှာ အများကြီးမရှိဘူး။ ကျုပ်ကိုယ်တိုင်အတွက် တစ်စီး၊ နင်အာအတွက် တစ်စီးနဲ့ ခြင်္သေ့ကြီးကလည်း တစ်စီးလိုချင်တယ်လို့ ပြောထားတယ်။ နောက်ထပ်လက်ဆောင်ပေးသင့်တဲ့ လူတွေလည်း ရှိနေတော့ တကယ်မရောင်းချင်ဘူး"
ယုချန်၏စကားကို ကြားသောအခါ ယဲ့ချန်က ဘေးကြပ်နံကြပ် ဖြစ်သွားချင်ယောင်ဆောင်လိုက်သည်။ သူ၏စကားကို ကြားသောအခါ လောင်ရင်၏မျက်နှာက မည်းသထက်မည်းလာပြီး ဒေါသကို ထိန်းရန်အတွက် ကြိုးစားနေပုံရသည်။
"မင်းက ငါ့ဆီက တစ်ခုခုဝယ်ချင်တာတောင် မျက်နှာထားက ဒီလိုပုံစံဖြစ်နေတယ်။ စွမ်းအားရှင်တစ်ယောက် ဖြစ်နေတာနဲ့ ငါက မျက်နှာသာပေးမယ် ထင်လို့လား"
ယဲ့ချန်က လောင်ရင်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းမှာ မရှိဘူးဆိုရင်လည်း ထားလိုက်တော့"
လောင်ရင်က ထွက်သွားရန် ဟန်ပြင်လိုက်သောအခါ ယုချန်က တားမြစ်လိုက်ပြီး ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျင့်ကြံသူအများစုသည် စွမ်းအားရှင်တစ်ယောက်ကို မျက်နှာလုပ်ရန်အတွက် ဖားယားနေတတ်သော်လည်း သူက မတူကွဲပြားနေ၏။ လောင်ရင်၏ခွန်အားက ထိပ်တန်းမဟာမိတ်တွင် ဒုတိယလိုက်သောကြောင့် ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်ပုံမရချေ။
"ယဲ့ချန် သူ့ကို တစ်စီးလောက် ရောင်းပေးဖို့ ငါ တောင်းဆိုပါတယ်"
မည်သို့ပင်ဖြစ်စေကာမူ ထိပ်တန်းမဟာမိတ်၏ ကျင့်ကြံသူ အချင်းချင်းကြားတွင် သွေးမကွဲစေလိုသောကြောင့် ယုချန်က ကြားဝင်စေ့စပ်ပေးလိုက်သည်။
"အမ် ဒီလိုဆိုရင် ရောင်းပေးပါမယ်။ ဒါပေမယ့် ရတနာတစ်ခုက ရှားပါးလေလေ ပိုပြီးအဖိုးတန်လေလေ မဟုတ်လား။ စျေးနှုန်းကြီးနိုင်တာကြောင့် ခေါင်းဆောင်လောင်ကိုတော့ အားနာမိပါတယ်"
ယဲ့ချန်က အကျပ်ရိုက်သွားဟန်ဖြင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။ သူ၏စကားကြောင့် လောင်ရင်က မျက်မှောင်ကြုတ်လိုက်ပြီး အကယ်၍ သူသာ အကူအညီလိုအပ်နေခြင်း မရှိလျှင် ဒေါသဖောက်ခွဲရန်အတွက် ရိုက်နှက်မိပေလိမ့်မည်။ ယဲ့ချန်က စွမ်းအားရှင်တစ်ယောက်ထံမှ ပေါ်တင်ငွေညှစ်နေသော်လည်း လောင်ရင်က နတ်ဆိုးတိုက်လှေအား အလွန်လိုချင်နေသည်။
"နတ်ဆိုးတိုက်လှေတစ်စီးရဲ့ တန်ဖိုးကို ငါက မတတ်နိုင်ဘူး ထင်နေတာလား"
လောင်ရင်နှင့် ရှန်မူသည် ကလေးဆိုးကြီးများကဲ့သို့ အချင်းချင်းယှဥ်ပြိုင်တတ်ပြီး ရှန်မူက နတ်ဆိုးတိုက်လှေတစ်စီး ပိုင်ဆိုင်သွားသောအခါ သူကလည်း လိုချင်လာခဲ့သည်။ သူက သွေးဖောက်ထုတ်ရလျှင်ပင် ရအောင်ဝယ်မည်ဖြစ်ကြောင်း သိထားသော ယုချန်က တခစ်ခစ် ရယ်မောလိုက်၏။
"ကျုပ်က ငွေကြေး မလိုအပ်ဘူး။ စိတ်ဝင်စားတဲ့ ရတနာရှိမယ်ဆိုရင် လက်ခံနိုင်တယ်"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"မင်းက သိုင်းပညာပြိုင်ပွဲမှာ သွေးနတ်သစ်သီးနှစ်လုံး ရခဲ့ပေမယ့် ဒီသုံးလုံးလောက် မကောင်းဘူး။ သူတို့ရဲ့သက်တမ်းက နှစ်ပေါင်းငါးရာကျော်ပြီဖြစ်လို့ တော်ဝင်သင်္ချိုင်းအတွင်းမှာတောင် ရှားပါးတယ်။ ဒါကို စားလိုက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံဆင့် တိုးတက်လာနိုင်သလို မိတ်ဆွေတွေအတွက်လည်း အသုံးပြုနိုင်တယ်"
လောင်ရင်က ခဏတာ စဥ်းစားပြီးနောက် ညာလက်ကို ယမ်းလိုက်သောအခါ လက်သီးဆုပ်အရွယ် သွေးနတ်သစ်သီးသုံးလုံး ထွက်ပေါ်လာသည်။ ယဲ့ချန်ကို ကြည့်နေသော သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုရှိနေပြီး ယုချန်ပင် ဤရတနာမျိုး မရှိနိုင်ဟု အထင်ရောက်နေသည်။
"ဒီနတ်သစ်သီးတွေက ကျုပ်မှာ အများကြီးရှိတယ်။ မလိုအပ်ဘူး"
ယဲ့ချန်က စိတ်မဝင်စားဟန်ဖြင့် တစ်ချက်သာကြည့်၍ လောင်ရင်၏ နတ်သစ်သီးထက် နှစ်ဆကြီးမားသော သွေးနတ်သစ်သီးတစ်လုံးကို ထုတ်ပြကာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံပေါ်သည်။ သက်တမ်းနှစ်သုံးထောင်ကျော်နိုင်သော သွေးနတ်သစ်သီးက အလွန်တရာရှားပါးသဖြင့် ယဲ့ချန် မည်သို့ရထားကြောင်း မသိသော ခေါင်းဆောင်နှစ်ယောက်မှာ မျက်လုံးပြူးသွားကြသည်။ ဤမျှသက်တမ်းရင့်သော နတ်သစ်သီးမျိုး ထွက်ပေါ်မလာသည်မှာ အလွန်ကြာမြင့်နေပြီး လောင်ရင်၏ နတ်သစ်သီးများပင် ခူးဆွတ်ခဲ့သည်မှာ နှစ်တစ်ထောင်ကျော် ကြာနေပြီဖြစ်သည်။ ထို့ကြောင့် လောင်ရင်က နှာခေါင်းတစ်ချက်ရှုံ့ကာ ကောင်းမွန်စွာ သွန်းလုပ်ထားသော တိမ်နက်ချပ်ဝတ်ဆယ်စုံကို ထုတ်ယူလိုက်ပြန်သည်။
"ဒီတိမ်နက်ချပ်ဝတ်က မင်းတို့အဆင့်အတွက် အလွန်အသုံးဝင်တယ်။ ဒီချပ်ဝတ်အားလုံးမှာ အစီအရင်တစ်ခု ပေါင်းစပ်ထားတဲ့အတွက် အဆင့်မြင့်ကြယ်သခင်တစ်ယောက်တောင် အလွယ်တကူ မထိုးဖောက်နိုင်ဘူး။ ထိပ်တန်းမဟာမိတ်ရဲ့ လေလံအိမ်ကို သွားရောင်းရင်တောင် အလွန်စျေးကြီးလိမ့်မယ်"
လောင်ရင်သည် ယဲ့ချန်ကို အထင်သေးနေဆဲဖြစ်ကာ တိမ်နက်ချပ်ဝတ်ကြောင့် ရူးသွပ်သွားမည်ဟု ထင်မှတ်နေသည်။ သူက ရုန်ယွမ်ကို တိမ်နက်ချပ်ဝတ်တစ်စုံ ပေးခဲ့သောအခါ တပည့်ဖြစ်သူမှာ အလွန်ပျော်ရွှင်သွားခဲ့သည်။ ဆရာဖြစ်သူမှ လက်ဆောင်ပေးခြင်းသာ မရှိလျှင် သာမန်ကြယ်သခင်များက ၎င်းကို ဝယ်ယူရန် တတ်နိုင်စွမ်း မရှိချေ။ သူက အဖိုးတန်ရတနာများကို နှမြောသော်လည်း ကိုယ်တိုင်အတွက် အသုံးမဝင်သောကြောင့် အရှုံးပေါ်စရာမရှိပေ။ ယဲ့ချန်ကမူ စိတ်ပျက်လက်ပျက်ဖြင့် ညာလက်ကို ယမ်းလိုက်သောအခါ တိမ်နက်ချပ်ဝတ်အစုံ ငါးဆယ်ကျော် ထွက်ပေါ်လာပြီး တောက်ပလင်းလက်နေကြ၏။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့တွင် စီရင်ထားသော ရုန်းများက လောင်ရင်၏ ချပ်ဝတ်များထက် သာလွန်ကြောင်း ပြောနိုင်သည်။
"ခေါင်းဆောင်လောင် ထုတ်ပေးနိုင်တာက ဒီလောက်ပဲဆိုရင် အရောင်းအဝယ် မဖြစ်တော့ပါဘူး"
ယဲ့ချန်က ခေါင်းတစ်ချက် ယမ်းပြလိုက်သောအခါ အထင်သေးသည့် အမူအရာ ဖြစ်နေသောကြောင့် လောင်ရင်က ဒေါသထွက်သွားသည်။ ရှန်မူကပင် သူ့အတွက် မျက်စိညှောင့်စူးစရာဖြစ်နေပြီး တစ်ဖက်လူ၏တပည့်က ပို၍ဆိုးရွားနေသည်။ သူက ဒေါသတကြီးဖြစ်နေပြီး ခေါင်းမာသော်လည်း ယဲ့ချန်၏ အနိုင်ကျင့်ခြင်း ခံနေရသည်ကို မြင်သောအခါ ယုချန်က တခစ်ခစ် ရယ်မောလိုက်မိသည်။ ထို့အပြင် ရတနာများစွာ ပိုင်ဆိုင်ထားသော ယဲ့ချန်အကြောင်းကိုလည်း သူမက အလွန်စိတ်ဝင်စားနေသည်။ အကယ်၍ သူမသာ သွေးကြာနီနှင့် အိပ်မက်လက်စွပ်ကို ထုတ်မပေးခဲ့လျှင် နတ်ဆိုးတိုက်လှေတစ်စီးကို ရယူနိုင်ခဲ့မည် မဟုတ်ပေ။
"ဒါကကောင်းကင်နတ်လက်နက်တစ်ခုသွန်းလုပ်နိုင်ဖို့အသုံးပြုနိုင်တဲ့ကိုးပါးရွှေဖြစ်တယ်။ဒီအရွယ်အစားကမင်းရဲ့နတ်ဆိုးတိုက်လှေနဲ့လဲလှယ်ဖို့လုံလောက်ရဲ့လား။ဒီရတနာကအလွန်ရှားပါးပြီးမာကျောတဲ့အတွက်ဘယ်အရာကမှမဖြတ်တောက်နိုင်ဘူး"
လောင်ရင်၏လက်ထဲတွင်လက်သီးဆုပ်အရွယ်ရှိသောကိုးပါးရွှေတုံးတစ်ခုရောက်ရှိလာသည်။
"လခွမ်း ဒီလူရဲ့ဦးနှောက်ထဲရေဝင်နေတာလား။မီတာခြောက်သောင်းကျော်ရှည်တဲ့ကိုးပါးရွှေချောင်းကြီးကိုခေါ်ပြလိုက်ရမှာလား"
ယဲ့ချန်ကစိတ်ထဲမှရေရွတ်လိုက်သော်လည်းတော်ဝင်သင်္ချိုင်းအတွင်းရှိနေသောကောင်းကင်ထောက်တိုင်သည်လျှို့ဝှက်လွန်းသောကြောင့်လောင်ရင်မသိသည်မှာပုံမှန်ဖြစ်သည်။
"ကိုးပါးရွှေနဲ့ကောင်းကင်နတ်လက်နက်သွန်းလုပ်နိုင်တာကိုမင်းမယုံရင်ယုချန်ကိုမေးကြည့်နိုင်တယ်"
ယဲ့ချန်၏စိတ်ပျက်လက်ပျက်အမူအရာကြောင့်လောင်ရင်သည်ဒေါသတကြီးဖြစ်သွားကာသူ့ကိုမယုံကြည်ဟုထင်မှတ်လိုက်သည်။
"ခေါင်းဆောင်နှစ်ယောက်ကြားမှာဘာလို့ဒီလောက်ကွာခြားရတာလဲ။ခေါင်းဆောင်လောင်ကဆင်းရဲလိုက်တာကွာ။လက်သီးဆုပ်အရွယ်ကိုးပါးရွှေမပြောနဲ့၊ဧရာမအရွယ်အစားဆိုရင်တောင်ငါစိတ်ဝင်စားမှာမဟုတ်ဘူး။ငါသာတကယ်လိုအပ်ရင်ကောင်းကင်ထောက်တိုင်ဆီကနေဓားပျံအစိတ်အပိုင်းနဲ့ဖြတ်ယူလာမှာပေါ့ကွ"
ယဲ့ချန်ကစိတ်ထဲမှကျိန်ဆဲနေခဲ့လေသည်။