← Chapters

ရွေးချယ်ပွဲ

Vol. 64 Ch. 899

ရွေးချယ်ပွဲ

Vol. 64 Ch. 899

ယဲ့ချန်တို့သည် ကျင့်ကြံသူများနှင့် အတူတကွ ရှေ့ဆက်လာသောအခါ စစ်ဆေးနေသူများထံ ရောက်ရှိလာသည်။

"မျိုးနွယ်နဲ့ ကျင့်ကြံဆင့်ကို ပြော"

သွေးနတ်ဆိုးမျိုးနွယ်ဝင်များက မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများကို စာရင်းမှတ်နေပြီး အနိမ့်ဆုံး ကောင်းကင်ကြယ်သခင်များ ဖြစ်ကြသည်။ ၎င်းက အဆင့်နှစ်မျိုးနွယ်များတွင် ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သော်လည်း သေမင်းကြယ်၌ အစောင့်အဖြစ် လုပ်ကိုင်နေကြသည်။

"မှော်သားရဲ ကျူးရန်မျိုးနွယ် အဆင့်နိမ့်ကြယ်သခင်"

"အဆင့်သုံး မျိုးနွယ်ဝင်တစ်ယောက်ကများ သေမင်းကြယ်ကိုလာပြီး အရွေးခံတယ်ပေါ့"

အစောင့်တစ်ယောက်က လှောင်ရယ်လိုက်သော်လည်း ကာယကံရှင်မှာ ဒေါသထွက်သည့်တိုင်အောင် ခွန်းတုံ့မပြန်ရဲပေ။ တစ်ဖက်လူမှာ ကောင်းကင်ကြယ်သခင်ဖြစ်နေပြီး သွေးနတ်ဆိုးမျိုးနွယ်မှ ဖြစ်သောကြောင့် ရန်စရန် မသင့်ချေ။

"ဝင်ခွင့်ပေးလိုက်။ အထဲမှာ ဖြစ်ပျက်တာတွေကတော့ ငါတို့နဲ့ မဆိုင်ဘူး။ မင်းကံကြမ္မာအတိုင်းပဲ"

နောက်အစောင့်တစ်ယောက်က လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ကို ဝင်ခွင့်ပေးလိုက်သည်။ သေမင်းကြယ်၏ လူရွေးပွဲသို့ လာရောက်သူ အများစုမှာ အဆင့်တစ်နှင့် နှစ် မျိုးနွယ်များမှဖြစ်ပြီး အဆင့်သုံးမျိုးနွယ်များက ရှားပါး၍ ရွေးချယ်ပွဲအတွင်း အသတ်ခံရတတ်သည်။

"အဆင့်သုံး လူသားမျိုးနွယ်"

"အဆင့်သုံး ကောင်းကင်သားရဲ နတ်မြေခွေး"

"အဆင့်သုံး မှော်သားရဲ ခရမ်းမီးတောက် ကြယ်ခြင်္သေ့"

ယဲ့ချန်တို့ အလှည့်ရောက်သောအခါ အစောင့်များ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် အဆင့်သုံးမျိုးနွယ်ဝင် လေးယောက်ပင် ရှိနေသောကြောင့် ကိုယ့်ကိုကိုယ် သတ်သေခြင်း ဖြစ်နိုင်၏။ နှစ်တစ်သောင်းအတွင်း သေမင်း ရွေးချယ်လိုက်သော အဆင့်သုံးမျိုးနွယ်ဝင် အရေအတွက်မှာ လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သည်။ သေမင်းကြယ်၌ အစွမ်းထက်သူအများစုသည် အဆင့်တစ်နှင့် နှစ် မျိုးနွယ်ဝင်များဖြစ်သော်လည်း သေမင်း၏မျိုးနွယ်ကို မည်သူမှ မသိကြပေ။ သို့သော် သေမင်းကြယ်၏ စစ်သူကြီးဆယ်ယောက်တွင် လူသားမျိုးနွယ်တစ်ယောက် ပါဝင်ပြီး ဒုတိယအသန်မာဆုံး ဖြစ်သောကြောင့် အစောင့်များက ခက်ခဲစေလျှင် အကျိုးဆက်ကို ကြောက်လန့်သောကြောင့် ဝင်ခွင့်ပေးခဲ့သည်။

"ငါက ကျူးရန်သားရဲမျိုးနွယ်က မိုပင်းပါ"

ယဲ့ချန်တို့က အတွင်းသို့ ရောက်သွားသောအခါ နှစ်မီတာအရပ်မြင့်သော လူအသွင် ဖန်တီးထားသည့် မိုပင်းက လာရောက်မိတ်ဖွဲ့ခဲ့သည်။ လူသားများ၊ မှော်သားရဲများနှင့် ကောင်းကင်သားရဲများက အမြဲတမ်း မဟာမိတ်ဖြစ်သောကြောင့် သူက ဤအုပ်စုကို အကောင်းမြင်နေခဲ့သည်။ သူက နင်အာနှင့် ခြင်္သေ့ကြီးကို တစ်ချက်ကြည့်ပြီး ခေါင်းဆောင်ဖြစ်ဟန်တူသော ယဲ့ချန်ထံ စကားဆိုလိုက်သည်။ အမှန်တကယ်၌ အဆင့်သုံးမျိုးနွယ်များအကြားတွင် လူသားမျိုးနွယ်က မှော်သားရဲများထက် ပို၍အဆင့်မြင့်သည်။

"ငါက ယဲ့ချန် ဒါက ခြင်္သေ့ကြီးဖြစ်ပြီး သူမကတော့ နင်အာပါ"

ယဲ့ချန်က ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပြီး မိုပင်းမှာ မှော်သားရဲအများစုကဲ့သို့ ရိုးသားပွင့်လင်းကြောင်း ခံစားနေရသည်။ မိုပင်းသည် ခရမ်းရောင် ဟင်းလင်းပြင်ဟူသော ကြယ်အဖွဲ့အစည်းတစ်ခုမှ လာရောက်သူဖြစ်ကာ ထိုနေရာ၌ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းထက် ပို၍အခြေအနေ ဆိုးနေသည်။ အဆင့်သုံးမျိုးနွယ်များက ကျွန်အဖြစ် အသက်ရှင်ရပြီး ကြယ်သခင်အဆင့် တက်ခွင့်မရသောကြောင့် သူက ကောင်းကင်လှေတစ်စီး ခိုးယူကာ ထွက်ပြေးလာခြင်း ဖြစ်သည်။ သူက လိုက်လံဖမ်းဆီးသူများထံမှ ထွက်ပြေးရင်း လေလွင့်ကျင့်ကြံသူတစ်​ယောက် ဖြစ်လာခဲ့သော်လည်း စိတ်ဓာတ်ခိုင်မာစွာဖြင့် ကျင့်ကြံခဲ့သောကြောင့် ကြယ်သခင် အဆင့်တက်နိုင်ခဲ့သည်။

"ငါက အမှောင်မြို့ကို သေချာပေါက် ဝင်ရောက်နိုင်ရမယ်"

မိုပင်း၏မျက်လုံးများ တောက်ပနေပြီး လေးနက်စွာ ကြွေးကြော်လိုက်၏။

"ဘာကြောင့်လဲ"

"ဒီနေရာမှာ ခွန်အားက ပဓာနကျပြီး အစွမ်းထက်သရွေ့ အဆင့်သုံးမျိုးနွယ်ဝင် ဖြစ်နေရင်တောင် အဆင်ပြေတယ်။ သေမင်းရဲ့လက်အောက်က စစ်သူကြီးဆယ်ယောက်မှာ လူသားတစ်ယောက် ပါဝင်တယ်"

အဆင့်သုံးမျိုးနွယ်ဝင် ဖြစ်သောကြောင့် မိုပင်းက တစ်သက်လုံး အနှိမ်ခံလာရသောအခါ တရားမျှတမှုကို လိုအပ်နေသည်။ သူက စကြဝဠာအတွင်း လေ့လွင်သူတစ်ယောက်အဖြစ် ထွက်ပြေးရမည့်အစား အမှောင်မြို့သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ မိုပင်းသည် ကြိုးကြိုးစားစား ကျင့်ကြံ၍ ကြယ်သခင်တစ်ယောက် ဖြစ်လာသောကြောင့် ပါရမီက သာမန်ဖြစ်သော်လည်း ကောင်းကင်က မျက်နှာသာပေးပုံပေါ်သည်။

"ဒါပေမယ့် ရွေးချယ်မခံရဘဲ အသတ်ခံလိုက်ရသူတွေ အများကြီးရှိနေတယ်"

ယဲ့ချန်က ပြောလိုက်သည်။

"မင်းတို့လည်း ဝင်ပြိုင်မှာမလား။ ငါတို့တွေ ပူးပေါင်းလိုက်ကြမလား။ ငါက ပါရမီသိပ်မကောင်းပေမယ့် မင်းတို့အတွက် အကူအညီဖြစ်စေမှာပါ"

မိုပင်းသည် ရယ်မောလိုက်သော်လည်း ဤသုံးယောက်၏ပါရမီက သူ့ထက် များစွာသာလွန်ကြောင်း သိနေခဲ့သည်။

"ကောင်းပြီ"

တစ်ဖက်လူက ရိုးသားပြီး နောက်ကျောဓားထိုးမည့်သူ မဟုတ်သောကြောင့် ယဲ့ချန်က ချက်ချင်းသဘောတူလိုက်သည်။

နောက်ဆုံးတွင် အဆင့်နိမ့်ကြယ်သခင်များ အားလုံးက ခန်းမတစ်ခုထံ လျှောက်လှမ်းခဲ့ရပြီး မျိုးနွယ်ပေါင်းများစွာ ရှိနေသောကြောင့် ယဲ့ချန်ပင် မမြင်ဖူးပေ။ ခန်းမက အလွန်ကျယ်ဝန်းပြီး မီတာပေါင်းရာချီ မြင့်မားနေသည်။

"ဘယ်လိုရွေးချယ်မှာလဲ"

ဤမေးခွန်းက လူတိုင်း၏စိတ်ထဲတွင် ရှိနေပြီး သေမင်းကြယ်၏ ရွေးချယ်ခြင်းနည်းလမ်းက အပြင်လောကသို့ မပေါက်ကြားဖူးခဲ့ပေ။ လူတိုင်းက တီးတိုးဆွေးနွေးနေစဥ် ကောင်းကင်ထက်၌ ဧရာမ ကောင်းကင်နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာကာ ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်၍ အနက်ရောင်တိမ်ပမာ ခန်းမကြီးကို လွှမ်းခြုံနေ၏။ သေမင်း၏နောက်လိုက်များမှာ မျိုးနွယ်ပေါင်းစုံမှဖြစ်ကာ သွေးနတ်ဆိုးများအပြင် ကောင်းကင်နတ်ဆိုးများလည်း ပါဝင်နေသည်။ ကျင့်ကြံခြင်းလောကတွင် အကျိုးအမြတ်က အရေးကြီးပြီး အမြဲတမ်း ရန်သူနှင့် အမြဲတမ်း မိတ်ဆွေဟူ၍ မရှိချေ။ သွေးပြည်ထောင်နှင့် နတ်ဆိုးပြည်ထောင်မှ သစ္စာဖောက်လာကြသော နတ်ဆိုးများမှာ သေမင်းကြယ်သို့ လာရောက်ခိုလှုံခဲ့ကြသည်။

"ရွေးချယ်မှုက သုံးကြိမ် ကျင်းပမယ်။ နောက်ဆုံးအထိ ကျန်ရစ်သူတွေသာ အမှောင်မြို့ကို ဝင်ခွင့်ရမယ်။ ဘယ်လိုနည်းလမ်းသုံးသုံး ငါ ဂရုမစိုက်ဘူး"

ကောင်းကင်နတ်ဆိုး၏ စကားသံက ခန်းမတစ်ခုလုံးသို့ မြည်ဟီးသွားသောအခါ ကြယ်သခင်များက အချင်းချင်းလက်တို့၍ အုပ်စုများ စတင်ဖွဲ့စည်းလိုက်ကြသည်။ သို့သော် ယဲ့ချန်တို့လေးယောက်က အဆင့်သုံးမျိုးနွယ်ဝင်များ ဖြစ်သောကြောင့် လာရောက်ပူးပေါင်းသူ မရှိပေ။ ကောင်းကင်နတ်ဆိုးက အုပ်စုတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် သတိပေးလိုက်သည်။

"မဟာမိတ်တစ်ခုက ဘယ်လောက်အစွမ်းထက်ပါစေ၊ ပြိုကွဲဖို့ လွယ်ကူတယ်။ အန္တရာယ်ဟာ အနီးအနားမှာ ရှိတယ်"

သူ၏စကားကြောင့် ကြယ်သခင်များမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ သတိထားလိုက်ကြပြီး အမှောင်မြို့သို့ ဝင်​ရောက်ရန်အတွက် ဘာမဆို လုပ်ကြပေလိမ့်မည်။ ခန်းမအတွင်း၌ ကျင့်ကြံသူများက အုပ်စုကြီးဆယ်ခုအဖြစ် ကွဲထွက်သွားကာ ခေါင်းဆောင်ဆယ်ယောက်က အသန်မာဆုံးများ ဖြစ်ကြသည်။

"ဒီသွေးနတ်ဆိုး ရှီကြွယ်က ၁၉ဆက်မြောက် တော်ဝင်မျိုးနွယ်ဖြစ်ပြီး အလွန်သန်မာတယ်။ သူ့မှာ အဆင့်နိမ့်ကြယ်သခင် နောက်လိုက် ဆယ်ယောက်ကျော် ရှိတယ်"

အမှောင်မြို့သို့ ဝင်ရောက်လိုသော မိုပင်းက အစွမ်းထက် ပြိုင်ဘက်များအကြောင်း စုံစမ်းထားသည်။ သွေးနတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်နှင့် ကွာခြားပြီး မျိုးဆက်မြင့်လေလေ၊ ပါရမီထူးချွန်လေလေ ဖြစ်သည်။ ပထမဆုံးမျိုးဆက်က အသန်မာဆုံးဖြစ်သော်လည်း အချိန်ကြာမြင့်သောအခါ မျိုးဆက်ပေါင်း ရာချီလာသဖြင့် ၁၉ဆက်မြောက်က အလွန်သန့်စင်သည်ဟု ဆိုနိုင်သည်။ ယဲ့ချန်က မိုပင်းညွှန်ပြသော နတ်ဆိုးကို ကြည့်လိုက်သောအခါ မောက်မာသော အသွင်အပြင်နှင့် ရုပ်ရည်ချောမောသော်လည်း မျက်နှာတစ်ခုလုံး ဖြူရော်နေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်သည်။ သူက တန်ဖိုးကြီးအဝတ်အစားများ ဆင်မြန်းထားကာ အဆင့်နိမ့် ကြယ်သခင် ဆယ်ယောက်ကျော်နှင့် အခြားမျိုးနွယ်ဝင်များစွာ ဝန်းရံလျက် ရှိသည်။

"သူက ငါတို့ထဲမှာ အစွမ်းအထက်ဆုံး ဖြစ်လိမ့်မယ်။ သူ့ကို ယှဥ်နိုင်မှာကတော့ ရှင်းဟွမ်မျိုးနွယ်ရဲ့ အဆင့်မြင့်မျိုးနွယ်ဝင် ရွှမ်ရဲ ဖြစ်လိမ့်မယ်။ အဆင့်မြင့် ရှင်းဟွမ်တွေက ကြယ်ကနေ စွန့်ခွာနိုင်ပြီး ထာဝရပြည်ထောင်မှာ အဆင့်အတန်း မြင့်မားတယ်။ သူတို့ရဲ့ကျင့်ကြံနှုန်းကလည်း မထင်ထားလောက်အောင် မြန်ဆန်တယ်"

မိုပင်း၏စကားကြောင့် ယဲ့ချန်သည် အဝေးသို့ ကြည့်လိုက်သောအခါ လူအသွင်ပြောင်းထားသော အဖြူရောင်ဝတ် ဝိညာဥ်သဏ္ဍာန် လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။ ထို့နောက် မိုပင်းသည် နောက်ထပ်အစွမ်းထက်သူများအကြောင်း မိတ်ဆက်ပေးခဲ့ပြီး သွေးနတ်ဆိုးမျိုးနွယ်နှင့် ရှင်းဟွမ်မျိုးနွယ်အပြင် ရွှေနတ်သားမျိုးနွယ်၊ ရေလိပ်ပြာမျိုးနွယ်၊ ကောင်းကင်နတ်ဆိုးမျိုးနွယ် စသဖြင့် စုံလင်နေသည်။ သေမင်းသည် နတ်ပြည်ထောင်သုံးခုကြားတွင် လွတ်လပ်သော မြို့တော်တစ်ခုကို တည်ထောင်ထားနိုင်ပြီး တိုက်ခိုက်မခံရသောကြောင့် ကျင့်ကြံသူများစွာက ဝင်ရောက်ချင်နေကြသည်။ လူတိုင်းက ဤအစွမ်းထက်ကျင့်ကြံသူထံမှ လမ်းညွှန်မှုကို လိုချင်တပ်မက်ကြပြီး သက်ဆိုင်ရာမျိုးနွယ်၌ ထူးချွန်သူများဖြစ်သော်လည်း သေမင်းကဲ့သို့ အဆင့်မျိုးကို တွေ့ခွင့်မရပေ။ သေမင်းသည် ကျင့်ကြံသူတစ်ယောက်ကို အဆင့်ကြီးတစ်ဆင့် မြင့်တက်သွားစေနိုင်သည်ဟု ကြားဖူးနားဝရှိသော်လည်း အဆင့်နိမ့် ကြယ်သခင်များက မြင်ဖူးထားခြင်း မရှိပေ။ သွေးပြည်ထောင်ကို သစ္စာဖောက်ခဲ့သော သွေးနတ်ဆိုးများက အမှောင်မြို့သို့ လာရောက်ခိုလှုံသောအခါ သေမင်းက ချွင်းချက်မရှိ လက်ခံပေးခဲ့သည်။ သွေးနတ်ဆိုးတော်ဝင်မျိုးနွယ်မှ သုံးဆက်မြောက် ကျင့်ကြံသူတစ်​ယောက် ရောက်ရှိလာကာ ပြဿနာရှာခဲ့သော်လည်း သူ၏ လက်ချောင်းတစ်ချောင်း လှုပ်ရုံဖြင့် သေလုမျောပါး ထွက်ပြေးသွားရ၏။ ထို့နောက် နတ်ပြည်ထောင်သုံးခုက အမှောင်မြို့ကို ရန်မစဘဲ လွှတ်ထားပေးလိုက်ပြီး သွေးနတ်ဆိုး တော်ဝင်မျိုးနွယ်လည်း လာရောက်ပြဿနာမရှာတော့ပေ။

နတ်ပြည်ထောင်သုံးခုတွင် သေမင်းကို ယှဥ်နိုင်သူများမှာ အစွမ်းအထက်ဆုံးများ ဖြစ်ကြပြီး ထိုဖြစ်တည်မှုများက လောကအတွင်း အလွယ်တကူ ထွက်ပေါ်မလာတတ်ပေ။ အမှောင်၏ခွန်အားအပြင် သူက ကြယ်ဒေသတစ်ခုကိုသာ သိမ်းပိုက်ပြီး နတ်ပြည်ထောင်တစ်ခု မတည်ထောင်သရွေ့ သူတို့သည် မျက်နှာလွှဲထားရန် ဆုံးဖြတ်ခဲ့ကြလေသည်။

All Chapters